မပြိုသောကောင်းကင်၊မကြွေသောကြယ်

By SilverQueen947

5.3M 454K 29K

မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှ... More

About Story
နေအလင်းစက်
မြသော်က
ဘုန်းလင်္ကာ
ဇာတ်လမ်း - ၁
ဇာတ်လမ်း - ၂
ဇာတ်လမ်း - ၃
ဇာတ်လမ်း - ၄
ဇာတ်လမ်း- ၅
ဇာတ်လမ်း - ၆
ဇာတ်လမ်း - ၇
ဇာတ်လမ်း - ၈
ဇာတ်လမ်း - ၉
ဇာတ်လမ်း - ၁၁
ဇာတ်လမ်း - ၁၂
ဇာတ်လမ်း - ၁၃
ဇာတ်လမ်း - ၁၄
ဇာတ်လမ်း - ၁၅
ဇာတ်လမ်း - ၁၆
ဇာတ်လမ်း - ၁၇
ဇာတ်လမ်း - ၁၈
ဇာတ်လမ်း - ၁၉
ဇာတ်လမ်း - ၂၀
ဇာတ်လမ်း - ၂၁
ဇာတ်လမ်း - ၂၂
ဇာတ်လမ်း - ၂၃
ဇာတ်လမ်း - ၂၄
ဇာတ်လမ်း - ၂၅
ဇာတ်လမ်း - ၂၆
ဇာတ်လမ်း - ၂၇
ဇာတ်လမ်း - ၂၈
ဇာတ်လမ်း - ၂၉
ဇာတ်လမ်း - ၃၀
ဇာတ်လမ်း - ၃၁
ဇာတ်လမ်း - ၃၂
ဇာတ်လမ်း - ၃၃
ဇာတ်လမ်း - ၃၄
ဇာတ်လမ်း - ၃၅
ဇာတ်လမ်း - ၃၆
ဇာတ်လမ်း - ၃၇
ဇာတ်လမ်း - ၃၈
ဇာတ်လမ်း - ၃၉
ဇာတ်လမ်း - ၄၀
ဇာတ်လမ်း - ၄၁
ဇာတ်လမ်း - ၄၂
ဇာတ်လမ်း - ၄၃
ဇာတ်လမ်း - ၄၄
ဇာတ်လမ်း - ၄၅
ဇာတ်လမ်း - ၄၆
ဇာတ်လမ်း - ၄၇
ဇာတ်လမ်း - ၄၈
ဇာတ်လမ်း - ၄၉
ဇာတ်လမ်း - ၅၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်ရှိခြင်း
Extra - 0
Extra
Extra 2
Extra 3
Extra 4
Extra - 5
Extra 6 ( V day Special)
V Day Special Extra (Part II)
Extra 7
Order
Extra
Extra ii
Extra iii
Extra iv
အခန်းပို (၁၀)
အခန်းပို (၁၁)
Extra V
Extra VI

ဇာတ်လမ်း - ၁၀

72.7K 6.8K 327
By SilverQueen947

Zawgyi

ရႈပ္ေထြးလြန္းသည္......။

ကြ်န္ေတာ့စိတ္ထဲရႈပ္ေထြးေနတဲ့အရာကဘာမ်ားလဲ။

အိပ္ယာထဲမွာနဖူးေပၚလက္တင္ျပီးစဥ္းစားေနမိသည္။

"ဆုိဖာေပၚမွာခဏလွဲေနဦး" ဆုိျပီး

ရႈပ္ပြေနသည့္တစ္အိမ္လုံးကုိ ရွင္းလင္းေပးေနသည့္ကုိဘုန္း

" ေရခဲေသတာၱထဲမွာလည္း Milo ဗူးေတြကလြဲရင္
ဘာမွမရွိပါလား ညီရာ။ မင္းတစ္အိမ္လုံးမွာလည္း
ေခါက္ဆြဲေျခာက္အျပင္စားစရာကုိမရွိဘူး"

တားေနတဲ့ၾကားကပဲ ေအာက္ထပ္ကုိဆင္းေပါင္မုန္႕ေတြ၊ ၾကက္ဥေတြနဲ႕

တုိလီမုတ္စေတြဆင္း၀ယ္ျပီးျဖည့္ထားေပးသြားသည့္ကုိဘုန္း။

" ထင္တဲ့အတုိင္းကုိယ္ကပူေနျပီပဲ ။ ညစာကုိဆန္ျပဳတ္ပဲေသာက္ေတာ့
ကုိယ္ျပဳတ္ထားေပးခဲ့မယ္ ျပီးရင္ေဆးေသာက္ျပီးနားေတာ့
ေနာက္ေန႕မွထပ္လာခဲ့မယ္ ဟုတ္ျပီလား "

အကုန္လုံးစီမံေနသည့္ကုိဘုန္းကုိဘာမွမေျပာဘဲ ထုိင္သာၾကည့္ေနမိေတာ့သည္။

သူျပန္သြားတဲ့အခါ အရင္ကတစ္ေယာက္တည္း
​ေနေနက်တုိက္ခန္းဟာခ်က္ခ်င္းလက္ငင္းေျခာက္ကပ္သြားသလုိမ်ိဳး ... ။

အထူးအဆန္းမဟုတ္ပါဘဲ ခေနာဆန္ျပဳတ္ထုပ္ကုိ
ၾကက္ဥထည့္ျပဳတ္ေပးထားတဲ့ ဆန္ျပဳတ္ကုိကပဲ အရမ္းအရသာရွိေနသလုိမ်ိဳး ...။

ေဆးဆုိတာကုိေယာင္လုိ႕ေတာင္လွည့္မၾကည့္တတ္သည့္ကြ်န္ေတာ္က
စားျပီးျပီးခ်င္း တြန္႕ဆုတ္ေတြေ၀မေနဘဲေဆးေရာင္စုံကုိတျပိဳင္နက္
​ေသာက္ခ်လုိက္တာမ်ိဳး ..။

" ညက် ေႏြးေႏြးေထြးေထြးအိပ္" ဆုိသျဖင့္

Air-con ခန္းထဲ Half-Naked အိပ္တတ္တဲ့ကြ်န္ေတာ္က
ညအိပ္၀တ္စုံ၀တ္ျပီးေစာင္ျခဳံအိပ္တာမ်ိဳး ...။

နာခံတတ္ျခင္းေတြဟာကြ်န္ေတာ္နွင့္ကီးမကုိက္သည့္တုိင္
သူ႕အလုိလုိေနသားက်သြားတာ ဘာလုိ႕မ်ားျဖစ္နုိင္လိမ့္မလဲ။

