မပြိုသောကောင်းကင်၊မကြွေသောကြယ်

By SilverQueen947

5.3M 455K 29K

မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှ... More

About Story
နေအလင်းစက်
မြသော်က
ဘုန်းလင်္ကာ
ဇာတ်လမ်း - ၁
ဇာတ်လမ်း - ၂
ဇာတ်လမ်း - ၃
ဇာတ်လမ်း - ၄
ဇာတ်လမ်း- ၅
ဇာတ်လမ်း - ၆
ဇာတ်လမ်း - ၇
ဇာတ်လမ်း - ၉
ဇာတ်လမ်း - ၁၀
ဇာတ်လမ်း - ၁၁
ဇာတ်လမ်း - ၁၂
ဇာတ်လမ်း - ၁၃
ဇာတ်လမ်း - ၁၄
ဇာတ်လမ်း - ၁၅
ဇာတ်လမ်း - ၁၆
ဇာတ်လမ်း - ၁၇
ဇာတ်လမ်း - ၁၈
ဇာတ်လမ်း - ၁၉
ဇာတ်လမ်း - ၂၀
ဇာတ်လမ်း - ၂၁
ဇာတ်လမ်း - ၂၂
ဇာတ်လမ်း - ၂၃
ဇာတ်လမ်း - ၂၄
ဇာတ်လမ်း - ၂၅
ဇာတ်လမ်း - ၂၆
ဇာတ်လမ်း - ၂၇
ဇာတ်လမ်း - ၂၈
ဇာတ်လမ်း - ၂၉
ဇာတ်လမ်း - ၃၀
ဇာတ်လမ်း - ၃၁
ဇာတ်လမ်း - ၃၂
ဇာတ်လမ်း - ၃၃
ဇာတ်လမ်း - ၃၄
ဇာတ်လမ်း - ၃၅
ဇာတ်လမ်း - ၃၆
ဇာတ်လမ်း - ၃၇
ဇာတ်လမ်း - ၃၈
ဇာတ်လမ်း - ၃၉
ဇာတ်လမ်း - ၄၀
ဇာတ်လမ်း - ၄၁
ဇာတ်လမ်း - ၄၂
ဇာတ်လမ်း - ၄၃
ဇာတ်လမ်း - ၄၄
ဇာတ်လမ်း - ၄၅
ဇာတ်လမ်း - ၄၆
ဇာတ်လမ်း - ၄၇
ဇာတ်လမ်း - ၄၈
ဇာတ်လမ်း - ၄၉
ဇာတ်လမ်း - ၅၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်ရှိခြင်း
Extra - 0
Extra
Extra 2
Extra 3
Extra 4
Extra - 5
Extra 6 ( V day Special)
V Day Special Extra (Part II)
Extra 7
Order
Extra
Extra ii
Extra iii
Extra iv
အခန်းပို (၁၀)
အခန်းပို (၁၁)
Extra V
Extra VI

ဇာတ်လမ်း - ၈

71.1K 7.1K 211
By SilverQueen947

Zawgyi

ဒီေက်ာင္းကိုေရာက္ေနတာသုံးလေတာင္ရွိၿပီဆိုေတာ့ေနသားက်ေနလိုက္တာ အခ်ိန္တန္ရင္ျပန္ရမယ္ဆိုတာေတာင္ေမ့ေနသလိုလို ...

အမွန္အတိုင္းေျပာရမယ္ဆိုရင္ခေလးေတြကလြတ္လပ္ပြင့္လင္းၿပီးေတာ္တာေရာ၊ ညဏ္ေကာင္းတာေရာ၊ အားလုံးတန္းတူနီးပါးခ်င္းအတူတူႏိုင္ငံရပ္ျခားကခေလးေတြက ပိုၿပီးအခြင့္အေရးရၾကၿပီးဒီကခေလးေတြအတြက္က်​ေတာ့အခြင့္အလမ္းနည္းပါးတာကိုကြၽန္ေတာ္ေတာ္ေတာ္ေလးစိတ္မေကာင္း။ဒါေၾကာင့္လည္း ပိုၿပီးအားစိုက္ေပးေနမိတာ။ေသာ္နဲ႔လည္းဖုန္းကိုအလုအယက္​ေျပာရတဲ့အေျခအေန။သူလည္းဟိုမွာအေတာ္ေလးႀကိဳးစားရသည္ဟုဆိုသည္။ဟုတ္မွာပါ။ ကိုယ့္အားကိုယ္ကိုးခ်င္သူသူမအတြက္အရာရာကခက္ခဲမွာပင္။စူးစမ္းေလ့လာတတ္ၿပီးထက္ျမက္တဲ့မိန္းခေလးမို႔သူမအတြက္သိပ္ေတာ့ပူပန္စရာမလို။

ရယ္ေတာ့ရယ္ရသား။လက္ထပ္ဖို႔ရည္႐ြယ္ထားတဲ့ခ်စ္သူႏွစ္ေယာက္ဖုန္းနဲ႔ပဲဆက္သြယ္ျဖစ္ၾကၿပီး အဲ့ဒါကလည္းတစ္ပါတ္မွႏွစ္ေခါက္ေတာင္မျပည့္ခ်င္။ေျပာတာကလည္း အမ်ားဆုံးမွဆယ္မိနစ္။ဆယ္မိနစ္မွာလည္းသူမကကြၽန္ေတာ့ကိုမသိတာေတြေမးကြၽန္ေတာ္ကရွင္းျပနဲ႔အခ်စ္ဆိုတာကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားပညာရပ္ေတြေလာက္မဝင္ဆန႔္ခဲ့။သူမလည္းအဆင္ေျပေနၿပီးကြၽန္ေတာ္လည္းအဆင္ေျပေန​ေၾကာင္းသိေနရရင္ပဲေက်နပ္ရတဲ့အေျခအေန။ ဟုတ္တာေတာ့ဟုတ္ေနတာပဲ။" အစ္ကို မဂၤလာပါ"" မဂၤလာပါ ညီမတို႔"ေက်ာင္းသူေလးေတြႏႈတ္ဆက္သံၾကားမွအေတြးစကိုျဖတ္ၿပီး အခန္းထဲဝင္လာခဲ့သည္။

မဂၤလာပါဆိုမွ ကြၽန္ေတာ့ကို အလင္းေျပာဖူးတာသတိရၿပီးၿပဳံးမိရေသး။
" ကိုဘုန္းကဆစ္ဒနီတကၠသိုလ္ကဆရာဆိုေတာ့ဟိုမွာ ဘယ္ဘာသာစကားနဲ႔သင္ရတာလဲ"
" ေသခ်ာေပါက္ အဂၤလိပ္လိုေပါ့ ညီရ"
" အင္းေလ ကြၽန္ေတာ္သိထားတာလည္း ဒီလိုပဲ"" ဘာျဖစ္လို႔လဲ ညီ"
" ကိုဘုန္းအဂၤလိပ္လိုေျပာတာမၾကားဖူးလို႔ေလ။တခါတေလစဥ္းစားမိတယ္ ဆစ္ဒနီကလူေတြငါတို႔ကိုဂ်င္းထည့္တာမ်ားလားဆိုၿပီး"
" ဂ်င္းထည့္တယ္ !!!အဲ့ဒါက ........ ဟာကြာ ညီရယ္ မင္းမို႔လို႔ႀကံႀကံဖန္ဖန္ေျပာတတ္တယ္"
" ဟုတ္တယ္ေလ ကိုဘုန္းကႏႈတ္ဆက္တာေတာင္ေမာနင္းမဟုတ္ဘဲမဂၤလာပါဆိုေတာ့ အဂၤလိပ္လိုတတ္ေရာတတ္ရဲ႕လားလို႔ပါ"
" ဟိုမွာ သူမ်ားဘာသာစကားခ်ည္းပဲေန႔တိုင္းေျပာေနရတာေလ/ ရဲရင့္ေတာင္ဒီေရာက္မွသူနဲ႔ကိုယ္ေတြ႕ရတာ ဟိုမွာဆို တစ္ပါတ္ေနလို႔တစ္ခါေတာင္မေတြ႕ဘူး။သူမ်ားဘာသာစကားမွာကိုယ္တို႔စကားကိုထည့္မေျပာဘူးေလ။ ဒီေတာ့ ကိုယ္ကလည္းကိုယ့္ဘာသာစကားမွာသူတို႔ဘာသာစကားကိုထည့္မသုံးဘူးျမန္မာလိုအဝေျပာတာပါ"
" ဟုတ္ပါၿပီ ကြၽန္ေတာ္က႐ြဲ႕ၿပီးေျပာတာပါ။ကိုဘုန္းကဆရာဆိုတာယုံပါတယ္။ အရမ္းႀကီးမရွင္းျပပါနဲ႔"

