Winter's First Love ❄❄ {Compl...

Von Phoebe_SugaLips

51.8K 4.7K 934

The first snow is like the first love. Do you remember your first snow?! Mehr

❄(1)🍁
❄(2)🍁
❄(3)🍁
❄(4)🍁
❄(5)🍁
❄(6)🍁
❄(7)🍁
❄(8)🍁
❄(9)🍁
❄(10)🍁
❄(11)🍁
❄(12)🍁
❄(14)🍁
❄(15)🍁
❄Epilogue🍁
Helloooo!!

❄(13)🍁

2.4K 257 80
Von Phoebe_SugaLips

❄🍁

သူ႔ရင္ခြင္ထဲမွာ မ်က္လံုးဖြင့္ခြင့္ရတဲ့ ဒုတိယေျမာက္မနက္ခင္း. .။ နွင္းတေဖ်ာက္နွစ္ေဖ်ာက္က်လ်က္ရွိသည့္ၾကား မရ မရေအာင္တိုးထြက္ေနသည့္ ေနေရာင္ျခည္ေဖ်ာ့ေဖ်ာ့က ျပတင္းေပါက္လိုက္ကာေတြေပၚကျဖတ္ျပီး သူ႔မ်က္ႏွာေပၚကို လ်ွပ္ေျပးေနသည္။စင္းေနသည့္မ်က္ေတာင္ေတြအေပၚ လက္ေခ်ာင္းထိပ္နဲ႔ထိလိုက္ေတာ့ ရုတ္တရက္ဖမ္းဆြဲလိုက္သည့္ လက္တစ္ဘက္။

" ရုပ္ရွင္ေတြထဲကလို ပါးကို နမ္းျပီးႏႈိးပါလား ကေလးမရဲ႔  ကဗ်ာမဆန္လိုက္တာ "

နွာေခါင္းတစ္ခ်က္ရံႈ႕ျပေတာ့ ပါးနွစ္ဘက္ကို လိမ္ဆြဲလာသည့္ သူနွင့္ ဒီလို မနက္ခင္းမ်ိဳး တစ္သက္လံုးပိုင္ဆိုင္ခ်င္ပါ၏လို႔ ခပ္တိုးတိုးဆုေတာင္းတစ္ခုကို ဆုေတာင္းမိသည့္ သူမ။

"ဒီေန႔ ဘာလုပ္ခ်င္လဲ "

"မသိဘူးေလ  အျပင္သြားမလား ယြန္းဂီ ဘယ္သြားခ်င္လဲ "

နွင္းေတြတဖြဲဖြဲက်ေနသည့္ ခ်စ္စရာ ရာသီဥတုေလးကို အိမ္ထဲမွာေကြးျပီး ကုန္ဆံုးဖို႔ကို ပို၍ဆႏၵရွိေသာ္လည္း ေကာက္ကာငင္ကာ သြားစရာ ေနရာတစ္ခု ရွိတယ္လို႔ေျပာလာသည့္ သူ႔ေၾကာင့္ ဘြားကနဲေပၚလာသည့္ ခရီးစဥ္တစ္ခုက အိမ္မွာေနခ်င္စိတ္ေတြကို ခဏေလးနဲ႔ အနိုင္ယူပစ္လိုက္၏။

ဒယ္ဂူ. .။
သူ႔ေမြးရပ္ဇာတိ . .
ေနရာေတာ္ေတာ္မ်ားမ်ားကို ခရီးထြက္ေနက် သူမအတြက္ပံုမွန္ခရီးသာသာဆိုနိုင္ေသာ္လည္း ယြန္းဂီအတြက္က ထိုသို႔ျဖစ္ဟန္မတူ။
ရထားေပၚက ျမင္ကြင္းေတြကို ၾကည့္ေနရင္း စိတ္ေတြက အေဝးကို လြင့္ေနသလို. . .
မ်က္နွာခ်င္းဆိုင္ထိုင္ေနရင္းက သူ႔လက္နွစ္ဘက္ကို ဆုပ္ကိုင္လိုက္ေတာ့ သတိဝင္လာသလို တစ္ခ်က္ျပန္ၾကည့္ရင္း ဖြဖြေလးျပံဳးျပ၏။

" 6နွစ္ . . 6နွစ္ရွိျပီ မေရာက္တာ . . အခုဆို
အမ်ားၾကီးေျပာင္းလဲသြားေလာက္ျပီေပါ့ေနာ္ "

သူမကို မ်က္နွာလႊဲလိုက္ျပီး တိုးတိတိေလသံေလးနဲ႔ ယြန္းဂီေျပာေနတာက ဒယ္ဂူျမိဳ႔အေၾကာင္း ဟုတ္မဟုတ္ သူမ မသိ။

"ေျပာင္းလဲသြားေလာက္ျပီေပါ့ ယြန္းဂီရဲ႔ 6ႏွစ္ဆိုတာ နည္းတဲ့အခ်ိန္မွမဟုတ္တာ . . အင္းးး. .
က်န္တာေတြမေျပာင္းလဲရင္ေတာင္ တစ္ခုေတာ့ သိသိသာသာေျပာင္းလဲသြားတယ္ေလ "

"ဘာကိုေျပာတာလဲ "

"ဒီတစ္ခါ ယြန္းဂီေဘးမွာ အရမ္းခ်စ္ဖို႔ေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ပါလာတယ္ေလ အဲ့ဒါေျပာင္းလဲသြားတာေပါ့ "

သူမဆံပင္ေတြကို ရႈပ္ဖြလိုက္ျပီး 'ရုပ္ဆိုးမေလး ပါလာတာကိုမ်ား'လို႔ မ်က္လံုးေလးေတြပါမွိတ္သြားသည္အထိ ရယ္ေမာရင္းေျပာလာသည္က အလြန္အင္မတန္ခ်စ္စရာေကာင္းသည့္ အစ္ကိုၾကီးတစ္ေယာက္လို. . . . . ။

