အေပအေတတစ္ေယာက္ရဲ႕ ခို နား ရာ...

By Youaremylittlestar

324K 26.6K 947

BL More

Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 (Final)
Part-22
Part-23
😝😝😝
~Extra-1~
~Extra-2~
~Extra-3~
~Extra-4~

Part-3

13.5K 1.3K 22
By Youaremylittlestar

Zawgyi

"ေမေမၾကည္ကစားၿပီးၿပီလား..."

"ၾကာေပါ့သားရယ္...ဝေအာင္စားသြားေနာ္...သား,ပိုက္..."

"ဟုတ္ကဲ့..."

"သား...ဝင္စားေတာ့ေလ...ဘာလုပ္ဦးမလို႔လဲ..."

အဆင္သင့္ျပင္ထားတဲ့ထမင္းဝိုင္းဆီတစ္ခါတည္းဝင္မစားဘဲတစ္ခုခုကိုခ်က္ျပဳတ္ဖို႔ျပင္ေနတဲ့သားေၾကာင့္အေမးစကားဆိုမိေတာ့...

"ပိုက္ကိုၾကက္ဥျပဳတ္ေပးမလို႔ေမေမ...ဒီေကာင္ငါးေျခာက္ဖုတ္ေတြအမ်ားႀကီးစားလို႔မရဘူး..."

"အာ...သိုင္း...ေတာ္ၿပီကြာ...နည္းနည္းစားဆိုနည္းနည္းပဲစားမယ္...အဲဒီၾကက္ဥဆိုတာႀကီးမျပဳတ္နဲ႔..."

"ဟုတ္သားပဲ...သားရယ္...ၾကက္ဥဆိုတာဟင္းျဖစ္တာလည္းမဟုတ္ဘဲ..."

"အဲဒါဆိုခဏေစာင့္...ဟင္းရည္လုပ္ေပးမယ္..."

"အင္း..."

သိပ္မၾကာလိုက္တဲ့အခ်ိန္မွာၾကက္သြန္ျဖဴနဲ႔ဂ်င္းနံ႔သင္းေနတဲ့ဟင္းရည္တစ္ခြက္နဲ႔အတူ Milo တစ္ခြက္ပါလာခ်ေပးသည္...သိုင္းဆိုတာဆရာဝန္ေလာင္းသာေျပာတာဟင္းခ်က္တဲ့ေနရာမွာလည္းေတာ္သည္...တစ္ဖက္သားကိုဂ႐ုစိုက္တတ္တဲ့ေနရာမွာလည္းအပိုအလိုမရွိ...

"ဒီေန႔ဆိုင္မသြားဘူးလား...ပိုက္..."

"သြားမွာ...ဆိုင္မွာစာဖိုမႈးတစ္ေယာက္ေလာက္လိုေနတာကြ...မင္းလာလုပ္ပါလား..."

"ဟားဟား...မင္းဆိုင္လူမလာေအာင္လား..."

"မင္းလက္ရာဆို Foreigner ေတြေၾကြမွာကြ...အတည္ေျပာတာ..."

ခ်ေပးထားတဲ့ဟင္းရည္ပန္းကန္ထဲဇြန္းနဲ႔တစ္ခ်က္ေမႊလ်က္အရသာျမည္းစမ္းရင္းေျပာလာသည္...ဒီေကာင္အပိုေတြလာလုပ္ေနတာ...

"ဟင္းရည္ေလးတစ္ခြက္ေလာက္နဲ႔အဲေလာက္လာမေျမွာက္နဲ႔...ေဟ့ေရာင္..."

"ဟားဟား..."

အေၾကာင္းသိေတြပါကြာဆိုတဲ့ဒီဇိုင္းနဲ႔ျပန္လည္ေခ်ပမိေတာ့ဟက္ဟက္ပက္ပက္သူရယ္သည္...သက္တူရြယ္တူေတြဆိုေပမဲ့ပိုက္ကအေဝးသင္တကၠသိုလ္သာတက္ရင္းအိမ္စီးပြားေရးကိုကူညီသည္...မလွပခဲ့တဲ့ကံၾကမၼာေၾကာင့္ဆယ္တန္းကိုေအာင္တယ္ဆို႐ံုျဖင့္အမွတ္မေကာင္းခဲ့သူမို႔သူဝါသနာပါရာတကၠသိုလ္ႏွင့္ေဝးခဲ့ရာကအေဝးသင္တကၠသိုလ္ကိုသာေရြးခ်ယ္ခဲ့ျခင္း...

