Mafia Leader Kim ( Uni+Zaw)

fireflyskylight által

181K 24.9K 2.8K

Mafia Leader Kim နဲ့ စုံထောက်လေး Do Kyung Soo Secret Mission တစ်ခု အတွက် Mafia အဖွဲ့ ထဲ ကို ဝင်သွားတဲ့ Kyung... Több

အပိုင်း(၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃) Unicode +Zawgyi
အပိုင်း (၂၄)
အပိုင်း ၂၅ (Z+U)
အပိုင်း (၂၆)
အပိုင်း (၂၇)
Final Part

အပိုင်း(၁၃)

6.8K 1K 151
fireflyskylight által


Kyung Soo တစ်ယောက် Key အတွဲလိုက်ကြီး ကို ယူကာ ခြေသံ လုံလုံ နဲ့ အခန်း ထဲက နေ အသာလေး ထွက်လာခဲ့ သည် CCTV တွေလည်း ရှိတာမို့ကွေ့ကာ ပတ်ရှောင် ရတာလည်း မနည်း မနော ....ပိုဆိုး တာက CCTV တွေက လည်တောဒီ နေရာ ကြီး က ၂၄ နာရီလုံးလုံး စောင့် ကြည့် နေသူတွေ ရှိနေတာမို့ သူ သတိ ကြီးစွာ ထားနေရသည်










Kyung Soo လည်း လက်ထဲ အသင့် ရှိနေတဲ့ Key လေး ကို ဖွင့်ကာ meeting Room ကြီး ထံ ဝင်လာခဲ့ သည်








ပြီးတော့ လာလမ်း အတိုင်း Baekhyun ဆီ ပြန်သွား ကာ Baekhyun အား လက်မထောင် ပြလိုက်တော့ Baekhyun လည်း ပြုံး သွား ကာ သူထိန်းချုပ် ထား တဲ့ အခန်း ကနေ CCTV တွေကို နဂို အတိုင်း ပြန်ဖွင့် ပေးပြီး ၂ ယောက်သား ထွက် လာခဲ့ သည်


~~~~~~~~*******~~~~~~~~


~ အင်း မင်းရော ဘဲ



~ ဟူးးး တော်သေး တာပေါ့


~ Princess!!!!!!




~ ဟို နိုး နိုး လာပြီလား
















~ အဟက်




~ Kiss Me now Princess !!!!!

Kyung Soo အပေါ် ကနေ ငုံ့ကြည့် နေသည့် သူက Kyung Soo က သူ့အား မျက်လုံး ဝိုင်းတွေနဲ့ စိုက်ကြည့် နေလို့ ထင် ပါရဲ့ ခေါင်း ကို အသာ ခါယမ်း ကာ စိတ်မရှည် သည့် အမူ အယာ နဲ့ Kyung Soo ခေါင်း အား လက်တစ်ဖက် နဲ့ ပင့် မကာ နှူတ်ခမ်း နှစ်စုံ အား ထိတွေ့ စေလိုက် သည်

~အင်းးးး






Key လေး ရဖို့ အတွက် ပေးလိုက် ရတာလည်း မနည်း မနော ပါလား !!!










