Zawgyi
အခန္းေထာင့္မွာထုိင္ေနရင္း သီခ်င္းနားေထာင္ေနမိတယ္။
ေက်ာင္းမတက္ခ်င္ဘူး။
ေက်ာင္းမွာဖ်တ္ခနဲျမင္ေနရမယ့္ ကုိကုိ႕အရိပ္ကေလးကုိပဲျဖစ္ျဖစ္
လုိက္ၾကည့္မေနခ်င္ေတာ့ဘူး။
ကြ်န္ေတာ္မဟုတ္တဲ့တျခားတစ္ေယာက္ကုိ ရက္ရက္ေရာေရာေပးလႈေနတဲ့ကုိကုိ႕အျပဳံးေတြကြ်န္ေတာ္မျမင္ခ်င္ဘူး
ေမ့ပစ္လုိက္ခ်င္တယ္။
ျဖစ္ခဲ့သမ်ွ အိမ္မက္တစ္ခုလုိ....
ျပန္ဖ်က္လုိ႕ရရင္ ခဲဖ်က္နဲ႕ဖ်က္သလုိတစမက်န္ဖ်က္ဆီးပစ္လုိက္ခ်င္တယ္။
ဒါေပမယ့္ ေမ့ခ်င္တယ္လုိ႕စိတ္ကူးလုိက္မွ
ပုိပုိျပီးဆုိးရြားလာတဲ့ နွလုံးသားကုိလဲလ်စ္လ်ဴရႈလုိ႕မရ။
ေမ့လည္းမေမ့နုိင္၊ မုန္းလည္းမမုန္းနုိင္ တရစ္၀ဲ၀ဲ တြယ္ျငိေနတဲ့စိတ္ကုိ
ကြ်န္ေတာ္ဘာလုပ္သင့္ပါသလဲ။
တဆစ္ဆစ္နာက်င္တဲ့ရင္ဟာ ေဆးေသာက္လုိ႕လည္းမေပ်ာက္နုိင္။
ကြ်န္ေတာ္ဟာ ေယာက်ာ္းတစ္ေယာက္မုိ႕ေသခ်ာေပါက္ ကတိတည္ရမယ္။
အထူးသျဖင့္ကြ်န္ေတာ္ခ်စ္တဲ့သူကုိေပးထားတဲ့ကတိကုိမျဖစ္မေနတည္ရမွာပဲ။
လြမ္းလည္း သတိမရခ်င္ေယာင္ေဆာင္လုိ႕
ေသေလာက္ေအာင္ေတြ႕ခ်င္ေနလည္း
မ်က္နွာျခင္းမဆုိင္မိေအာင္ တိမ္းေရွာင္လုိ႕
ရင္ေတြကြဲေတာ့မတတ္အသံေလးျဖစ္ျဖစ္ၾကားခ်င္လည္းေခၚေနက်နံပါတ္တစ္ခုကုိ မနွိပ္မိေအာင္ နႈတ္ခမ္းသားေတြဖိၾကိတ္ကုိက္ခဲရင္းဖုန္းကုိကုိယ္နဲ႕ေ၀းေ၀းထားလုိ႕
သူမရွိခဲ့ဖူးတဲ့အခန္းငယ္မွာသူမသိတဲ့အလြမ္းတနင့္တပုိးနဲ႕ေကာင္ကလိပ္ျပာလြင့္ေတာ့မတတ္ ရူးသြပ္နာက်င္ေနရတယ္
ဒူးေတြကုိလက္နွစ္ဖက္နဲ႕တင္းတင္းပုိက္ရႈိက္သံမထြက္ဘဲငုိေၾကြးရတဲ့အခါ
ရင္ဘတ္က အသက္ေပ်ာက္ေတာ့မလုိနာတယ္။
ဘယ္နွၾကိမ္၊ဘယ္နွခါမွန္းမသိ ခ်ေရးမိတဲ့လြမ္းဆြတ္ျခင္းအပုိင္းအစေတြဟာ
တစ္ခန္းလုံးျပည့္လုနီးပါး။
ၾကာရင္ ကြ်န္ေတာ္တကယ္ၾကီးရူးသြားမွာေတာင္ေၾကာက္ရတယ္။
ေက်ာင္းထပ္ေျပာင္းဖုိ႕ကုိယ့္ဘာသာစဥ္းစားတယ္။
ဟင့္အင္း ..........
ကြ်န္ေတာ္မေနနုိင္ဘူး။
အနည္းဆုံးေတာ့ အခန္းေရွ႕ကျဖတ္သြားတဲ့
သူ႕ေက်ာျပင္ပဲျဖစ္ျဖစ္ ျမင္ခြင့္ရွိေနေသးတယ္။
အနည္းဆုံးေတာ့ တစ္ေနရာရာကေနသူ႕နာမည္ကုိတစြန္းတစၾကားခြင့္ရွိေနေသးတယ္။
အနည္းဆုံးေတာ့ ......