ၿပဳံးၿဖဲၿဖဲနဲ႔ေျပာလာတဲ့အဲဒီခ်ာတိတ္ရဲ႕ေခါင္းကိုပုတ္ၿပီး
" ေအးပါ မင္းကိုေတာ့ ကိုယ္တကယ္မႏိုင္ပါဘူးညီရာ"အလင္းဟာ တကယ္ေတာ့စကားကလည္းတတ္၊ ရယ္စရာဆိုလည္းရွာရွာႀကံႀကံေျပာတတ္ၿပီး အားလုံးနည္းတူခ်စ္ဖို႔ေကာင္းေသာခေလးတစ္ေယာက္သာျဖစ္ပါသည္။သူ႔စိတ္ထဲမွာခံစားေနရတဲ့ မိသားစုျပသနာေၾကာင့္သာစိတ္ဒဏ္ရာျဖစ္ေနတာပဲျဖစ္လိမ့္မယ္။အေပါင္းအသင္းမရွိသလိုမ်က္ႏွာထားကလည္းတည္တင္းေနတတ္သူ။ဒါေတာင္ကြၽန္ေတာ္တိုက္တြန္းလြန္းအားႀကီးလို႔အခန္းထဲမွာ နည္းနည္းပါးပါးစကားေျပာတာဗ်ား။ဘယ္ႏွယ့္ အုပ္စုလိုက္ Project လုပ္ပါတယ္ဆို သူ႔ကိုက်န္တဲ့သူေတြက မေခၚရဲသလိုသူကလည္းစမေခၚ၊ မာနကလည္းႀကီးေသး။တကယ့္စိတ္ရင္းေလးကေတာ့ျဖဴစင္ၿပီးေတာ္လည္းေတာ္သည့္ေက်ာင္းသားတစ္ေယာက္ပါေလ။

" အစ္ကိုလကာေရၤ ကြၽန္ေတာ္စာ႐ြက္ေတြယူလာၿပီေက်ာင္းအုပ္နဲ႔ေတြ႕ဖို႔သြားလိုက္ဦးမယ္ေနာ္"

" ေအးေအး ထားခဲ့ညီေရ ကိုယ္ေဝေပးလိုက္မယ္"" အလင္းေရ ကိုယ့္ကိုဒါေလးတစ္ခ်က္ကူညီေပး"စာ႐ြက္ေတြကိုငုံ႔ၾကည့္ရင္းလွမ္းေအာ္လိုက္ေပမယ့္တုန႔္ျပန္မႈမရွိေမာ့ၾကည့္ေတာ့ သူ႔ေနရာကလြတ္လို႔ ..။ ဟင္ မရွိပါလား ဒီက​ေလးဘယ္ကိုေရာက္ .... ။နာရီကိုၾကည့္ေတာ့လည္း ၁ဝနာရီခြဲေနၿပီ။ဒီအခ်ိန္ကေက်ာင္းေနာက္က်စရာလည္းမဟုတ္ေတာ့ဘူးေလ။မလာတာမ်ားလား ... ဘာလို႔ပါလိမ့္။ဒီလိုႏွင့္ေက်ာင္းဆင္းသြားခဲ့သည္။

တစ္ရက္.......ႏွစ္ရက္ .........သုံးရက္ေျမာက္တဲ့အထိေပၚမလာေတာ့ကြၽန္ေတာ္ စိတ္ပူလာခဲ့သည္။ေက်ာင္းကိုလည္းဖုန္းဆက္တာမ်ိဳးမရွိဘူးဆိုေတာ့ဘာမ်ားျဖစ္သလဲေပါ့။သူ႔ဖုန္းနံပါတ္ကိုသိတဲ့သူကလည္းကြၽန္ေတာ္အပါအဝင္တစ္ေယာက္မွမရွိေက်ာင္းသားေရးရာမွာတင္ထားတဲ့ဖုန္းကလည္းပိတ္ထားတယ္တဲ့ေလ။

" အလင္း .......... ညီ ဘာေတြမ်ားျဖစ္ေနပါလိမ့္"

ကြၽန္ေတာ္ေက်ာင္းကိုေရာက္တဲ့အခ်ိန္ သူနဲ႔စေတြ႕ခ်ိန္မွာဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ညစ္ေပေနတဲ့သူ႔ပုံစံကိုသတိရလိုက္မိေတာ့အဲ့ဒီလိုရန္ေတြဘာေတြမ်ားျဖစ္သလားဆိုၿပီးစိတ္ပူမိေသး၏။ငါးရက္၊ တစ္ပါတ္မွမလာလ်င္ေတာ့အိမ္ကိုလိုက္သြားမည္ဟုေက်ာင္းသားေရးရာကေျပာသည္။ေအးေလ အဆင္ေျပမွာပါ ....ေန႔လည္စာစားေနရင္း ဖုန္းဝင္လာတာၾကည့္လိုက္ေတာ့ မသိတဲ့ဖုန္းပဲ ...။

" ဟုတ္ကဲ့အမိန႔္ရွိပါခင္ဗ်ာ"
" ................"
အသက္ရႈသံတိုးတိုးကိုသာၾကားေနရၿပီး ဘာမွေျပာမလာ။

" ဘယ္သူလဲမသိဘူးခင္ဗ်"
" ကိုဘုန္း ကြၽန္ေတာ္ေနအလင္းစက္ပါ"
" ေဟာ ညီလား !!ဘယ္ေတြေရာက္ၿပီးဘာေတြျဖစ္ေနတာလဲညီကိုယ့္မွာစိတ္ေတြပူလို႔ မင္းဖုန္းနံပါတ္ကိုလည္းကိုယ္ကမသိကဲ ေျပာပါဦး"
" ကြၽန္ေတာ့ကိုတစ္ခုေလာက္ကူညီပါလားဟင္"
" အင္းေျပာေလ ကိုယ္ဘာကူညီရမလဲ"
" ဟိုေလ ... ကြၽန္ေတာ္"
ခ်ာတိတ္အသံကတအားကိုတိုးေနတဲ့အျပင္ေျပာပုံကလည္း တြန႔္ဆုတ္ဆုတ္နဲ႔
" ေျပာပါ ကိုယ္အဆင္ေျပပါတယ္"
သက္ျပင္းခ်သံသဲ့သဲ့နဲ႔အတူ
" ဟိုေကာင္ေလးျမန္ျမန္လုပ္ အခ်ိန္မဆြဲနဲ႔"
လူတစ္ေယာက္ရဲ႕အသံကနားထဲမွာစူးခနဲ ....
" ညီ ဘာေတြျဖစ္ေနတာလဲ ကိုယ့္ကိုေျပာ တစ္ခုခုျဖစ္ေနတာလား အခုဘယ္မွာလဲ"
" ကြၽန္ေတာ္ေလ..... အခု ရဲစခန္းမွာ ..."
" ဘယ္လို ..... ဘယ္လိုျဖစ္လို႔"
" ရန္ျဖစ္လို႔ ............."
ထင္​တဲ့အတိုင္​းတကယ္​ကိုပဲ ...
"အဲ့ဒါ ကြၽန္ေတာ္အာမခံမရရင္ေထာင္က်မယ္လို႔ေျပာေနတယ္/ကြၽန္ေတာ့ကို ကူညီေပးႏိုင္မလားကိုဘုန္း၊ ကြၽန္ေတာ္ တျခားလူမရွိလို႔ပါ"