နဖူးေပၚခပ္ဖြဖြထိလာတဲ့လက္ဖ၀ါးျပင္ကုိစဥ္းစားမိလိုက္ရင္ပဲ
တထိတ္ထိတ္ခုန္လာတဲ့ရင္ဟာ ဘာေၾကာင့္ျဖစ္မလဲ။

အျမဲတမ္းအထီးက်န္ခဲ့ရသူမုိ႕ကုိယ့္ကုိဂရုစုိက္ေပးတဲ့လူတစ္ေယာက္၊ ေႏြးေထြးၾကင္နာတတ္တဲ့သူတစ္ေယာက္ကုိေတာင့္တလုိအပ္ျခင္းလား။

အၾကိမ္ၾကိမ္အခါခါပင္ကုိယ္လုိအပ္တုိင္းရွိေနေပးတတ္သူမို႕
ေရနစ္သူရဲ႕ျမက္တစ္ပင္အျဖစ္အားကုိးအားထားမိတာမ်ားလား။

ထားပါေတာ့ ..

အစ္ကုိတစ္ေယာက္လုိ၊ မိသားစု၀င္တစ္ေယာက္လုိ
ျငိတြယ္မိသည္ဆုိပါစုိ႕ေအးျငိမ္းစြာျပဳံးျပတတ္တဲ့အျပဳံးတုိင္းတြင္
ပူေလာင္ေနေသာစိတ္တုိ႕ ဟုပ္ ခနဲျငိမ္းသြားတာေတြ .....

ညင္ညင္သာသာေျပာတဲ့စကားတုိင္းကုိ ထပ္ခါထပ္ခါေတာင့္တတ္တာေတြ၊

ဆူတာကုိပင္ေလသံေအးနွင့္ ဆုံးမစကားတုိ႕ဆုိသည့္အခါနားထဲမွတဆင့္ ဦးေနွာက္ထဲတြင္

ထည့္မွတ္ျပီးသားျဖစ္သြားတတ္တာေတြ...

ေခါင္းကုိဖြဖြပုတ္ခ်ိန္တုိင္းကုိယ္ေတာင္သတိမထားမိပါဘဲျပဳံးေနမိသည့္                                     အခိုက္အတန္႕ေတြ .....

စသည္ျဖင့္ပုံစံမတူေသာအရာမ်ားကုိေတာ့ျဖင့္ မည္သုိ႕အဓိပၸါယ္ဖြင့္ဆုိရမည္နည္း

အခ်စ္ ...............

အဟက္ ...

ဘယ့္နွယ္ မဟုတ္ကဟုတ္ကကုိ။

ကြ်န္ေတာ္ကလည္းေယာက်ာ္း၊ ကုိဘုန္းကလည္းေရမေရာတဲ့ေယာက်ာ္း။

ဘယ္နွယ့္ေၾကာင့္အခ်စ္ျဖစ္ရမွာလဲ။
ျငင္းဆန္စကားကုိေလွာင္ရယ္ဆုိရင္းပင္ရင္ဘတ္တစ္ေနရာဆီမွ
ထူးဆန္းတဲ့ခုန္လႈပ္မႈတစ္ခုကုိဥေပကၡာျပဳ၍မရ။

အခ်စ္ဟူသည့္ စကားလုံးကုိၾကားရရုံနဲ႕သိမ္သိမ္ေမြ႕ေမြ႕ကေန
တျဖည္းျဖည္းခ်င္းခုန္လာတဲ့ရင္ဘတ္ကုိ
လက္နွစ္ဖက္နဲ႕ပင္ဖိထားရသည္အထိ။

ဟင့္အင္း ............

ဒါမဟုတ္ေသးဘူးေလေနာ္။ ကြ်န္ေတာ္ကေယာက်ာ္းတစ္ေယာက္ပါ။
အာရုံလႊဲၾကည့္တဲ့အေနနဲ႕ဂိမ္းေဆာ့ဖုိ႕ျပင္လိုက္တယ္ဆုိရင္ပဲ

" ဟုိထဲမွာ ဘယ္ေလာက္ေတာင္
ပင္ပန္းလိမ့္မလဲ ဒီညေသခ်ာအိပ္ေပ်ာ္ေအာင္အိပ္"

ဆုိသည့္စကားကုိၾကားေယာင္လာျပီးေစာင္ကုိဖယ္ဖုိ႕လက္ကတြန္႕ခနဲ

ဟာ .......

ဒါဘယ္လုိခံစားခ်က္ၾကီးတုန္းကြာ။

မဟုတ္ေသးဘူး ကြ်န္ေတာ္ကေယာက်ာ္းခ်င္းသေဘာက်တတ္သူလား။

အခုခ်ိန္ထိရည္းစားထားဖုိ႕စိတ္ကူးမရွိေသးတာအဲဒါေၾကာင့္မ်ားလား။

မဟုတ္ဘူး ...။

ရည္းစားမထားရတဲ့အေၾကာင္းရင္းကကြ်န္ေတာ္ခ်စ္ရမွာကိုေၾကာက္တာ
တစုံတေယာက္ကုိခ်စ္မိရင္နာက်င္ပင္ပန္းရမွာကုိေၾကာက္လုိ႕ပါ

တကယ္တမ္းျပန္စဥ္းစားၾကည့္ေတာ့မွ
ကြ်န္ေတာ္  ဘယ္မိန္းကေလးကုိမွစိတ္မ၀င္စားဖူးဘူးပဲ ..။
ဒါေပမယ့္ ဘယ္ေယာက်ာ္းေလးကုိမွလည္းစိတ္မ၀င္စားဖူးတာေသခ်ာပါသည္။

ကြ်န္ေတာ့ေခါင္းတစ္ခုလုံးထူပူလာသလုိအသက္ရႈလုိ႕လည္းမေကာင္းေတာ့။

ခပ္တုိးတုိးဆဲေရးရင္း သက္ျပင္းကုိအတြင္တြင္ခ်မိသည္။

ကြ်န္ေတာ္ကတကယ္ပဲေယာက်ာ္းတစ္ေယာက္ကုိၾကိဳက္တတ္တဲ့သူလား။

အေျဖမဲ့ေသာေမးခြန္းဟာ တ၀ဲလည္လည္ ..။

မဟုတ္ေသးဘူး ..။

ျပန္စဥ္းစားၾကည့္ေတာ့ကြ်န္ေတာ္ ၇တန္းတုန္းက ဆယ္တန္းက
အစ္မၾကီးကုိအေသအလဲေၾကြခဲ့ဖူးတာပဲ။