အနည္းဆုံးေတာ့ ......
ကြ်န္ေတာ္သူ႕အနားမွာရွိေနနုိင္ေသးတယ္ေလ။
~~ မေမ်ွာ္လင့္ေတာ့ပါဘူး မင္းမွမခ်စ္နုိင္တာ ~~
~~ ေသခ်ာေနေသာအခိုက္မွာ ~~
~~ ဆုေတာင္းမျပည့္ေတာ့ဘူး ~~
~~အနားနားေရာက္မလာသူကုိ ေပ်ာ္ေစခ်င္ခဲ့လို႔ ~~
" အား ..........
ဘာလုိ႕လဲ သီခ်င္းတစ္ပုဒ္တေလေလးကေတာင္
ကြ်န္ေတာ့္ကုိလြတ္ေျမာက္ခြင့္မေပးရတာလဲ"
လက္ထဲကဖုန္းကုိ ေဒါသတၾကီးလႊင့္ပစ္ရင္း ကြ်န္ေတာ္အက်ယ္ၾကီးေအာ္ပစ္လုိက္တယ္။
တင္းက်ပ္ဆုိ႕နင့္တဲ့ရင္ဟာ ဒီေလာက္နဲ႕ေျပမသြားျပန္ဘူး။
" လြမ္းတယ္ ကုိကုိရာ
ကြ်န္ေတာ္ခင္ဗ်ားၾကီးကုိလြမ္းလုိ႕ေသေတာ့မွာ"
အိပ္ယာေပၚေမွာက္ခ်ရင္း ငုိမိျပန္တယ္။
မငုိခ်င္ပါဘူး ကြ်န္ေတာ္ဒီလုိရႈံးနိမ့့္ေနတာဘယ္သူ႕ကုိမွ မသိေစခ်င္ဘူး။
အထူးသျဖင့္ ကုိကုိ႕ကုိေပ့ါ။
သူမရွိလည္း ကြ်န္ေတာ္ေနနုိင္ေၾကာင္း၊ကြ်န္ေတာ္အဆင္ေျပေနေၾကာင္း
ကြ်န္ေတာ္ဟာ သန္မာတဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း ျပီးေတာ့ ကတိတည္သူျဖစ္ေၾကာင္း
ကုိကိုသိေစခ်င္တယ္။
ကြ်န္ေတာ့္ကုိအထင္ေသးတဲ့အၾကည့္နဲ႕သနားၾကင္နာတဲ့အၾကည့္ေတြနဲ႕
ၾကည့္တာမၾကဳိက္ဘူး။
အစစအရာရာျပီးျပည့္စုံေနတဲ့ ကုိကုိ႕လုိလူမ်ိဳးမုိ႕ကြ်န္ေတာ္ပုုိျပီး ရပ္တည္ျပခ်င္ခဲ့တယ္။
ေနာက္ျပီး အဲ့ဒီလူကုိစြဲလမ္းျခင္းၾကီးစြာနဲ႕အရူးတပုိင္းျဖစ္ေနတဲ့ကြ်န္ေတာ္ကေလသူစိတ္ပူျပီး ေသာကေရာက္မွာကုိလည္းမလုိလားဘူးသူ႕ေၾကာင့္ဆုိတဲ့အေတြးနဲ႕ ေနာင္တရေနမွာကုိလည္းကြ်န္ေတာ္မလုိခ်င္ဘူး။
လူတစ္ေယာက္ကုိ တကယ္ခ်စ္ျမတ္နုိးမိတဲ့အခါ ကုိယ့္နာက်င္မႈဟာသူ႔ေၾကာင့္ျဖစ္ပါေစဦး သူနဲ႔ပတ္သတ္လာရင္ခံစားလြယ္တဲ့ကုိယ့္ကုိယ္ကုိပဲအျပစ္တင္ျပီး သူ႔ကုိေတာ့ျဖင့္ ကုိယ္နာက်င္ရေၾကာင္းမျပသလုိ .. ။
ဒါေပမယ့္ ကြ်န္ေတာ္ဟန္မေဆာင္နုိင္ခဲ့ဘူးကြ်န္ေတာ္ဟာေလ ပိပိရိရိသရုပ္ေဆာင္မေတာ္ခဲ့ဘူး
ေပ်ာ္ေနပါတယ္လုိ႕မျပနုိင္ခဲ့ဘူးအရင္အတုိင္းေအးစက္စက္ျဖစ္သြားရုံကလြဲလုိ႕
ကြ်န္ေတာ္ဘာမွမလုပ္ျပနုိင္ခဲ့ဘူး။
" ညီ" လုိ႕တစ္ခါေခၚလုိက္တုိင္းအၾကိမ္ၾကိမ္အခါခါ ျပိဳလဲခ်င္ေနတဲ့စိတ္ေတြ...