~~~~~~*******~~~~~~~








~~~~~~~~******~~~~~~~











Kyung Soo ရဲ့ ဒီမှာရောက်ပြီး ကတည်း က စားကောင်း သောက်ကောင်း ကာ အားနေသည့် အကျိုးကြောင့် ဖောင်းနေသည့် ပါးနှစ်ဖက် ကို တို့ရင်း ပြောလိုက်တော့ Kyung Soo စိတ်ပျက် လက်ပျက် ကြည့်မိသည်

Kyung Soo အာ့လို အခေါ် ခံရတာ တကယ် မကြိုက် တာပါဆို !!!!


~ အန် မဟုတ် အာ့က


~ ဗျာ !!!

TB C



( Hola Hello LTNS နော် မမှတ်မိရင် အစ က ပြန်ဖတ်ကြပါလို့ )

Kyung Soo တစ်ယောက် Key အတွဲလိုက်ကြီး ကို ယူကာ ခြေသံ လုံလုံ နဲ့ အခန်း ထဲက နေ အသာလေး ထွက်လာခဲ့ သည် CCTV တွေလည်း ရှိတာမိူ့ကွေ့ကာ ပတ်ရှောင် ရတာလည်း မနည်း မနော ....ပိုဆိုး တာက CCTV တွေက လည်တောဒီ နေရာ ကြီး က ၂၄ နာရီလုံးလုံး စောင့် ကြည့် နေသူတွေ ရှိနေတာမို့ သူ သတိ ကြီးစွာ ထားနေရသည်

ဒီလို အချိန်သာ မိကြည့် ပါလား သူ့ အသက် ပျောက်သွားမည် ဆိုတာလည်း ဦးနှောက်ထဲ သံမှို ရိုက်ထား သလိုပင်

ခပ်လှမ်းလှမ်း အထိ လျောက် အပြီး မှာတော့ Kyung Soo သူ BaekHyun ကို တွေ့လိုကိ ရသည်

Baekhyun လည်း သူလုပ်ရမယ့် အလုပ် အတွက် အဆင် သင့် ဖြစ်နေ ပြီလေ

သူ့ကို မြင်တော့ Baekhyun က အရှေ့ကနေ ဦးဆောင် သွားသည် အပေါ်ထပ် ကနေ အောက်ထပ် ကို ဆင်းဖို့ရာ အတွက် ကတ်လည်း လိုတာမို့ Baekhyun ခိုးထား တဲ့ ကတ်နဲ့ အတူ ဓာတ်လှေကား ကနေ အောက်ထပ် ဆင်းခဲ့ ရသည်

အဖြစ်က နှစ်ယောက်သား အသက်တောင် ရဲရဲ မရှူ ရဲကြ

အသံ တိတ်  နဲ့ နှစ်ယောက် သား လာ အပြီး မှာတော့ အောပ်ထပ် တစ်ခု လုံး ကိုချိတ်ထား သည့် CCTV တွေ ထားရာ နေရာ

Baekhyun က မျက်ရိပ် ပြကာ သူလုပ်မည် ဆိုတာ ကြောင့် Kyung Soo က meeting Room ဘက် ထွက်လာ ခဲ့ သည်

Meeting Room ရှေ့လည်း ရောက်ရော  Baekhyun က လက်ထောင် ပြတာကြောင့် Kyung Soo ပြုံးလိုက်မိသည်

ဆိုလိုတာက CCTV တွေကို သူထိန်းချုပ် လိုက်ပြီ ဆိုသည့် သဘော

Kyung Soo လည်း လက်ထဲ အသင့် ရှိနေတဲ့ Key လေး ကိူ ဖွင့်ကာ meeting Room ကြီး ထံ ဝင်လာခဲ့ သည်

များမြောင် လှတဲ့ ဘီဒို တွေ ထဲ Kyung Soo ဘယ်လို လုပ် မြေပုံ စာရွက် ကို ရှာရမလဲ??

အို ဘုရား သခင် ကယ်တော် မူပါ

နှုတ်က ဖွဖွ ရွတ်ဆိုရင်း အချိန် မဆွဲ တော့ ဘဲ အမြန် မျက်လုံး ကစား လိုက် သည်

ဖြစ်နိုင် တာ တစ်ခုက ဖိုင်တွဲ တွေ အများကြီး သိမ်းထား တဲ့ အထဲ မှာမှ ထင်းနေသော ဘီဒို တစ်ခု

Kyung Soo တွေး မနေတော့ ဘဲ အမြန်ပြေးကာ ထိုဘီဒို ထဲက စာရွက် စာတမ်းတွေ ကို မွှေ မိသည်

အောက်ဆုံး နားမှာတော့ Kyung Soo မျှော်လင့် နေတဲ့ အရာ ထွက်လာခဲ့သည်

အသည်း ပုံ နှုတ်ခမ်း ထက်က အပြုံး တစ်ခု နဲ့ အတူ မြေပုံ စာရွက် အား သေချာခေါက်ကာ Kyung Soo လုံခြုံအောင် သိမ်း လိုက် သည်

ပြီးတော့ လာလမ်း အတိုင်း Baekhyun ဆီ ပြန်သွား ကာ Baekhyun အား လက်မထောင် ပြလိုက်တော့ Baekhyun လည်း ပြုံး သွား ကာ သူထိန်းချုပ် ထား တဲ့ အခန်း ကနေ CCTV တွေကို နဂို အတိ်ုင်း ပြန်ဖွင့် ပေးပြီး ၂ ယောက်သား ထွက် လာခဲ့ သည်

   နှစ်ယောက်လုံး ရဲ့ ရင်ထဲ ထပ်တူ ညီနေတာကတော့ လုံးဝ ပျော်ရွှင်မှု့ ကိုပင်