"ထမင္းကုန္ေအာင္စားပိုက္..."

တို႔ကနိတို႔ကနန္းမဟုတ္ေပမဲ့ပိုက္ထမင္းစားရင္နည္းနည္းေလးထည္႕ေပးေတာင္ဘယ္ေတာ့မွမကုန္...သူငယ္ခ်င္းသံုးေယာက္မွာခႏၶာကိုယ္အခ်ိဳးအဆသိပ္မကြာေသာ္လည္းပိုက္ကညွပ္ခ်င္သည္...လုပ္ငန္းခြင္ဝင္ေနသူမို႔အနည္းငယ္ရင့္က်က္တဲ့ပံုေပါက္ေနေပမဲ့သူငယ္ခ်င္းေတြၾကားမွာအေသးဆံုး...မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆိုတဲ့ဆုနဲ႔ျပည္႕စံုထားသူဤလူသားကေဒါသအရာမွာလည္းသိပ္မထြက္တတ္...သည္းခံတတ္တဲ့ေနရာမွာပါရမီျဖည္႕ဆဲကာလကဘုရားအေလာင္းလို...

"..."

"မနက္ကဘာစားခ်င္လို႔လဲ..."

"ခိုေတာင္မုန္႔တီ..."

"ေနာက္မွေမေမ့ကိုလုပ္ေကြ်းခိုင္း..."

"အင္း...ဟိုေန႔ကစိန္စိန္လုပ္ေကြ်းတယ္...စားလို႔မေကာင္းလို႔..."

"ဘယ္ဆိုင္ကဟာစားခ်င္လို႔လဲ..."

"35 လမ္းေပၚကေလ...92 မေရာက္ခင္နားက...နာမည္ကဘာဆိုလား..."

"သိုင္း..."

ေရွ႕ဆက္ေျပာဖို႔စဥ္းစားေနတုန္းရင္းႏွီးတဲ့အသံလိႈင္းတစ္ခုျဖတ္သန္းလာရာေနရာဆီေမွ်ာ္ၾကည္႕မိသည္...

"ေဒးေဒး..."

အသံမထြက္ပဲႏႈတ္ခမ္းလႈပ္႐ံုေရရြတ္ၿပီးေငးၾကည္႕ေနတဲ့ပိုက္ပံုစံကလိုခ်င္တဲ့ပစၥည္းေလးတစ္ခုကိုတမ္းတမ္းတတေငးေမာေနသလိုမ်ိဳး...တစ္ခ်ိဳ႕သူေတြကႏႈတ္ခမ္းေတြၿပံဳးမွမ်က္လံုးေလးေတြလိုက္ၿပံဳးတတ္ေပမဲ့...ပိုက္မ်က္လံုးေလးေတြမွာအခ်ိန္ျပည္႕ၿပံဳးရိပ္ေလးေတြသန္းေနတတ္သည္...

"သိုင္း...ငါဗိုက္ဆာတယ္...တစ္ခုခုလုပ္ေပး..."

မီးဖိုခန္းထဲေရာက္မွပိုက္ရွိေနတာကိုသိသြားသလိုဟန္နဲ႔ခပ္တင္းတင္းစကားဆိုလာတဲ့ေဒးေၾကာင့္ထမင္းခူးေပးဖို႔ျပင္ရသည္...အေႏြးထည္ပါးေလးတစ္ထည္သာဝတ္ထားၿပီးအခ်မ္းပိုေနသည္႕အတြက္လက္ႏွစ္ဖက္ကိုအိတ္ကပ္ထဲထည္႕ကာဂုတ္ေလးတိုထားတဲ့ေဒးေၾကာင့္...သိုင္းတစ္ေယာက္ေရေႏြးခြက္အရင္ျပင္ရသည္...

"ေရာ့...ဒါအရင္ေသာက္...အခ်မ္းေျပေအာင္..."

"..."

ကမ္းေပးတဲ့ေရေႏြးခြက္ကိုလွမ္းယူၿပီးထိုင္ခံုမွာေသခ်ာမထိုင္...ထမင္းခူးဖို႔ျပင္ေနတဲ့လူေနာက္ကလိုက္႐ွဳပ္ေနသည္မို႔...

"နည္းနည္းဖယ္ဦး...ထိုင္ခံုမွာေသခ်ာထိုင္ပါလားေဒးရာ..."