အမွတ္မထင္ဆုံလုိက္တုိင္း ကရုဏာတစ္ခ်ိ႕စြန္းေပေနတဲ့သူ႕မ်က္၀န္းေတြမွာ
အစိတ္စိတ္အမႊာမႊာ ယုိင္နဲ႕ခ်င္ေနတဲ့စိတ္ေတြ...
အရင္ကအတုိင္း ဂရုစုိက္ၾကင္နာမႈေတြနဲ႕သူ႕အျပဳအမူေတြမွာ ဘာကုိပဲရင္းရရင္းရ
မုိက္ရူးရဲဆန္ပစ္လုိက္ခ်င္တဲ့စိတ္ေတြ...
အတတ္နုိင္ဆုံးထိန္းခ်ဳပ္ေနရတာ.ကြ်န္ေတာ္တကယ္ပင္ပန္းလြန္းလွပါျပီ
ေ၀းလုိ႕လည္းမရွင္သန္နုိင္တဲ့ဘ၀မွာ
နီးဖို႕လည္းမျဖစ္နုိင္တဲ့အခါ ကြ်န္ေတာ့အျဖစ္က
ဆုပ္လဲစူး၊ စားလဲရူး
အစကေတာ့သူရက္စက္တယ္လုိ႕ထင္ခဲ့မိတယ္။ေနာက္ေတာ့လည္း ေခါင္းထဲမွာ
ခ်စ္တဲ့စိတ္အျပည့္နဲ႕သြက္သြက္ခါေနတဲ့ကြ်န္ေတာ္ကသူ႕ဘက္ကုိနားလည္လာပါတယ္။
ေနာက္ဆုံးေတာ့ ေယာက်ာ္းတစ္ေယာက္ကုိမွခ်စ္လြန္းမကခ်စ္ခဲ့မိတဲ့ကြ်န္ေတာ့နွလုံးသားေလးကိုသာအျပစ္တင္မာန္မဲရေလေတာ့တယ္။
မနီးမေ၀းမွာရွင္သန္ရင္း အစြန္အဖ်ားေလးကုိျမင္ေနရရင္ပဲေက်နပ္တဲ့စိတ္နဲ႕ကြ်န္ေတာ့ေန႕ေတြကုိအသက္ဆက္ရမွာပဲေလ။
ရွင္သန္ရျခင္းသည္ မည္သည့္အဓိပၸါယ္နည္း။
သုိ႕ေသာ္ သူမၾကာခဏေျပာေလ့ရွိေသာ
" ညီက လာျခင္းေကာင္းတဲ့ခေလးပါညီအေကာင္းဆုံးရွင္သန္ရပ္တည္နုိင္မယ္ဆုိတာကုိယ္ယုံတယ္" ဆုိတဲ့စကားနဲ႕ပင္ကြ်န္ေတာ္ၾကိဳးစားရုန္းကန္ရပါမည္။
ကုိကုိသည္ ကြ်န္ေတာ့္ဘ၀တြင္အရင္ကမရွိခဲ့သလုိေနာင္လဲမရွိနုိင္ေတာ့မည့္သူသာျဖစ္သည္မဟုတ္လား။
ကုိကုိနဲ႕အတူသြားဖူးေသာ ေနရာမ်ားကုိကြ်န္ေတာ္မသြားပါ
ကုိကုိနဲ႕အတူစားခဲ့ဖူးေသာအစားအစာမ်ားကုိကြ်န္ေတာ္မတုိ႕ထိခဲ့
ကုိကုိ႕အားသတိရသြားေစမည့္ အေၾကာင္းအရာတုိင္းကုိေရွာင္လႊဲနုိင္သမွ်ေရွာင္လႊဲခဲ့ပါေသာ္လည္း နွလုံးသားတြင္ သံပူကပ္သကဲ့သုိ႕ ေနရာယူျပီးျပီျဖစ္ေသာ ထုိလူသားသည္ ကြ်န္ေတာ့ေန႕ရက္တုိင္းတြင္ ၀င္စြက္ဖက္ေလ့ရွိသည္။
သူမရွိေသာ သူမျမင္နုိင္ေသာအခ်ိန္ကာလမ်ားတြင္ေရာဘာေၾကာင့္သူ႕စကားနားေထာင္ေနရဦးမလဲ။
ကုိကုိမၾကိဳက္တဲ့အရာေတြကုိကြ်န္ေတာ္လုပ္သည္။
ေဆးလိပ္ေသာက္တာမ်ိဳး၊ ထမင္းမစားတာမ်ိဳးေပါ့။
ကုိကုိမၾကိဳက္တဲ့ေနရာမ်ားကုိကြ်န္ေတာ္သြားသည္။
ကလပ္လုိေနရာမ်ိဳးနဲ႕ ဘားလုိေနရာမ်ိဳးေပါ့။
ကုိကုိမၾကိဳက္တဲ့ အျပဳအမူမ်ားကုိသာကြ်န္ေတာ္ေရြးလုပ္သည္ ရန္ျဖစ္တာမ်ိဳးနဲ႕ သူစိမ္းေတြကုိအဖက္မလုပ္တာမ်ိဳး။
ရယ္စရာေတာ့အေကာင္းသား...........
