Zawgyi
ေန႕ခင္းထမင္းစားခ်ိန္ေရာက္ေတာ့ထမင္းခ်ိဳင့္ဖြင့္ရင္း
ဟင္းေတြကုိစူးစမ္းလုိက္သည္။ ကုိဘုန္းတို႕အိမ္က
တကယ္ကုိဟင္းခ်က္ေကာင္းသည္ပဲ။ အိမ္ထမင္းဟင္းကုိၾကိဳက္သည္ကေတာ့ကြ်န္ေတာ္တုိ႕နွစ္ေယာက္တူညီသား....။
ကြ်န္ေတာ္တုိ႕နွစ္ေယာက္မွာတူညီသလုိလုိနွင့္
မတူညီတာေတြကမ်ားေလသည္။
ဥပမာ ကုိဘုန္းကပုဆုိးနဲ႕ရွပ္လက္ရွည္ကုိစြဲစြဲျမဲျမဲ
ဝတ္တတ္ေသာ္ျငားကြ်န္ေတာ့ဗီဒုိထဲတြင္
ပုဆုိးတစ္ထည္မွမရွိတာမ်ိဳးေပါ့။
တျခားဟာေတြလည္း လုိက္ေျပာရင္ကုန္မွာေတာင္
မဟုတ္။
ကိစၥေတာ့မရွိပါ။ ကြဲျပားျခားနားျခင္းသည္ကြ်န္ေတာ့
အခ်စ္အား မတုန္လႈပ္ေစနုိင္။
ပုဇြန္ထုပ္ဟင္းကုိကြ်န္ေတာ့ဘက္ဆြဲယူလုိက္ေတာ့
သူကရယ္ပါေလေရာ
" လုမစားပါဘူး ညီရာ"
" ကုိဘုန္းနဲ႕မွ မတည့္တာ"
လုိ႕ တုိးတုိးေျပာေတာ့မ်က္ခုံးပင့္ရင္းျပဳံးျပန္သည္။
ဟင့္အင္း ........
အဲ့ဒီလုိၾကီး ခဏခဏမျပဳံးပါနဲ႕လားဗ်ာ...
" ဒါကပင္လယ္စာမွမဟုတ္တာညီရေမြးျမဴေရးေတြပါ အဲ့ေလာက္ကရတယ္... အဓိကမတည့္တာက
ကင္းမြန္တုိ႕ဘာတုိ႕ေလ"
" အာ ေျပာလုိ႕မရဘူးေလ။ တစ္ခုခုျဖစ္ရင္ဘယ္လုိ
လုပ္မလဲ မစားပါနဲ႕ဗ်ာ"
ကြ်န္ေတာ့ေခါင္းကုိတစ္ခ်က္ပုတ္ရင္းေက်နပ္တဲ့သူ႕
စိတ္ကုိျပတဲ့အခါကြ်န္ေတာ္တမ်ိဳးတမည္ခံစားရသည္။
ကြ်န္ေတာ့စိတ္ပူပန္မႈဟာသူ႕အတြက္
သာမာန္ကာလ်ွံကာျဖစ္ေကာင္းျဖစ္နုိင္ေသာ္လည္း
ထုိင္ခုံကုိမွီထားေသာ ေခြ်းစက္တုိ႕ျဖင့္မ်က္နွာကုိျမင္
ေယာင္ရင္းထုိညက အိပ္၍ပင္မေပ်ာ္ခဲ့ေၾကာင္း
သူထင္မွတ္ခဲ့လိမ့္မည္မဟုတ္။
သူ႕အတြက္ေတာ့ ကြ်န္ေတာ္ကေကာက္ရလုိက္တဲ့
ညီေလးထက္မပုိခဲ့ေပ
ဒါဟာ ကြ်န္ေတာ္ေသခ်ာေပါက္ခန္႕မွန္းမိျပီးေသာ
နာက်င္မႈအပုိင္းအစမ်ားထဲမွ တခ်ိဳ႕ပင္ျဖစ္သည္။
ထမင္းစားေနရင္း
" ညီ့ကုိ ကုိယ္ေျပာစရာရွိလုိ႕။
မနက္ကေျပာမယ္ဆုိျပီး ဆရာေတြေရာက္လာတာနဲ႕
စကားကမဆက္စပ္ေတာ့ဘူးျဖစ္ကုန္တာ"
" ဟုတ္ ကုိဘုန္း ဘာလဲဟင္"
သူ႕အိတ္ထဲက Ringtone ျမည္သံ ....
