Mistakes!
By yuisdreamyforest
398K 26.7K 183
ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘ... More
{ep:1}
{ep:2}
{ep:3}
{ep:4}
{ep:5}
{ep:6}
{ep:7}
{ep:8}
{ep:9}
{ep:11}
{ep:12}
{ep:13}
{ep:14}
{ep:15}
{ep:16}
{ep:17}
{ep:18}
{ep:19}
{ep:20}
{ep:21}
Mistakes!*Final*
PERFECT💙(Special Extra)
{ep:10}
15.5K 1.1K 1
By yuisdreamyforest
'ညီ အဆင်ပြေရဲ့လား'
'အင်း'
ညီဘုန်းမြတ်ခေါင်းလေးသာငြိမ့်ပြလိုက်လေသည်
'Sorryညီ ကိုယ်ကားကိုမလာခင်တည်းကသေချာစစ်လိုက်ရမှာ'
ကွပ်ပျစ်လေးမှာထိုင်နေတဲ့ညီ့ဘေးမှာခေါင်းလေးငုံ့ကာထိုင်ပြီးသူ့အမှားလိုပြောနေပြန်တာကြောင့်
'ရပါတယ်ဒီနေ့တစ်နေ့လုံးအလုပ်များနေတာကို ကားဆီထည့်ဖို့သတိမထားမိတာကျွန်တော်နားလည်ပါတယ်'
မင်းခန့်ညားခေါင်းမော့ကာညီ့ကိုကြည့်လိုက်တော့သူ့ကိုပြုံးကာကြည့်နေလေတာကြောင့်သူညီ့အပြုံးလေးကိုမျက်တောင်မခတ်ကြည့်နေမိသည်
ဒါပထမဆုံးပဲ ညီ့ဆီကအပြုံးတစ်ပွင့်ကိုကျွန်တော်ရဖူးတာ သူစိုက်ကြည့်နေလို့ထင်ပါရဲ့ညီ့ရဲ့ပြုံးနေတဲ့နှုတ်ခမ်းပါးလေးကအပြုံးကသိပ်မပီပြင်ချင်တော့ သွေးကြောစိမ်းလေးတွေနဲ့ညီ့ပါးပြင်လေးဟာလည်းအနည်းငယ်နီမြန်းစပြုလာလေသည် ဒါ ညီရှက်နေတာတဲ့လား ကျွန်တော့်ကိုလေ?
ကျောက်ရုပ်တစ်ရုပ်လိုကျွန်တော့်ကိုဆက်ဆံတတ်သောညီ့ရဲ့ရှက်နေတဲ့မျက်နှာလေးကအဲ့လောက်အသည်းယားဖွယ်ကောင်းမှန်းကျွန်တော်မသိခဲ့ရိုးအမှန်ပင်
ညီ မင်းကကိုယ့်ကိုတစ်နေ့ထက်တစ်နေ့ပိုပိုချစ်လာအောင်မျိုးစုံကိုပြုစားနေပါရောလား
'ဟို ကျွန်တော့်မျက်နှာမှာဘာပေနေလို့လဲ'
ညီမလုံမလဲဖြစ်ကာမျက်နှာကိုလက်ချောင်းလေးတွေနဲ့ထိတွေ့ရင်းမေးလိုက်လေသည်
'ဟင်!အဟွတ် ဘာ ဘာမှမပေဘူးညီ'
အဲ့တော့မှသူလည်းလုပ်ချောင်းလေးဟန်ပြဆိုးကာ ညီ့မျက်နှာလေးဆီကအကြည့်အမြန်လွှဲလိုက်ရလေသည် ကြည့်လို့မဝသေးပါဘူးဆို
'အင်း'
သူ့ကိုပြန်ဖြေကာခေါင်းလေးငုံ့ထားတဲ့ညီ့ကြောင့်ပွေ့ဖက်ပြီးဆွဲညှစ်ပစ်လိုက်ချင်စိတ်တွေကတဖွားဖွား ရှက်နေတာလေးကအရမ်းချစ်ဖို့ကောင်းတာပဲ