ဒါေပမယ့္ အဲ့အစ္မၾကီးကေခ်လြန္း၊ တင္းလြန္းတာမုိ႕ကြ်န္ေတာ္ဖြင့္မေျပာခဲ့။

ကြ်န္ေတာ္ဆုိတဲ့ေကာင္ကလည္း အဲ့လုိလူစား။

အဲ့ဒီတုန္းက ကြ်န္ေတာ့ဒဏ္ကုိအခံရဆုံးက ေသာ္ကပဲ။

ျပန္ေတြးမိေတာ့ကြ်န္ေတာ္လြမ္းေမာရသည္။

ေသာ္က ..........။

ကြ်န္ေတာ့အခ်စ္ဆုံးသူငယ္ခ်င္း။

ဘ၀မွာတြယ္တာစရာဟူ၍ သူပဲရွိတာဟုသတ္မွတ္ထားေသာကြ်န္ေတာ့ငယ္သူငယ္ခ်င္း။

အခက္အခဲေတြၾကဳံလာတုိင္း၊ ေမာပန္းနာက်င္တုိင္း သူမကကြ်န္ေတာ့အတြက္ျဖစ္ေပးခဲ့သည္။

ကြ်န္ေတာ့အတြက္မရွိမျဖစ္လုိအပ္သူတစ္ေယာက္။

ငုိမလား၊ ရယ္မလားသူမကကြ်န္ေတာ့အနားအျမဲအဆင္သင့္ရွိေပးခဲ့သူ။

အခုခ်ိန္ေသာ္ကသာအနားမွုာရွိရင္ကြ်န္ေတာ္ဒီေလာက္ခက္ခဲေနမွာမဟုတ္ဟုထင္သည္။

ကြ်န္ေတာ္ခံစားရသမ်ွအားလုံးဖြင့္ေျပာျပီး သူမအၾကံညဏ္ေပးတာကုိလက္ခံမိမွာပင္။

ဖုန္းထဲကေနာက္ဆုံးတစ္ခုအေနနဲ႕ခ်န္ရစ္ထားခဲ့ေသာ Message တစ္ေစာင္ကုိ
ဖြင့္ဖတ္ၾကည့္ရင္း ကြ်န္ေတာ္မ်က္ရည္၀ဲရသည္။

" ငါေတာင္းပန္ပါတယ္ လင္းစက္ရယ္ နင္ကငါ့ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းပါ" တဲ့ေလ

လိမ္တယ္ ..........။

ေပါက္ခနဲက်သြားသည့္မ်က္ရည္စကုိခပ္ၾကမ္းၾကမ္းပင္ပြတ္သုတ္လုိက္သည္။

အဆင္ေျပေနမွာပါ ...။

ထက္ျမက္ျပီးကုိယ့္ကုိယ္ကုိယုံၾကည္မႈလည္းရွိ၊ မိဘရဲ႕စနစ္တက်သြန္သင္မႈေအာက္မွာ
ေႏြးေႏြးေထြးေထြးၾကီးျပင္းခဲ့သူမုိ႕ဘယ္ကုိေရာက္ေရာက္
ဘာပဲလုပ္လုပ္ အကုန္အဆင္ေျပမွာပါ။

" ငါ့ကုိနင့္လုိပဲၾကင္နာတတ္တဲ့သူတစ္ေယာက္
ရွိေနျပီေသာ္က ။ ငါေလ သူ႕ေၾကာင့္အရမ္းေပ်ာ္တယ္"

တုိးဖြဖြေရရြတ္မႈရဲ႕အဆုံး ကြ်န္ေတာ့နွလုံးသားဟာပရမ္းပတာခုန္လာခဲ့ပါေတာ့သည္။
မျဖစ္ေသးဘူး ကြ်န္ေတာ္တစ္ခုခုေတာ့လုပ္မွပါ ..။

ဗီဒုိေအာက္ဆုံးအဆင့္ကေသတၱာတစ္လုံးကုိထုတ္ယူလုိက္သည္။

ေသတၱာထဲကထြက္လာတာေတြကကြ်န္ေတာ္ၾကိဳက္ေသာမင္းသမီးေတြရဲ႕
ပုိစတာမ်ား၊ အေခြမ်ား၊ မဂၢဇင္းစာအုပ္မ်ား။

အစြဲအလမ္းၾကီးတတ္ေသာကြ်န္ေတာ္သည္ကြ်န္ေတာ္ၾကိဳက္သည့္မင္းသမီးေတြပါေသာ
ဖက္ရွင္မဂၢဇင္းျဖစ္ေစ၊ အင္တာဗ်ဴးမ်ားျဖစ္ေစေတြ႕သည့္ေနရာမွာခ်က္ခ်င္း၀ယ္ျပီး
သိမ္းထားတတ္ခဲ့သည္ေသာ္ကကလည္းအဲ့ဒီအက်င့္ကုိမီးေလာင္ရာေလပင့္
အေသအခ်ာေမြးျမဴေပးခဲ့တာပဲျဖစ္၏။

ဖုန္းထဲမွာအလြယ္တကူရွာေဖြယူနုိင္ေသာ္လည္းကြ်န္ေတာ့လက္ထဲမွာျမင္ေနရတာကုိ
ပုိသေဘာက်ေသာေၾကာင့္သိမ္းဆည္းခဲ့ရင္းက မ်ားမ်ားလာတာပဲျဖစ္သည္။

ဆယ္တန္းေရာက္ေတာ့ မလုပ္ျဖစ္ေတာ့ပါ။

Megan Fox .. ကြ်န္ေတာ့အခ်စ္  .....

Transformers ထဲမွာကတည္းကေၾကြခဲ့ရေသာသူေလးကုိ

လိပ္နင္ဂ်ာဟုကြ်န္ေတာ္တုိ႔ေခၚၾကသည့္ Teenage Mutant Ninja Turtles  မွာ စပ္စပ္စုစုသတင္းေထာက္မေလးအျဖစ္ ေတြ႕ရတာကြ်န္ေတာ့မွာေပ်ာ္လုိ႕မဆုံး။

ေနာက္ Jennifer Lawrence ......