"မထိုင္ခ်င္ပါဘူး..."

ႏွစ္ကိုယ္ၾကားၾကား႐ံုဆိုလိုက္ေပမဲ့စားပြဲဝိုင္းမွာထိုင္ေနသူပိုက္ကၾကားသြားေလသလားမသိ...ခ်က္ခ်င္းထျပန္ဖို႔လုပ္သည္...

"ငါျပန္ေတာ့မယ္..."

"ပိုက္ထမင္းမကုန္ပဲမင္းမျပန္ရဘူး..."

"ကုန္ပါတယ္...သိုင္းရာ...Milo လဲကုန္ၿပီ...ငါပန္းကန္ေတြေဆးမေပးခဲ့ေတာ့ဘူးေနာ္..."

မျပန္ရမွာစိုးသျဖင့္အတင္းကာေရာMiloခြက္ကိုေမာ့ခ်ရင္းႏႈတ္ဆက္လာသည္႕ပိုက္ေၾကာင့္စိတ္မေကာင္း...ေဒးကေတာ့ဘာမွမျဖစ္သလိုဟန္နဲ႔ေရေႏြးေသာက္မပ်က္...

"စားလို႔ရၿပီ...ေရာ့...ဒီမွာငါးေျခာက္ဖုတ္...ၾကက္ဥေၾကာ္ေပးရဦးမလား..."

"ေတာ္ၿပီ...မင္းကၿပီးတာလား..."

သံုးပံုပံုႏွစ္ပံုေလာက္က်န္ေသာထမင္းပန္းကန္ကိုသိမ္းဖို႔ျပင္ေနသူေၾကာင့္အေမးစကားဆိုမိေတာ့ေခါင္းတစ္ခ်က္သာညိမ့္ျပသည္...

"ငါလာလို႔အေႏွာင့္အယွက္ျဖစ္သြားတာလား..."