~~~~~~~~*******~~~~~~~~

~ Kyung Soo ဂရု စိုက်နော် Leader Kim ကပါးတယ်

~ အင်း မင်းရော ဘဲ

ထုံးစံ အတိုင်း လက်ဟန် နဲ့ စကား ပြောပြီး အခန်း ဆီ ပြန်လာခဲ့ သည် Kyung Soo က ကိုယ့် အခန်း ကို ပြန်လို့ မရသေး Kyung Soo ခိုးထား တဲ့ key တွဲ ကို နဂို နေရာပြန်ထား
မည် မဟုတ်ရင် ပြသနာ က ကြီးသည် မဟုတ်ပါလား

ခြေသံ လုံလုံနဲ့ Leader Kim အခန်း ထဲ ပြန်ဝင် လာတော့ Leader Kim က အခု ထိ မှောက်နေတုန်း

~ ဟူးးး တော်သေး တာပေါ့

လေပူ တစ်ချက် မှုတ်ထုတ်ကာ ခိုးထား တဲ့ Key လေး ပြန်ထား ဖို့ ထုတ်မယ့် အလုပ်

~ Princess!!!!!!

Leader Kim ရဲ့ ရှတတ ခေါ်လိုက် တဲ့ အသံ ကြောင့် Kyung Soo ကိုယ် ကြီး တောင့်တင်း သွား ရသည်

မျက်လုံး မပွင့် တပွင့် နဲ့ Kyung Soo အား စူး စိုက်ကြည့် နေသည့် Leader Kim အကြည့် တွေက ကျောချမ်း စရာ အတိ

ပျက်ယွင်း နေတဲ့ မျက်နှာ ထား ကို ပြင်ကာ ခပ်ယဲ့ယဲ့ ပြုံး လိုက်ရင်း

~ ဟို နိုး နိုး လာပြီလား

လေသံ က အစ ချက်ချင်း ပြောင်း ရတဲ့Kyung Soo ဘဝ

~ ကိုယ်မှောက် သွားတာဘဲ ဟက် ဒါနဲ့ ကိုယ် ဒီလို တစ်ခါ မှ မဖြစ် ဘူး ပါဘူး ဘာလို့ များ ပါလိမ့်

Kyung Soo ကို မေးသလိုလို သူ့ကိုယ်သူ ပြောသလိုလို နဲ့ ပြောလိုက်တဲ့ Leader Kim စကား ကြောင့် Kyung Soo ဦးနှောက် ကို အမြန် အလုပ်ပေး လိုက် ရသည်

~ အာအဲဒါကလေ ကျွန်တော် ကလေ စားဖိုမှုးကြီး ဆီကနေ သူ့ အတွက် အကောင်း ဆုံး ဝိုင် တောင်း လာတာ

