'ဟုတ်ကဲ့ သားအဆင်ပြေပါတယ်Mommyရဲ့စိတ်မပူပါနဲ့လို့လေးလေးကိုလည်းပြောလိုက်ပါ'
'အင်းပါ ဟိုတစ်နေ့လာကတည်းကသွားတွေ့လိုက်တယ် ဒီနေ့Cindyတို့မိသားစုပြန်ရင်လိုက်ပို့ဖို့တောင်ပြောထားတယ်'
'ဟုတ် အဲ့ဒါဆိုဒါပဲနော်Mommy'
Mommyကလည်းအလုပ်ကိစ္စတွေကြောင့်လိုက်မလာနိုင် လေးလေးကလည်း၁ရက်၂ရက်လောက်ပဲနေပြီး ဟိုကcompanyမှာပြဿနာနည်းနည်းတက်လို့ပြန်သွားရလေသည်
ညီမတစ်ဝမ်းကွဲကလည်း သူ့ယောက်ျားအလုပ်ကိစ္စနဲ့လာလို့တူမလေးပါ ပါတယ်ဆိုလို့သွားတွေ့ရသေး
ဟူး မလွယ်ဘူးလူဆိုအခုတလောဖပ်ဖပ်ကိုမောနေတာပဲ
အမှန်တော့ဒီမှာမင်းခန့်ညားနဲ့ပြန်တွေ့နေတာကိုMommyမသိပါ ကျွန်တော်အသည်းအသန်ဖြစ်ခဲ့ရတဲ့သူ့ကိုMommyကယောက်ျားလေးတစ်ယောက်ဆိုတာကလွဲပြီးကျန်တာမသိ လေးလေးဆိုပိုဆိုးသည် ပြောင်းသွားတဲ့အချိန်တည်းကMommyရောကျွန်တော်ရောထိုကိစ္စတွေကိုမေ့ဖျောက်ခဲ့တာမို့ဘယ်သူမှမသိကြပေ
ဒါကြောင့်လည်းကျောင်းပြီးတော့ကျွန်တော့်အတွက်အလုပ်အကိုင်ကိုစီစဉ်ပေးတဲ့လေးလေးကသူ့နားကိုမသိဘဲနဲ့ပို့မိတာပေါ့
ဘယ်သူဆိုဘယ်သူမှမသိတဲ့အဖြစ်မှန်ကကျွန်တော်ကိုယ်တိုင်သူ့နားမှာဆက်နေဖို့ရွေးချယ်မိခဲ့တာပဲ ကျွန်တော်သူ့ကိုချစ်လားဆိုတော့ချစ်တယ်နာကျည်းလားဆိုတော့လည်းနာကျည်းတယ် ကျွန်တော်ဘယ်တော့မှသူ့ကိုလက်ခံပြီးကျွန်တော့်အချစ်တွေကိုချပြမှာမဟုတ်ဘူး ဒါဟာသူ့အပေါ်မှာမယုံကြည်တာထက်ကိုယ့်ကိုသူဂရုစိုက်ပေးတဲ့အခါတိုင်းကိုယ်တိုင်ကနာကျင်နေသလိုခံစားနေရလို့ပဲ
'ဪ ညီတောင်ရောက်နေပြီလားSorryကိုယ်မနက်ပိုင်းအစည်းအဝေးရှိလို့စောင့်လိုက်ရလား'
သူပြောမှလက်ထဲကကိုင်ရက်သား screenလင်းနေဆဲဖုန်းကိုပိတ်လိုက်ရင်းခေါင်းခါပြလိုက်မိသည်
'ဖုန်းပြောနေတာလား ဘယ်သူနဲ့လဲညီ'
ပိုင်စိုးပိုင်နင်းမေးလာပါသော သူ့ကိုအမြင်ကပ်တာနဲ့
'ကျွန်တော်ချစ်ရတဲ့မိန်းကလေးနဲ့'
'ဟမ်!'