သူ႕စကားကုိဘာနားေထာင္စရာရွိလဲ သူ႕ကုိေတာ္လွန္မည္ဟူ၍ဟစ္ေၾကြးလင့္ကစားတစ္ဖက္တြင္လည္း ကြ်န္ေတာ့ေၾကာင့္စိတ္ထိခိုက္မည္ကုိ ပူပန္ေနျဖစ္ေသးသည္
ေနအလင္းစက္သည္ ဘုန္းလကာၤဆိပ္သင့္ကာ
ကုမရေအာင္ ေရာဂါရင့္၍ေနေလျပီ
ဒီလုိအခ်ိန္မ်ိဳးတြင္ ကြ်န္ေတာ္သတိအရဆုံးကေသာ္ကပင္
သူမသာဆုိကြ်န္ေတာ့္ကုိနားလည္ေပးမွာကြ်န္ေတာ္ဘာလုပ္သင့္လဲ ေတြးေပးမွာ။
ေနာက္ဆုံး ကြ်န္ေတာ္ငုိခ်င္ရင္ေတာင္သူမရင္ခြင္တြင္း စိတ္ခ်လက္ခ်ေအာ္ဟစ္နုိင္သည္
အခုေတာ့ျဖင့္ ကြ်န္ေတာ့နာက်င္မႈမ်ားကုိမရႈနုိင္၊ မကယ္နုိင္နဲ႕ ဖြင့္ထုတ္ျပစရာလူမရွိ
ေခတၱခဏ နားခုိရန္ ပခုံးတစ္စုံမရွိကြ်န္ေတာ္သည္ လူပုိသက္သက္သာျဖစ္ေခ်၏။
ပုိက္ဆံအိတ္ထဲက ဟုိးအတြင္းထဲမွာအထပ္ထပ္ကြယ္ထားေသာ ကြ်န္ေတာ္နဲ႕ေသာ္က အလယ္တန္းတုန္းကပုံကုိထုတ္ယူၾကည့္လုိက္မိသည္။
ပုံထဲတြင္ကြ်န္ေတာ္ကသူမကုိေရခဲမုန္႕ေတြနဲ႕သုတ္ေနကာသူမကကြ်န္ေတာ့အားျပဳံး၍ၾကည့္ေနခဲ့သည္။
" ေသာ္က ..................
နင္ရွိေနရင္ေရာ ငါ့ကုိအရူးေလးလုိ႕ေျပာျပီး နွစ္သိမ့္ေပးမယ္မဟုတ္လား
ငါ့အတြက္ နင္ရန္ေတြ႕ေပးမယ္မဟုတ္လား
ငါ့ကုိ ................. နင္ ေခ်ာ့ေပးမယ္မဟုတ္...လား"
ရႈိက္ကာရႈိက္ကာ ငုိေၾကြးရင္းအသံပင္မထြက္နုိင္ေတာ့ေအာင္ ကြ်န္ေတာ္ႏြမ္းလ်လ်က္ရွိသည္။
ဒီအခ်ိန္က်မွလဲ ကြ်န္ေတာ္သူမကုိမဆက္သြယ္ခ်င္။
မာနတရားနွင့္မခံခ်င္စိတ္သည္ကြၽန္ေတာ့္ေမြးရာပါဗီဇ.....
အမွတ္သည္းေျခၾကီးေသာကြ်န္ေတာ့အတြက္ ကုိကုိတစ္ေယာက္ကသာ ခြ်င္းခ်က္
" နင္ေရြးတဲ့အခ်စ္ကေရာ ဘယ္လုိလဲေသာ္က
သူ႕ေၾကာင့္နင္ေပ်ာ္ရလား ဒါမွမဟုတ္ နင့္ေၾကာင့္သူေပ်ာ္ရလား။ ငါအခုေတာ့ နင့္အခ်စ္ေတြကုိ နည္းနည္းကုိယ္ခ်င္းစာမိျပီထင္တယ္ သတိရလုိက္တာ ေသာ္ကရာ"
ပုံကုိေသခ်ာဂရုတစုိက္ျပန္ထည့္ရင္းခုနကစိတ္ေပါက္ျပီးလႊင့္ပစ္ထားတဲ့ဖုန္းကုိသြားၾကည့္ရေသးတယ္။
ဖုန္းပ်က္လုိ႕မျဖစ္ဘူး။ကြ်န္ေတာ္ဘယ္ေတာ့မွမပုိင္ဆုိင္မယ့္သူ႕ပုံရိပ္ေတြဖုန္းထဲမွာ ရုပ္ေသအျဖစ္သိမ္းဆည္းထားသည္ေလ။
ဖုန္း Screen ေလးလင္းသြားမွ Wallpaper တင္ထားတဲ့ ကုိကုိ႕လက္ဖမုိးေပၚကခပ္ထင္းထင္းမွဲ႕နက္ကေလးကုိ တစ္ခ်က္နမ္းရႈိက္ရင္း မ်က္ရည္တစ္ေပါက္က်သည္။
ကြ်န္ေတာ္ဟာ ကုိကုိ႕စိတ္နဲ႕နင့္နင့္သည္းသည္း အသက္ရႈေနရတုန္း ........