ေနာက္ဆုံးစကားသံကတိမ္ဝင္သြားေလေတာ့ကြၽန္ေတာ့မွာစိတ္မေကာင္းႏိုင္။

" ဘယ္မွာလဲေျပာ ကိုယ္လာခဲ့မယ္"သူေျပာတဲ့ၿမိဳ႕နယ္ကိုခပ္ျမန္ျမန္မွတ္ၿပီးဖုန္းခ်ဖို႔ျပင္ခိုက္

"ကိုဘုန္း ........"
" အင္း ... ေျပာေလ ညီ"
" ကြၽန္ေတာ့မိသားစုဝင္အျဖစ္လာေပးပါလားဟင္"တိုးသဲ့သဲ့ေလသံဟာ ကူရာမဲ့ေသာခေလးတစ္ေယာက္ရဲ႕အသြင္ ....
" ကိုယ္အခုထြက္လာခဲ့မယ္ ခဏေလးပဲေစာင့္"

..... ၿမိဳ႕နယ္ရဲစခန္းကိုေရာက္ေတာ့အခ်ဳပ္ခန္းထဲကထြက္လာတဲ့ သူ႔ကိုၾကည့္ကာ ကြၽန္ေတာ့မွာနင့္ခနဲ။မ်က္ႏွာကေနစၿပီးတစ္ကိုယ္လုံးလည္းဒဏ္ရာဒဏ္ခ်က္မ်ားစြာႏွင့္။အက်ႌကလည္း​ေက်ာင္းယူနီေဖာင္းမွန္းအေသအခ်ာၾကည့္မွေပၚေတာ့တယ္။ေခါင္းငိုက္စိုက္ခ်ၿပီးလာတဲ့ပုံကဒီ သုံးရက္အတြင္းကို အရင္နဲ႔တျခားစီျဖစ္ေနေတာ့တာ။

" ဒီကေက်ာင္းသားနဲ႔ဘာေတာ္စပ္တာလဲဗ်"
ရဲအရာရွိရဲ႕အေမးစကား .... သူတစ္ခ်က္ေမာ့ၾကည့္လာသည္။အားငယ္ေနတဲ့မ်က္ဝန္းမ်ား တစ္ခုခုေျပာရန္အားယူေနတဲ့ႏႈတ္ခမ္းမ်ား ....
ကြၽန္ေတာ္ သက္ျပင္းသာခ်မိရပါေတာ့သည္။
" ကြၽန္ေတာ္ သူ႔အစ္ကိုဝမ္းကြဲပါ။ သူ႔ကိုအာမခံေပးဖို႔လိုတယ္ဆိုလို႔လိုအပ္တာေလးေတြေျပာပါခင္ဗ်ာ"
ရဲအရာရွိကခ်ာတိတ္ကိုၾကည့္ကာ
" ဒီေကာင္ေလးကအေတာ္ေခါင္းမာတာ .. အခ်ဳပ္ထဲထည့္ထားတာသုံးရက္အိမ္ကိုဆက္သြယ္ဖို႔ေျပာတာကိုလုံးဝမဆက္သြယ္ဘူး။ အမႈဖြင့္ၿပီးၿပီမို႔ အာမခံမရရင္ေထာင္တစ္လေလာက္က်မယ္ဆိုမွခင္ဗ်ားဆီကိုဖုန္းဆက္ေတာ့တာ ....ကြၽန္ေတာ့ကို အလုပ္အကိုင္ေလးတစ္ခ်က္"

ဘုရားေရ ညီရယ္ .... သုံးရက္ေတာင္ဒီထဲေရာက္ေနခဲ့တာလား

" ကြၽန္ေတာ္ တကၠသိုလ္ကဆရာပါဒီမွာ ကြၽန္ေတာ့ကဒ္ေလး"

ကြၽန္ေတာ့ Visiting Card ကိုၾကည့္ၿပီး ယုံၾကည္စိတ္ခ်သြားဟန္နဲ႔"

ဟုတ္ၿပီ ဒီမွာလက္မွတ္ထိုးၿပီးအမႈပိတ္ဖို႔လုပ္ေပးပါ။ဟိုဘက္ကလည္းက်ာင္းသားေတြပဲေက်ာင္းေတာ့မတူဘူးဗ်။သူတို႔အိမ္ကလည္းလာလိမ့္မယ္ႏွစ္ဖက္ေျပလည္ေအာင္ညႇိက်ေပါ့ဗ်ာ"

ဟိုဘက္ကေက်ာင္းသားေတြရဲ႕မိဘေတြလာေတာ့မေက်နပ္ႏိုင္ဘူးကိုသာထပ္တလဲလဲေျပာလို႔ေနသည္။ အလင္းကိုအတင္းေရာကာေရာ ေတာင္းပန္ေစခ်င္ေနတာ။ကြၽန္ေတာ္ ေျပရာေျပေၾကာင္းအထပ္ထပ္ေျပာေနတာေတာင္လုံးဝမရ။

" ကဲ ေကာင္းၿပီအစ္မေရကြၽန္ေတာ္လည္း ေျပလည္ေအာင္ေျပာေနတာပဲအစ္မတို႔ဘက္ကိုကမေက်နပ္ေတာ့ကြၽန္ေတာ္ဘယ္လိုမ်ား လုပ္ေပးရေတာ့မလဲခင္ဗ်ာ"

"ရွင့္ညီကိုေတာင္းပန္ခိုင္းေလ။ ကြၽန္မသားကေခါင္းကြဲသြားတာငါးခ်က္ေတာင္ခ်ဳပ္လိုက္ရတယ္။ ဒါကြၽန္မရဲ႕တစ္ဦးတည္းေသာသားရွင့္တစ္ခုခုျဖစ္သြားရင္ ကြၽန္မရင္က်ိဳးမွာ"

ေထာင္းခနဲထြက္သြားတဲ့ေဒါသကိုအျမန္ၿမိဳခ်လိုက္ရသည္။ ေဒါသထြက္ခဲတဲ့ကြၽန္ေတာ္ေတာင္စိတ္တိုလာရတာကိုသာစဥ္းစားၾကည့္။ ဟိုကိုယ္ေတာ္ေခ်ာက ႏႈတ္ခမ္းကိုတင္းတင္းေစ့လို႔တစ္ခြန္းမွမေျပာေတာ္ၾကာထ႐ိုက္ေနရင္ ဒုကၡ ..။