ကျွန်တော့်ရဲ့စကားအဆုံးဖြစ်ပျက်သွားတဲ့သူ့မျက်နှာကြီးကိုရယ်ချင်မိသည်
ချစ်ရတဲ့မိန်းကလေး ညီချစ်တဲ့မိန်းကလေး
ပြုံးပြုံးလေးပြောလာသောညီကတော့သူ့ရင်ထဲမှာ အခုလောလောလတ်လတ်ဖြစ်ပေါ်လာတဲ့အပူကိုသိနိုင်မည်မထင်ပါ
'ဘာဖြစ်လို့လဲကိုမင်းခန့်ညား'
'ဟမ် ဪ ဘာမှမဖြစ်ပါဘူးညီ'
'အင်း အဲ့ဒါဆို အလုပ်စလိုက်ကြရအောင် ကျွန်တော်ဒီနေ့သွားစရာရှိသေးတယ်'
'ဘယ်သွားမှာလဲညီက'
ပိုင်စိုးပိုင်နင်းလေသံနဲ့ထပ်မေးလာပြန်တာကြောင့်
'ကျွန်တော်ချစ်တဲ့ကလေးနဲ့သွားတွေ့မလို့ စာရင်းမြန်မြန်လုပ်ပြီးရင်သွားရအောင်လို့'
ကလေးတဲ့!ဒီတစ်ခါကပိုဆိုးသွားပြီညီ ကလေးတဲ့လား ဟူး ရင်ဘတ်ကြီးတစ်ခုလုံးလည်းမင်းနဲ့တွေ့မှပူလောင်နေတတ်ပြီညီ
နေ့လည်စာစားပြီးတဲ့အချိန်တည်းကပြီးခါနီးနေတဲ့စာရင်းတွေကိုဟိုဟာဒီဟာမှားတယ်လုပ်နေတာ၆နာရီခွဲနေလေပြီ အခုထိမပြီးသေး ကျွန်တော့်တူမလေးနဲ့သွားတွေ့မလို့ပါဆိုလေယာဉ်က၇နာရီထွက်မှာကို ကျစ်!
စာရင်းလုပ်နေရင်းနဲ့ရှေ့ကလူကြီးကိုဘုကြည့်ကြည့်လိုက်တော့မသိချင်ယောင်ဆောင်နေလေသည် တမင်လုပ်နေမှန်းသိသာတယ်
'ဒီမှာကိုမင်းခန့်ညား!ခင်ဗျားစာရင်းတွေမပြီးလည်းနောက်မှလုပ်တော့ဗျာ ကျွန်တော့်တူမလေးကပြန်မှာမို့ကျွန်တော်လေယာဉ်ကွင်းသွားရဦးမှာ'
ဟမ် ဘယ်ကတူမတုန်း?
ညီပြောတော့ကလေးဆို သူချစ်တဲ့ကလေးဆို
'ဘယ်ကတူမတုန်း'
'ဘယ်ကတူမရမှာလဲကျွန်တော့ညီမကမွေးတဲ့ကျွန်တော့တူမပေါ့ ကလေးကတော့မျှော်နေတော့မှာပဲဦးငယ်လာမယ်ဆိုပြီးပြောထားတာကို'
ပြောရင်းနဲ့ရုပ်ကလေးစူပုတ်နေတဲ့ညီ့ကြောင့်သူကျေနပ်သွားတာတော့အမှန်
ဟုတ်သား ကလေးကိုကလေးလို့ပြောတာကိုကိုယ်ကဟိုလိုကလေးလို့ထင်နေပြီးဆွဲထားမိတာလေ
'အဲ့ဒါဆိုသွားမယ်လေကိုယ်လိုက်ပို့မယ် ဘယ်နှနာရီလေယာဉ်လဲ'
'၇နာရီ'
'ဟာညီကလည်းနီးတောင်နီးနေပြီ ကိုယ့်ကိုကြိုပြောတာမဟုတ်ဘူး'
ဪ ဖြစ်ရတယ် ဒါတွေအပြီးလုပ်မယ်ဆိုပြီးအကျင့်ယုတ်နေတာဘယ်သူကြီးလဲ
'ခင်ဗျားပဲ အဲ့စာရင်းတွေအပြီးလုပ်ခိုင်းနေပြီးတော့'
သူပြောလိုက်တော့လည်းမျက်နှာငယ်လေးနဲ့
'အင်းပါကိုယ်မှားပါတယ် စိတ်မဆိုးပါနဲ့နော်ညီ'