ခ်စ္မိျခင္းမွလြဲ၍အမွားတစုံတရာမက်ဴးလြန္ခဲ့မိပါ
မွန္ေသာသစၥာေၾကာင့္
ကုိကုိဟူေသာ ၀ဋ္ေၾကြးအပုိင္းအစအား
ေသတပန္သက္တဆုံးဆပ္ခြင့္ရပါေစ
ေနအလင္းစက္
(မ်က္ရည္စအနည္းငယ္ျဖင့္ ဖန္တီးသည္)
Unicode
အခန်းထောင့်မှာထိုင်နေရင်း သီချင်းနားထောင်နေမိတယ်။
ကျောင်းမတက်ချင်ဘူး။
ကျောင်းမှာဖျတ်ခနဲမြင်နေရမယ့် ကိုကို့အရိပ်ကလေးကိုပဲဖြစ်ဖြစ်
လိုက်ကြည့်မနေချင်တော့ဘူး။
ကျွန်တော်မဟုတ်တဲ့တခြားတစ်ယောက်ကို ရက်ရက်ရောရောပေးလှုနေတဲ့ကိုကို့အပြုံးတွေကျွန်တော်မမြင်ချင်ဘူး
မေ့ပစ်လိုက်ချင်တယ်။
ဖြစ်ခဲ့သမျှ အိမ်မက်တစ်ခုလို....
ပြန်ဖျက်လို့ရရင် ခဲဖျက်နဲ့ဖျက်သလိုတစမကျန်ဖျက်ဆီးပစ်လိုက်ချင်တယ်။
ဒါပေမယ့် မေ့ချင်တယ်လို့စိတ်ကူးလိုက်မှ
ပိုပိုပြီးဆိုးရွားလာတဲ့ နှလုံးသားကိုလဲလျစ်လျူရှုလို့မရ။
မေ့လည်းမမေ့နိုင်၊ မုန်းလည်းမမုန်းနိုင် တရစ်ဝဲ၀ဲ တွယ်ငြိနေတဲ့စိတ်ကို
ကျွန်တော်ဘာလုပ်သင့်ပါသလဲ။
တဆစ်ဆစ်နာကျင်တဲ့ရင်ဟာ ဆေးသောက်လို့လည်းမပျောက်နိုင်။
ကျွန်တော်ဟာ ယောကျာ်းတစ်ယောက်မို့သေချာပေါက် ကတိတည်ရမယ်။
အထူးသဖြင့်ကျွန်တော်ချစ်တဲ့သူကိုပေးထားတဲ့ကတိကိုမဖြစ်မနေတည်ရမှာပဲ။
လွမ်းလည်း သတိမရချင်ယောင်ဆောင်လို့
သေလောက်အောင်တွေ့ချင်နေလည်း
မျက်နှာခြင်းမဆိုင်မိအောင် တိမ်းရှောင်လို့
ရင်တွေကွဲတော့မတတ်အသံလေးဖြစ်ဖြစ်ကြားချင်လည်းခေါ်နေကျနံပါတ်တစ်ခုကို မနှိပ်မိအောင် နှုတ်ခမ်းသားတွေဖိကြိတ်ကိုက်ခဲရင်းဖုန်းကိုကိုယ်နဲ့ဝေးဝေးထားလို့
သူမရှိခဲ့ဖူးတဲ့အခန်းငယ်မှာသူမသိတဲ့အလွမ်းတနင့်တပိုးနဲ့ကောင်ကလိပ်ပြာလွင့်တော့မတတ် ရူးသွပ်နာကျင်နေရတယ်
ဒူးတွေကိုလက်နှစ်ဖက်နဲ့တင်းတင်းပိုက်ရှိုက်သံမထွက်ဘဲငိုကြွေးရတဲ့အခါ
ရင်ဘတ်က အသက်ပျောက်တော့မလိုနာတယ်။
ဘယ်နှကြိမ်၊ဘယ်နှခါမှန်းမသိ ချရေးမိတဲ့လွမ်းဆွတ်ခြင်းအပိုင်းအစတွေဟာ
တစ်ခန်းလုံးပြည့်လုနီးပါး။
ကြာရင် ကျွန်တော်တကယ်ကြီးရူးသွားမှာတောင်ကြောက်ရတယ်။
ကျောင်းထပ်ပြောင်းဖို့ကိုယ့်ဘာသာစဉ်းစားတယ်။
ဟင့်အင်း ..........