" အဲ့ဒီလိုေတာ့ဘယ္ဟုတ္ပါ့မလဲ အစ္မရယ္အစ္မသားလည္းတစ္ဦးတည္းေသာသားျဖစ္သလို ကြၽန္ေတာ့ညီကလည္းအိမ္မွာဗိုလ္ပါပဲဗ်ာ။ အစ္မသားငါးခ်က္ခ်ဳပ္လိုက္္ရသလိုကြၽန္ေတာ့ညီတစ္ကိုယ္လုံးလည္းစုတ္ျပတ္သတ္ေနတာပါပဲ။ေက်ာင္းသားအခ်င္းခ်င္းျဖစ္တာဆိုေတာ့ဒီေလာက္နဲ႔ပဲေက်နပ္လိုက္ပါလို႔ ကြၽန္ေတာ္ေမတၱာရပ္ခံပါတယ္"

" အို မေက်နပ္ႏိုင္ပါဘူးရွင့္ညီက ကြၽန္မနဲ႔ကြၽန္မသားကိုမေတာင္းပန္မခ်င္းမေက်ေအးေပးဘူး။အမႈဖြင့္မယ္ ခ႐ိုင္ထိတက္မယ္ ကြၽန္မအမ်ိဳးသားက ...... ကအရာရွိ"

တခ်ိဳ႕သူေတြဟာ ပညာတတ္သေလာက္စာနာစိတ္ေခါင္းပါးၾကပါသည္။ေငြရွိရင္၊ ရာထူးေတြရွိရင္ပဲအရာရာသူတို႔ႏိုင္မယ္လို႔ထင္ၾကသည္။ စိတ္ဓါတ္အေခါင္းေပါက္နဲ႔လူေတြေပါ့ဗ်ာ။ ဘြဲ႕ရႏွင့္ ပညာတတ္ကြာသည္ဟုပင္ဆိုရမည္လားမသိ။ အလင္းပုံစံနဲ႔ေတာင္းပန္မွာမဟုတ္သလိုပိုဆိုးလာမယ့္အေျခအေနေတြျမင္​​ေနရသည္။ေနာက္ၿပီး ေတာ္ေတာ္ေလး လြန္ကဲလာတဲ့ေျပာဆိုမႈေတြကလည္း ေတာ္ေတာ္ေလးတစ္ဖက္ေစာင္းနင္း။အမွားရွိလို႔ေတာင္းပန္ရတယ္ဆိုေပမယ့္ေဘာင္ေက်ာ္တယ္ဆိုတာမ်ိဳးေတာ့ကြၽန္ေတာ္လက္သင့္မခံႏိုင္။အလင္းနဲ႔ႏွစ္ေယာက္တည္းေျပာရေတာ့သည္။

" ညီ ကိုယ့္ကိုေျပာသူတို႔စတာလား ညီကစတာလား"ကြၽန္ေတာ့ကိုေမာ့ၾကည့္လာသည့္မ်က္ဝန္းေတြကသူ႔ကိုယုံပါ့မလားဆိုတဲ့အၾကည့္ေတြ ... ။

" ကိုယ္မင္းကိုယုံတယ္ညီ ကိုယ့္ကိုေျပာပါ"

" ကြၽန္ေတာ္မစခဲ့ဘူး ကိုဘုန္း"

ဟုတ္ၿပီ ဒီေလာက္ဆိုရၿပီ ...။

" ကဲဟုတ္ၿပီ အစ္မအမႈဆက္ဖြင့္မယ္မဟုတ္လား။ ဖြင့္လိုက္ပါ။ ကြၽန္ေတာ္တို႔လည္းရွင္းၾကတာေပါ့ေျပာၾကေၾကးဆို သုံးေယာက္နဲ႔တစ္ေယာက္ျဖစ္တဲ့ကိစၥမွာတစ္ေယာက္ထဲသူကေတာင္းပန္ရတာ အလုပ္ေတာ့မဟုတ္ဘူးထင္တယ္"တစ္ခါမွမထြက္ဖူးေသာေလသံအနိမ့္အျမင့္ျဖင့္ေျပာမိေတာ့သူမကမဲ့ျပသည္။

" ရွင့္ညီက တုတ္နဲ႔႐ိုက္တာေလ"

" ဟုတ္ပါတယ္ ဒါေၾကာင့္လည္းကြၽန္ေတာ္ေတာင္းပန္ေနတာပါ။ဒါေပမယ့္ အစ္မဘက္က မေျပလည္ႏိုင္ရင္လည္း သေဘာပါပဲ။ကြၽန္ေတာ္တို႔အစ္မေျပာသလိုခ႐ိုင္ထိတက္ၾကတာေပါ့။ဘယ္သူကနစ္နာသူအစစ္လည္းအဆုံးျဖတ္ခံၾကတာေပါ့ အစ္မ"

စဥ္းစားၾကည့္ၾကပါဦး။သုံးေယာက္နဲ႔တစ္ေယာက္ရန္ျဖစ္တာဟိုသုံးေယာက္ကေဆး႐ုံေရာက္တာေတာ့ညီကပဲစြမ္းသလား ဟိုခေလးေတြကပဲ ညံ့သလားမသိေတာ့။ရန္ျဖစ္တာကိုေကာင္းသည္ဟကြၽန္ေတာ္မဆိုလို။ညီ့ကို အားေပးအားေျမႇာက္ျပဳေနျခင္းလည္းမဟုတ္။အခုကြၽန္ေတာ္ကလြဲၿပီးသူ႔မွာတစ္ေယာက္မွမရွိ။ ကြၽန္ေတာ္ကပါသူမ်ားဘက္ကရပ္တည္ရင္ဒီကေလးနာက်င္ရလိမ့္မည္။ဆူတာ၊ဆုံးမတာကိုလည္းေနာက္ေတာ့မွလုပ္ၾကတာေပါ့ေလ။အခုဟာက ရန္ျဖစ္ၾက၊ ထိပ္ေပါက္ေခါင္းကြဲျဖစ္ၿပီးေဆး႐ုံေရာက္သူကေရာက္ ၊အခ်ဳပ္ထဲေရာက္သူကေရာက္မိဘဘက္ကအရင္လာႏိုင္တဲ့သူေတြကအရင္အမႈဖြင့္ၿပီးမေက်နပ္ေၾကာင္းမ႑ပ္တိုင္တက္ျပေနတာေတာ့ဟုတ္ကိုမဟုတ္ေသး ...။

" အခုျဖစ္တဲ့ကိစၥမွာ အစ္မတို႔ဘက္ကေဆး႐ုံလည္းေရာက္တာေၾကာင့္ အမႈဖြင့္ၿပီး တရားလိုလုပ္ထားလို႔ရဲစခန္းကလည္းကြၽန္ေတာ္တို႔ကိုေျပလည္ေအာင္ညႇိေစခ်င္တာ။အစ္မေျပာသလို ခ႐ိုင္ထိတက္မယ္ဆိုရင္ေတာ့ကြၽန္ေတာ္တို႔ဘက္ကလည္းဘယ္သူ႔ဘက္ကစတာျဖစ္ၿပိးဘယ္သူကဘယ္လိုခံရတယ္ဆိုတာကိုသက္ေသလုပ္ရမွာပဲ ညီ ညီ့ကားမွာ Black Box ရွိတယ္ဟုတ္"

ေခါင္းၿငိမ့္ျပသည္မို႔ ကြၽန္ေတာ္ဆက္ေျပာသည္။

"ကြၽန္ေတာ္တို႔စစ္ၾကည့္ၾကတာေပါ့ အစ္မ"