သူ့ကိုပြန်မပြောဘဲမသိချင်ယောင်ဆောင်နေတော့သူ့ဆီမှသက်ပြင်းချသံသဲ့သဲ့ကိုကြားရလေသည်
သူအဲ့လိုအလျှော့ပေးတိုင်းလူကဘာကိုကျေနပ်မှန်းကိုမသိဘူး
Ringing~
'Hello Cindy'
သူ့ဘက်ကိုလှည့်ကြည့်လာသောလူကြီး
'ဟမ်......ငါမီးငယ်လေးနဲ့တွေ့ချင်ပါတယ်ဆို'
'လမ်းပေါ်မှာပဲရှိသေးတယ် '
'ဟဲလို မီးငယ်လေး အင်း ဦးငယ်နောက်မှလာလည်မယ်နော်ကလေး အင်းအင်း'
တစ်ဖက်ကဘာပြောနေမှန်းမသိညီကတော့မျက်နှာလေးမကောင်းပေ
Sorryပါညီ ကိုယ်မတွေးဘဲသဝန်တိုမိလို့
'အင်း ဒါဆိုဖုန်းချလိုက်တော့မယ် Bye '
'ကားပြန်လှည့်လိုက်ပါတော့'
'ဟမ် ဘာဖြစ်လို့လဲညီ'
'မသွားတော့ဘူးCheck inလုပ်ရတော့မယ်တဲ့'
ဪ အဲ့ဒါကြောင့်ညီ့မျက်နှာလေးမကောင်းတာကို ငါဟာလေလုပ်လိုက်ရင်တလွဲတွေကြီးပဲ
'ကိုယ် တောင်းပန်ပါတယ်ညီ'
'ထားပါတော့ တောင်းပန်လို့လည်းဘာမှမထူးသွားဘဲ ကျွန်တော့်ကိုအိမ်ပဲပို့ပေးပါ'
'အင်းပါ'
လမ်းတစ်လျှောက်လုံး ကားပြတင်းဘက်ကိုသာ မျက်နှာလှည့်ထားတဲ့ညီ့မျက်နှာလေးကို ခိုးခိုးကြည့်ရင်းအိမ်ရောက်လာလေသည်
'ညီ...'
သူ seat beltကိုဖြုတ်ပြီးညီ့ကိုသေချာကြည့်လိုက်တော့ညီကခေါင်းလေးစောင်းပြီးအိပ်ပျော်နေလေသည်
အလုပ်တွေလုပ်ရလို့ပင်ပန်းသွားတယ်ထင်ပါရဲ့
ဇက်နာမှာစိုးတာကြောင့် ခေါင်းလေးကိုဖွဖွလေးမပြီးသူ့ပခုံးပေါ်တင်လိုက်လေသည် နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ကောင်လေးကိုငုံ့ကြည့်ရင်းဖြစ်ပေါ်လာတဲ့ဆန္ဒကြောင့်ညီ့နှုတ်ခမ်းတွေကနေ သူအကြည့်ကိုအမြန်လွှဲလိုက်ရသည်
ဟူး ညီ မင်းကဘယ်လိုကောင်လေးလဲ မိန်းကလေးတွေကိုထည်လဲတွဲပြီးဘယ်သူ့ကိုမှအလေးမထားခဲ့တဲ့ကိုယ်ကမင်းကိုတော့မဖြစ်သင့်ပေမယ့်လည်းရှေ့ဆက်တိုးနေမိပြီးမထိရက်မကိုင်ရက်လောက်အောင်တန်ဖိုးထားမိနေတာမင်းသိပါ့မလားညီရယ်
ခဏကြာတော့ညီနိုးလာလေသည်
အိပ်ချင်မူးတူးရုပ်လေးနဲ့တောင်ချစ်ဖို့ကောင်းနေတဲ့ကျွန်တော့်ရဲ့ညီ
'အာ ကျွန်တော်အိပ်ပျော်သွားတာလား'
သူ့ပခုံးပေါ်မှခေါင်းကိုဖယ်ကာ seat beltကိုဖြုတ်နေတဲ့ညီက သူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပေ
'ညီ ဖြုတ်လို့ရရဲ့လား ကိုယ်ဖြုတ်ပေးမယ်'
ကိုယ်ပဲအိပ်ချင်နေလို့များလား ဖြုတ်လို့ကိုမရ
'ရပါတယ်ကျွန်တော်ပဲဖြုတ်.....အွတ်'
ကိုယ်ကသူ့ကိုလှည့်အပြော သူကbeltဖြုတ်ပေးဖို့ကိုယ်ကိုအလှည့်
သူ့နှုတ်ခမ်းအစုံကကိုယ့်နှုတ်ခမ်းပေါ်မှာ
ညီဘုန်းမြတ် မင်းခန့်ညားကိုတွန်းထုတ်လိုက်လေသည်
၂ယောက်လုံးကားပေါ်မှာအသက်မရှိသလိုမလှုပ်မယှက်ထိုင်နေမိကြသည်က စက္ကန့်တော်တော်များများကုန်ဆုံးသွားလေသည်
မင်းခန့်ညားရဲ့မျက်နှာပေါ်မှာအပြုံးကြီးကြီးတစ်ခုဟာတဖြည်းဖြည်းချိတ်ဆွဲလာလေသည်
သူ့ဘေးကိုကြည့်လိုက်တော့ကြောင်တောင်တောင်လေးဖြစ်နေသောညီ ကလေးလေးလန့်သွားရှာပြီ
'ညီ'
ခေါ်လိုက်မိတော့သူ့ကိုကြည့်လာပြီးနောက် ချက်ချင်းတစ်ခြားဖက်ကိုလှည့်သွားကာseat beltကိုမရရအောင်ဖြုတ်နေတဲ့ကောင်လေး
ကိုယ်ချစ်မိတာအပြစ်မဟုတ်ဘူးညီ
ချစ်ဖို့ကောင်းလွန်းနေတဲ့မင်းအမှားပဲ
seat beltဖြုတ်လို့ရတာနဲ့ကားပေါ်ကဆင်းဖို့ပြင်နေတဲ့ကောင်လေးရဲ့လက်လေးကိုလှမ်းဆွဲလိုက်တော့သူကြည့်နေကျအတိုင်းဘုကြည့်ကြည့်လာလေသည်
'လွှတ်'
ရုန်းနေတဲ့လက်ကလေးကိုမလွှတ်ပေးဘဲ
'အရမ်းမရုန်းပါနဲ့ညီရယ်လက်တွေနာကုန်မယ် ကိုယ်ပြောစရာရှိလို့ ပြောပြီးရင်လွှတ်ပေးမယ်လေနော်'
'မပြောနဲ့ မကြားချင်ဘူး လွှတ်လို့ပြောနေတယ်'
အတင်းရုန်းနေတဲ့ညီ့ကြောင့်လက်နာသွားမှာစိုးသဖြင့်လက်ကိုလွှတ်ပေးလိုက်ပြီးရင်ခွင်ထဲကိုဆွဲဖက်ထားလိုက်သည်
သူ့ရင်ဘတ်ကိုထုရိုက်နေပေမယ့်သူပြုံးနေမိသည် ညီ့ကိုဖက်ထားရတယ်လေ ဒါပေမဲ့အရမ်းမထုပါနဲ့ညီ ညီ့လက်နုနုလေးတွေနာကုန်လိမ့်မယ်
'ကိုယ် ညီ့ကိုချစ်တယ်'
ရင်ခွင်ထဲ၌သောင်းကျန်းနေသောကောင်လေးဟာရုတ်ချည်းငြိမ်ကျသွားလေသည်
'ကိုယ် ညီ့ကိုအရမ်းချစ်တယ် စစတွေ့တည်းကချစ်မိခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုမသိခဲ့ဘူး ကိုယ်ဟာယောက်ျားတစ်ယောက်ကိုမကြိုက်လောက်ပါဘူးဆိုတဲ့စိတ်နဲ့ကိုယ့်စိတ်ကိုထိန်းနေပေမဲ့ညီ့အနားမှာနေရတိုင်းထိန်းချုပ်လို့မရတဲ့ရင်ခုန်သံကိုသဘောပေါက်တဲ့အချိန်မှာညီ့ကကိုယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာနေရာယူပြီးနှင့်နေပြီ ကိုယ့်ကိုညီအခုချက်ချင်းပြန်မချစ်နိုင်ရင်တောင်မှစဉ်းစားပေးပါနော်'