ကျွန်တော်မနေနိုင်ဘူး။
အနည်းဆုံးတော့ အခန်းရှေ့ကဖြတ်သွားတဲ့
သူ့ကျောပြင်ပဲဖြစ်ဖြစ် မြင်ခွင့်ရှိနေသေးတယ်။
အနည်းဆုံးတော့ တစ်နေရာရာကနေသူ့နာမည်ကိုတစွန်းတစကြားခွင့်ရှိနေသေးတယ်။
အနည်းဆုံးတော့ ......
အနည်းဆုံးတော့ ......
ကျွန်တော်သူ့အနားမှာရှိနေနိုင်သေးတယ်လေ။
~~ မမျှော်လင့်တော့ပါဘူး မင်းမှမချစ်နိုင်တာ ~~
~~ သေချာနေသောအခိုက်မှာ ~~
~~ ဆုတောင်းမပြည့်တော့ဘူး ~~
~~အနားနားရောက်မလာသူကို ပျော်စေချင်ခဲ့လို့ ~~
" အား ..........
ဘာလို့လဲ သီချင်းတစ်ပုဒ်တလေလေးကတောင်
ကျွန်တော့်ကိုလွတ်မြောက်ခွင့်မပေးရတာလဲ"
လက်ထဲကဖုန်းကို ဒေါသတကြီးလွှင့်ပစ်ရင်း ကျွန်တော်အကျယ်ကြီးအော်ပစ်လိုက်တယ်။
တင်းကျပ်ဆို့နင့်တဲ့ရင်ဟာ ဒီလောက်နဲ့ပြေမသွားပြန်ဘူး။
" လွမ်းတယ် ကိုကိုရာ
ကျွန်တော်ခင်ဗျားကြီးကိုလွမ်းလို့သေတော့မှာ"
အိပ်ယာပေါ်မှောက်ချရင်း ငိုမိပြန်တယ်။
မငိုချင်ပါဘူး ကျွန်တော်ဒီလိုရှုံးနိမ့်နေတာဘယ်သူ့ကိုမှ မသိစေချင်ဘူး။
အထူးသဖြင့် ကိုကို့ကိုပေ့ါ။
သူမရှိလည်း ကျွန်တော်နေနိုင်ကြောင်း၊ကျွန်တော်အဆင်ပြေနေကြောင်း
ကျွန်တော်ဟာ သန်မာတဲ့လူတစ်ယောက်ဖြစ်ကြောင်း ပြီးတော့ ကတိတည်သူဖြစ်ကြောင်း
ကိုကိုသိစေချင်တယ်။
ကျွန်တော့်ကိုအထင်သေးတဲ့အကြည့်နဲ့သနားကြင်နာတဲ့အကြည့်တွေနဲ့
ကြည့်တာမကြိုက်ဘူး။
အစစအရာရာပြီးပြည့်စုံနေတဲ့ ကိုကို့လိုလူမျိုးမို့ကျွန်တော်ပိုပြီး ရပ်တည်ပြချင်ခဲ့တယ်။
နောက်ပြီး အဲ့ဒီလူကိုစွဲလမ်းခြင်းကြီးစွာနဲ့အရူးတပိုင်းဖြစ်နေတဲ့ကျွန်တော်ကလေသူစိတ်ပူပြီး သောကရောက်မှာကိုလည်းမလိုလားဘူးသူ့ကြောင့်ဆိုတဲ့အတွေးနဲ့ နောင်တရနေမှာကိုလည်းကျွန်တော်မလိုချင်ဘူး။
လူတစ်ယောက်ကို တကယ်ချစ်မြတ်နိုးမိတဲ့အခါ ကိုယ့်နာကျင်မှုဟာသူ့ကြောင့်ဖြစ်ပါစေဦး သူနဲ့ပတ်သတ်လာရင်ခံစားလွယ်တဲ့ကိုယ့်ကိုယ်ကိုပဲအပြစ်တင်ပြီး သူ့ကိုတော့ဖြင့် ကိုယ်နာကျင်ရကြောင်းမပြသလို .. ။
ဒါပေမယ့် ကျွန်တော်ဟန်မဆောင်နိုင်ခဲ့ဘူးကျွန်တော်ဟာလေ ပိပိရိရိသရုပ်ဆောင်မတော်ခဲ့ဘူး
ပျော်နေပါတယ်လို့မပြနိုင်ခဲ့ဘူးအရင်အတိုင်းအေးစက်စက်ဖြစ်သွားရုံကလွဲလို့
ကျွန်တော်ဘာမှမလုပ်ပြနိုင်ခဲ့ဘူး။
" ညီ" လို့တစ်ခါခေါ်လိုက်တိုင်းအကြိမ်ကြိမ်အခါခါ ပြိုလဲချင်နေတဲ့စိတ်တွေ...