မင္ယြန္းဂီသည္ ျပီးျပည့္စံုသည္ထက္ကို သာလြန္သည့္လူမ်ိဳး ။

အရယ္ရပ္သြားျပီးသည့္အခါမွ ယြန္းဂီက သူမေဘးေနရာလြတ္ကို ဝင္ထိုင္လိုက္ျပီး တစ္ေယာက္စာအတြက္ လံုျခံဳမႈအျပည့္ေပးနိုင္သည့္ ခပ္က်ယ္က်ယ္ရင္ခြင္ထဲ ခိုလႈံေစ၏။

" လြမ္းေနတာ "

"ဟမ္!. . ဒယ္ဂူကိုလား အဲ့ဒါမ်ားယြန္းဂီရယ္ ေစာေစာထဲက လာလည္ပါေတာ့လား "

"မဟုတ္ပါဘူး . . ကိုယ္က
ပတ္အြန္းဟာကို လြမ္းေနတာ . .
ဟိုဘက္မွာ ထိုင္ရတာကေဝးေနသလိုပဲ ေနလို႔မေကာင္းဘူး "

ႏႈတ္ခမ္းအတြင္းသားကို ဖိကိုက္လိုက္ရင္း မ်က္နွာတည္နိုင္သမ်ွတည္နိုင္ေအာင္ၾကိဳးစားလိုက္သည္။ မင္ယြန္းဂီဟာ လူကို အသက္ရွဴရခက္ေအာင္လုပ္တဲ့ေနရာမွာလည္း က်ြမ္းက်င္အဆင့္ထက္ တစ္ဖက္ကမ္းခတ္ေနျပန္သည္။

❄❄

မနက္ပိုင္းထဲက က်ေနသည့္ႏွင္းေတြက အရွိန္ေကာင္းေကာင္းနွင့္ ဆက္လက္ဆင္းသက္ဆဲ။
ၾကည္ေတာက္ေတာက္ထီးေလးကို
နွစ္ေယာက္အတူတူေဆာင္းျပီး
အမည္ရယ္လို႔ တိတိက်က်မမွတ္မိေတာ့သည့္လမ္းမေပၚမွာ လက္ခ်င္းခ်ိတ္ျပီးလမ္းေလ်ွာက္ရင္း ဒါကေတာ့ သူငယ္ငယ္က ေက်ာင္းသြားရင္ ျဖတ္သြားေလ့ရွိတဲ့လမ္း. .
လမ္းထိပ္မွာရွိတဲ့မုန္႔ဆိုင္က ကိတ္မုန္႔က ငယ္ငယ္က ဘယ္လိုစားလို႔ေကာင္းတာဆိုတာမ်ိဳးကစလို႔ ေက်ာင္းေျပးျပီးလာေဆာ့ေနၾက
ဂိမ္းဆိုင္ေနရာကိုျပခ်င္တာ အခုေတာ့
အထပ္ျမင့္အေဆာက္အအံုသစ္
ျဖစ္သြားျပီပါမက်န္ . .

မရပ္မနားစကားေတြေျပာလို႔ကုန္ခါမွ ေက်ာင္းသြားတဲ့လမ္းရဲ႔ညာဘက္မွာ အခုထိရွိေနေသးတဲ့ ေတာ့ပိုကီဆိုင္ေလးကိုေတြ႔ေတာ့ အေပ်ာ္ေတြလြန္ျပီး တဟားဟား ထရယ္ျပန္သည္။

" အေဒၚ့လက္ရာက အရမ္းစားလို႔ေကာင္းတာ"

ဆိုင္ထဲမွာ ေနရာယူေတာ့ သူထိုင္ေနၾက စားပြဲေနရာရွိတာမို႔ ထိုေနရာမွာထိုင္ဖို႔ဆြဲေခၚ၏။
တစ္ခါမွ မျမင္ဖူးသည့္လူတစ္ေယာက္လို လန္းဆန္းတက္ၾကြေနသည္က တစ္မ်ိဳးေလးခ်စ္စရာေကာင္းေနသည္မို႔ ၾကံဳေတာင့္ၾကံဳခဲ ထိုျမင္ကြင္းေတြကို ဖ်က္ဖို႔ခက္သည့္မွတ္ဥာဏ္ေတြရဲ႔အတြင္းပိုင္းအထိ တစ္လႊာခ်င္းတစ္ခုခ်င္းထည့္သြင္းရင္း သူမ အလုပ္ရႈပ္ရျပန္သည္။

"ဒါနဲ႔. . . ဂ်ီအင္းက ဘယ္သူလဲ ယြန္းဂီ "

ဖန္ခြက္ထဲကိုေရေလာင္းထည့္ေနသည့္ ျဖဴသြယ္သြယ္လက္တစ္စံုက ေလထဲမွာ ရပ္တန္႔သြားသည္။မ်က္ခံုးတစ္ဖက္ပင့္ရင္း မသိသည့္နာမည္တစ္ခုၾကားသလိုလုပ္ေနတာေၾကာင့္ နံရံနဲ႔ စားပြဲရဲ႔ဆံုမွတ္က်က်ေနရာတစ္ခုက ခပ္ေသာ့ေသာ့လက္ေရးေတြျခစ္ရာေတြနဲ႔ ရႈပ္ယွက္ခက္ေနေသာ ေနရာေလးကို လက္ညိွဳးျဖင့္ေထာက္ျပလိုက္သည္။
ဘာတဲ့ 'ဂ်ီအင္းနား နင့္ကိုငါ သေဘာက်တယ္
နင္ငါ့ကိုျပန္မၾကိဳက္ဘူးဆိုရင္ ငါတို႔ေက်ာင္းကေျပာင္းသြား' တဲ့ေလ။
အနက္ေရာင္ေဘာပင္နဲ႔ပီပီသသပံုေဖာ္ထားသည့္ သူ႔နာမည္ေတြက အခုခ်ိန္ထိ အထင္းသား။
အရမ္းေတြ သေဘာက်ခဲ့မွာပဲေနာ္ မင္ယြန္းဂီ . ။

" ေအာ္ ဂ်ီအင္းလား သူက ကိုယ္ငယ္ငယ္ကသိခဲ့တဲ့ေကာင္မေလးပါ. .  အခုကိုယ္တို႔တက္ခဲ့တဲ့ အလယ္တန္းေက်ာင္းမွာပဲ ဆရာမျပန္ျဖစ္ေနတယ္တဲ့ "

အေဟာင္းသားပြင့္သြားသည့္ ႏႈတ္ခမ္းေတြက ထိန္းသိမ္းလို႔ပင္မရ။ ဘာက ဘယ္လို. .။

"ဒီဆိုင္မွာ စားျပီးရင္ လိုက္ပုိ႔မယ္ဆိုတဲ့ေက်ာင္းလား ?? "

"အင္းေလ "

"ဘာ !!!!"