ခေလးေတြရန္ျဖစ္တာ မေကာင္းဘူးမွန္း ကြၽန္ေတာ္လည္းသိေပမယ့္ မတရားသျဖင့္ ကြၽန္ေတာ့ညီကိုလည္း အတင္းအက်ပ္မေတာင္းပန္ခိုင္းႏိုင္ဘူးေလ"

ေနာက္ဆုံးေတာ့ သူတို႔ဘက္ကစတဲ့အရာမို႔ေက်ေအးေပးလိုက္ေပမယ့္ေက်နပ္ပုံေတာ့မရ။မတတ္ႏိုင္ .... ဥပေဒဆိုတာလူေကာင္းခ်ည္းသက္သက္ကိုပဲအၿမဲကာကြယ္ေပးေနတာမဟုတ္ဘူးေလ။တခါတရံမရည္႐ြယ္ပါဘဲမ်က္စိလည္လာတတ္တဲ့လူဆိုးေလးေတြအတြက္လည္းမွန္တဲ့သူဘက္ကရပ္တည္ရမွာပဲမဟုတ္လား။

" ကဲ ျပန္မယ္ညီညီ့ပစၥည္းေတြအကုန္ျပန္ရၿပီ။ စုံၿပီလားစစ္ၾကည့္ဦး"
" စုံတယ္ ကိုဘုန္း"
" ဒါဆိုသြားမယ္ထ"
" ကိုဘုန္း ......."
" အင္း ... ေျပာေလညီ"
" ေက်းဇူးတင္ပါတယ္"မ်က္ႏွာကိုေအာက္ခ်ၿပီးခပ္တိုးတိုးေျပာလာတဲ့ေလသံ" ေက်းဇူးတင္ရင္ အဆူေတာ့ခံရမယ္ဆိုတာသိတယ္မဟုတ္လား"ေခါင္းညိတ္ျပလာတဲ့အဲ့ဒီကေလးရဲ႕မ်က္ဝန္းေတြမွာမ်က္ရည္ၾကည္မ်ားရစ္သိုင္းလို႔ ..။ကြၽန္ေတာ္သက္ျပင္းသာ တြင္တြင္ခ်မိပါေတာ့သည္။ညီရယ္ မင္းအ႐ြယ္ေလးနဲ႔ဘာလို႔မ်ားဒီေလာက္နာက်င္ေနရတာလဲကြာ ..။

" ကားေပၚတက္ အိမ္ျပန္ရေအာင္"
................

တခ်ိဳ႕ေမွ်ာ္လင့္ျခင္းေတြမွာ
နာက်င္စရာေတြကိန္းေအာင္းေနခဲ့တယ္လို႔
မရိပ္စားမိ႐ိုးအမွန္ပါ
ကမ္းေပးတဲ့လက္တစ္စုံနဲ႔
အဆိပ္မသင့္ေစခ်င္ခဲ့႐ုံသာ
ရည္႐ြယ္ခဲ့ဖူးတယ္

.......

ဘုန္းလကာၤ

................................

Unicode

ဒီကျောင်းကိုရောက်နေတာသုံးလတောင်ရှိပြီဆိုတော့နေသားကျနေလိုက်တာ အချိန်တန်ရင်ပြန်ရမယ်ဆိုတာတောင်မေ့နေသလိုလို ...

အမှန်အတိုင်းပြောရမယ်ဆိုရင်ခလေးတွေကလွတ်လပ်ပွင့်လင်းပြီးတော်တာရော၊ ညဏ်ကောင်းတာရော၊ အားလုံးတန်းတူနီးပါးချင်းအတူတူနိုင်ငံရပ်ခြားကခလေးတွေက ပိုပြီးအခွင့်အရေးရကြပြီးဒီကခလေးတွေအတွက်ကျ​တော့အခွင့်အလမ်းနည်းပါးတာကိုကျွန်တော်တော်တော်လေးစိတ်မကောင်း။ဒါကြောင့်လည်း ပိုပြီးအားစိုက်ပေးနေမိတာ။သော်နဲ့လည်းဖုန်းကိုအလုအယက်​ပြောရတဲ့အခြေအနေ။သူလည်းဟိုမှာအတော်လေးကြိုးစားရသည်ဟုဆိုသည်။ဟုတ်မှာပါ။ ကိုယ့်အားကိုယ်ကိုးချင်သူသူမအတွက်အရာရာကခက်ခဲမှာပင်။စူးစမ်းလေ့လာတတ်ပြီးထက်မြက်တဲ့မိန်းခလေးမို့သူမအတွက်သိပ်တော့ပူပန်စရာမလို။

ရယ်တော့ရယ်ရသား။လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ချစ်သူနှစ်ယောက်ဖုန်းနဲ့ပဲဆက်သွယ်ဖြစ်ကြပြီး အဲ့ဒါကလည်းတစ်ပါတ်မှနှစ်ခေါက်တောင်မပြည့်ချင်။ပြောတာကလည်း အများဆုံးမှဆယ်မိနစ်။ဆယ်မိနစ်မှာလည်းသူမကကျွန်တော့ကိုမသိတာတွေမေးကျွန်တော်ကရှင်းပြနဲ့အချစ်ဆိုတာကျွန်တော်တို့နှစ်ယောက်ကြားပညာရပ်တွေလောက်မဝင်ဆန့်ခဲ့။သူမလည်းအဆင်ပြေနေပြီးကျွန်တော်လည်းအဆင်ပြေနေ​ကြောင်းသိနေရရင်ပဲကျေနပ်ရတဲ့အခြေအနေ။ ဟုတ်တာတော့ဟုတ်နေတာပဲ။" အစ်ကို မင်္ဂလာပါ"" မင်္ဂလာပါ ညီမတို့"ကျောင်းသူလေးတွေနှုတ်ဆက်သံကြားမှအတွေးစကိုဖြတ်ပြီး အခန်းထဲဝင်လာခဲ့သည်။

မင်္ဂလာပါဆိုမှ ကျွန်တော့ကို အလင်းပြောဖူးတာသတိရပြီးပြုံးမိရသေး။
" ကိုဘုန်းကဆစ်ဒနီတက္ကသိုလ်ကဆရာဆိုတော့ဟိုမှာ ဘယ်ဘာသာစကားနဲ့သင်ရတာလဲ"
" သေချာပေါက် အင်္ဂလိပ်လိုပေါ့ ညီရ"
" အင်းလေ ကျွန်တော်သိထားတာလည်း ဒီလိုပဲ"" ဘာဖြစ်လို့လဲ ညီ"
" ကိုဘုန်းအင်္ဂလိပ်လိုပြောတာမကြားဖူးလို့လေ။တခါတလေစဉ်းစားမိတယ် ဆစ်ဒနီကလူတွေငါတို့ကိုဂျင်းထည့်တာများလားဆိုပြီး"
" ဂျင်းထည့်တယ် !!!အဲ့ဒါက ........ ဟာကွာ ညီရယ် မင်းမို့လို့ကြံကြံဖန်ဖန်ပြောတတ်တယ်"
" ဟုတ်တယ်လေ ကိုဘုန်းကနှုတ်ဆက်တာတောင်မောနင်းမဟုတ်ဘဲမင်္ဂလာပါဆိုတော့ အင်္ဂလိပ်လိုတတ်ရောတတ်ရဲ့လားလို့ပါ"
" ဟိုမှာ သူများဘာသာစကားချည်းပဲနေ့တိုင်းပြောနေရတာလေ/ ရဲရင့်တောင်ဒီရောက်မှသူနဲ့ကိုယ်တွေ့ရတာ ဟိုမှာဆို တစ်ပါတ်နေလို့တစ်ခါတောင်မတွေ့ဘူး။သူများဘာသာစကားမှာကိုယ်တို့စကားကိုထည့်မပြောဘူးလေ။ ဒီတော့ ကိုယ်ကလည်းကိုယ့်ဘာသာစကားမှာသူတို့ဘာသာစကားကိုထည့်မသုံးဘူးမြန်မာလိုအဝပြောတာပါ"
" ဟုတ်ပါပြီ ကျွန်တော်ကရွဲ့ပြီးပြောတာပါ။ကိုဘုန်းကဆရာဆိုတာယုံပါတယ်။ အရမ်းကြီးမရှင်းပြပါနဲ့"