ဒါကကြ်န္ေတာ့အခ်စ္ဆုံး။
သူ႕ကုိေတာ့ Hunger Game မွာမေၾကြခင္X-men ထဲမွ Mystique အျဖစ္
လူလုံးမကြဲေသာအျပာေရာင္မိန္းကေလးကုိပင္စတင္ေၾကြဆင္းခဲ့ရတာ။

ကြ်န္ေတာ့အသက္ဗူးေလး Emma Watson ....

Emma အေငြ႕အသက္ေလးေတြရေအာင္သူတက္ခဲ့သည့္​ေက်ာင္းကုိေျပာင္းမယ္ဆုိျပီး
ေအာ္ဟစ္တုန္းက ေသာ္ကနဲ႕ရန္ျဖစ္ရတာမွတ္မိေသး၏
Emma ကုိမွ မရရင္ဒီတစ္သက္မိန္းမမယူပါဘူးလုိ႕ေတာင္ ဟစ္ေၾကြးခဲ့တဲ့ကြ်န္ေတာ္။

ေတြးၾကည့္ေတာ့ရယ္ရသား ....

ေနာက္ေတာ့ Selena, Ariana ....

ဒါေလးေတြကလည္းကြ်န္ေတာ့အားေဆးေလးေတြ။ ေသာ္က ကေတာ့ေျပာပါတယ္
နင္ၾကိဳက္သမ်ွကလည္း နင့္ထက္အသက္ၾကီးတာေတြခ်ည္းပဲတဲ့။

ဘာျဖစ္လဲ မမေပါ့၊ မဟုတ္ရင္လည္း မ, ေပါ့ ဆုိျပီးစကားနုိင္လုခဲ့ေသးတာ။

ၾကည့္ပါလား ကြ်န္ေတာ္သူတုိ႕ကုိရင္ခုန္ေနေသးသားပဲ
ၾကိဳက္ေနေသးသားပဲ ထပ္ဆန္းစစ္ဖုိ႕လုိအပ္လာျပီ။

ကြ်န္ေတာ့ဖုန္းထဲကုိ၀င္ျပီး FB Acc ကိုဖြင့္လိုက္ေတာ့ Newfeed တစ္ခုလုံး၀ုန္းဒုိင္းၾကဲေနတာက ေကာင္ေလးတစ္ေယာက္အက်ီခြ်တ္နဲ႕ပုံ ...... ပုံကေတာ့သူတစ္ေယာက္ထဲအတူတူပဲ။

မတူတာက Caption ေတြ .....

အုိ၊ ဟာ၊ ဟင္ စသည္ျဖင့္ အာေမဋိတ္အစုံအလင္ ...

Body ေရာ အရပ္ကပါအလန္း ....

ဘယ္သူတုန္း ၀င္ၾကည့္ေတာ့ EXO ထဲက Oh Sehun ဆုိပါလား။
အေတာ္ပဲ....  သူ႕ပုံကုိကြ်န္ေတာ္ Zoom ဆြဲျပီးေသခ်ာၾကည့္သည္။

ေယာက်ာ္းတစ္ေယာက္အေနနဲ႕အားက်ေလာက္သည့္ Body မ်ိဳး
ရုပ္ရည္ကလည္း ကြ်န္ေတာ့လုိအေခ်။

ဒါေပမယ့္ ကြ်န္ေတာ္ရင္မခုန္ပါ။

ေနာက္ထပ္၊ ေနာက္ထပ္ေကာင္မေလးမ်ားစိတ္၀င္စားေလာက္ေသာ
ေကာင္ေလးမ်ားကုိရွာေဖြၾကည့္သည္။

ဟင့္အင္း ........... ကြ်န္ေတာ္ရင္မခုန္ပါ
ေယာက်ာ္းေလးျဖစ္ျပီးတျခားေယာက်ာ္းတစ္ေယာက္ပုံကုိ
ရွာရတာ ရွက္ဖုိ႕ေတာင္ေကာင္းတယ္လုိ႕ထင္လာမိသည္။

စိတ္ပ်က္ပ်က္နဲ႔ ဖုန္းကုိပစ္ခ်ျပီး ေခါင္းျမီးျခဳံလုိက္ခ်ိန္
ဖုန္း၀င္လာသျဖင့္ ၾကည့္လုိက္ေတာ့ကုိဘုန္း

" ညီ ..........  ခ်က္ခ်င္းဖုန္းကုိင္တယ္ဆုိေတာ့မအိပ္ေသးဘူးလား
ကုိယ္ကျဖင့္ အိပ္ေနျပီထင္ေနတာ"

" အိပ္ေတာ့မလုိ႕ပဲ"

" ေဆးေရာေသာက္လား"

" ဟုတ္"

" ဆန္ျပဳတ္ေရာ"

" ဟုတ္"

" တဟုတ္ဟုတ္နဲ႕ဆုိေတာ့အိပ္ခ်င္ေနျပီထင္တယ္။ အိပ္ အိပ္ ညီ ...
ကုိယ္မနက္ျဖန္ေက်ာင္းဆင္းရင္လာခဲ့မယ္ ညီတုိ႕ အဖြဲ႕​ေခါင္းေဆာင္လည္း
ညီမလာလုိ႕ေတာ္ေတာ္ေခါင္းပူေနတာ
စာရြက္ေတြျပင္ျပီးသားရွိလား ကုိယ္နဲ႕ေပးလုိက္ေနာ္"

"ဟုတ္ကဲ့"

" ဒါဆုိ ကုိယ္ဖုန္းခ်ေတာ့မယ္ေနာ္"

" ကုိဘုန္း ......."

" ဗ်"

" ..........."

" ေျပာေလ ညီ"

" Good Night လုိ႕"

" ညီေရာပဲ"

ဆက္သြယ္မႈျပတ္ေတာက္ျခင္းအခ်က္ျပသံကတတီတီျမည္ဆဲ ....
ကြ်န္ေတာ့နွလုံးသားဟာလည္း ေရျပင္ေပၚခဲလုံးေလးက်သလုိ
လႈပ္ခတ္က်န္ခဲ့ဆဲ ...။

ကြ်န္ေတာ့စဥ္းစားေတြးေခၚနုိင္မႈနဲ႕ သုံးသပ္ဆုံးျဖတ္တတ္ျခင္းတုိ႕ကလည္း
မွန္မွာရုိက္ေသာေရေငြ႕မ်ားလုိ မထင္မရွားမႈန္၀ါးဆဲ ။

ခ်စ္ျခင္းအားျဖင့္ တစုံတေယာက္ရဲ႕ခ်ည္ေနွာင္ျခင္းခံရမွာ
ကြ်န္ေတာ္ေၾကာက္သည္။
ကြ်န္ေတာ့ဘက္က ရူးသြပ္ပုံေအာျပီးေတာ့မွ