မဟုတ္ေသးဘူးေလ ဒါက ဘယ္လိုအေျခအေနၾကီးတုန္း . . ။ယြန္းဂီရဲ႔ ငယ္ခ်စ္ကိုေတြ႔ဖို႔လာတဲ့ခရီးကို သူမက လိုက္လာမိတာလား. .။

"ဒါဆို အခုျပန္ . . မဟုတ္ဘူး.. .
စားျပီးရင္ အြန္းဟာျပန္ေတာ့မယ္ "

စိတ္တိုတိုနဲ႔ ခ်က္ခ်င္းထျပန္မည့္အေရးဟာ မ်က္စိေရွ႕ေရာက္လာတဲ့ ေတာ့ပိုကီပြဲၾကီးေၾကာင့္ ရုပ္ပ်က္ဆင္းပ်က္က်ရႈံးကုန္ျခင္းျဖစ္သည္။

"ဘာလို႔လဲ အြန္းဟာရဲ႔  အာ . . .ဟ ေလ ကိုယ္ခြ႔ံေက်ြးမယ္ "

တစ္ခ်က္ေလးမွ သတိမျပဳမိသလိုမ်က္နွာထားနဲ႔ ေတာ့ပိုကီတစ္ခုခြံ႔ေက်ြးလိုက္ ႏႈတ္ခမ္းေထာင့္မွာေပးသြားတဲ့အခါ လက္မနွင့္ဖိသုတ္ေပးလိုက္ လုပ္ေနသည့္ မင္ယြန္းဂီ။

"ေနပါဦး အဲ့ဒီ ဂ်ီအင္းနဲ႔က ခုထိအဆက္အသြယ္ရွိတာလား သူဘာအလုပ္လုပ္ေနလဲပါ သိေနတာဆိုေတာ့ "

"မဟုတ္ပါဘူး ဟိုတစ္ေလာကေလ နမ္ဂ်ြန္းအိမ္လာေတာ့ ေျပာျပတာ သူနဲ႔လည္းအမွတ္မထင္ဆံုမိလို႔တဲ့  ေရာ့ ဒါကပိုခ်ိဳတယ္ ဒါေလးစားၾကည့္ "

ယြန္းဂီကေတာ့ သူမကိုခြ႔ံေက်ြးရင္းအလုပ္ရႈပ္ေန၏။ ဟြန္႔. . . ဒါေပမယ့္ မင္ယြန္းဂီေျပာတာေတြကို အကုန္လံုး ပစ္ယံုလိုက္ရေအာင္ ပတ္အြန္းဟာက သူငယ္နွပ္စားမဟုတ္။

"အဲ့ oppaက သက္သက္ၾကီးေတာ့ ေျပာမလား ယြန္းဂီေမးလိုက္လို႔ေနမွာေပါ့"

တစ္ခ်က္ေမာ့ၾကည့္လာျပီး ခပ္ဟဟ သူရယ္၏။

"သဝန္တိုေနတာလား "

အဲ့ဒါေမးစရာေမးခြန္းလား။

"မတိုပါဘူး "

"ေတာ္ေသးတာေပါ့ ဂ်ီအင္းက အရမ္းလွေတာ့ ဟိုမွာမေတာ္တဆဆံုျဖစ္ရင္ ကိုယ္တို႔အြန္းဟာ သဝန္တိုေနမွာ စိုးရိမ္ေနတာ"

မ်က္လံုးတစ္ခ်က္ပင့္ၾကည့္လိုက္ေတာ့ ျပံဳးစိစိမ်က္နွာနွင့္ျဖစ္ေနတာေၾကာင့္ တမင္တကာစေနမွန္းသိသည္  . .သို႔ေသာ္ အဲ့လို စတာကိုမၾကိဳက္တာ . . ။ ဘယ့္နွယ့္ေၾကာင္ သူ႔ငယ္ခ်စ္အရမ္းလွေၾကာင္းကို အပိုအလိုမရွိေတြေဖာ္ျပေနရတာလဲ။

"သြားေတာ့မယ္ "

ဆိုင္ထဲကထထြက္လာေတာ့ အေနာက္ကေန သူမနာမည္ေခၚရင္းေျပးလိုက္လာသည့္ သူ။
ဟင့္အင္းလံုးဝျပန္မထူးဘူးေနာ္ မင္ယြန္းဂီ ။

"ဒီကေလးမနဲ႔ေတာ့ ခက္ျပီ . .
ႏွင္းေတြက်ေနတယ္ေလကြာ အဲ့ေလာက္အျမန္ေလ်ွာက္ရင္ ေခ်ာ္လဲမယ္ေနာ္ "

"မလဲဘူး စိတ္ခ်"

စိတ္ေပါက္ေပါက္နဲ႔ ခပ္သြက္သြက္ေလ်ွာက္ေနမိသည့္ သူမအေရွ႕က ပိတ္ရပ္လာသည့္သူ။
ေက်ာပိုးအိတ္ထဲက ပစၥည္းတစ္ခုကို ထုတ္ရင္း လက္ထဲကို အတင္းထည့္ေပး၏။
ဦးထုပ္တစ္လံုး  . .
မိုးျပာေရာင္ေဖ်ာ့ေဖ်ာ့အေမႊးပြပြဦးထုပ္ေလး. ။