ပြုံးဖြဲဖြဲနဲ့ပြောလာတဲ့အဲဒီချာတိတ်ရဲ့ခေါင်းကိုပုတ်ပြီး
" အေးပါ မင်းကိုတော့ ကိုယ်တကယ်မနိုင်ပါဘူးညီရာ"အလင်းဟာ တကယ်တော့စကားကလည်းတတ်၊ ရယ်စရာဆိုလည်းရှာရှာကြံကြံပြောတတ်ပြီး အားလုံးနည်းတူချစ်ဖို့ကောင်းသောခလေးတစ်ယောက်သာဖြစ်ပါသည်။သူ့စိတ်ထဲမှာခံစားနေရတဲ့ မိသားစုပြသနာကြောင့်သာစိတ်ဒဏ်ရာဖြစ်နေတာပဲဖြစ်လိမ့်မယ်။အပေါင်းအသင်းမရှိသလိုမျက်နှာထားကလည်းတည်တင်းနေတတ်သူ။ဒါတောင်ကျွန်တော်တိုက်တွန်းလွန်းအားကြီးလို့အခန်းထဲမှာ နည်းနည်းပါးပါးစကားပြောတာဗျား။ဘယ်နှယ့် အုပ်စုလိုက် Project လုပ်ပါတယ်ဆို သူ့ကိုကျန်တဲ့သူတွေက မခေါ်ရဲသလိုသူကလည်းစမခေါ်၊ မာနကလည်းကြီးသေး။တကယ့်စိတ်ရင်းလေးကတော့ဖြူစင်ပြီးတော်လည်းတော်သည့်ကျောင်းသားတစ်ယောက်ပါလေ။

" အစ်ကိုလကာင်္ရေ ကျွန်တော်စာရွက်တွေယူလာပြီကျောင်းအုပ်နဲ့တွေ့ဖို့သွားလိုက်ဦးမယ်နော်"

" အေးအေး ထားခဲ့ညီရေ ကိုယ်ဝေပေးလိုက်မယ်"" အလင်းရေ ကိုယ့်ကိုဒါလေးတစ်ချက်ကူညီပေး"စာရွက်တွေကိုငုံ့ကြည့်ရင်းလှမ်းအော်လိုက်ပေမယ့်တုန့်ပြန်မှုမရှိမော့ကြည့်တော့ သူ့နေရာကလွတ်လို့ ..။ ဟင် မရှိပါလား ဒီက​လေးဘယ်ကိုရောက် .... ။နာရီကိုကြည့်တော့လည်း ၁ဝနာရီခွဲနေပြီ။ဒီအချိန်ကကျောင်းနောက်ကျစရာလည်းမဟုတ်တော့ဘူးလေ။မလာတာများလား ... ဘာလို့ပါလိမ့်။ဒီလိုနှင့်ကျောင်းဆင်းသွားခဲ့သည်။

တစ်ရက်.......နှစ်ရက် .........သုံးရက်မြောက်တဲ့အထိပေါ်မလာတော့ကျွန်တော် စိတ်ပူလာခဲ့သည်။ကျောင်းကိုလည်းဖုန်းဆက်တာမျိုးမရှိဘူးဆိုတော့ဘာများဖြစ်သလဲပေါ့။သူ့ဖုန်းနံပါတ်ကိုသိတဲ့သူကလည်းကျွန်တော်အပါအဝင်တစ်ယောက်မှမရှိကျောင်းသားရေးရာမှာတင်ထားတဲ့ဖုန်းကလည်းပိတ်ထားတယ်တဲ့လေ။

" အလင်း .......... ညီ ဘာတွေများဖြစ်နေပါလိမ့်"

ကျွန်တော်ကျောင်းကိုရောက်တဲ့အချိန် သူနဲ့စတွေ့ချိန်မှာဒဏ်ရာဒဏ်ချက်တွေနဲ့ညစ်ပေနေတဲ့သူ့ပုံစံကိုသတိရလိုက်မိတော့အဲ့ဒီလိုရန်တွေဘာတွေများဖြစ်သလားဆိုပြီးစိတ်ပူမိသေး၏။ငါးရက်၊ တစ်ပါတ်မှမလာလျင်တော့အိမ်ကိုလိုက်သွားမည်ဟုကျောင်းသားရေးရာကပြောသည်။အေးလေ အဆင်ပြေမှာပါ ....နေ့လည်စာစားနေရင်း ဖုန်းဝင်လာတာကြည့်လိုက်တော့ မသိတဲ့ဖုန်းပဲ ...။

" ဟုတ်ကဲ့အမိန့်ရှိပါခင်ဗျာ"
" ................"
အသက်ရှုသံတိုးတိုးကိုသာကြားနေရပြီး ဘာမှပြောမလာ။

" ဘယ်သူလဲမသိဘူးခင်ဗျ"
" ကိုဘုန်း ကျွန်တော်နေအလင်းစက်ပါ"
" ဟော ညီလား !!ဘယ်တွေရောက်ပြီးဘာတွေဖြစ်နေတာလဲညီကိုယ့်မှာစိတ်တွေပူလို့ မင်းဖုန်းနံပါတ်ကိုလည်းကိုယ်ကမသိကဲ ပြောပါဦး"
" ကျွန်တော့ကိုတစ်ခုလောက်ကူညီပါလားဟင်"
" အင်းပြောလေ ကိုယ်ဘာကူညီရမလဲ"
" ဟိုလေ ... ကျွန်တော်"
ချာတိတ်အသံကတအားကိုတိုးနေတဲ့အပြင်ပြောပုံကလည်း တွန့်ဆုတ်ဆုတ်နဲ့
" ပြောပါ ကိုယ်အဆင်ပြေပါတယ်"
သက်ပြင်းချသံသဲ့သဲ့နဲ့အတူ
" ဟိုကောင်လေးမြန်မြန်လုပ် အချိန်မဆွဲနဲ့"
လူတစ်ယောက်ရဲ့အသံကနားထဲမှာစူးခနဲ ....
" ညီ ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုပြော တစ်ခုခုဖြစ်နေတာလား အခုဘယ်မှာလဲ"
" ကျွန်တော်လေ..... အခု ရဲစခန်းမှာ ..."
" ဘယ်လို ..... ဘယ်လိုဖြစ်လို့"
" ရန်ဖြစ်လို့ ............."
ထင်​တဲ့အတိုင်​းတကယ်​ကိုပဲ ...
"အဲ့ဒါ ကျွန်တော်အာမခံမရရင်ထောင်ကျမယ်လို့ပြောနေတယ်/ကျွန်တော့ကို ကူညီပေးနိုင်မလားကိုဘုန်း၊ ကျွန်တော် တခြားလူမရှိလို့ပါ"