ကားဆီကုန်သွားတာရောမြို့ပြင်ဘက်ဖြစ်နေတာကြောင့်ရောညဉ့်နက်နေပြီဖြစ်တာကြောင့်ရောနီးစပ်ရာအိမ်တစ်အိမ်မှာအကူအညီတောင်းပြီးညအိပ်ဖို့လုပ်ကာ မနက်ကျမှစက်ရုံကိုဖုန်းဆက်ပြီးအကူအညီတောင်းရတော့မည်
သဘောကောင်းတဲ့အိမ်ရှင်တွေနဲ့တွေ့လို့တော်သေးတယ်လို့ပဲပြောရမယ်
အိမ်ရှင်ဦးလေးကြီးရဲ့အင်္ကျီတွေပုဆိုးတွေကကျွန်တော်ဝတ်ဖို့အဆင်ပြေပေမဲ့ လူကောင်သေးတဲ့ညီ့အတွက်တော့အဖေ့အင်္ကျီတွေကိုယူဝတ်ထားတဲ့ကလေးလေးလိုဖြစ်နေလေသည် ရှပ်အင်္ကျီအဖြူစင်းကြီးကသူ့လက်ချောင်းလေးတွေသာပေါ်နေပြီးလူကအင်္ကျီထဲမှာမြုပ်နေလေပြီ ပြည်ပမှာကြီးပြင်းလာတဲ့ညီ့အတွက်ပုဆိုးကိုလည်းခဏခဏပြင်ဝတ်နေရသည်ကအမော ပုဆိုးကလည်းကျောင်းမှာဆရာမတွေဆူနေကျအမှိုက်သိမ်းပုဆိုးလိုဖြစ်နေလေသည် အခုလည်းကြယ်ကြည့်ချင်တယ်ဆိုကာအိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေတာကြောင့်ကျွန်တော်လည်းသူ့ဘေးမှာထိုင်ရင်းစကားပြောနေမိခြင်းပင် အခုတော့ကြယ်ကြည့်ချင်တဲ့ကောင်လေးဟာခေါင်းကိုမော့မလာတော့ပေ သူညီ့ကိုကြည့်ရင်းပြုံးနေမိသည် ခေါင်းငုံ့ထားတဲ့ကောင်လေးကတော့ကျွန်တော်သူ့ကိုခိုးကြည့်နေမှန်းမသိနိုင်ပါလေ
'ကျေးဇူးတင်ပါတယ်ဦးလေးနဲ့အဒေါ်'
မနက်အစောကြီးရောက်လာကာပြန်ဖို့စီစဉ်ပေးကြတဲ့စက်ရုံကလူတွေကြောင့်ညီနိုးတာနဲ့ပြန်ဖို့လုပ်လိုက်လေသည်
'ရပါတယ်ကွယ် ဂရုစိုက်ပြန်ကြဦး'
'ဟုတ်ကဲ့'
ပြောလာတဲ့အိမ်ရှင်အဒေါ်ကြီးကိုပြုံးရင်းနှုတ်ဆက်ကာညီ့ကိုရှာဖို့ပြင်ရလေတော့သည် ခုနကပဲဒီအိမ်က ကလေးမလေးနဲ့စကားတွေပြောနေတာတွေ့ပါသေးတယ် သိပ်မကြာလိုက်ပါကလေးမလေးလက်ကိုဆွဲကာလျှောက်လာတဲ့ညီ ကလေးမလေးပန်ပေးထားတာလားမသိ ပန်းနီနီလေးတစ်ပွင့်ကလည်းညီ့နားရွက်ကြားထဲမှာ မင်းခန့်ညားလှလွန်းတဲ့ထိုပန်းချီကားကိုငေးကြည့်နေမိတာ ညီထိုအိမ်ကလူတွေကိုနှုတ်ဆက်ပြီးကားပေါ်ရောက်တဲ့အထိပင်
'ကားမမောင်းသေးဘူးလား'
Seat beltပတ်နေရင်းက သူ့ကိုခေါင်းလေးစောင်းပြီးမေးလာတဲ့ညီ့ကြောင့်
'ဟင် အင်း အခုမောင်းတော့မှာ'
သူကြောင်တောင်တောင်နဲ့ပြန်ဖြေရင်းကားစက်နှိုးကာထွက်လာလိုက်တော့သည်
'ညီ'
'ဟင်'