ဖုန္းသံနဲ႕အတူ ဖ်တ္ခနဲျပဳံးသြားေသာသူ႕မ်က္နွာထား..
" ခဏေနာ္ ညီ ကုိယ္ဖုန္းေျပာလုိက္ဦးမယ္ စားနွင့္"
ထထြက္သြားေသာ သူ႕ေက်ာျပင္ေနာက္
ကြ်န္ေတာ္မေတြးခဲ့မိေသာကိစၥရပ္တခ်ိဳ႕ကပ္ပါသြားစဥ္
"မဟုတ္ေတာင္ ေမာင္ ဖုန္းဆက္ေတာ့မလုိ႕ပဲ
အတန္း၀င္ေနတာလား မသိတာနဲ႕ေမာင္ မနက္ျဖန္
ျပန္လာမွာ အင္း .........."
အေခၚအေ၀ၚတစ္ခုသည္ ကြ်န္ေတာ့ကုိ
တနင့္တပုိးနာက်င္ေစမွန္းစဥ္းမ်ွမရိပ္မိခဲ့။
စားလက္စထမင္းဟာ လည္ေခ်ာင္းမွတဆင့္
အစာလမ္းေၾကာင္းသုိ႕သြားရန္ျငင္းဆန္ေတာ့၏။
အေၾကာင္းမဲ့ထုိးဆြေနမိေသာထမင္းတုိ႕ဟာ
ဖြာလန္ၾကဲလ်က္ ..........
" ညီ စားမေကာင္းဘူးလားညီၾကိဳက္တဲ့
ငရုတ္သီးေၾကာ္ေလ"
" ကုိဘုန္း ...... ေကာင္မေလး .... လား"
တန္ျပန္ေမးခြန္းသည္မသက္ဆုိင္ေသာ္လည္း
ကြ်န္ေတာ္အေတာ္ပင္အားယူလုိက္ရသျဖင့္
ေလသံကျပတ္ေတာင္းေတာင္း။
သူကထုိင္ခုံေရွ႕ျပန္၀င္ထုိင္လုိက္ရင္း
" ဟား ညီ့ကုိေတာ့ညာလုိ႕မရဘူးပဲ
ဟုတ္တယ္ညီရ ကုိယ့္ေကာင္မေလး
ကုိယ္လက္ထပ္မယ့္သူေပါ့"
ကြ်န္ေတာ္အေငြ႕ပ်ံေပ်ာက္ကြယ္ခ်င္ခဲ့သည္။
အတည္ျပဳရန္ေမးမိေသာေမးခြန္းအားျပန္လည္
ရုတ္သိမ္းလုိ႕ရရင္ေကာင္းမည္ဟုထင္မိသည္။
ျပဳံးေသာသူ႕နႈတ္ခမ္းမ်ား....
ေႏြးေသာ သူ႕ေလသံအေနအထား....