သူ့ရဲ့ရင်ဖွင့်သံအဆုံးကြားလိုက်ရတဲ့ရှိုက်သံလေးကြောင့်ရင်ခွင်ထဲကညီ့မျက်နှာလေးကိုကြည့်မိတော့မျက်ရည်တွေဖြင့် ဘာလို့ငိုနေတာလဲညီရယ် ကိုယ်ညီမကြိုက်တာကိုထပ်လုပ်မိပြန်ပြီလား
'ညီ မငိုပါနဲ့ညီရယ် ကိုယ်မှားသွားတယ်နော် မငိုပါနဲ့'
မျက်ရည်တွေကိုသုတ်ပေးဖို့ပြင်တော့မျက်နှာလေးကိုအထိမခံ တစ်ဖက်ကိုလှည့်ပစ်သည်
'ကျွန်တော့်ကိုလွှတ်ပေးပါ'
သူမလွှတ်ပေးချင်ပေမဲ့သက်ပြင်းတစ်ချက်ချကာညီ့သဘောအတိုင်းလွှတ်ပေးလိုက်တော့ကားပေါ်ကဆင်းသွားတဲ့ညီ့ကြောင့်သူပါကားပေါ်ကအမြန်ဆင်းပြီးညီ့နောက်လိုက်မယ်ပြင်တော့
'ပြန်ပါတော့'
သူ့ကိုကျောပေးပြီးပြောလာတဲ့ညီ
'ညီ ကိုယ်'
'ကျွန်တော့်အတွက်အချိန်လိုအပ်တာမို့ ခင်ဗျားပြန်ပါတော့'
ပြောပြီးအိမ်ထဲဝင်သွားတဲ့ညီ့ကျောပြင်လေးကိုကြည့်ပြီးသူအဲ့နေရာမှာပဲရပ်နေမိသည်
ညီ့အတွက်အချိန်လိုမယ်မှန်းသူလည်းသိပါတယ် သူတောင်သူ့ကိုယ်သူလက်ခံနိုင်ဖို့အချိန်ပေးခဲ့ရတယ်မဟုတ်လား ဒါပေမဲ့ညီ့ဖက်ကပေးလာမယ့်အဖြေကကိုယ်မျှော်လင့်ထားသလိုဖြစ်လာဖို့တော့ကိုယ်ဆုတောင်းပါရစေညီ
ခြံရှေ့ကမောင်းထွက်သွားတဲ့ကားလေးကိုကြည့်ပြီးညီဘုန်းမြတ်အားမရှိစွာထိုင်ချလိုက်မိသည် သူ့လက်ထဲမှာလည်းအတန်ငယ်ဟောင်းနွမ်းနေတဲ့စာအုပ်လေး ဒီစာအုပ်လေးထဲမှာတစ်ချိန်ကအရမ်းချစ်ရတဲ့သူ့အကြောင်းတွေသူသိအောင်ပြောချင်ခဲ့တဲ့ခံစားချက်အချို့တွေကိုမြှုပ်နှံထားတယ်
'ဘာလို့လဲ ဘာလို့အခုမှလဲ အရင်၈နှစ်ကလူကလည်းကျွန်တော်ပဲကို ဘာလို့အခုမှကျွန်တော့်ကိုချစ်ရတာလဲ ဘာလို့လဲဘာလို့အဲ့အချိန်တုန်းကကျွန်တော့်ကိုအဲ့လိုမျိုးဆက်ဆံခဲ့ရတာလဲ'
အခန်းထဲမှာ ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ကောင်လေးကိုဘယ်သူမှမသိနိုင်သလို သူ့ခံစားချက်ကိုလည်းဘယ်သူမှနားလည်ပေးနိုင်မှာမဟုတ်ပါဘူးလေ
ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုယ်ကသာပိုချစ်ခဲ့ရသူမို့အနာကျင်ရဆုံးကလည်းကိုယ်ပါပဲလေ...