နောက်ဆုံးစကားသံကတိမ်ဝင်သွားလေတော့ကျွန်တော့မှာစိတ်မကောင်းနိုင်။

" ဘယ်မှာလဲပြော ကိုယ်လာခဲ့မယ်"သူပြောတဲ့မြို့နယ်ကိုခပ်မြန်မြန်မှတ်ပြီးဖုန်းချဖို့ပြင်ခိုက်

"ကိုဘုန်း ........"
" အင်း ... ပြောလေ ညီ"
" ကျွန်တော့မိသားစုဝင်အဖြစ်လာပေးပါလားဟင်"တိုးသဲ့သဲ့လေသံဟာ ကူရာမဲ့သောခလေးတစ်ယောက်ရဲ့အသွင် ....
" ကိုယ်အခုထွက်လာခဲ့မယ် ခဏလေးပဲစောင့်"

..... မြို့နယ်ရဲစခန်းကိုရောက်တော့အချုပ်ခန်းထဲကထွက်လာတဲ့ သူ့ကိုကြည့်ကာ ကျွန်တော့မှာနင့်ခနဲ။မျက်နှာကနေစပြီးတစ်ကိုယ်လုံးလည်းဒဏ်ရာဒဏ်ချက်များစွာနှင့်။အင်္ကျီကလည်း​ေကျာင်းယူနီဖောင်းမှန်းအသေအချာကြည့်မှပေါ်တော့တယ်။ခေါင်းငိုက်စိုက်ချပြီးလာတဲ့ပုံကဒီ သုံးရက်အတွင်းကို အရင်နဲ့တခြားစီဖြစ်နေတော့တာ။

" ဒီကကျောင်းသားနဲ့ဘာတော်စပ်တာလဲဗျ"
ရဲအရာရှိရဲ့အမေးစကား .... သူတစ်ချက်မော့ကြည့်လာသည်။အားငယ်နေတဲ့မျက်ဝန်းများ တစ်ခုခုပြောရန်အားယူနေတဲ့နှုတ်ခမ်းများ ....
ကျွန်တော် သက်ပြင်းသာချမိရပါတော့သည်။
" ကျွန်တော် သူ့အစ်ကိုဝမ်းကွဲပါ။ သူ့ကိုအာမခံပေးဖို့လိုတယ်ဆိုလို့လိုအပ်တာလေးတွေပြောပါခင်ဗျာ"
ရဲအရာရှိကချာတိတ်ကိုကြည့်ကာ
" ဒီကောင်လေးကအတော်ခေါင်းမာတာ .. အချုပ်ထဲထည့်ထားတာသုံးရက်အိမ်ကိုဆက်သွယ်ဖို့ပြောတာကိုလုံးဝမဆက်သွယ်ဘူး။ အမှုဖွင့်ပြီးပြီမို့ အာမခံမရရင်ထောင်တစ်လလောက်ကျမယ်ဆိုမှခင်ဗျားဆီကိုဖုန်းဆက်တော့တာ ....ကျွန်တော့ကို အလုပ်အကိုင်လေးတစ်ချက်"

ဘုရားရေ ညီရယ် .... သုံးရက်တောင်ဒီထဲရောက်နေခဲ့တာလား

" ကျွန်တော် တက္ကသိုလ်ကဆရာပါဒီမှာ ကျွန်တော့ကဒ်လေး"

ကျွန်တော့ Visiting Card ကိုကြည့်ပြီး ယုံကြည်စိတ်ချသွားဟန်နဲ့"

ဟုတ်ပြီ ဒီမှာလက်မှတ်ထိုးပြီးအမှုပိတ်ဖို့လုပ်ပေးပါ။ဟိုဘက်ကလည်းကျာင်းသားတွေပဲကျောင်းတော့မတူဘူးဗျ။သူတို့အိမ်ကလည်းလာလိမ့်မယ်နှစ်ဖက်ပြေလည်အောင်ညှိကျပေါ့ဗျာ"

ဟိုဘက်ကကျောင်းသားတွေရဲ့မိဘတွေလာတော့မကျေနပ်နိုင်ဘူးကိုသာထပ်တလဲလဲပြောလို့နေသည်။ အလင်းကိုအတင်းရောကာရော တောင်းပန်စေချင်နေတာ။ကျွန်တော် ပြေရာပြေကြောင်းအထပ်ထပ်ပြောနေတာတောင်လုံးဝမရ။

" ကဲ ကောင်းပြီအစ်မရေကျွန်တော်လည်း ပြေလည်အောင်ပြောနေတာပဲအစ်မတို့ဘက်ကိုကမကျေနပ်တော့ကျွန်တော်ဘယ်လိုများ လုပ်ပေးရတော့မလဲခင်ဗျာ"

"ရှင့်ညီကိုတောင်းပန်ခိုင်းလေ။ ကျွန်မသားကခေါင်းကွဲသွားတာငါးချက်တောင်ချုပ်လိုက်ရတယ်။ ဒါကျွန်မရဲ့တစ်ဦးတည်းသောသားရှင့်တစ်ခုခုဖြစ်သွားရင် ကျွန်မရင်ကျိုးမှာ"

ထောင်းခနဲထွက်သွားတဲ့ဒေါသကိုအမြန်မြိုချလိုက်ရသည်။ ဒေါသထွက်ခဲတဲ့ကျွန်တော်တောင်စိတ်တိုလာရတာကိုသာစဉ်းစားကြည့်။ ဟိုကိုယ်တော်ချောက နှုတ်ခမ်းကိုတင်းတင်းစေ့လို့တစ်ခွန်းမှမပြောတော်ကြာထရိုက်နေရင် ဒုက္ခ ..။

" အဲ့ဒီလိုတော့ဘယ်ဟုတ်ပါ့မလဲ အစ်မရယ်အစ်မသားလည်းတစ်ဦးတည်းသောသားဖြစ်သလို ကျွန်တော့ညီကလည်းအိမ်မှာဗိုလ်ပါပဲဗျာ။ အစ်မသားငါးချက်ချုပ်လိုက််ရသလိုကျွန်တော့ညီတစ်ကိုယ်လုံးလည်းစုတ်ပြတ်သတ်နေတာပါပဲ။ကျောင်းသားအချင်းချင်းဖြစ်တာဆိုတော့ဒီလောက်နဲ့ပဲကျေနပ်လိုက်ပါလို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်"

" အို မကျေနပ်နိုင်ပါဘူးရှင့်ညီက ကျွန်မနဲ့ကျွန်မသားကိုမတောင်းပန်မချင်းမကျေအေးပေးဘူး။အမှုဖွင့်မယ် ခရိုင်ထိတက်မယ် ကျွန်မအမျိုးသားက ...... ကအရာရှိ"

တချို့သူတွေဟာ ပညာတတ်သလောက်စာနာစိတ်ခေါင်းပါးကြပါသည်။ငွေရှိရင်၊ ရာထူးတွေရှိရင်ပဲအရာရာသူတို့နိုင်မယ်လို့ထင်ကြသည်။ စိတ်ဓါတ်အခေါင်းပေါက်နဲ့လူတွေပေါ့ဗျာ။ ဘွဲ့ရနှင့် ပညာတတ်ကွာသည်ဟုပင်ဆိုရမည်လားမသိ။ အလင်းပုံစံနဲ့တောင်းပန်မှာမဟုတ်သလိုပိုဆိုးလာမယ့်အခြေအနေတွေမြင်​​နေရသည်။နောက်ပြီး တော်တော်လေး လွန်ကဲလာတဲ့ပြောဆိုမှုတွေကလည်း တော်တော်လေးတစ်ဖက်စောင်းနင်း။အမှားရှိလို့တောင်းပန်ရတယ်ဆိုပေမယ့်ဘောင်ကျော်တယ်ဆိုတာမျိုးတော့ကျွန်တော်လက်သင့်မခံနိုင်။အလင်းနဲ့နှစ်ယောက်တည်းပြောရတော့သည်။