"ေခါင္းေပၚနွင္းေတြစိုကုန္ရင္ ဖ်ားလိမ့္မယ္ . .ဒါေလးေဆာင္းထား "

"မယူပါဘူး "

ဒါသူမ ဦးထုပ္မွမဟုတ္တာ ။
မိန္းကေလးအသံုးအေဆာင္ပစၥည္းက သူ႔အိတ္ထဲဘာလို႔ေရာက္ေနရျပန္တာလဲ။

"အပိုင္လည္းမေပးပါဘူး ခဏပဲငွားတာ သူ႔ပိုင္ရွင္ကို ျပန္ေပးဖို႔ ကိုယ္သိမ္းထားတာၾကာျပီ"

ေဟာၾကည့္။ ေျပာတဲ့ပံုကိုက . .

"ဘာလဲ ပိုင္ရွင္က ယြန္းဂီရဲ႔ ဟိုအခ်စ္ဦးမဟုတ္လား?  သြားေပးသြား နွင္းေတြတစ္ကိုယ္လံုးစိုရႊဲလဲ ကိစၥမရွိတာမို႔လို႔ ရွင္ေပးခ်င္တဲ့သူဆီသာ သြားျပန္ပို႔ေပးလိုက္"

ဒီတစ္ခါေတာ့ တကယ္ကို စိတ္ေကာက္တာ။
အၾကီးအက်ယ္ကို စိတ္ေကာက္ေတာ့မွာဆိုျပီး သူ႔ပုခံုးကိုျဖတ္တိုက္ရင္း အေရွ႕ကို သံုးေလးလွမ္း လွမ္းလို႔အျပီး . . ယြန္းဂီရဲ႔စကားသံတစ္ခ်ိဳ႕နားထဲၾကားျဖစ္ေအာင္ၾကားလိုက္သည့္ ခဏ . .
လွမ္းေနတဲ့ ေျခလွမ္းေတြက ကေမာက္ကမေတြျဖစ္ကုန္သည္။

"အင္း ဒါကိုယ့္အရမ္းခ်စ္တဲ့ အခ်စ္ဦးရဲ႔ ဦးထုပ္"

မဟုတ္ပါေစနဲ႔လို႔ ေတာင္းသည့္ဆုက ခ်က္ခ်င္းလက္ငင္းၾကီးမျပည့္လို႔လည္း ျဖစ္လို႔လား။
ရပ္ေနသည့္ သူမမ်က္နွာခ်င္းဆိုင္က လမ္းေလ်ွာက္လာသည့္ ေက်ာင္းသားေလးေတြက သူမကုိကြက္ၾကည့္ကြက္ၾကည့္လုပ္သြားၾကသည္။
ငိုမဲ့မဲ့ျဖစ္ေနတဲ့ မ်က္ႏွာေၾကာင့္ၾကည့္တာမွန္းသိေသာ္လည္း ထိုကေလးေတြဝတ္ထားသည့္ အလယ္တန္းေက်ာင္းယူနီေဖာင္းက ငိုခ်င္ေနသည့္လူကို လ်ွာထုတ္ျပေနသလို။

ေခါင္းေပၚကခပ္ေႏြးေႏြးအထိအေတြ႔ေၾကာင့္ ထိုအေမႊးပြပြအျပာေရာင္သိုးေမႊးဦးထုပ္က သူမေခါင္းေပၚေရာက္ေနျပီမွန္း သိလုိက္သည္။
ခ်က္ခ်င္းျပန္ခ်ြတ္မယ္လုပ္သည္ကို အေနာက္ကေနသိုင္းဖက္လာသည့္ လက္တစ္စံုနဲ႔ ရင္ေငြ႔ေႏြးေႏြးက တားျမစ္၏။

"သစ္ကိုင္းေတြေပၚက နွင္းမႈန္ေတြကို ခါခ်ျပီးေဆာ့ေနတဲ့ပံုေလးကို ကိုယ္စခ်စ္မိသြားတာ "

". . . ."

"ဓာတ္ပံုေတြေလ်ွာက္ရိုက္ျပီး လမ္းမေဘးကိုဆင္းသြားတဲ့အထိ လိုက္ၾကည့္ေနခဲ့မိတာ "

". . . "

"အရည္ေပ်ာ္ေနတဲ့ နွင္းေတြကို မျမင္ပဲနဲ႔ နင္းလိုက္ေတာ့ဖင္ထိုင္လ်က္ေခ်ာ္လဲသြားတဲ့ပံုေလးကို သေဘာက်ျပီး နွစ္နွစ္ျခိဳက္ျခိဳက္ရယ္မိတဲ့ ကိုယ့္ကိုကိုယ္လိပ္ျပာမလံုလို႔ ထူေပးဖို႔ၾကည့္ေတာ့မွ ေပ်ာက္ျခင္းမလွေပ်ာက္သြားတဲ့ အဲ့ဒီေကာင္မေလးက ကိုယ့္အတြက္ ဒီဦးထုပ္ေလးပဲ ေနရာမွာ ခ်န္ခဲ့ေပးတာ "

". . . "

"ဘယ္လိုလဲ . .ပထမဆံုး  Grindelwald ေရာက္တဲ့ေန႔ကို မွတ္မိေသးရဲ႔လား ပတ္အြန္းဟာ"

မွတ္မိတာေပါ့။ေလဆိပ္ကထြက္ထြက္ခ်င္း အမွတ္တရပစၥည္းေရာင္းတဲ့ဆိုင္က ဝယ္ခဲ့တဲ့ အဲ့ဒီဦးထုပ္ကို မမွတ္မိတာေလး တစ္ခုကလြဲျပီး က်န္တာ အကုန္မွတ္မိတာေပါ့ ။

"ယြန္းဂီ ဒါ ဒါဆို . . "