အပြင်းဆုံး ဝိုင် ဆိုသည့် စကား ကိုတော့ ထိန်ချန် ထား ခဲ့ကာ Leader Kim ရဲ့ ပြုတ်နေတဲ့ ရင်ဘတ်က ကြယ်သီး တစ်လုံးကို အသာ ဆော့ ကစား ရင်း Kyung Soo ဖြေလိုက် သည်

~ Woahhh Princess က သိပ်တော် တာဘဲ

Princess လို့ ခေါ်လိုက် တာကို Kyung Soo မကြိုက်ပေမယိ့ အင်တင် တငိ နဲ့ နေလိုက် ရသည်

~ ဒါနဲ့ ည နက်နေပြီ Princess လည်း အခန်း ပြန်တော့လေ

အန် အာ့က ပြသနာ Kyung Soo သာ ပြန်သွား ရင် ဒီ Key တွဲကြီး ကို အချိန်မှီ ထား နိုင်မည် မဟုတ် မနက်လင်း ရင်ကို အာ့ Leader Kim က Key တွဲ ကို ယူပြီး သွား တာ Kyung Soo မြင်ဖူး သည် မဟုတ် ပါလား !!!!!!!

~ တစ်ယောက်တည်း မအိပ်ချင် ပါဘူး ဒီမှာဘဲ အိပ်လိုက်တော့ မယ်လေ

သေလေ Do Kyung Soo ရဲ့ ....... ရုပ်တည် ကြီး တဲ့ အာ့လို စကားတွေ ပြောရတာ ကိုယ့်ဘာသာ ကိုယ်တောင် အသည်း ယား နေသည် ကြက်သီးတွေလည်း ထတာ ပြောမနေပါ နဲ့  Kyung Soo လက်တွေ ကလည်း Leader Kim ရဲ့ Muscles တွေနဲ့ ရင်ဘတ်တွေ ကို ပွတ်နေရသေးသည် မဟုတ် ပါလား

~ အဟက် Why So Cute Princess??? Ok Sleep Here !!

Leader Kim ရဲ့ စကား ကြား မှ Kyung Soo ဟင်း ခနဲ့ သက်ပြင်း ချမိသည်

~ But ....There is one condition in here!!!!!

ထို ကျောချမ်း ဖွယ် Leader Kim ရဲ့ စကား ကြောင့် Kyung Soo တောင့် သွားသလို မျက်လုံးတွေလည်း ပြူးကျယ် သွား သည်

~ အဟက်

Leader Kim က တစ်ချက် ရယ်ကာ Kyung Soo လက်တွေ ကို ထိန်းကိုင် လိုက်ရင်း Kyung Soo အား ပွေ့ ချီ လိုက် သည်

Kyung Soo ပြူး ကြောင်ကြောင် နဲ့ ကြည့် မိတော့ Kyung Soo အား ကြည့်ကာ ရယ်နေတာ များလေ

Kyung Soo ကို သူ့ရဲ့ နှစ်ယောက်အိပ် ခုတင် ကြီး ကြီး ပေါ် အင့် ခနဲ့ ပစ် ချရင်း Kyung Soo အပေါ် ကနေ ငုံ့ကာကြည့် လာသည်

~ Kiss Me now Princess !!!!!

Kyung Soo အပေါ် ကနေ ငုံ့ကြည့် နေသည့် သူက Kyung Soo က သူ့အား မျက်လုုံး ဝိုင်းတွေနဲ့ စိုက်ကြည့် နေလို့ ထင် ပါရဲ့ ခေါင်း ကို အသာ ခါယမ်း ကာ စိတ်မရှည် သည့် အမူ အယာ နဲ့ Kyung Soo ခေါင်း အား လက်တစ်ဖက် နဲ့ ပင့် မကာ နှူတ်ခမ်း နှစ်စုံ အား ထိတွေ့ စေလိုက် သည်