" ညီ ကိုယ့်ကိုပြောသူတို့စတာလား ညီကစတာလား"ကျွန်တော့ကိုမော့ကြည့်လာသည့်မျက်ဝန်းတွေကသူ့ကိုယုံပါ့မလားဆိုတဲ့အကြည့်တွေ ... ။

" ကိုယ်မင်းကိုယုံတယ်ညီ ကိုယ့်ကိုပြောပါ"

" ကျွန်တော်မစခဲ့ဘူး ကိုဘုန်း"

ဟုတ်ပြီ ဒီလောက်ဆိုရပြီ ...။

" ကဲဟုတ်ပြီ အစ်မအမှုဆက်ဖွင့်မယ်မဟုတ်လား။ ဖွင့်လိုက်ပါ။ ကျွန်တော်တို့လည်းရှင်းကြတာပေါ့ပြောကြကြေးဆို သုံးယောက်နဲ့တစ်ယောက်ဖြစ်တဲ့ကိစ္စမှာတစ်ယောက်ထဲသူကတောင်းပန်ရတာ အလုပ်တော့မဟုတ်ဘူးထင်တယ်"တစ်ခါမှမထွက်ဖူးသောလေသံအနိမ့်အမြင့်ဖြင့်ပြောမိတော့သူမကမဲ့ပြသည်။

" ရှင့်ညီက တုတ်နဲ့ရိုက်တာလေ"

" ဟုတ်ပါတယ် ဒါကြောင့်လည်းကျွန်တော်တောင်းပန်နေတာပါ။ဒါပေမယ့် အစ်မဘက်က မပြေလည်နိုင်ရင်လည်း သဘောပါပဲ။ကျွန်တော်တို့အစ်မပြောသလိုခရိုင်ထိတက်ကြတာပေါ့။ဘယ်သူကနစ်နာသူအစစ်လည်းအဆုံးဖြတ်ခံကြတာပေါ့ အစ်မ"

စဉ်းစားကြည့်ကြပါဦး။သုံးယောက်နဲ့တစ်ယောက်ရန်ဖြစ်တာဟိုသုံးယောက်ကဆေးရုံရောက်တာတော့ညီကပဲစွမ်းသလား ဟိုခလေးတွေကပဲ ညံ့သလားမသိတော့။ရန်ဖြစ်တာကိုကောင်းသည်ဟကျွန်တော်မဆိုလို။ညီ့ကို အားပေးအားမြှောက်ပြုနေခြင်းလည်းမဟုတ်။အခုကျွန်တော်ကလွဲပြီးသူ့မှာတစ်ယောက်မှမရှိ။ ကျွန်တော်ကပါသူများဘက်ကရပ်တည်ရင်ဒီကလေးနာကျင်ရလိမ့်မည်။ဆူတာ၊ဆုံးမတာကိုလည်းနောက်တော့မှလုပ်ကြတာပေါ့လေ။အခုဟာက ရန်ဖြစ်ကြ၊ ထိပ်ပေါက်ခေါင်းကွဲဖြစ်ပြီးဆေးရုံရောက်သူကရောက် ၊အချုပ်ထဲရောက်သူကရောက်မိဘဘက်ကအရင်လာနိုင်တဲ့သူတွေကအရင်အမှုဖွင့်ပြီးမကျေနပ်ကြောင်းမဏ္ဍပ်တိုင်တက်ပြနေတာတော့ဟုတ်ကိုမဟုတ်သေး ...။

" အခုဖြစ်တဲ့ကိစ္စမှာ အစ်မတို့ဘက်ကဆေးရုံလည်းရောက်တာကြောင့် အမှုဖွင့်ပြီး တရားလိုလုပ်ထားလို့ရဲစခန်းကလည်းကျွန်တော်တို့ကိုပြေလည်အောင်ညှိစေချင်တာ။အစ်မပြောသလို ခရိုင်ထိတက်မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကလည်းဘယ်သူ့ဘက်ကစတာဖြစ်ပြိးဘယ်သူကဘယ်လိုခံရတယ်ဆိုတာကိုသက်သေလုပ်ရမှာပဲ ညီ ညီ့ကားမှာ Black Box ရှိတယ်ဟုတ်"

ခေါင်းငြိမ့်ပြသည်မို့ ကျွန်တော်ဆက်ပြောသည်။

"ကျွန်တော်တို့စစ်ကြည့်ကြတာပေါ့ အစ်မ"

ခလေးတွေရန်ဖြစ်တာ မကောင်းဘူးမှန်း ကျွန်တော်လည်းသိပေမယ့် မတရားသဖြင့် ကျွန်တော့ညီကိုလည်း အတင်းအကျပ်မတောင်းပန်ခိုင်းနိုင်ဘူးလေ"

နောက်ဆုံးတော့ သူတို့ဘက်ကစတဲ့အရာမို့ကျေအေးပေးလိုက်ပေမယ့်ကျေနပ်ပုံတော့မရ။မတတ်နိုင် .... ဥပဒေဆိုတာလူကောင်းချည်းသက်သက်ကိုပဲအမြဲကာကွယ်ပေးနေတာမဟုတ်ဘူးလေ။တခါတရံမရည်ရွယ်ပါဘဲမျက်စိလည်လာတတ်တဲ့လူဆိုးလေးတွေအတွက်လည်းမှန်တဲ့သူဘက်ကရပ်တည်ရမှာပဲမဟုတ်လား။

" ကဲ ပြန်မယ်ညီညီ့ပစ္စည်းတွေအကုန်ပြန်ရပြီ။ စုံပြီလားစစ်ကြည့်ဦး"
" စုံတယ် ကိုဘုန်း"
" ဒါဆိုသွားမယ်ထ"
" ကိုဘုန်း ......."
" အင်း ... ပြောလေညီ"
" ကျေးဇူးတင်ပါတယ်"မျက်နှာကိုအောက်ချပြီးခပ်တိုးတိုးပြောလာတဲ့လေသံ" ကျေးဇူးတင်ရင် အဆူတော့ခံရမယ်ဆိုတာသိတယ်မဟုတ်လား"ခေါင်းညိတ်ပြလာတဲ့အဲ့ဒီကလေးရဲ့မျက်ဝန်းတွေမှာမျက်ရည်ကြည်များရစ်သိုင်းလို့ ..။ကျွန်တော်သက်ပြင်းသာ တွင်တွင်ချမိပါတော့သည်။ညီရယ် မင်းအရွယ်လေးနဲ့ဘာလို့များဒီလောက်နာကျင်နေရတာလဲကွာ ..။

" ကားပေါ်တက် အိမ်ပြန်ရအောင်"
................

တချို့မျှော်လင့်ခြင်းတွေမှာ
နာကျင်စရာတွေကိန်းအောင်းနေခဲ့တယ်လို့
မရိပ်စားမိရိုးအမှန်ပါ
ကမ်းပေးတဲ့လက်တစ်စုံနဲ့
အဆိပ်မသင့်စေချင်ခဲ့ရုံသာ
ရည်ရွယ်ခဲ့ဖူးတယ်

.......

ဘုန်းလကာင်္

Continue Reading

You'll Also Like

97.7K 12.4K 77
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
327K 8.3K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
275K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...