"မဟုတ္ပါဘူးကြာ..."

~~~~~TBC~~~~~

Unicode

"မေမေကြည်ကစားပြီးပြီလား..."

"ကြာပေါ့သားရယ်...ဝအောင်စားသွားနော်...သား,ပိုက်..."

"ဟုတ်ကဲ့..."

"သား...ဝင်စားတော့လေ...ဘာလုပ်ဦးမလို့လဲ..."

အဆင်သင့်ပြင်ထားတဲ့ထမင်းဝိုင်းဆီတစ်ခါတည်းဝင်မစားဘဲတစ်ခုခုကိုချက်ပြုတ်ဖို့ပြင်နေတဲ့သားကြောင့်အမေးစကားဆိုမိတော့...

"ပိုက်ကိုကြက်ဥပြုတ်ပေးမလို့မေမေ...ဒီကောင်ငါးခြောက်ဖုတ်တွေအများကြီးစားလို့မရဘူး..."

"အာ...သိုင်း...တော်ပြီကွာ...နည်းနည်းစားဆိုနည်းနည်းပဲစားမယ်...အဲဒီကြက်ဥဆိုတာကြီးမပြုတ်နဲ့..."

"ဟုတ်သားပဲ...သားရယ်...ကြက်ဥဆိုတာဟင်းဖြစ်တာလည်းမဟုတ်ဘဲ..."

"အဲဒါဆိုခဏစောင့်...ဟင်းရည်လုပ်ပေးမယ်..."

"အင်း..."

သိပ်မကြာလိုက်တဲ့အချိန်မှာကြက်သွန်ဖြူနဲ့ဂျင်းနံ့သင်းနေတဲ့ဟင်းရည်တစ်ခွက်နဲ့အတူ Milo တစ်ခွက်ပါလာချပေးသည်...သိုင်းဆိုတာဆရာဝန်လောင်းသာပြောတာဟင်းချက်တဲ့နေရာမှာလည်းတော်သည်...တစ်ဖက်သားကိုဂရုစိုက်တတ်တဲ့နေရာမှာလည်းအပိုအလိုမရှိ...

"ဒီနေ့ဆိုင်မသွားဘူးလား...ပိုက်..."

"သွားမှာ...ဆိုင်မှာစာဖိုမှုးတစ်ယောက်လောက်လိုနေတာကွ...မင်းလာလုပ်ပါလား..."

"ဟားဟား...မင်းဆိုင်လူမလာအောင်လား..."

"မင်းလက်ရာဆို Foreigner တွေကြွေမှာကွ...အတည်ပြောတာ..."

ချပေးထားတဲ့ဟင်းရည်ပန်းကန်ထဲဇွန်းနဲ့တစ်ချက်မွှေလျက်အရသာမြည်းစမ်းရင်းပြောလာသည်...ဒီကောင်အပိုတွေလာလုပ်နေတာ...

"ဟင်းရည်လေးတစ်ခွက်လောက်နဲ့အဲလောက်လာမမြှောက်နဲ့...ဟေ့ရောင်..."

"ဟားဟား..."

အကြောင်းသိတွေပါကွာဆိုတဲ့ဒီဇိုင်းနဲ့ပြန်လည်ချေပမိတော့ဟက်ဟက်ပက်ပက်သူရယ်သည်...သက်တူရွယ်တူတွေဆိုပေမဲ့ပိုက်ကအဝေးသင်တက္ကသိုလ်သာတက်ရင်းအိမ်စီးပွားရေးကိုကူညီသည်...မလှပခဲ့တဲ့ကံကြမ္မာကြောင့်ဆယ်တန်းကိုအောင်တယ်ဆိုရုံဖြင့်အမှတ်မကောင်းခဲ့သူမို့သူဝါသနာပါရာတက္ကသိုလ်နှင့်ဝေးခဲ့ရာကအဝေးသင်တက္ကသိုလ်ကိုသာရွေးချယ်ခဲ့ခြင်း...

"ထမင်းကုန်အောင်စားပိုက်..."

တို့ကနိတို့ကနန်းမဟုတ်ပေမဲ့ပိုက်ထမင်းစားရင်နည်းနည်းလေးထည့်ပေးတောင်ဘယ်တော့မှမကုန်...သူငယ်ချင်းသုံးယောက်မှာခန္ဓာကိုယ်အချိုးအဆသိပ်မကွာသော်လည်းပိုက်ကညှပ်ချင်သည်...လုပ်ငန်းခွင်ဝင်နေသူမို့အနည်းငယ်ရင့်ကျက်တဲ့ပုံပေါက်နေပေမဲ့သူငယ်ချင်းတွေကြားမှာအသေးဆုံး...မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ပြည့်စုံထားသူဤလူသားကဒေါသအရာမှာလည်းသိပ်မထွက်တတ်...သည်းခံတတ်တဲ့နေရာမှာပါရမီဖြည့်ဆဲကာလကဘုရားအလောင်းလို...

"..."

"မနက်ကဘာစားချင်လို့လဲ..."

"ခိုတောင်မုန့်တီ..."

"နောက်မှမေမေ့ကိုလုပ်ကျွေးခိုင်း..."

"အင်း...ဟိုနေ့ကစိန်စိန်လုပ်ကျွေးတယ်...စားလို့မကောင်းလို့..."

"ဘယ်ဆိုင်ကဟာစားချင်လို့လဲ..."

"35 လမ်းပေါ်ကလေ...92 မရောက်ခင်နားက...နာမည်ကဘာဆိုလား..."

"သိုင်း..."

ရှေ့ဆက်ပြောဖို့စဉ်းစားနေတုန်းရင်းနှီးတဲ့အသံလှိုင်းတစ်ခုဖြတ်သန်းလာရာနေရာဆီမျှော်ကြည့်မိသည်...

"ဒေးဒေး..."

အသံမထွက်ပဲနှုတ်ခမ်းလှုပ်ရုံရေရွတ်ပြီးငေးကြည့်နေတဲ့ပိုက်ပုံစံကလိုချင်တဲ့ပစ္စည်းလေးတစ်ခုကိုတမ်းတမ်းတတငေးမောနေသလိုမျိုး...တစ်ချို့သူတွေကနှုတ်ခမ်းတွေပြုံးမှမျက်လုံးလေးတွေလိုက်ပြုံးတတ်ပေမဲ့...ပိုက်မျက်လုံးလေးတွေမှာအချိန်ပြည့်ပြုံးရိပ်လေးတွေသန်းနေတတ်သည်...

"သိုင်း...ငါဗိုက်ဆာတယ်...တစ်ခုခုလုပ်ပေး..."

မီးဖိုခန်းထဲရောက်မှပိုက်ရှိနေတာကိုသိသွားသလိုဟန်နဲ့ခပ်တင်းတင်းစကားဆိုလာတဲ့ဒေးကြောင့်ထမင်းခူးပေးဖို့ပြင်ရသည်...အနွေးထည်ပါးလေးတစ်ထည်သာဝတ်ထားပြီးအချမ်းပိုနေသည့်အတွက်လက်နှစ်ဖက်ကိုအိတ်ကပ်ထဲထည့်ကာဂုတ်လေးတိုထားတဲ့ဒေးကြောင့်...သိုင်းတစ်ယောက်ရေနွေးခွက်အရင်ပြင်ရသည်...

"ရော့...ဒါအရင်သောက်...အချမ်းပြေအောင်..."

"..."

ကမ်းပေးတဲ့ရေနွေးခွက်ကိုလှမ်းယူပြီးထိုင်ခုံမှာသေချာမထိုင်...ထမင်းခူးဖို့ပြင်နေတဲ့လူနောက်ကလိုက်ရှုပ်နေသည်မို့...

"နည်းနည်းဖယ်ဦး...ထိုင်ခုံမှာသေချာထိုင်ပါလားဒေးရာ..."

"မထိုင်ချင်ပါဘူး..."

နှစ်ကိုယ်ကြားကြားရုံဆိုလိုက်ပေမဲ့စားပွဲဝိုင်းမှာထိုင်နေသူပိုက်ကကြားသွားလေသလားမသိ...ချက်ချင်းထပြန်ဖို့လုပ်သည်...

"ငါပြန်တော့မယ်..."

"ပိုက်ထမင်းမကုန်ပဲမင်းမပြန်ရဘူး..."

"ကုန်ပါတယ်...သိုင်းရာ...Milo လဲကုန်ပြီ...ငါပန်းကန်တွေဆေးမပေးခဲ့တော့ဘူးနော်..."

မပြန်ရမှာစိုးသဖြင့်အတင်းကာရောMiloခွက်ကိုမော့ချရင်းနှုတ်ဆက်လာသည့်ပိုက်ကြောင့်စိတ်မကောင်း...ဒေးကတော့ဘာမှမဖြစ်သလိုဟန်နဲ့ရေနွေးသောက်မပျက်...

"စားလို့ရပြီ...ရော့...ဒီမှာငါးခြောက်ဖုတ်...ကြက်ဥကြော်ပေးရဦးမလား..."

"တော်ပြီ...မင်းကပြီးတာလား..."

သုံးပုံပုံနှစ်ပုံလောက်ကျန်သောထမင်းပန်းကန်ကိုသိမ်းဖို့ပြင်နေသူကြောင့်အမေးစကားဆိုမိတော့ခေါင်းတစ်ချက်သာညိမ့်ပြသည်...

"ငါလာလို့အနှောင့်အယှက်ဖြစ်သွားတာလား..."

"မဟုတ်ပါဘူးကွာ..."

