မနက် Jonginအိပ်ရာနိုးတော့
သာမာန်နေ့တွေအတိုင်း
နှစ်ယောက်အိပ်ကုတင်ပေါ်မှာ
သူတစ်ယောက်တည်း...Do Kyungsoo အဲ..ဟန်နီ ဘယ်အချိန်က ထသွားလဲမသိဘူး
သူ့ကို *ဟန်နီ*လို့ Jonginဘယ်လိုတွေးပြီး ခေါ်ဖြစ်သွားသလဲ စဉ်းစားလို့ကိုမရဘူး
အခြား Jonginတွဲခဲ့တဲ့ကောင်မလေးတွေတစ်ယောက်ကိုတောင်မှ Jonginအခုလို nicknameပေးပြီး မခေါ်တတ်ခဲ့ဘူးခင်များက ပထမဆုံးပဲ ဟန်နီ....
"ဒီနေ့ ထူးထူးဆန်းဆန်း အကိုလေးက မနှိုးရပဲနိုးလို့ပါလား"
Jonginကို နှိုးဖို့တတ်လာတဲ့ အိမ်တော်ထိန်းကြီးက အံ့သြသလိုလေးပြောသည်
"အင်း...ဟို..ဟိုလေ ဟန်နီရော "
"ဟန်နီဆိုတာ?"
Jongin ရဲ့ အသုံးအနှုန်းအသစ်ကြောင့် အိမ်တော်ထိန်းကြီး ကြောင်သွားတဲ့ပုံပဲ...
Jongin လည်တိုင်ကို လက်နဲ့ပွတ်လိုက်ပြီး
"ဟို Do Kyung Sooကိုမေးတာ "
အဲ့တော့မှ အိမ်တော်ထိန်းကြီးက သဘောတကျရယ်ရင်း
"အကိုလေးက ဆေးရုံသွားပါပြီ "
"သြော် ...."
အစောကြီးပဲ..... Jonginက ဟန်နီနဲ့ မနက်စာအတူစားမလားလို့ စဉ်းစားထားတာကို..
အိမ်တော်ထိန်းကြီး ထွက်သွားတာနဲ့ Jonginလည်း
ကျောင်းသွားဖို့တစ်ခါတည်း ပြင်ဆင်လိုက်တော့သည်"အကိုလေး ကျောင်းသွားတော့မလို့လား မနက်စာရော စားသွားလေ "
arjimaက လှမ်းပြောတော့
"arni မစားချင်ဘူး ကျောင်းပဲသွားတော့မယ်"
"နည်းနည်းတော့စားသွားလိုက်ပါ အကိုလေးရယ်နော် ဘာစားချင်လဲ arjimaကိုပြောလေ"
"ဒိတိုင်း စားချင်စိတ်မရှိတာပါ"
"မှန်း...အကိုလေးနေမကောင်းဘူးလား "
arjimaက ပြောရင်း Jonginနဖူးကို လာစမ်းလေရဲ့
Jongin ရုတ်တရက် ommaကို သတိရသွားမိတယ်Ommaနဲ့ မတွေ့ရတာကြာပြီ.....
အိမ်ကို ပြန်ဦးမှ..."ကျတော် နေကောင်းပါတယ် ဒီတိုင်းမစားချင်တော့တာပါ
ကျတော် မနက်စာမစားတာကို အိမ်တော်ထိန်းကြီးကို ပြန်မပြောနဲ့နော် မုန့်ဖိုးဖြတ်ခံနေရဦးမယ် "