ထားခဲ့ခံရမွာကုိလည္းကြ်န္ေတာ္ေၾကာက္သည္။

ေယာက်ာ္းတစ္ေယာက္ကအျခားေယာက်ာ္းေလးတစ္ေယာက္ကုိ
ရင္ခုန္ခြင့္ရွိပါသလား ကြ်န္ေတာ္ေသခ်ာမသိပါ။
လိင္တူၾကိဳက္နွစ္သက္မႈကုိကြ်န္ေတာ္နဲ႕မဆုိင္တဲ့အရာဟုသတ္မွတ္ထားသည့္အတြက္
အား​ေပးအား​ေျမႇာက္​မရွိခဲ့သလိုကန္႕ကြက္ျခင္း၊ ရႈံ႕ခ်ကဲ့ရဲ႕ျခင္းအလ်င္းမရွိခဲ့။

ဒါေတြကတကယ္ပဲ ကြ်န္ေတာ္နဲ႕သက္ဆုိင္လာေတာ့မွာလား။

ကြ်န္ေတာ္မသိျပန္။

ကြ်န္ေတာ္ပင္ပန္းလြန္းလွပါျပီအိပ္ခ်င္ေနေပမယ့္
တုန္လႈပ္စရာထုိအေျခအေနမွာ ကြ်န္ေတာ္အိပ္ေပ်ာ္နုိင္ပါ့မလား။

" ကုိဘုန္း မမိုက္​ဘူးဗ်ာ"

ခပ္တုိးတုိးေရရြတ္မိေတာ့ကြ်န္ေတာ့နႈတ္ခမ္းေတြ
ေအာ္တုိစနစ္နဲ႕ျပဳံး၏။

အင္း ...................

ကြ်န္ေတာ္အိပ္ေပ်ာ္သင့္ေနျပီ ထင္ပါတယ္​

တစထက္​တစတိုးဝင္​လာတဲ့
​ေနွာင္​တြယ္​မႈ​ေတြဟာ
ပင္​့ကူမ်ွင္​​ေတြလိုပဲရစ္​ပတ္​တယ္​
တျဖည္​းျဖည္​းနဲ႔ရုန္​းထြက္​ဖို႔
ခက္​လာတဲ့အခါ
အဆုံးသတ္​ကို ျမင္​ရမွာ
ကြၽန္​​ေတာ္​​ေၾကာက္​လာျပန္​ပါတယ္​
​ေနအလင္​းစက္​

Unicode

ရှုပ်ထွေးလွန်းသည်......။

ကျွန်တော့စိတ်ထဲရှုပ်ထွေးနေတဲ့အရာကဘာများလဲ။

အိပ်ယာထဲမှာနဖူးပေါ်လက်တင်ပြီးစဉ်းစားနေမိသည်။

"ဆိုဖာပေါ်မှာခဏလှဲနေဦး" ဆိုပြီး

ရှုပ်ပွနေသည့်တစ်အိမ်လုံးကို ရှင်းလင်းပေးနေသည့်ကိုဘုန်း

" ရေခဲသေတ္တာထဲမှာလည်း Milo ဗူးတွေကလွဲရင်
ဘာမှမရှိပါလား ညီရာ။ မင်းတစ်အိမ်လုံးမှာလည်း
ခေါက်ဆွဲခြောက်အပြင်စားစရာကိုမရှိဘူး"

တားနေတဲ့ကြားကပဲ အောက်ထပ်ကိုဆင်းပေါင်မုန့်တွေ၊ ကြက်ဥတွေနဲ့

တိုလီမုတ်စတွေဆင်းဝယ်ပြီးဖြည့်ထားပေးသွားသည့်ကိုဘုန်း။

" ထင်တဲ့အတိုင်းကိုယ်ကပူနေပြီပဲ ။ ညစာကိုဆန်ပြုတ်ပဲသောက်တော့
ကိုယ်ပြုတ်ထားပေးခဲ့မယ် ပြီးရင်ဆေးသောက်ပြီးနားတော့
နောက်နေ့မှထပ်လာခဲ့မယ် ဟုတ်ပြီလား "

အကုန်လုံးစီမံနေသည့်ကိုဘုန်းကိုဘာမှမပြောဘဲ ထိုင်သာကြည့်နေမိတော့သည်။

သူပြန်သွားတဲ့အခါ အရင်ကတစ်ယောက်တည်း
နေနေကျတိုက်ခန်းဟာချက်ချင်းလက်ငင်းခြောက်ကပ်သွားသလိုမျိုး ... ။

အထူးအဆန်းမဟုတ်ပါဘဲ ခနောဆန်ပြုတ်ထုပ်ကို
ကြက်ဥထည့်ပြုတ်ပေးထားတဲ့ ဆန်ပြုတ်ကိုကပဲ အရမ်းအရသာရှိနေသလိုမျိုး ...။

ဆေးဆိုတာကိုယောင်လို့တောင်လှည့်မကြည့်တတ်သည့်ကျွန်တော်က
စားပြီးပြီးချင်း တွန့်ဆုတ်တွေဝေမနေဘဲဆေးရောင်စုံကိုတပြိုင်နက်
သောက်ချလိုက်တာမျိုး ..။

" ညကျ နွေးနွေးထွေးထွေးအိပ်" ဆိုသဖြင့်

Air-con ခန်းထဲ Half-Naked အိပ်တတ်တဲ့ကျွန်တော်က
ညအိပ်ဝတ်စုံဝတ်ပြီးစောင်ခြုံအိပ်တာမျိုး ...။

နာခံတတ်ခြင်းတွေဟာကျွန်တော်နှင့်ကီးမကိုက်သည့်တိုင်
သူ့အလိုလိုနေသားကျသွားတာ ဘာလို့များဖြစ်နိုင်လိမ့်မလဲ။

နဖူးပေါ်ခပ်ဖွဖွထိလာတဲ့လက်ဖဝါးပြင်ကိုစဉ်းစားမိလိုက်ရင်ပဲ
တထိတ်ထိတ်ခုန်လာတဲ့ရင်ဟာ ဘာကြောင့်ဖြစ်မလဲ။

အမြဲတမ်းအထီးကျန်ခဲ့ရသူမို့ကိုယ့်ကိုဂရုစိုက်ပေးတဲ့လူတစ်ယောက်၊ နွေးထွေးကြင်နာတတ်တဲ့သူတစ်ယောက်ကိုတောင့်တလိုအပ်ခြင်းလား။

အကြိမ်ကြိမ်အခါခါပင်ကိုယ်လိုအပ်တိုင်းရှိနေပေးတတ်သူမို့
ရေနစ်သူရဲ့မြက်တစ်ပင်အဖြစ်အားကိုးအားထားမိတာများလား။

ထားပါတော့ ..