တဆစ္ဆစ္နာက်င္လာေသာ နွလုံးသားသည္
မေမ်ွာ္လင့္ခဲ့မိေသာအေျခအေနအား ဆြံ႕အ တုန္ရီလ်က္
" သူနဲ႕ကုိယ္နဲ႕မေတြ႕တာၾကာျပီ
အခုကုိယ္ျပန္မွေတြ႕ရေတာ့မယ္ ဟားဟား"
ကုိယ္ခ်စ္ရေသာလူသားကသူခ်စ္ရေသာ
မိန္းကေလးအေၾကာင္းမ်က္နွာျခင္းဆုိင္ေျပာလာမည္ကုိ
ဟန္ေဆာင္နားေထာင္နုိင္ရေလာက္ေအာင္
ကြ်န္ေတာ္ခံနိုင္ရည္အားၾကီးသည္မဟုတ္။
" ျပန္မယ္ဆုိတာက"
နွစ္ရွည္စီမံကိန္းတစ္ခုကုိသူဦးေဆာင္ေနမွန္း
ကြ်န္ေတာ္သိပါလ်က္စကားလမ္းေၾကာင္းလႊဲမိသည္။
" ေၾသာ္ အင္း... ညီ့ကုိေျပာမယ္ဆုိတာ အဲ့ဒါေလ
ကုိယ္ခဏျပန္ရမယ္။ ဒီကကိစၥေတြအစီရင္ခံစာ
တင္ဖုိ႕ေလ"
" ၾကာမွာလား ကုိဘုန္းရ"
ျပန္မယ္ဆုိေတာ့လည္း ကြ်န္ေတာ့စိတ္ကမရုိးမယြ
ခက္ေတာ့ေနျပီပဲ
" အင္း ..... မၾကာပါဘူးတစ္ပါတ္ေလာက္ပဲအမ်ားဆုံး
ဆယ္ရက္ေပါ့။ ကုိယ္သြားတုန္း ေန႕ခင္းစာေတြ
ထမင္းစားရမယ္ေနာ္ေလ်ွာက္စားမေနနဲ႕"
တခါတခါသူေပးေသာရုိးရုိးရွင္းရွင္းဂရုစုိက္ၾကင္နာမႈေတြဟာကြ်န္ေတ့ကုိ သူ႕အေပၚတုိးလုိ႕ျမတ္နုိးေစမွန္း
မသိေလေရာ့သလား
ေနဦး .......... တစ္ပါတ္ဆုိေတာ့...
မွီပါ့မလား ကမန္းကတန္းေမးရျပန္သည္။
" ဆယ္ရက္ေလာက္ပဲေပါ့ေနာ္ကုိဘုန္းဒီ့ထက္ေတာ
မၾကာဘူးမဟုတ္လား "
" အင္း ဟုတ္တယ္ဘာလုိ႕လဲ ညီရ"
ကြ်န္ေတာ္လြမ္းေနမွာလုိ႕ ခပ္တည္တည္နဲ႕ေျဖလုိက္ျပီး စပ္ျဖဲျဖဲလုပ္ေနလုိက္ရကြာ ...
" ညီ့ကုိမနုိင္ဘူး" ဆုိတဲ့သူ႕လက္သုံးစကားပဲလာမွာ
" ဟုိ ေနာက္လလယ္ေလာက္ကြ်န္ေတာ့ေမြးေန႕
ရွိလုိ႕အဲ့ဒါ"
" ဟုတ္လား ........လလယ္ဆုိေတာ့မွီမွာပါ
ေျပာပါဦး ဘာလုိခ်င္လဲကုိယ္ဘာ၀ယ္ေပးရမလဲ"
ထုိသူ႕ထံမွ ကုိယ္တကယ္လုိခ်င္ခဲ့ေသာအရာသည္
မည္သည့္အခါမွရလိမ့္မည္မဟုတ္မွန္းသူ႕တြင္
ဆိုင္သူရွိေၾကာင္းသိလုိက္ရတဲ့ဒီေန႕တြင္
ပုိ၍ေသခ်ာသြားခဲ့ပါသည္။
ကြ်န္ေတာ္သည္ အခ်စ္ဟူသမ်ွနွင့္မထုိက္တန္သူပင္။
" ေတာ္ပါျပီ ကုိဘုန္းသာျပန္လာခဲ့ပါ
နုိ႕မုိ႕ကြ်န္ေတာ္ထမင္းငတ္မယ္"
ဆံပင္ေတြေပၚသုိ႕ထပ္တခါက်ေရာက္လာေသာ
သူ႕လက္ဖ၀ါးမ်ားအားအျခားသူတစ္ေယာက္
ပိုင္ေလသည္တဲ့ေလ။
ကြ်န္ေတာ္မငုိခ်င္ေတာ့ပါတကယ္ဆုိ ကြ်န္ေတာ္ဒါကုိ
ၾကိဳေတြးမိခဲ့သင့္တာေပါ့။
ကြ်န္ေတာ့အခ်စ္ကုိဖြင့္ဟ၀န္မခံသည့္တုိင္မိန္းကေလး
တစ္ေယာက္အားသူ႕ခ်စ္သူပါဟု ကြ်န္ေတာ့ကုိ
မိတ္ဆက္ေပးမည့္အခ်ိန္ကုိေမ့ေလ်ာ့ေနခဲ့သည္။
သူသည္ အရြယ္ေရာက္ျပီးသားလူတစ္ေယာက္။
အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္ရန္အသင့္ေတာ္ဆုံး
ေယာက်ာ္း....