အမှတ်မထင်ဆုံလိုက်တိုင်း ကရုဏာတစ်ချိ့စွန်းပေနေတဲ့သူ့မျက်ဝန်းတွေမှာ
အစိတ်စိတ်အမွှာမွှာ ယိုင်နဲ့ချင်နေတဲ့စိတ်တွေ...
အရင်ကအတိုင်း ဂရုစိုက်ကြင်နာမှုတွေနဲ့သူ့အပြုအမူတွေမှာ ဘာကိုပဲရင်းရရင်းရ
မိုက်ရူးရဲဆန်ပစ်လိုက်ချင်တဲ့စိတ်တွေ...
အတတ်နိုင်ဆုံးထိန်းချုပ်နေရတာ.ကျွန်တော်တကယ်ပင်ပန်းလွန်းလှပါပြီ
ဝေးလို့လည်းမရှင်သန်နိုင်တဲ့ဘဝမှာ
နီးဖို့လည်းမဖြစ်နိုင်တဲ့အခါ ကျွန်တော့အဖြစ်က
ဆုပ်လဲစူး၊ စားလဲရူး
အစကတော့သူရက်စက်တယ်လို့ထင်ခဲ့မိတယ်။နောက်တော့လည်း ခေါင်းထဲမှာ
ချစ်တဲ့စိတ်အပြည့်နဲ့သွက်သွက်ခါနေတဲ့ကျွန်တော်ကသူ့ဘက်ကိုနားလည်လာပါတယ်။
နောက်ဆုံးတော့ ယောကျာ်းတစ်ယောက်ကိုမှချစ်လွန်းမကချစ်ခဲ့မိတဲ့ကျွန်တော့နှလုံးသားလေးကိုသာအပြစ်တင်မာန်မဲရလေတော့တယ်။
မနီးမဝေးမှာရှင်သန်ရင်း အစွန်အဖျားလေးကိုမြင်နေရရင်ပဲကျေနပ်တဲ့စိတ်နဲ့ကျွန်တော့နေ့တွေကိုအသက်ဆက်ရမှာပဲလေ။
ရှင်သန်ရခြင်းသည် မည်သည့်အဓိပ္ပါယ်နည်း။
သို့သော် သူမကြာခဏပြောလေ့ရှိသော
" ညီက လာခြင်းကောင်းတဲ့ခလေးပါညီအကောင်းဆုံးရှင်သန်ရပ်တည်နိုင်မယ်ဆိုတာကိုယ်ယုံတယ်" ဆိုတဲ့စကားနဲ့ပင်ကျွန်တော်ကြိုးစားရုန်းကန်ရပါမည်။
ကိုကိုသည် ကျွန်တော့်ဘဝတွင်အရင်ကမရှိခဲ့သလိုနောင်လဲမရှိနိုင်တော့မည့်သူသာဖြစ်သည်မဟုတ်လား။
ကိုကိုနဲ့အတူသွားဖူးသော နေရာများကိုကျွန်တော်မသွားပါ
ကိုကိုနဲ့အတူစားခဲ့ဖူးသောအစားအစာများကိုကျွန်တော်မတို့ထိခဲ့
ကိုကို့အားသတိရသွားစေမည့် အကြောင်းအရာတိုင်းကိုရှောင်လွှဲနိုင်သမျှရှောင်လွှဲခဲ့ပါသော်လည်း နှလုံးသားတွင် သံပူကပ်သကဲ့သို့ နေရာယူပြီးပြီဖြစ်သော ထိုလူသားသည် ကျွန်တော့နေ့ရက်တိုင်းတွင် ဝင်စွက်ဖက်လေ့ရှိသည်။
သူမရှိသော သူမမြင်နိုင်သောအချိန်ကာလများတွင်ရောဘာကြောင့်သူ့စကားနားထောင်နေရဦးမလဲ။
ကိုကိုမကြိုက်တဲ့အရာတွေကိုကျွန်တော်လုပ်သည်။
ဆေးလိပ်သောက်တာမျိုး၊ ထမင်းမစားတာမျိုးပေါ့။
ကိုကိုမကြိုက်တဲ့နေရာများကိုကျွန်တော်သွားသည်။
ကလပ်လိုနေရာမျိုးနဲ့ ဘားလိုနေရာမျိုးပေါ့။
ကိုကိုမကြိုက်တဲ့ အပြုအမူများကိုသာကျွန်တော်ရွေးလုပ်သည် ရန်ဖြစ်တာမျိုးနဲ့ သူစိမ်းတွေကိုအဖက်မလုပ်တာမျိုး။
ရယ်စရာတော့အကောင်းသား...........