အစ်ကိုတစ်ယောက်လို၊ မိသားစုဝင်တစ်ယောက်လို
ငြိတွယ်မိသည်ဆိုပါစို့အေးငြိမ်းစွာပြုံးပြတတ်တဲ့အပြုံးတိုင်းတွင်
ပူလောင်နေသောစိတ်တို့ ဟုပ် ခနဲငြိမ်းသွားတာတွေ .....

ညင်ညင်သာသာပြောတဲ့စကားတိုင်းကို ထပ်ခါထပ်ခါတောင့်တတ်တာတွေ၊

ဆူတာကိုပင်လေသံအေးနှင့် ဆုံးမစကားတို့ဆိုသည့်အခါနားထဲမှတဆင့် ဦးနှောက်ထဲတွင်

ထည့်မှတ်ပြီးသားဖြစ်သွားတတ်တာတွေ...

ခေါင်းကိုဖွဖွပုတ်ချိန်တိုင်းကိုယ်တောင်သတိမထားမိပါဘဲပြုံးနေမိသည့်                                     အခိုက်အတန့်တွေ .....

စသည်ဖြင့်ပုံစံမတူသောအရာများကိုတော့ဖြင့် မည်သို့အဓိပ္ပါယ်ဖွင့်ဆိုရမည်နည်း

အချစ် ...............

အဟက် ...

ဘယ့်နှယ် မဟုတ်ကဟုတ်ကကို။

ကျွန်တော်ကလည်းယောကျာ်း၊ ကိုဘုန်းကလည်းရေမရောတဲ့ယောကျာ်း။

ဘယ်နှယ့်ကြောင့်အချစ်ဖြစ်ရမှာလဲ။
ငြင်းဆန်စကားကိုလှောင်ရယ်ဆိုရင်းပင်ရင်ဘတ်တစ်နေရာဆီမှ
ထူးဆန်းတဲ့ခုန်လှုပ်မှုတစ်ခုကိုဥပေက္ခာပြု၍မရ။

အချစ်ဟူသည့် စကားလုံးကိုကြားရရုံနဲ့သိမ်သိမ်မွေ့မွေ့ကနေ
တဖြည်းဖြည်းချင်းခုန်လာတဲ့ရင်ဘတ်ကို
လက်နှစ်ဖက်နဲ့ပင်ဖိထားရသည်အထိ။

ဟင့်အင်း ............

ဒါမဟုတ်သေးဘူးလေနော်။ ကျွန်တော်ကယောကျာ်းတစ်ယောက်ပါ။
အာရုံလွှဲကြည့်တဲ့အနေနဲ့ဂိမ်းဆော့ဖို့ပြင်လိုက်တယ်ဆိုရင်ပဲ

" ဟိုထဲမှာ ဘယ်လောက်တောင်
ပင်ပန်းလိမ့်မလဲ ဒီညသေချာအိပ်ပျော်အောင်အိပ်"

ဆိုသည့်စကားကိုကြားယောင်လာပြီးစောင်ကိုဖယ်ဖို့လက်ကတွန့်ခနဲ

ဟာ .......

ဒါဘယ်လိုခံစားချက်ကြီးတုန်းကွာ။

မဟုတ်သေးဘူး ကျွန်တော်ကယောကျာ်းချင်းသဘောကျတတ်သူလား။

အခုချိန်ထိရည်းစားထားဖို့စိတ်ကူးမရှိသေးတာအဲဒါကြောင့်များလား။

မဟုတ်ဘူး ...။

ရည်းစားမထားရတဲ့အကြောင်းရင်းကကျွန်တော်ချစ်ရမှာကိုကြောက်တာ
တစုံတယောက်ကိုချစ်မိရင်နာကျင်ပင်ပန်းရမှာကိုကြောက်လို့ပါ

တကယ်တမ်းပြန်စဉ်းစားကြည့်တော့မှ
ကျွန်တော်  ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားဖူးဘူးပဲ ..။
ဒါပေမယ့် ဘယ်ယောကျာ်းလေးကိုမှလည်းစိတ်မဝင်စားဖူးတာသေချာပါသည်။

ကျွန်တော့ခေါင်းတစ်ခုလုံးထူပူလာသလိုအသက်ရှုလို့လည်းမကောင်းတော့။

ခပ်တိုးတိုးဆဲရေးရင်း သက်ပြင်းကိုအတွင်တွင်ချမိသည်။

ကျွန်တော်ကတကယ်ပဲယောကျာ်းတစ်ယောက်ကိုကြိုက်တတ်တဲ့သူလား။

အဖြေမဲ့သောမေးခွန်းဟာ တဝဲလည်လည် ..။

မဟုတ်သေးဘူး ..။

ပြန်စဉ်းစားကြည့်တော့ကျွန်တော် ၇တန်းတုန်းက ဆယ်တန်းက
အစ်မကြီးကိုအသေအလဲကြွေခဲ့ဖူးတာပဲ။

ဒါပေမယ့် အဲ့အစ်မကြီးကချေလွန်း၊ တင်းလွန်းတာမို့ကျွန်တော်ဖွင့်မပြောခဲ့။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း အဲ့လိုလူစား။

အဲ့ဒီတုန်းက ကျွန်တော့ဒဏ်ကိုအခံရဆုံးက သော်ကပဲ။

ပြန်တွေးမိတော့ကျွန်တော်လွမ်းမောရသည်။

သော်က ..........။

ကျွန်တော့အချစ်ဆုံးသူငယ်ချင်း။

ဘဝမှာတွယ်တာစရာဟူ၍ သူပဲရှိတာဟုသတ်မှတ်ထားသောကျွန်တော့ငယ်သူငယ်ချင်း။

အခက်အခဲတွေကြုံလာတိုင်း၊ မောပန်းနာကျင်တိုင်း သူမကကျွန်တော့အတွက်ဖြစ်ပေးခဲ့သည်။

ကျွန်တော့အတွက်မရှိမဖြစ်လိုအပ်သူတစ်ယောက်။

ငိုမလား၊ ရယ်မလားသူမကကျွန်တော့အနားအမြဲအဆင်သင့်ရှိပေးခဲ့သူ။

အခုချိန်သော်ကသာအနားမှုာရှိရင်ကျွန်တော်ဒီလောက်ခက်ခဲနေမှာမဟုတ်ဟုထင်သည်။

ကျွန်တော်ခံစားရသမျှအားလုံးဖွင့်ပြောပြီး သူမအကြံညဏ်ပေးတာကိုလက်ခံမိမှာပင်။

ဖုန်းထဲကနောက်ဆုံးတစ်ခုအနေနဲ့ချန်ရစ်ထားခဲ့သော Message တစ်စောင်ကို
ဖွင့်ဖတ်ကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲရသည်။