~အင်းးးး

Leader Kim ရဲ့ မွတ်သိပ်သိပ် အနမ်း များကြောင့် Kyung Soo မှာ အသက်တောင် ရှူခွင့် မရဘဲ နှုတ်ဖျား ကလည်း အသံ လေး တွေ ထွက် လာ သလို လက်နှစ်ဖက် ကလည်း Leader Kim ရဲ့ လည်တိုင် အား ခပ်တင်းတင်း သိုင်းဖက် ထား မိသည်

အနမ်းတွေ ကြာ လာသည် နဲ့ အမျှ Kyung Soo အပေါ် မှာ ပိနေသည့် သူ့ကိုယ်ကြီးကြောင့် လေးလာတာရော အသက်ရှု ရခက်လာတာရောကြောင့် Kyung Soo သူ့အား တွန်း မိလေသည်

အသက်ရှူသံ ပြင်းပြင်း နဲ့ နှိမ့်ချည် မြင့်ချည် ဖြစ်ကာ မောနေသည့် Kyung Soo ကို သူက ပြုံး နေသည့် မျက်နှာဖြင့် ကြည့် ကာ

~ Ok Princess !!! Relax and Sleep Well

ထို အခါ မှ Kyung Soo ရဲ့ မောနေတာ တွေ လည်း ငြိမ်ကျ သွား လေသည်

Key လေး ရဖိူ့ အတွက် ပေးလိုက် ရတာလည်း မနည်း မနော ပါလား !!!

Kyung Soo မျက်လုံး ကို မှိတ်ကာ တစ်ဖက် ကိုလှည့် လိုက် ရင်း အိပ်ချင်ယောင် ဆောငိလိုက် ရသည်

တကယ် အိပ်ပျော် သွား လို့ ကလည်း မဖြစ်

တစ်ဖက် လှည့်နေသည့် Kyung Soo ကိုယ်ကို သူ့ လက် အစုံ က လာသိုင်း ဖက်လေတော့ Kyung Soo မှာ အသက်တောင် ရဲရဲ မရှူရဲ

Kyung Soo မျက်လုံးတွေ အတင်း မှိတ်ကာ ပါးစပ် ကနေ ပွစိ ပွစိ ရွတ်ရင်း ဆုတောင်း နေမိသည်

ဒီ Mission အမြန် အောင် ပါ စေလို့ !!

မဟုတ်ရင်း သူလည်း နှလုံးတုန် ရင်တုန်ပြီး သေသွား နိုင် သည်လေ

ခန အကြာမှာတော့ Leader Kim အိပ်နေ တာသေချာလေတော့ Kyung Soo သူ ခိုး လာသည့် သော့တွဲ အား နေရာတကျ ပြန်ထား လိုက်သည်

First Mission ပြီးသွား တတာနဲ့ အခန်း ထဲတောင်မနေချင် တာကြောင့် Kyung Soo တစ်ယောက် အိပ်ပျော် နေသည့် Leader Kim အား မျက်စောင်း အကြီးကြီး ထိုးကာ အခန်း ဆီ အမြန်ပြန်လာ ရသည်

ခိုးလာသည့် မြေပုံ ကို ဖွင့် ကာ တအား ကို ကြည့်ချင် နေသည် မဟုတ် ပါလား !!!!

~~~~~~*******~~~~~~~

Kyung Soo အခန်း ကို ပြန်ရောက် သည်နဲ့ အခန်း ကို Lock ချကာ ဖွက်ထား သည့် မြေပုံ ကို ထုတ်ကြည့် လိုက်သည်

Kyung Soo ထင်ထား သည့် အတိုင်း

ပင်လယ်ကြီးပြီးရင် တောင်တန်းတွေ ကာရံ ထား သည့်ကျွန်း တစ်ကျွန်း ပေါ်မှာ ပင်

ဒီလို ကျွန်းပေါ်မှာ ဒီလို မျိုးတွေ ရှိနေတယ် ဆိုတာ ဘယ်သူ မှတောင် သိလိမ့် မည် မဟုတ်

Kyung Soo တို့ရောက်နေရာမြေပုံ ရဲ့ တည်နေရာတွေ ဆောက်ထား ပုံတွေ အကဲ ခတ် ကြည့်မိတော့ သူတို့က ကိုယ်ပိုင် လေယာဉ် တွေ ထားတဲ့ နေရာတောင် ရှိသည် လားးး

အဲ့လိုနေရာတွေတော့ Kyung Soo မသိ

အင်းလေ တကယ့် ဒိတ်ဒိတ် ကြဲတွေ ကို လုပ်ကြံ သည့် Mafia အဖွဲ့ ဆိုတော့ လည်း

