ANOTHER

4.6K 456 102
                                    

"Jongin! Jongin!! ထ..ထ Kyungsoo hyung car accident ဖြစ်လို့တဲ့ ဆေးရုံက ဖုန်းဆက်တယ်!"

ဟမ်...ဟန်နီ...ဟန်နီက .....

သောက်ထားတာတွေ ဘယ်နားရောက်ကုန်သည်မသိ
လူက ပူထူသွားရသည်
ဘာ..ဘာလုပ်ရမလဲ..ဟန်နီ..ဟင့်အင်း...

"Jongin..!!ဆေးရုံလိုက်ရမယ်လေ ဘာကြောင်ထိုင်နေတာလဲ လာ..မြန်မြန်"

"အင်း...အင်း....:"

Sehunဆွဲခေါ်မှ အသိဝင်လာရသည်
ဟုတ်တယ်...ဆေးရုံကိုလိုက်ရမှာကို..

"Jongin စိတ်အေးအေးထားဦး သိပ်မထိခိုက်မိလောက်ပါဘူး မင်းက အသိစိတ်လွတ်နေရင်မဖြစ်ဘူး "

"အင်းပါ...မြန်မြန်မောင်း...ကျေးဇူးပြု၍ ဟန်နီ ဘာမှမထိခိုက်ပါစေနဲ့ "

"Car Accidentနဲ့ ရောက်လာတဲ့..."

"ဆေးရုံအုပ်ကြီးကို အရေးပေါ် operation လုပ်နေပါတယ် အပေါ်ထပ်မှာပါ "

Jonginကို သိတဲ့nurseမလေးက ပြောတာနဲ့ အရေးပေါ်ခန်းရှေ့ပြေးရသည်

Jonginရောက်တော့ operationအခန်းရှေ့ရောက်နေတဲ့ လူတစ်ယောက်..
Kai ....

သူက Jonginကိုမော့ကြည့်လာသည်
မျက်ရည်တွေနဲ့...

ဟာ..ဒီလူ...ဟန်နီက ဘာဖြစ်မှာမို့လို့ ငိုနေရတာလဲ!

Jongin ထိုလူ့ကို ဂရုစိုက်မနေတော့
Operationအခန်းကိုပဲ မြင်ရမလားချောင်းကြည့်နေမိသည်

ဟန်နီက ဘာမှမဖြစ်နိုင်ပါဘူး..

သုံးနာရီလောက်ကြာတော့
အခန်းထဲက Drကြီးက ထွက်လာသည်
မျက်နှာကမကောင်း

"ဆေးရုံအုပ်ရဲ့ နှလုံးတစ်ခုလုံးရော အခြား အစိတ်အပိုင်းတွေပါ တော်တော်ပျက်စီးသွားတယ်"

ဟင်...မဖြစ်...မဖြစ်နိုင်တာ...ဟန်နီက..ညနေကထိ...

"ဒီမှာ ဘာပဲဖြစ်ဖြစ် ရအောင်ကယ်ဖို့က ခင်များတို့တာဝန်!
ဘယ်လောက်ကုန်ကုန် ပေးမှာမို့ သူ့ကိုရအောင်ကယ်ပါ!! "

Kaiက Drကို အော်ဟစ်ကာပြောနေသည်

"အစားထိုးရလိမ့်မယ်
အခုတောင် မနည်းအသက်ကိုကယ်ထားရတယ်
အလှူရှင် တစ်ရက်အတွင်းမှာ မရနိုင်ဘူးဆိုရင်
အဆိုးဆုံးကို မျှော်လင့်ထားရလိမ့်မယ်"

ANOTHERWhere stories live. Discover now