~~~~~TBC~~~~~

Continue Reading

You'll Also Like

18.8K 1K 40
Cover photo credit to the rightful owner. ကလေးကို စတွေ့ခဲ့တည်းက ကိုယ့်ဘဝတစ်ခုလုံးကို ပုံအောပြီးချစ်ခဲ့တာ၊ ကလေးကို ထိခိုက်စေမယ့် ဘယ်အရာမှလုပ်မှာ မဟုတ်...
68.7K 3.5K 41
Unicode ကျွန်တော်ချစ်တဲ့ သူက ကျွန်တော့်လို ဘုန်းကံမြင့်တဲ့ ယောကျာ်းတစ်ယောက်မို့ ကျွန်တော် တန်ဖိုးထားတယ် ... @ မြူငွေ့ခိုး .... ထပ်ပြီးတော့ အများအမြ...
7.3K 412 38
မောင်....ငါတို့ရဲ့အချစ်က လူကြားထဲမှာဘာလို့ ဖော်ပြခွင့်မရတာလည်း..... တစ်နေ့နေ့၊တစ်ချိန်ချိန်မှာတော့ မောင်တို့နှစ်ယောက်ချစ်နေတာကို လူအများရှေ့မှာ မောင်...
304K 24K 43
part 19 (Uni+Zaw) လြတ္လပ္ေရးမရခင္ဂ်ပန္-အဂၤလိပ္ေခတ္ ကိုျပန္ေရာက္သြားတဲ့ေကာင္ေလး...... ေနၾကာပန္းေတေႂကြတဲ့အခါ ခင္မ်ားဘယ္မွာရွိေနမွာလဲ I'LL B-E T-H-E-R-E...