ထုံးစံအတိုင်းကားပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေတဲ့ညီက သူ့ဘက်ကိုလှည့်လာလေသည် ဖွေးနုနေတဲ့ညီ့မျက်နှာလေးနဲ့ညီပန်ထားတဲ့ပန်းနီနီလေးကအရမ်းကိုလိုက်ဖက်လွန်းတဲ့ရှုမငြီးဖွယ်အလှတရား
'အဲ့ပန်းလေးက ဟိုကလေးမလေးပန်ပေးလိုက်တာလား'
'ဟင်'
အဲ့တော့မှသူ့နားရွက်ကြားကပန်းလေးကိုသတိရသွားသည့်ပုံနှင့်
'အင်း'
ညီဘုန်းမြတ်ပြန်ဖြေရင်းသူ့နားရွက်ကြားထဲမှာပန်ထားတဲ့ပန်းလေးကိုယူမလို့လုပ်တော့
'ဟာ ညီဘာလို့ဖြုတ်မှာလဲ ပန်ထားလေညီနဲ့လှတာကို'
ပန်းဆီကိုလှမ်းနေတဲ့ညီဘုန်းမြတ်လက်တွေတန့်ခနဲရပ်သွားပြီးသူ့ကိုကြည့်လိုက်လေတော့
'အဟမ်း ဟို ကိုယ်ကညီနဲ့အဲ့လိုပန်ထားတာလိုက်လို့ ပြော ပြောလိုက်တာပါ'
ထစ်ထစ်အအနဲ့ပြန်ပြောလာတဲ့သူ့ကြောင့်ညီဘုန်းမြတ်ကြောင်တောင်တောင်လေးနဲ့ပန်းပဲဆက်ပန်ထားရမလိုဖြုတ်ပဲဖြုတ်ရတော့မလိုနှင့်
'ဒါပေမဲ့ ကျွန်တော်ကယောက်ျားလေးလေ '
သူပြန်ပြောလိုက်တော့လူကိုကြည့်လာကာ
'အင်း ညီမပန်ချင်လည်းဖြုတ်လိုက်လေ'
မဖြုတ်စေချင်တဲ့ရုပ်ကြီးနဲ့ပြောနေတဲ့မင်းခန့်ညားကိုကြည့်ကာညီဘုန်းမြတ်ရယ်ချင်စိတ်ကိုထိန်းထားရလေသည်
'တော်ပါပြီ ပြီးမှပဲဖြုတ်တော့မယ် ကျွန်တော်အိပ်ရေးမဝသေးလို့ခဏအိပ်လိုက်ဦးမယ်'
ပြောပြီးလက်လေးပိုက်ကာမျက်လုံးလေးတွေမှိတ်ထားတဲ့ညီ့ကိုကြည့်ရင်းသူကြိတ်ပြုံးလိုက်မိလေသည် ကြည့်ပါလားပန်းလေးပန်ပြီးအိပ်နေတဲ့ပုံလေးကိုကတစ်ကိုယ်လုံးမြိုချပစ်ချင်စရာ အသည်းယားစရာလေး
အဲ့နေ့ကစလို့ကောင်မလေးတွေကြားမှာရေပန်းစားတဲ့နာမည်ကျော်Moonlight Fashion Company CEOလေးရဲ့ဖုန်းwallpaperမှာပန်းနီနီလေးပန်ပြီးအိပ်မောကျနေတဲ့ဖြူဖြူသေးသေးကောင်လေးတစ်ယောက်ပုံလေးကနေရာယူထားခဲ့တယ်ဆိုတာ အမြဲရောက်တဲ့နေရာမှာအိပ်တတ်တဲ့အိပ်ပုတ်ကြီးသောထိုကောင်လေးကတော့မသိနိုင်ပါလေ
'ညီ သန်ဘက်ခါပွဲအတွက်ပန်းတွေမှာစရာရှိသေးတယ် ကိုယ်နဲ့ညနေအလုပ်ဆင်းရင် အတူတူသွားရအောင်'
'အင်း'
သူ့ကိုပြုံးကာခေါင်းလေးငြိမ့်ပြတဲ့ညီ့ကြောင့်သူလည်းပြုံးကာခေါင်းလေးပြန်ငြိမ့်ပြလိုက်လေသည်
အခုတလောဒီကောင်လေးအရမ်းပျော်နေလေသည် ကျွန်တော့်ကိုစကားတွေပြန်ပြောပြီးရယ်မောနေတာကိုကြည့်ခြင်းအားဖြင့်ဘာတွေစိတ်ချမ်းသာစရာရှိနေလဲမသိ
