တောင်ကြည့်~~ မြောက်ကြည့်.....
အရှေ့ကြည့်....အနောက်ကြည့်~~
အားရပါးရ ခေါင်းကို 360° လှည့်ပြီးမှ Do kyung Sooတို့တစ်ယောက် လူရှင်းသည်ဟု အတည်ပြုလိုက်သည်......
သူမပြန်သေးတာ သိပေမဲ့လဲ~~ထိပ်တိုက်ကြီးသွားနှုတ်ဆက်လို့ ဘာလာလုပ်တာလဲ ဆိုရင်...ဘယ်လိုပြန်ဖြေရမလဲ~~
အဲ့တော့လဲရလာတဲ့အကြံက ခိုးပြီးချောင်းကြည့်ဖိုပါပဲ မသိရင် spy လိုလို ဘာလိုလို ပေါ့.....
ပတ်ဝန်းကျင် ကိုစူးစမ်းလိုက်တော့ ကျွန်တော့်နေရာ အစားဝင်တဲ့ အသစ်ကတော့ မရှိ
ပြန်သွားတာလား~~Bossအခန်းထဲမှာလား...
သူ့အခန်းထဲမှာဆို ဘာတွေလုပ်နေကြတာလဲ...ဘုရား ဘုရား မဟုတ်ပါဘူး
Bossက ရေခဲတုံးကြီးကို~~ဒါပေမဲ့လည်း.....
သူ့အခန်းတံခါးဖွင့်သံကြားလို့ အနားမှာရှိတဲ့ခုံအောက်ထဲ ၀င်ပုန်းနေရတာ သေချာတောင် မFeelလိုက်ရ
ခြေသံတော့ကြားတယ် ဒေါက်ဖိနပ်သံမဟုတ်ဘူး..သူ့ဖိနပ်သံပဲ ဒါဆို သူတစ်ယောက်တည်းပေါ့ yes!!!
အားးးးးး
အပျော်လွန်ပြီး ထခုန်လိုက်တာ ကျွန်တော်အခုနေ နေတဲ့ ပုံစံကိုမေ့သွားတယ်
ခုံအောက်ဆိုပေမဲ့ အလှဆင်ထားတဲ့ အုတ်ခုံအောက် ၀င်ပုန်းမိတာ ခေါင်းတော့သွားပါပြီ ဘယ်နှစ်ခန်းလွတ်သွားလဲမသိ....
"Kyung Soo shi"
ဟော်တော် ဒုက္ခ သူတွေ့သွားပြီ သူ့ဘက်လှည့်ကြည့်တော့သူက ကျွန်တော့်ကိုထူးဆန်းသလိုကြည့်နေတယ်
"kyung Soo shi က ဒီကိုဘာလို့်..."
''လာတာလဲ '' သူအဆုံးမသတ်တဲ့ဝါကျကို စိတ်ထဲကျွန်တော်ပဲ အဆုံးသတ်ပေးမိတယ်
"အဲ့တာကလေ ဟို ဟို လွမ်းလို့"
Oh My God ဘာပြောလိုက်တာလဲ ရူးသွားပြီလား
"ဘာကို...လွမ်း...aww kyung Soo shi လုပ်ခဲ့တဲ့ နေရာကိုလား..."
အမယ်လေး ကယ်တင်ရှင်ကြီး သူပဲဖြေပေးတာ သိပ်ချစ်ဖို့ကောင်းချက်
"ဟုတ်တယ် အဆင်ပြေလားလို့လာကြည့်တာ"
"kyung Soo shi က အစွဲအလမ်းကြီးတယ်နော် "
ကြီးပါ့ ခင်ဗျားကို အသေရရ အရှင်ရရ ယူမှာ ~~
"Boss ပြန်တော့မလို့လား"
"အင်း....kyung Soo shiရော"
"ကျွန်တော်ရောပဲ..."
သူလေ အရမ်းချောလာတယ် ကျွန်တော်သူ့ကိုမတွေ့ရတဲ့ ရက်တွေမှာ သူသိပ်ချောလာတာပဲ
"တူတူပြန်ကြတာပေါ့"
ဟယ် ပျော်တာပေါ့ ယို့
"ဟုတ်ကဲ့"
တူတူလမ်းလျှောက်ပြီးအပြင်ဘက်ကိုထွက်လာသည်
မသိရင် ချစ်သူတွေကြနေတာပဲ...
ကွကိုယ်တွေး ကွကိုယ်စိတ်ထဲ ကြိတ်ပျော်နေတာ
သူကလမ်းလျှောက်တာက အစ smart ကျတယ်
အပြင်လဲရောက်တော့ ကျွန်တော် သူ့နောက်ကနေ အသာလိုက်သွားတယ်
"kyung Soo shi~~ရဲ့ ကားဂိတ်က ဟိုဘက်မှာမဟုတ်ဘူးလား"
အမ်^ ^
ဘာလဲ....လူကိုလိုက်မပို့ဘူးလား....ဟိုက် သောက်ရှက်တွေတော့ ဗြန်းဗြန်း ကွဲ
"အဲ.....ကျွန်တော် အော် ဟို ဒီဘက်ကို သွားစရာလေးရှိလို့"
"ဟင် စောစောကပြောတော့ အိမ်ပဲပြန်မယ်ဆို"
ငနာလေး အာ့ကျမှတ်ထားရလား
"Bossက သိလို့လား ကျွန်တော် ဘယ်မှတ်တိုင်ကဘယ် Busစီးပြီးပြန်တယ်ဆိုတာ"
ဟုပ သူလဲမသိပဲနဲ့~~
"ဒီဘက်က Bus မှတ်တိုင်မှမရှိတာ"
ဟယ်~~ဟုတ်သား
"ဘာပဲဖြစ်ဖြစ် ကျွန်တော်သွားပြီ"
သူ့ပြောပြီးလှည့်ထွက်တော့ ဘိုးတော်က
"အယ် ဒီဘက်သွားစရာရှိတယ်ဆို"
ဒေါသ အစ် ငယ်ထိပ် ရောက်
"မသွားတော့ဘူး သွားချင်စိတ်ပျောက်သွားလို့"
လှည့်မကြည့်ကာ ခပ်ဆက်ဆက်လေး အော်လိုက်သည်
ကားမှတ်တိုင်မှာလဲ သိပ်မစောင့်လိုက်ရပါဘူး busရောက်လာတယ်
နေရာတော့မရ....
ငတုံးကြီး လူမှုရေးမသိတဲ့ ဂေါက်သီးကြီး ဘယ်နှယ့်တူတူပြန်မယ်ဆိုတာ company ရှေ့တူတူထွက်မယ် လို့ဘယ်သူထင်မှာလဲ
လိုက်ပို့တော့ မြွေကိုက်မှာကျနေတာပဲ ငတုံးကြီးလို့ပြောလဲမာန်တက်မယ်
သို့ပေမယ့် ထိုငတုံးလေးကိုမြင်လို့ စိတ်ချမ်းသာသွားရပါသည်~~~
TBC.........