"အင္းး ဒီဦးထုပ္ေလးကို အခ်ိန္ေတြအမ်ားၾကီးယူသိမ္းထားမိျပီး အခုမွပိုင္ရွင္လက္ထဲျပန္ေပးမိလို႔ ေတာင္းပန္ပါတယ္. . . .
ကိုယ့္ကေလးေလး စိတ္မေကာက္နဲ႔ေတာ့ေနာ္ "

🍁❄❄🍁

(Unicode)

❄🍁

သူ့ရင်ခွင်ထဲမှာ မျက်လုံးဖွင့်ခွင့်ရတဲ့ ဒုတိယမြောက်မနက်ခင်း. .။ နှင်းတဖျောက်နှစ်ဖျောက်ကျလျက်ရှိသည့်ကြား မရ မရအောင်တိုးထွက်နေသည့် နေရောင်ခြည်ဖျော့ဖျော့က ပြတင်းပေါက်လိုက်ကာတွေပေါ်ကဖြတ်ပြီး သူ့မျက်နှာပေါ်ကို လျှပ်ပြေးနေသည်။စင်းနေသည့်မျက်တောင်တွေအပေါ် လက်ချောင်းထိပ်နဲ့ထိလိုက်တော့ ရုတ်တရက်ဖမ်းဆွဲလိုက်သည့် လက်တစ်ဘက်။

" ရုပ်ရှင်တွေထဲကလို ပါးကို နမ်းပြီးနှိုးပါလား ကလေးမရဲ့  ကဗျာမဆန်လိုက်တာ "

နှာခေါင်းတစ်ချက်ရှုံ့ပြတော့ ပါးနှစ်ဘက်ကို လိမ်ဆွဲလာသည့် သူနှင့် ဒီလို မနက်ခင်းမျိုး တစ်သက်လုံးပိုင်ဆိုင်ချင်ပါ၏လို့ ခပ်တိုးတိုးဆုတောင်းတစ်ခုကို ဆုတောင်းမိသည့် သူမ။

"ဒီနေ့ ဘာလုပ်ချင်လဲ "

"မသိဘူးလေ  အပြင်သွားမလား ယွန်းဂီ ဘယ်သွားချင်လဲ "

နှင်းတွေတဖွဲဖွဲကျနေသည့် ချစ်စရာ ရာသီဥတုလေးကို အိမ်ထဲမှာကွေးပြီး ကုန်ဆုံးဖို့ကို ပို၍ဆန္ဒရှိသော်လည်း ကောက်ကာငင်ကာ သွားစရာ နေရာတစ်ခု ရှိတယ်လို့ပြောလာသည့် သူ့ကြောင့် ဘွားကနဲပေါ်လာသည့် ခရီးစဉ်တစ်ခုက အိမ်မှာနေချင်စိတ်တွေကို ခဏလေးနဲ့ အနိုင်ယူပစ်လိုက်၏။

ဒယ်ဂူ. .။
သူ့မွေးရပ်ဇာတိ . .
နေရာတော်တော်များများကို ခရီးထွက်နေကျ သူမအတွက်ပုံမှန်ခရီးသာသာဆိုနိုင်သော်လည်း ယွန်းဂီအတွက်က ထိုသို့ဖြစ်ဟန်မတူ။
ရထားပေါ်က မြင်ကွင်းတွေကို ကြည့်နေရင်း စိတ်တွေက အဝေးကို လွင့်နေသလို. . .
မျက်နှာချင်းဆိုင်ထိုင်နေရင်းက သူ့လက်နှစ်ဘက်ကို ဆုပ်ကိုင်လိုက်တော့ သတိဝင်လာသလို တစ်ချက်ပြန်ကြည့်ရင်း ဖွဖွလေးပြုံးပြ၏။

" 6နှစ် . . 6နှစ်ရှိပြီ မရောက်တာ . . အခုဆို
အများကြီးပြောင်းလဲသွားလောက်ပြီပေါ့နော် "

သူမကို မျက်နှာလွှဲလိုက်ပြီး တိုးတိတိလေသံလေးနဲ့ ယွန်းဂီပြောနေတာက ဒယ်ဂူမြို့အကြောင်း ဟုတ်မဟုတ် သူမ မသိ။

"ပြောင်းလဲသွားလောက်ပြီပေါ့ ယွန်းဂီရဲ့ 6နှစ်ဆိုတာ နည်းတဲ့အချိန်မှမဟုတ်တာ . . အင်းးး. .
ကျန်တာတွေမပြောင်းလဲရင်တောင် တစ်ခုတော့ သိသိသာသာပြောင်းလဲသွားတယ်လေ "

"ဘာကိုပြောတာလဲ "

"ဒီတစ်ခါ ယွန်းဂီဘေးမှာ အရမ်းချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါလာတယ်လေ အဲ့ဒါပြောင်းလဲသွားတာပေါ့ "

သူမဆံပင်တွေကို ရှုပ်ဖွလိုက်ပြီး 'ရုပ်ဆိုးမလေး ပါလာတာကိုများ'လို့ မျက်လုံးလေးတွေပါမှိတ်သွားသည်အထိ ရယ်မောရင်းပြောလာသည်က အလွန်အင်မတန်ချစ်စရာကောင်းသည့် အစ်ကိုကြီးတစ်ယောက်လို. . . . . ။

မင်ယွန်းဂီသည် ပြီးပြည့်စုံသည်ထက်ကို သာလွန်သည့်လူမျိုး ။

အရယ်ရပ်သွားပြီးသည့်အခါမှ ယွန်းဂီက သူမဘေးနေရာလွတ်ကို ဝင်ထိုင်လိုက်ပြီး တစ်ယောက်စာအတွက် လုံခြုံမှုအပြည့်ပေးနိုင်သည့် ခပ်ကျယ်ကျယ်ရင်ခွင်ထဲ ခိုလှုံစေ၏။

" လွမ်းနေတာ "