ကြ်န္ေတာ္ကေတာ့ သူ႕ကုိေငးၾကည့္ရုံသာတတ္နုိင္တဲ့ သူ႕အတြက္ညီငယ္တစ္ေယာက္။
ၾကိမ္ဖန္မ်ားစြာခံစားရေသာ နာက်င္မႈမ်ားတြင္
ကြ်န္ေတာ္ေမာဟုိက္၍ေနပါျပီ
ကြ်န္ေတာ္ေျခကုန္လက္ပမ္းက်လုျပီ
ေလာကၾကီးကမတရားဟု
ေအာ္ဟစ္ရန္ပင္မတတ္နုိင္ေအာင္
ကြ်န္ေတာ္နာက်င္ေနျပီျဖစ္သည္
မွားယြင္းေရြးခ်ယ္မႈေၾကာင့္ကြ်န္ေတာ့နွလုံးသားဟာ
ေသြးတစိမ့္စိမ့္ယုိစီးေသာ္လည္းကြ်န္ေတာ့္ေရွ႕မွာ
ထုိင္လ်က္ရွိေသာထုိလူသားအနီးမွေျပးထြက္ရန္
စိတ္မကူး၀ံ့။
ေမ့ပစ္လုိက္ရန္ၾကိဳးစားျခင္းသည္တြင္ပင္ကြ်န္ေတာ္
အလူးအလိမ့္....
၀မ္းနည္းေၾကကြဲရျခင္းဟာအခ်စ္၏ဇာတ္ေကာင္ျဖစ္
သည္ကကြ်န္ေတာ္ထပ္၍သိလုိက္ေသာအခ်စ္၏
ဖြင့္ဆုိခ်က္ပင္ျဖစ္သည္။ ထုိသုိ႕ေသာအခ်စ္သည္
ကြ်န္ေတာ့အားၾကိမ္ဖန္မ်ားစြာ ထုိးနွက္ခဲ့ေလ၏
------------**-------------**-----------
ေယာက်ာ္းတစ္ေယာက္က
ေယာက်ာ္းတစ္ေယာက္ကုိခ်စ္မိျခင္းသည္
မလွပေသာဇာတ္သိမ္းအား
နွလုံးေသြးျဖင့္ ေရးဆြဲျခင္းပင္ျဖစ္သည္
ေနအလင္းစက္
Unicode
နေ့ခင်းထမင်းစားချိန်ရောက်တော့ထမင်းချိုင့်ဖွင့်ရင်း
ဟင်းတွေကိုစူးစမ်းလိုက်သည်။ ကိုဘုန်းတို့အိမ်က
တကယ်ကိုဟင်းချက်ကောင်းသည်ပဲ။ အိမ်ထမင်းဟင်းကိုကြိုက်သည်ကတော့ကျွန်တော်တို့နှစ်ယောက်တူညီသား....။
ကျွန်တော်တို့နှစ်ယောက်မှာတူညီသလိုလိုနှင့်
မတူညီတာတွေကများလေသည်။
ဥပမာ ကိုဘုန်းကပုဆိုးနဲ့ရှပ်လက်ရှည်ကိုစွဲစွဲမြဲမြဲ
ဝတ်တတ်သော်ငြားကျွန်တော့ဗီဒိုထဲတွင်
ပုဆိုးတစ်ထည်မှမရှိတာမျိုးပေါ့။
တခြားဟာတွေလည်း လိုက်ပြောရင်ကုန်မှာတောင်
မဟုတ်။
ကိစ္စတော့မရှိပါ။ ကွဲပြားခြားနားခြင်းသည်ကျွန်တော့
အချစ်အား မတုန်လှုပ်စေနိုင်။
ပုဇွန်ထုပ်ဟင်းကိုကျွန်တော့ဘက်ဆွဲယူလိုက်တော့
သူကရယ်ပါလေရော
" လုမစားပါဘူး ညီရာ"
" ကိုဘုန်းနဲ့မှ မတည့်တာ"
လို့ တိုးတိုးပြောတော့မျက်ခုံးပင့်ရင်းပြုံးပြန်သည်။
ဟင့်အင်း ........