~~~~~~~~******~~~~~~~

~ Hey Princess!!!! အခုထိ အိပ်နေတုန်း !!!!!

Kyung Soo အိပ် ကောင်းနေတုန်း Kyung Soo ကို ငုံ့ကြည့် ကာ ပြောလိုက်သည်ကြောင့် Kyung Soo လန့်ကာ ထမိတာ့ သူ့ နှာဖူး နဲ့ Kyung Soo ခေါင်း က မိတ်ဆက် ပြီး သား

သူ့ကို မြင်လို့ Kyung Soo မှာအလန့် တကြား ထရသေးတာ

သူ့ အခန်း ထဲ ရောက်နေသည့် Leader Kim ကို Kyung Soo အံ့သြ တာ အမှန်

တစ်ခါ မှ မလာဘူးဘူး မဟုတ် လား !!

~ ဘယ်ဘယ် လိုလုပ် ရောက်နေတာလဲ!!

~ အင် း အဲဒါက ကိုယ်နိုးတော့ Princess ကို မတွေ့ လို့ လိုက်လာတာ

သူ့ဟာသူတော့ ဟုတ်နေတာဘဲ

~ဒါနဲ့ Princess လို့ မခေါ်နဲ့ မကြိုက်ဘူး ပြီးတော့ ကျွန်တော်က မိန်းကလေး မဟုတ်ဘူး

~ ကိုယ်တော့ မင်း ကြိုက်တယ် ထင်တာဘဲ ကိုယ်ခေါ်လိုက်တိုင်း Princess ရဲ့ ဒီနားလေးတွေ ရဲသွားတယ်

Kyung Soo ရဲ့ ဒီမှာရောက်ပြီး ကတည်း က စားကောင်း သောက်ကောင်း ကာ အားနေသည့် အကျိုးကြောင့် ဖောင်းနေသည့် ပါးနှစ်ဖက် ကို တို့ရင်း ပြောလိုက်တော့ Kyung Soo စိ်တ်ပျက် လက်ပျက် ကြည့်မိသည်

Kyung Soo အာ့လိူ အခေါ် ခံရတာ တကယ် မကြိုက် တာပါဆို !!!!

~ အာ ဒါနဲ့ Princess!!! Princess က တစ်ယောက်တည်း မအိပ်ချင် ဘူး ဆို ဒီနေ့ စပြီး သူတို့ကို ကိုယ့် အခန်း ကိုပြောင်းပေးဖို့ ပြောထား တယ်

~ အန် မဟုတ် အာ့က

~ ပြီးတော့ Princess က လိမ်မာတော့ ကိုယ် ဆုချတဲ့ အနေနဲ့ Princess အဘွား ကို ဒီလို ခေါ်ခိုင်း လိုက်မယ်

~ ဗျာ !!!

TB C

ယူတို့က Mafia Leader Kim ဆိုလို့ လာတင်ပေးတာရယ်

Votes တွေရောဖိဘတ်တွေရော တို့ မျှော်နေမယ်နော် ❤️

Olvasás folytatása

You'll Also Like

114K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
18.6K 3K 23
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
108K 6.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
98.8K 9K 29
ချစ်ရသူဟာ...အတောင်ပံတွေဝှက်ထားတဲ့ကျွန်တော့်ရဲ့Angel