"ဟမ်!. . ဒယ်ဂူကိုလား အဲ့ဒါများယွန်းဂီရယ် စောစောထဲက လာလည်ပါတော့လား "

"မဟုတ်ပါဘူး . . ကိုယ်က
ပတ်အွန်းဟာကို လွမ်းနေတာ . .
ဟိုဘက်မှာ ထိုင်ရတာကဝေးနေသလိုပဲ နေလို့မကောင်းဘူး "

နှုတ်ခမ်းအတွင်းသားကို ဖိကိုက်လိုက်ရင်း မျက်နှာတည်နိုင်သမျှတည်နိုင်အောင်ကြိုးစားလိုက်သည်။ မင်ယွန်းဂီဟာ လူကို အသက်ရှူရခက်အောင်လုပ်တဲ့နေရာမှာလည်း ကျွမ်းကျင်အဆင့်ထက် တစ်ဖက်ကမ်းခတ်နေပြန်သည်။

❄❄

မနက်ပိုင်းထဲက ကျနေသည့်နှင်းတွေက အရှိန်ကောင်းကောင်းနှင့် ဆက်လက်ဆင်းသက်ဆဲ။
ကြည်တောက်တောက်ထီးလေးကို
နှစ်ယောက်အတူတူဆောင်းပြီး
အမည်ရယ်လို့ တိတိကျကျမမှတ်မိတော့သည့်လမ်းမပေါ်မှာ လက်ချင်းချိတ်ပြီးလမ်းလျှောက်ရင်း ဒါကတော့ သူငယ်ငယ်က ကျောင်းသွားရင် ဖြတ်သွားလေ့ရှိတဲ့လမ်း. .
လမ်းထိပ်မှာရှိတဲ့မုန့်ဆိုင်က ကိတ်မုန့်က ငယ်ငယ်က ဘယ်လိုစားလို့ကောင်းတာဆိုတာမျိုးကစလို့ ကျောင်းပြေးပြီးလာဆော့နေကြ
ဂိမ်းဆိုင်နေရာကိုပြချင်တာ အခုတော့
အထပ်မြင့်အဆောက်အအုံသစ်
ဖြစ်သွားပြီပါမကျန် . .

မရပ်မနားစကားတွေပြောလို့ကုန်ခါမှ ကျောင်းသွားတဲ့လမ်းရဲ့ညာဘက်မှာ အခုထိရှိနေသေးတဲ့ တော့ပိုကီဆိုင်လေးကိုတွေ့တော့ အပျော်တွေလွန်ပြီး တဟားဟား ထရယ်ပြန်သည်။

" အဒေါ့်လက်ရာက အရမ်းစားလို့ကောင်းတာ"

ဆိုင်ထဲမှာ နေရာယူတော့ သူထိုင်နေကြ စားပွဲနေရာရှိတာမို့ ထိုနေရာမှာထိုင်ဖို့ဆွဲခေါ်၏။
တစ်ခါမှ မမြင်ဖူးသည့်လူတစ်ယောက်လို လန်းဆန်းတက်ကြွနေသည်က တစ်မျိုးလေးချစ်စရာကောင်းနေသည်မို့ ကြုံတောင့်ကြုံခဲ ထိုမြင်ကွင်းတွေကို ဖျက်ဖို့ခက်သည့်မှတ်ဉာဏ်တွေရဲ့အတွင်းပိုင်းအထိ တစ်လွှာချင်းတစ်ခုချင်းထည့်သွင်းရင်း သူမ အလုပ်ရှုပ်ရပြန်သည်။

"ဒါနဲ့. . . ဂျီအင်းက ဘယ်သူလဲ ယွန်းဂီ "

ဖန်ခွက်ထဲကိုရေလောင်းထည့်နေသည့် ဖြူသွယ်သွယ်လက်တစ်စုံက လေထဲမှာ ရပ်တန့်သွားသည်။မျက်ခုံးတစ်ဖက်ပင့်ရင်း မသိသည့်နာမည်တစ်ခုကြားသလိုလုပ်နေတာကြောင့် နံရံနဲ့ စားပွဲရဲ့ဆုံမှတ်ကျကျနေရာတစ်ခုက ခပ်သော့သော့လက်ရေးတွေခြစ်ရာတွေနဲ့ ရှုပ်ယှက်ခက်နေသော နေရာလေးကို လက်ညှိုးဖြင့်ထောက်ပြလိုက်သည်။
ဘာတဲ့ 'ဂျီအင်းနား နင့်ကိုငါ သဘောကျတယ်
နင်ငါ့ကိုပြန်မကြိုက်ဘူးဆိုရင် ငါတို့ကျောင်းကပြောင်းသွား' တဲ့လေ။
အနက်ရောင်ဘောပင်နဲ့ပီပီသသပုံဖော်ထားသည့် သူ့နာမည်တွေက အခုချိန်ထိ အထင်းသား။
အရမ်းတွေ သဘောကျခဲ့မှာပဲနော် မင်ယွန်းဂီ . ။

" အော် ဂျီအင်းလား သူက ကိုယ်ငယ်ငယ်ကသိခဲ့တဲ့ကောင်မလေးပါ. .  အခုကိုယ်တို့တက်ခဲ့တဲ့ အလယ်တန်းကျောင်းမှာပဲ ဆရာမပြန်ဖြစ်နေတယ်တဲ့ "

အဟောင်းသားပွင့်သွားသည့် နှုတ်ခမ်းတွေက ထိန်းသိမ်းလို့ပင်မရ။ ဘာက ဘယ်လို. .။

"ဒီဆိုင်မှာ စားပြီးရင် လိုက်ပို့မယ်ဆိုတဲ့ကျောင်းလား ?? "

"အင်းလေ "

"ဘာ !!!!"