အဲ့ဒီလိုကြီး ခဏခဏမပြုံးပါနဲ့လားဗျာ...
" ဒါကပင်လယ်စာမှမဟုတ်တာညီရမွေးမြူရေးတွေပါ အဲ့လောက်ကရတယ်... အဓိကမတည့်တာက
ကင်းမွန်တို့ဘာတို့လေ"
" အာ ပြောလို့မရဘူးလေ။ တစ်ခုခုဖြစ်ရင်ဘယ်လို
လုပ်မလဲ မစားပါနဲ့ဗျာ"
ကျွန်တော့ခေါင်းကိုတစ်ချက်ပုတ်ရင်းကျေနပ်တဲ့သူ့
စိတ်ကိုပြတဲ့အခါကျွန်တော်တမျိုးတမည်ခံစားရသည်။
ကျွန်တော့စိတ်ပူပန်မှုဟာသူ့အတွက်
သာမာန်ကာလျှံကာဖြစ်ကောင်းဖြစ်နိုင်သော်လည်း
ထိုင်ခုံကိုမှီထားသော ချွေးစက်တို့ဖြင့်မျက်နှာကိုမြင်
ယောင်ရင်းထိုညက အိပ်၍ပင်မပျော်ခဲ့ကြောင်း
သူထင်မှတ်ခဲ့လိမ့်မည်မဟုတ်။
သူ့အတွက်တော့ ကျွန်တော်ကကောက်ရလိုက်တဲ့
ညီလေးထက်မပိုခဲ့ပေ
ဒါဟာ ကျွန်တော်သေချာပေါက်ခန့်မှန်းမိပြီးသော
နာကျင်မှုအပိုင်းအစများထဲမှ တချို့ပင်ဖြစ်သည်။
ထမင်းစားနေရင်း
" ညီ့ကို ကိုယ်ပြောစရာရှိလို့။
မနက်ကပြောမယ်ဆိုပြီး ဆရာတွေရောက်လာတာနဲ့
စကားကမဆက်စပ်တော့ဘူးဖြစ်ကုန်တာ"
" ဟုတ် ကိုဘုန်း ဘာလဲဟင်"
သူ့အိတ်ထဲက Ringtone မြည်သံ ....
ဖုန်းသံနဲ့အတူ ဖျတ်ခနဲပြုံးသွားသောသူ့မျက်နှာထား..
" ခဏနော် ညီ ကိုယ်ဖုန်းပြောလိုက်ဦးမယ် စားနှင့်"
ထထွက်သွားသော သူ့ကျောပြင်နောက်
ကျွန်တော်မတွေးခဲ့မိသောကိစ္စရပ်တချို့ကပ်ပါသွားစဉ်
"မဟုတ်တောင် မောင် ဖုန်းဆက်တော့မလို့ပဲ
အတန်းဝင်နေတာလား မသိတာနဲ့မောင် မနက်ဖြန်
ပြန်လာမှာ အင်း .........."
အခေါ်အဝေါ်တစ်ခုသည် ကျွန်တော့ကို
တနင့်တပိုးနာကျင်စေမှန်းစဉ်းမျှမရိပ်မိခဲ့။
စားလက်စထမင်းဟာ လည်ချောင်းမှတဆင့်
အစာလမ်းကြောင်းသို့သွားရန်ငြင်းဆန်တော့၏။
အကြောင်းမဲ့ထိုးဆွနေမိသောထမင်းတို့ဟာ
ဖွာလန်ကြဲလျက် ..........