'ညီ ပျော်စရာရှိလို့လား'
'ဟင် အင်း'
'ကိုယ့်ကိုပြောပြလို့ရမလား'
'အင်း အရင်တစ်ပတ်ကကျွန်တော့်ညီမဟိုကနေလာမယ်ဆိုပြီးမလာဖြစ်တာလေအခုနောက်သုံးရက်လောက်နေရင်လာမယ်တဲ့ကျွန်တော့်Mommyပါအတူတူလိုက်လာမယ်ဆိုလို့'
ကလေးလေးလိုပျော်နေတဲ့ညီ့ကိုကြည့်ခြင်းအားဖြင့်ညီကသူ့မေမေကိုအရမ်းချစ်ပုံရသည် ပြုံးပျော်နေတဲ့ညီ့မျက်နှာလေးကသူ့ကိုပါလိုက်ပြုံးမိအောင်ဖန်တီးနိုင်စွမ်းသည် ကိုယ်မင်းအမြဲပျော်နေအောင်ဖန်တီးပေးချင်မိတယ်ညီ
'ညီ အဖြူရောင်ဆိုရင်ရော'
Lilyပန်းအဖြူရောင်တွေကိုကိုင်ကာညီ့ကိုပြောလိုက်တော့ နှင်းဆီအဝါတွေကိုကိုင်ထားတဲ့ကောင်လေးကသူ့ဘက်လှည့်လာကာ
'အင်း လှသားပဲ ဒါဆိုကျွန်တော့်တို့ပွဲအတွက်ဒီWhite Lilyကိုပဲdecorationအတွက်သုံးကြမလား'
'အင်း ကိုယ်ကတော့သဘောကျတယ် ဒါပေမဲ့ညီကနှင်းဆီပန်းကိုသုံးချင်လို့လား'
သူ့လက်ထဲမှာပွေ့ထားတဲ့နှင်းဆီပန်းတွေကိုကြည့်ကာမေးလာတာကြောင့်
'မဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်း အဝါရောင်ကိုကြိုက်လို့ကြည့်နေတာ'
'ဟင် ညီကအဖြူရောင်ကြိုက်တာမဟုတ်ဘူးလား'
ကျွန်တော်တွေ့သလောက်ညီ့အဝတ်အစားတွေအသုံးအဆောင်အများစုကအဖြူတွေချည်းပင်
'ကျွန်တော်ကအဖြူရောင်မကြိုက်ဘူးအဝါရောင်ကြိုက်တာ'
သူ့လက်ထဲမှာပွေ့ထားတဲ့နှင်းဆီပန်းအဝါလေးတွေကိုကြည့်ကာအပြုံးလေးနဲ့ပြောလာတဲ့ညီ့ကြောင့်မင်းခန့်ညားတစ်ယောက်ပြုံးရင်းခေါင်းလေးငြိမ့်ပြလိုက်လေသည်
နှင်းဆီပန်းစည်းလေးကိုကိုင်ကာပြုံးနေတဲ့ကောင်လေးကိုကြည့်ကာပြုံးနေတဲ့ကောင်လေး
သူတို့၂ယောက်ရဲ့အပြုံးလေးတွေဟာပန်းဆိုင်ထဲကပန်းလေးတွေထက်တောင်လှနေလေရဲ့
ဒါပေမဲ့သူတို့မသိခဲ့သည်ကာထိုအပြုံးတွေကိုတစ်နေရာကနေမှတ်တမ်းတင်နေတဲ့သူတွေကိုပေါ့
Continue Reading
You'll Also Like
236K 20.4K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
643K 87.5K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
287K 29.2K 64
ဗီလိန်ဆိုတဲ့ ဝေါဟာရကို သင်ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။
1.5M 194K 158