မဟုတ်သေးဘူးလေ ဒါက ဘယ်လိုအခြေအနေကြီးတုန်း . . ။ယွန်းဂီရဲ့ ငယ်ချစ်ကိုတွေ့ဖို့လာတဲ့ခရီးကို သူမက လိုက်လာမိတာလား. .။

"ဒါဆို အခုပြန် . . မဟုတ်ဘူး.. .
စားပြီးရင် အွန်းဟာပြန်တော့မယ် "

စိတ်တိုတိုနဲ့ ချက်ချင်းထပြန်မည့်အရေးဟာ မျက်စိရှေ့ရောက်လာတဲ့ တော့ပိုကီပွဲကြီးကြောင့် ရုပ်ပျက်ဆင်းပျက်ကျရှုံးကုန်ခြင်းဖြစ်သည်။

"ဘာလို့လဲ အွန်းဟာရဲ့  အာ . . .ဟ လေ ကိုယ်ခွံ့ကျွေးမယ် "

တစ်ချက်လေးမှ သတိမပြုမိသလိုမျက်နှာထားနဲ့ တော့ပိုကီတစ်ခုခွံ့ကျွေးလိုက် နှုတ်ခမ်းထောင့်မှာပေးသွားတဲ့အခါ လက်မနှင့်ဖိသုတ်ပေးလိုက် လုပ်နေသည့် မင်ယွန်းဂီ။

"နေပါဦး အဲ့ဒီ ဂျီအင်းနဲ့က ခုထိအဆက်အသွယ်ရှိတာလား သူဘာအလုပ်လုပ်နေလဲပါ သိနေတာဆိုတော့ "

"မဟုတ်ပါဘူး ဟိုတစ်လောကလေ နမ်ဂျွန်းအိမ်လာတော့ ပြောပြတာ သူနဲ့လည်းအမှတ်မထင်ဆုံမိလို့တဲ့  ရော့ ဒါကပိုချိုတယ် ဒါလေးစားကြည့် "

ယွန်းဂီကတော့ သူမကိုခွံ့ကျွေးရင်းအလုပ်ရှုပ်နေ၏။ ဟွန့်. . . ဒါပေမယ့် မင်ယွန်းဂီပြောတာတွေကို အကုန်လုံး ပစ်ယုံလိုက်ရအောင် ပတ်အွန်းဟာက သူငယ်နှပ်စားမဟုတ်။

"အဲ့ oppaက သက်သက်ကြီးတော့ ပြောမလား ယွန်းဂီမေးလိုက်လို့နေမှာပေါ့"

တစ်ချက်မော့ကြည့်လာပြီး ခပ်ဟဟ သူရယ်၏။

"သဝန်တိုနေတာလား "

အဲ့ဒါမေးစရာမေးခွန်းလား။

"မတိုပါဘူး "

"တော်သေးတာပေါ့ ဂျီအင်းက အရမ်းလှတော့ ဟိုမှာမတော်တဆဆုံဖြစ်ရင် ကိုယ်တို့အွန်းဟာ သဝန်တိုနေမှာ စိုးရိမ်နေတာ"

မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်တော့ ပြုံးစိစိမျက်နှာနှင့်ဖြစ်နေတာကြောင့် တမင်တကာစနေမှန်းသိသည်  . .သို့သော် အဲ့လို စတာကိုမကြိုက်တာ . . ။ ဘယ့်နှယ့်ကြောင် သူ့ငယ်ချစ်အရမ်းလှကြောင်းကို အပိုအလိုမရှိတွေဖော်ပြနေရတာလဲ။

"သွားတော့မယ် "

ဆိုင်ထဲကထထွက်လာတော့ အနောက်ကနေ သူမနာမည်ခေါ်ရင်းပြေးလိုက်လာသည့် သူ။
ဟင့်အင်းလုံးဝပြန်မထူးဘူးနော် မင်ယွန်းဂီ ။

"ဒီကလေးမနဲ့တော့ ခက်ပြီ . .
နှင်းတွေကျနေတယ်လေကွာ အဲ့လောက်အမြန်လျှောက်ရင် ချော်လဲမယ်နော် "

"မလဲဘူး စိတ်ချ"

စိတ်ပေါက်ပေါက်နဲ့ ခပ်သွက်သွက်လျှောက်နေမိသည့် သူမအရှေ့က ပိတ်ရပ်လာသည့်သူ။
ကျောပိုးအိတ်ထဲက ပစ္စည်းတစ်ခုကို ထုတ်ရင်း လက်ထဲကို အတင်းထည့်ပေး၏။
ဦးထုပ်တစ်လုံး  . .
မိုးပြာရောင်ဖျော့ဖျော့အမွှေးပွပွဦးထုပ်လေး. ။

"ခေါင်းပေါ်နှင်းတွေစိုကုန်ရင် ဖျားလိမ့်မယ် . .ဒါလေးဆောင်းထား "

"မယူပါဘူး "

ဒါသူမ ဦးထုပ်မှမဟုတ်တာ ။
မိန်းကလေးအသုံးအဆောင်ပစ္စည်းက သူ့အိတ်ထဲဘာလို့ရောက်နေရပြန်တာလဲ။

"အပိုင်လည်းမပေးပါဘူး ခဏပဲငှားတာ သူ့ပိုင်ရှင်ကို ပြန်ပေးဖို့ ကိုယ်သိမ်းထားတာကြာပြီ"

ဟောကြည့်။ ပြောတဲ့ပုံကိုက . .