" ညီ စားမကောင်းဘူးလားညီကြိုက်တဲ့
ငရုတ်သီးကြော်လေ"
" ကိုဘုန်း ...... ကောင်မလေး .... လား"
တန်ပြန်မေးခွန်းသည်မသက်ဆိုင်သော်လည်း
ကျွန်တော်အတော်ပင်အားယူလိုက်ရသဖြင့်
လေသံကပြတ်တောင်းတောင်း။
သူကထိုင်ခုံရှေ့ပြန်ဝင်ထိုင်လိုက်ရင်း
" ဟား ညီ့ကိုတော့ညာလို့မရဘူးပဲ
ဟုတ်တယ်ညီရ ကိုယ့်ကောင်မလေး
ကိုယ်လက်ထပ်မယ့်သူပေါ့"
ကျွန်တော်အငွေ့ပျံပျောက်ကွယ်ချင်ခဲ့သည်။
အတည်ပြုရန်မေးမိသောမေးခွန်းအားပြန်လည်
ရုတ်သိမ်းလို့ရရင်ကောင်းမည်ဟုထင်မိသည်။
ပြုံးသောသူ့နှုတ်ခမ်းများ....
နွေးသော သူ့လေသံအနေအထား....
တဆစ်ဆစ်နာကျင်လာသော နှလုံးသားသည်
မမျှော်လင့်ခဲ့မိသောအခြေအနေအား ဆွံ့အ တုန်ရီလျက်
" သူနဲ့ကိုယ်နဲ့မတွေ့တာကြာပြီ
အခုကိုယ်ပြန်မှတွေ့ရတော့မယ် ဟားဟား"
ကိုယ်ချစ်ရသောလူသားကသူချစ်ရသော
မိန်းကလေးအကြောင်းမျက်နှာခြင်းဆိုင်ပြောလာမည်ကို
ဟန်ဆောင်နားထောင်နိုင်ရလောက်အောင်
ကျွန်တော်ခံနိုင်ရည်အားကြီးသည်မဟုတ်။
" ပြန်မယ်ဆိုတာက"
နှစ်ရှည်စီမံကိန်းတစ်ခုကိုသူဦးဆောင်နေမှန်း
ကျွန်တော်သိပါလျက်စကားလမ်းကြောင်းလွှဲမိသည်။
" သြော် အင်း... ညီ့ကိုပြောမယ်ဆိုတာ အဲ့ဒါလေ
ကိုယ်ခဏပြန်ရမယ်။ ဒီကကိစ္စတွေအစီရင်ခံစာ
တင်ဖို့လေ"
" ကြာမှာလား ကိုဘုန်းရ"
ပြန်မယ်ဆိုတော့လည်း ကျွန်တော့စိတ်ကမရိုးမယွ
ခက်တော့နေပြီပဲ
" အင်း ..... မကြာပါဘူးတစ်ပါတ်လောက်ပဲအများဆုံး
ဆယ်ရက်ပေါ့။ ကိုယ်သွားတုန်း နေ့ခင်းစာတွေ
ထမင်းစားရမယ်နော်လျှောက်စားမနေနဲ့"
တခါတခါသူပေးသောရိုးရိုးရှင်းရှင်းဂရုစိုက်ကြင်နာမှုတွေဟာကျွန်တေ့ကို သူ့အပေါ်တိုးလို့မြတ်နိုးစေမှန်း
မသိလေရော့သလား
နေဦး .......... တစ်ပါတ်ဆိုတော့...
မှီပါ့မလား ကမန်းကတန်းမေးရပြန်သည်။
" ဆယ်ရက်လောက်ပဲပေါ့နော်ကိုဘုန်းဒီ့ထက်တော
မကြာဘူးမဟုတ်လား "
" အင်း ဟုတ်တယ်ဘာလို့လဲ ညီရ"
ကျွန်တော်လွမ်းနေမှာလို့ ခပ်တည်တည်နဲ့ဖြေလိုက်ပြီး စပ်ဖြဲဖြဲလုပ်နေလိုက်ရကွာ ...