သူ့စကားကိုဘာနားထောင်စရာရှိလဲ သူ့ကိုတော်လှန်မည်ဟူ၍ဟစ်ကြွေးလင့်ကစားတစ်ဖက်တွင်လည်း ကျွန်တော့ကြောင့်စိတ်ထိခိုက်မည်ကို ပူပန်နေဖြစ်သေးသည်
နေအလင်းစက်သည် ဘုန်းလကာၤဆိပ်သင့်ကာ
ကုမရအောင် ရောဂါရင့်၍နေလေပြီ
ဒီလိုအချိန်မျိုးတွင် ကျွန်တော်သတိအရဆုံးကသော်ကပင်
သူမသာဆိုကျွန်တော့်ကိုနားလည်ပေးမှာကျွန်တော်ဘာလုပ်သင့်လဲ တွေးပေးမှာ။
နောက်ဆုံး ကျွန်တော်ငိုချင်ရင်တောင်သူမရင်ခွင်တွင်း စိတ်ချလက်ချအော်ဟစ်နိုင်သည်
အခုတော့ဖြင့် ကျွန်တော့နာကျင်မှုများကိုမရှုနိုင်၊ မကယ်နိုင်နဲ့ ဖွင့်ထုတ်ပြစရာလူမရှိ
ခေတ္တခဏ နားခိုရန် ပခုံးတစ်စုံမရှိကျွန်တော်သည် လူပိုသက်သက်သာဖြစ်ချေ၏။
ပိုက်ဆံအိတ်ထဲက ဟိုးအတွင်းထဲမှာအထပ်ထပ်ကွယ်ထားသော ကျွန်တော်နဲ့သော်က အလယ်တန်းတုန်းကပုံကိုထုတ်ယူကြည့်လိုက်မိသည်။
ပုံထဲတွင်ကျွန်တော်ကသူမကိုရေခဲမုန့်တွေနဲ့သုတ်နေကာသူမကကျွန်တော့အားပြုံး၍ကြည့်နေခဲ့သည်။
" သော်က ..................
နင်ရှိနေရင်ရော ငါ့ကိုအရူးလေးလို့ပြောပြီး နှစ်သိမ့်ပေးမယ်မဟုတ်လား
ငါ့အတွက် နင်ရန်တွေ့ပေးမယ်မဟုတ်လား
ငါ့ကို ................. နင် ချော့ပေးမယ်မဟုတ်...လား"
ရှိုက်ကာရှိုက်ကာ ငိုကြွေးရင်းအသံပင်မထွက်နိုင်တော့အောင် ကျွန်တော်နွမ်းလျလျက်ရှိသည်။
ဒီအချိန်ကျမှလဲ ကျွန်တော်သူမကိုမဆက်သွယ်ချင်။
မာနတရားနှင့်မခံချင်စိတ်သည်ကျွန်တော့်မွေးရာပါဗီဇ.....
အမှတ်သည်းခြေကြီးသောကျွန်တော့အတွက် ကိုကိုတစ်ယောက်ကသာ ချွင်းချက်
" နင်ရွေးတဲ့အချစ်ကရော ဘယ်လိုလဲသော်က
သူ့ကြောင့်နင်ပျော်ရလား ဒါမှမဟုတ် နင့်ကြောင့်သူပျော်ရလား။ ငါအခုတော့ နင့်အချစ်တွေကို နည်းနည်းကိုယ်ချင်းစာမိပြီထင်တယ် သတိရလိုက်တာ သော်ကရာ"
ပုံကိုသေချာဂရုတစိုက်ပြန်ထည့်ရင်းခုနကစိတ်ပေါက်ပြီးလွှင့်ပစ်ထားတဲ့ဖုန်းကိုသွားကြည့်ရသေးတယ်။
ဖုန်းပျက်လို့မဖြစ်ဘူး။ကျွန်တော်ဘယ်တော့မှမပိုင်ဆိုင်မယ့်သူ့ပုံရိပ်တွေဖုန်းထဲမှာ ရုပ်သေအဖြစ်သိမ်းဆည်းထားသည်လေ။
ဖုန်း Screen လေးလင်းသွားမှ Wallpaper တင်ထားတဲ့ ကိုကို့လက်ဖမိုးပေါ်ကခပ်ထင်းထင်းမှဲ့နက်ကလေးကို တစ်ချက်နမ်းရှိုက်ရင်း မျက်ရည်တစ်ပေါက်ကျသည်။
ကျွန်တော်ဟာ ကိုကို့စိတ်နဲ့နင့်နင့်သည်းသည်း အသက်ရှုနေရတုန်း ........
ချစ်မိခြင်းမှလွဲ၍
အမှားတစုံတရာမကျူးလွန်ခဲ့မိပါ
မှန်သောသစ္စာကြောင့်
ကိုကိုဟူသော ဝဋ်ကြွေးအပိုင်းအစအား
သေတပန်သက်တဆုံးဆပ်ခွင့်ရပါစေ
နေအလင်းစက်
(မျက်ရည်စအနည်းငယ်ဖြင့် ဖန်တီးသည်)