"ဘာလဲ ပိုင်ရှင်က ယွန်းဂီရဲ့ ဟိုအချစ်ဦးမဟုတ်လား?  သွားပေးသွား နှင်းတွေတစ်ကိုယ်လုံးစိုရွှဲလဲ ကိစ္စမရှိတာမို့လို့ ရှင်ပေးချင်တဲ့သူဆီသာ သွားပြန်ပို့ပေးလိုက်"

ဒီတစ်ခါတော့ တကယ်ကို စိတ်ကောက်တာ။
အကြီးအကျယ်ကို စိတ်ကောက်တော့မှာဆိုပြီး သူ့ပုခုံးကိုဖြတ်တိုက်ရင်း အရှေ့ကို သုံးလေးလှမ်း လှမ်းလို့အပြီး . . ယွန်းဂီရဲ့စကားသံတစ်ချို့နားထဲကြားဖြစ်အောင်ကြားလိုက်သည့် ခဏ . .
လှမ်းနေတဲ့ ခြေလှမ်းတွေက ကမောက်ကမတွေဖြစ်ကုန်သည်။

"အင်း ဒါကိုယ့်အရမ်းချစ်တဲ့ အချစ်ဦးရဲ့ ဦးထုပ်"

မဟုတ်ပါစေနဲ့လို့ တောင်းသည့်ဆုက ချက်ချင်းလက်ငင်းကြီးမပြည့်လို့လည်း ဖြစ်လို့လား။
ရပ်နေသည့် သူမမျက်နှာချင်းဆိုင်က လမ်းလျှောက်လာသည့် ကျောင်းသားလေးတွေက သူမကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။
ငိုမဲ့မဲ့ဖြစ်နေတဲ့ မျက်နှာကြောင့်ကြည့်တာမှန်းသိသော်လည်း ထိုကလေးတွေဝတ်ထားသည့် အလယ်တန်းကျောင်းယူနီဖောင်းက ငိုချင်နေသည့်လူကို လျှာထုတ်ပြနေသလို။

ခေါင်းပေါ်ကခပ်နွေးနွေးအထိအတွေ့ကြောင့် ထိုအမွှေးပွပွအပြာရောင်သိုးမွှေးဦးထုပ်က သူမခေါင်းပေါ်ရောက်နေပြီမှန်း သိလိုက်သည်။
ချက်ချင်းပြန်ချွတ်မယ်လုပ်သည်ကို အနောက်ကနေသိုင်းဖက်လာသည့် လက်တစ်စုံနဲ့ ရင်ငွေ့နွေးနွေးက တားမြစ်၏။

"သစ်ကိုင်းတွေပေါ်က နှင်းမှုန်တွေကို ခါချပြီးဆော့နေတဲ့ပုံလေးကို ကိုယ်စချစ်မိသွားတာ "

". . . ."

"ဓာတ်ပုံတွေလျှောက်ရိုက်ပြီး လမ်းမဘေးကိုဆင်းသွားတဲ့အထိ လိုက်ကြည့်နေခဲ့မိတာ "

". . . "

"အရည်ပျော်နေတဲ့ နှင်းတွေကို မမြင်ပဲနဲ့ နင်းလိုက်တော့ဖင်ထိုင်လျက်ချော်လဲသွားတဲ့ပုံလေးကို သဘောကျပြီး နှစ်နှစ်ခြိုက်ခြိုက်ရယ်မိတဲ့ ကိုယ့်ကိုကိုယ်လိပ်ပြာမလုံလို့ ထူပေးဖို့ကြည့်တော့မှ ပျောက်ခြင်းမလှပျောက်သွားတဲ့ အဲ့ဒီကောင်မလေးက ကိုယ့်အတွက် ဒီဦးထုပ်လေးပဲ နေရာမှာ ချန်ခဲ့ပေးတာ "

". . . "

"ဘယ်လိုလဲ . .ပထမဆုံး  Grindelwald ရောက်တဲ့နေ့ကို မှတ်မိသေးရဲ့လား ပတ်အွန်းဟာ"

မှတ်မိတာပေါ့။လေဆိပ်ကထွက်ထွက်ချင်း အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်က ဝယ်ခဲ့တဲ့ အဲ့ဒီဦးထုပ်ကို မမှတ်မိတာလေး တစ်ခုကလွဲပြီး ကျန်တာ အကုန်မှတ်မိတာပေါ့ ။

"ယွန်းဂီ ဒါ ဒါဆို . . "

"အင်းး ဒီဦးထုပ်လေးကို အချိန်တွေအများကြီးယူသိမ်းထားမိပြီး အခုမှပိုင်ရှင်လက်ထဲပြန်ပေးမိလို့ တောင်းပန်ပါတယ်. . . .
ကိုယ့်ကလေးလေး စိတ်မကောက်နဲ့တော့နော် "

🍁❄❄🍁

This Chapter is dedicated to my Two precious people.

My strawberry shortcake chocolate muffins (tho you don't like the name just bare with it for today)
Lynnie. . . 🍀
Happy Birthday babe Lynn

And ~~~

my
day and night ..
Stars ,the moon and the Sun. .
the universe...
and my very own little world

Min YoonGi. ❤

လောကကြီးထဲ အတူတူအသက်ရှင်ခွင့်ရတဲ့ နေ့ရက်တိုင်းကို တန်ဖိုးထားသွားပါ့မယ် ယွန်းဂီ။


Weiterlesen

Das wird dir gefallen

16.9K 526 11
One shots para sa mga uhaw ng kabaklaan. (No sm^t and etc.)
EIGHTEEN PLUS+ Von ROSA

Kurzgeschichten

26.3K 1.1K 16
Rude. Dirty. S3x , bad words only in wattpad not public on social media, ⚠️ not for young ⚠️ Writer by : SIE
9.8K 183 32
Oneshots on Alessia Russo If you have an ideas on what you want the oneshots to be on then comment at the end of each of them .
70.5K 3.7K 16
αžαŸ’αžšαž€αžΌαž›αž˜αžΈαž“ αž’αŸ’αž“αž€αžŽαžΆαž›αžΊαž αžΎαž™αž€αŸαžαŸ’αž›αžΆαž…αžšαž’αžΆαžš αž™αž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαžŸαžΆαž…αŸ‹αžˆαžΆαž˜αžαŸ’αž›αž½αž“αž–αŸ’αžšαŸ„αŸ‡αž…αŸ’αž”αžΆαž”αŸ‹αž‚αŸ’αžšαž½αžŸαžΆαžš αžŠαŸαž€αŸ†αžŽαžΆαž… ❀️‍πŸ”₯ Min yoongi x Min Jimin Min Jungkook x Min Taehyung