" ညီ့ကိုမနိုင်ဘူး" ဆိုတဲ့သူ့လက်သုံးစကားပဲလာမှာ
" ဟို နောက်လလယ်လောက်ကျွန်တော့မွေးနေ့
ရှိလို့အဲ့ဒါ"
" ဟုတ်လား ........လလယ်ဆိုတော့မှီမှာပါ
ပြောပါဦး ဘာလိုချင်လဲကိုယ်ဘာဝယ်ပေးရမလဲ"
ထိုသူ့ထံမှ ကိုယ်တကယ်လိုချင်ခဲ့သောအရာသည်
မည်သည့်အခါမှရလိမ့်မည်မဟုတ်မှန်းသူ့တွင်
ဆိုင်သူရှိကြောင်းသိလိုက်ရတဲ့ဒီနေ့တွင်
ပို၍သေချာသွားခဲ့ပါသည်။
ကျွန်တော်သည် အချစ်ဟူသမျှနှင့်မထိုက်တန်သူပင်။
" တော်ပါပြီ ကိုဘုန်းသာပြန်လာခဲ့ပါ
နို့မို့ကျွန်တော်ထမင်းငတ်မယ်"
ဆံပင်တွေပေါ်သို့ထပ်တခါကျရောက်လာသော
သူ့လက်ဖဝါးများအားအခြားသူတစ်ယောက်
ပိုင်လေသည်တဲ့လေ။
ကျွန်တော်မငိုချင်တော့ပါတကယ်ဆို ကျွန်တော်ဒါကို
ကြိုတွေးမိခဲ့သင့်တာပေါ့။
ကျွန်တော့အချစ်ကိုဖွင့်ဟဝန်မခံသည့်တိုင်မိန်းကလေး
တစ်ယောက်အားသူ့ချစ်သူပါဟု ကျွန်တော့ကို
မိတ်ဆက်ပေးမည့်အချိန်ကိုမေ့လျော့နေခဲ့သည်။
သူသည် အရွယ်ရောက်ပြီးသားလူတစ်ယောက်။
အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ရန်အသင့်တော်ဆုံး
ယောကျာ်း....
ကျွန်တော်ကတော့ သူ့ကိုငေးကြည့်ရုံသာတတ်နိုင်တဲ့ သူ့အတွက်ညီငယ်တစ်ယောက်။
ကြိမ်ဖန်များစွာခံစားရသော နာကျင်မှုများတွင်
ကျွန်တော်မောဟိုက်၍နေပါပြီ
ကျွန်တော်ခြေကုန်လက်ပမ်းကျလုပြီ
လောကကြီးကမတရားဟု
အော်ဟစ်ရန်ပင်မတတ်နိုင်အောင်
ကျွန်တော်နာကျင်နေပြီဖြစ်သည်
မှားယွင်းရွေးချယ်မှုကြောင့်ကျွန်တော့နှလုံးသားဟာ
သွေးတစိမ့်စိမ့်ယိုစီးသော်လည်းကျွန်တော့်ရှေ့မှာ
ထိုင်လျက်ရှိသောထိုလူသားအနီးမှပြေးထွက်ရန်
စိတ်မကူးဝံ့။
မေ့ပစ်လိုက်ရန်ကြိုးစားခြင်းသည်တွင်ပင်ကျွန်တော်
အလူးအလိမ့်....
ဝမ်းနည်းကြေကွဲရခြင်းဟာအချစ်၏ဇာတ်ကောင်ဖြစ်
သည်ကကျွန်တော်ထပ်၍သိလိုက်သောအချစ်၏
ဖွင့်ဆိုချက်ပင်ဖြစ်သည်။ ထိုသို့သောအချစ်သည်
ကျွန်တော့အားကြိမ်ဖန်များစွာ ထိုးနှက်ခဲ့လေ၏
------------**-------------**-----------
ယောကျာ်းတစ်ယောက်က
ယောကျာ်းတစ်ယောက်ကိုချစ်မိခြင်းသည်
မလှပသောဇာတ်သိမ်းအား
နှလုံးသွေးဖြင့် ရေးဆွဲခြင်းပင်ဖြစ်သည်
နေအလင်းစက်