" ငါတောင်းပန်ပါတယ် လင်းစက်ရယ် နင်ကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပါ" တဲ့လေ

လိမ်တယ် ..........။

ပေါက်ခနဲကျသွားသည့်မျက်ရည်စကိုခပ်ကြမ်းကြမ်းပင်ပွတ်သုတ်လိုက်သည်။

အဆင်ပြေနေမှာပါ ...။

ထက်မြက်ပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းရှိ၊ မိဘရဲ့စနစ်တကျသွန်သင်မှုအောက်မှာ
နွေးနွေးထွေးထွေးကြီးပြင်းခဲ့သူမို့ဘယ်ကိုရောက်ရောက်
ဘာပဲလုပ်လုပ် အကုန်အဆင်ပြေမှာပါ။

" ငါ့ကိုနင့်လိုပဲကြင်နာတတ်တဲ့သူတစ်ယောက်
ရှိနေပြီသော်က ။ ငါလေ သူ့ကြောင့်အရမ်းပျော်တယ်"

တိုးဖွဖွရေရွတ်မှုရဲ့အဆုံး ကျွန်တော့နှလုံးသားဟာပရမ်းပတာခုန်လာခဲ့ပါတော့သည်။
မဖြစ်သေးဘူး ကျွန်တော်တစ်ခုခုတော့လုပ်မှပါ ..။

ဗီဒိုအောက်ဆုံးအဆင့်ကသေတ္တာတစ်လုံးကိုထုတ်ယူလိုက်သည်။

သေတ္တာထဲကထွက်လာတာတွေကကျွန်တော်ကြိုက်သောမင်းသမီးတွေရဲ့
ပိုစတာများ၊ အခွေများ၊ မဂ္ဂဇင်းစာအုပ်များ။

အစွဲအလမ်းကြီးတတ်သောကျွန်တော်သည်ကျွန်တော်ကြိုက်သည့်မင်းသမီးတွေပါသော
ဖက်ရှင်မဂ္ဂဇင်းဖြစ်စေ၊ အင်တာဗျူးများဖြစ်စေတွေ့သည့်နေရာမှာချက်ချင်းဝယ်ပြီး
သိမ်းထားတတ်ခဲ့သည်သော်ကကလည်းအဲ့ဒီအကျင့်ကိုမီးလောင်ရာလေပင့်
အသေအချာမွေးမြူပေးခဲ့တာပဲဖြစ်၏။

ဖုန်းထဲမှာအလွယ်တကူရှာဖွေယူနိုင်သော်လည်းကျွန်တော့လက်ထဲမှာမြင်နေရတာကို
ပိုသဘောကျသောကြောင့်သိမ်းဆည်းခဲ့ရင်းက များများလာတာပဲဖြစ်သည်။

ဆယ်တန်းရောက်တော့ မလုပ်ဖြစ်တော့ပါ။

Megan Fox .. ကျွန်တော့အချစ်  .....

Transformers ထဲမှာကတည်းကကြွေခဲ့ရသောသူလေးကို

လိပ်နင်ဂျာဟုကျွန်တော်တို့ခေါ်ကြသည့် Teenage Mutant Ninja Turtles  မှာ စပ်စပ်စုစုသတင်းထောက်မလေးအဖြစ် တွေ့ရတာကျွန်တော့မှာပျော်လို့မဆုံး။

နောက် Jennifer Lawrence ......

ဒါကကျွန်တော့အချစ်ဆုံး။
သူ့ကိုတော့ Hunger Game မှာမကြွေခင်X-men ထဲမှ Mystique အဖြစ်
လူလုံးမကွဲသောအပြာရောင်မိန်းကလေးကိုပင်စတင်ကြွေဆင်းခဲ့ရတာ။

ကျွန်တော့အသက်ဗူးလေး Emma Watson ....

Emma အငွေ့အသက်လေးတွေရအောင်သူတက်ခဲ့သည့်ကျောင်းကိုပြောင်းမယ်ဆိုပြီး
အော်ဟစ်တုန်းက သော်ကနဲ့ရန်ဖြစ်ရတာမှတ်မိသေး၏
Emma ကိုမှ မရရင်ဒီတစ်သက်မိန်းမမယူပါဘူးလို့တောင် ဟစ်ကြွေးခဲ့တဲ့ကျွန်တော်။

တွေးကြည့်တော့ရယ်ရသား ....

နောက်တော့ Selena, Ariana ....

ဒါလေးတွေကလည်းကျွန်တော့အားဆေးလေးတွေ။ သော်က ကတော့ပြောပါတယ်
နင်ကြိုက်သမျှကလည်း နင့်ထက်အသက်ကြီးတာတွေချည်းပဲတဲ့။

ဘာဖြစ်လဲ မမပေါ့၊ မဟုတ်ရင်လည်း မ, ပေါ့ ဆိုပြီးစကားနိုင်လုခဲ့သေးတာ။

ကြည့်ပါလား ကျွန်တော်သူတို့ကိုရင်ခုန်နေသေးသားပဲ
ကြိုက်နေသေးသားပဲ ထပ်ဆန်းစစ်ဖို့လိုအပ်လာပြီ။

ကျွန်တော့ဖုန်းထဲကိုဝင်ပြီး FB Acc ကိုဖွင့်လိုက်တော့ Newfeed တစ်ခုလုံးဝုန်းဒိုင်းကြဲနေတာက ကောင်လေးတစ်ယောက်အကျီချွတ်နဲ့ပုံ ...... ပုံကတော့သူတစ်ယောက်ထဲအတူတူပဲ။

မတူတာက Caption တွေ .....

အို၊ ဟာ၊ ဟင် စသည်ဖြင့် အာမေဋိတ်အစုံအလင် ...

Body ရော အရပ်ကပါအလန်း ....

ဘယ်သူတုန်း ဝင်ကြည့်တော့ EXO ထဲက Oh Sehun ဆိုပါလား။
အတော်ပဲ....  သူ့ပုံကိုကျွန်တော် Zoom ဆွဲပြီးသေချာကြည့်သည်။

ယောကျာ်းတစ်ယောက်အနေနဲ့အားကျလောက်သည့် Body မျိုး
ရုပ်ရည်ကလည်း ကျွန်တော့လိုအချေ။

ဒါပေမယ့် ကျွန်တော်ရင်မခုန်ပါ။

နောက်ထပ်၊ နောက်ထပ်ကောင်မလေးများစိတ်ဝင်စားလောက်သော
ကောင်လေးများကိုရှာဖွေကြည့်သည်။

ဟင့်အင်း ........... ကျွန်တော်ရင်မခုန်ပါ
ယောကျာ်းလေးဖြစ်ပြီးတခြားယောကျာ်းတစ်ယောက်ပုံကို
ရှာရတာ ရှက်ဖို့တောင်ကောင်းတယ်လို့ထင်လာမိသည်။

စိတ်ပျက်ပျက်နဲ့ ဖုန်းကိုပစ်ချပြီး ခေါင်းမြီးခြုံလိုက်ချိန်
ဖုန်းဝင်လာသဖြင့် ကြည့်လိုက်တော့ကိုဘုန်း

" ညီ ..........  ချက်ချင်းဖုန်းကိုင်တယ်ဆိုတော့မအိပ်သေးဘူးလား
ကိုယ်ကဖြင့် အိပ်နေပြီထင်နေတာ"

" အိပ်တော့မလို့ပဲ"

" ဆေးရောသောက်လား"

" ဟုတ်"

" ဆန်ပြုတ်ရော"

" ဟုတ်"

" တဟုတ်ဟုတ်နဲ့ဆိုတော့အိပ်ချင်နေပြီထင်တယ်။ အိပ် အိပ် ညီ ...
ကိုယ်မနက်ဖြန်ကျောင်းဆင်းရင်လာခဲ့မယ် ညီတို့ အဖွဲ့ခေါင်းဆောင်လည်း
ညီမလာလို့တော်တော်ခေါင်းပူနေတာ
စာရွက်တွေပြင်ပြီးသားရှိလား ကိုယ်နဲ့ပေးလိုက်နော်"

"ဟုတ်ကဲ့"

" ဒါဆို ကိုယ်ဖုန်းချတော့မယ်နော်"

" ကိုဘုန်း ......."

" ဗျ"

" ..........."

" ပြောလေ ညီ"

" Good Night လို့"

" ညီရောပဲ"

ဆက်သွယ်မှုပြတ်တောက်ခြင်းအချက်ပြသံကတတီတီမြည်ဆဲ ....
ကျွန်တော့နှလုံးသားဟာလည်း ရေပြင်ပေါ်ခဲလုံးလေးကျသလို
လှုပ်ခတ်ကျန်ခဲ့ဆဲ ...။

ကျွန်တော့စဉ်းစားတွေးခေါ်နိုင်မှုနဲ့ သုံးသပ်ဆုံးဖြတ်တတ်ခြင်းတို့ကလည်း
မှန်မှာရိုက်သောရေငွေ့များလို မထင်မရှားမှုန်ဝါးဆဲ ။

ချစ်ခြင်းအားဖြင့် တစုံတယောက်ရဲ့ချည်နှောင်ခြင်းခံရမှာ
ကျွန်တော်ကြောက်သည်။
ကျွန်တော့ဘက်က ရူးသွပ်ပုံအောပြီးတော့မှ

ထားခဲ့ခံရမှာကိုလည်းကျွန်တော်ကြောက်သည်။

ယောကျာ်းတစ်ယောက်ကအခြားယောကျာ်းလေးတစ်ယောက်ကို
ရင်ခုန်ခွင့်ရှိပါသလား ကျွန်တော်သေချာမသိပါ။
လိင်တူကြိုက်နှစ်သက်မှုကိုကျွန်တော်နဲ့မဆိုင်တဲ့အရာဟုသတ်မှတ်ထားသည့်အတွက်
အားပေးအားမြှောက်မရှိခဲ့သလိုကန့်ကွက်ခြင်း၊ ရှုံ့ချကဲ့ရဲ့ခြင်းအလျင်းမရှိခဲ့။

ဒါတွေကတကယ်ပဲ ကျွန်တော်နဲ့သက်ဆိုင်လာတော့မှာလား။

ကျွန်တော်မသိပြန်။

ကျွန်တော်ပင်ပန်းလွန်းလှပါပြီအိပ်ချင်နေပေမယ့်
တုန်လှုပ်စရာထိုအခြေအနေမှာ ကျွန်တော်အိပ်ပျော်နိုင်ပါ့မလား။

" ကိုဘုန်း မမိုက်ဘူးဗျာ"

ခပ်တိုးတိုးရေရွတ်မိတော့ကျွန်တော့နှုတ်ခမ်းတွေ
အော်တိုစနစ်နဲ့ပြုံး၏။

အင်း ...................

ကျွန်တော်အိပ်ပျော်သင့်နေပြီ ထင်ပါတယ်

တစထက်တစတိုးဝင်လာတဲ့
နှောင်တွယ်မှုတွေဟာ
ပင့်ကူမျှင်တွေလိုပဲရစ်ပတ်တယ်
တဖြည်းဖြည်းနဲ့ရုန်းထွက်ဖို့
ခက်လာတဲ့အခါ
အဆုံးသတ်ကို မြင်ရမှာ
ကျွန်တော်ကြောက်လာပြန်ပါတယ်
နေအလင်းစက်








Continue Reading

You'll Also Like

126K 6.7K 31
အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်က သူချစ်တဲ့ဆရာဝန်ကောင်လေးကိုပိုင်ဆိုင်ဖို့ ဘယ်လိုတွေကြိုးစားမလဲ ။တဖြေးဖြေးလေးဆွဲခေါ်သွားမှာမို့ 💙✨
1.3M 44K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
230K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
17.4K 1.4K 20
ကိုယ့္ဆံုး႐ႈံးမႈက မင္းဆိုတဲ့ျဖစ္တည္မႈေၾကာင့္ထိုင္တန္ခဲ့တယ္..... ကိုယ့်ဆုံးရှုံးမှုက မင်းဆိုတဲ့ဖြစ်တည်မှုကြောင့်ထိုင်တန်ခဲ့တယ်..... BL #KAISOO