Zawgyi
က်ဴရွင္ကဆင္းေတာ့ ၂နာရီေတာင္ခြဲေနျပီ။
သိတဲ့အတုိင္းကားလမ္းေတြကစေနေန႕ေတာင္
ေခ်ာင္ခ်င္တာမဟုတ္။
အဲ့ဘက္လမ္းေတြကပုိဆုိးေသး။ အခ်ိန္ျပည့္က်ပ္သိပ္ေနတာနဲ႔ အိမ္ျပန္ေရမုိးခ်ိဳးျပင္ဆင္တာနဲ႕ဆုိ ဘယ္နည္းနဲ႕မွမမွီနုိင္ဘူး။တန္းသြားလုိက္ပါေတာ့မယ္ေလ။
က်ဴရွင္ဆုိေတာ့ ေပါ့ေပါ့ပါးပါး၀တ္လာတာမုိ႕
စြပ္က်ယ္အျဖဴေပၚမွာရွပ္အက်ီၤလက္တုိအျဖဴ
ခဲေရာင္ေဘာင္းဘီတုိက ဒူးအတိ။ ဒီလုိဆုိေတာ့
အဆင္ေျပပါ့မလား။သူကဆရာမဟုတ္ေပမယ့္လည္း
ရုိေသဖုိ႕ေတာ့ေကာင္းတယ္မဟုတ္လား။
အိမ္မျပန္ရင္ေတာ့ ၀င္၀ယ္ျပီးလဲ၀တ္ရင္
ေကာင္းမလား ...ရပါတယ္ ဘာျဖစ္လဲက်ဴရွင္မွာ
ေတာင္ဆရာေတြသင္တာပဲဟာ။
ဒါေပမယ့္လည္း ငါ့ကိုသူကကေလးလုိ႕
ထင္ေနရင္ေရာ ....
ငါ၀တ္ထားပုံကလည္း ၾကည့္ဦး ကုိဘုန္းက
လူၾကီးဆန္ဆန္နဲ႕ ငါက ေပါေတာေတာၾကီးမ်ား
ျဖစ္ေနမလား ....
ေပါင္းစုံေတြးျပီးဒြိဟျဖစ္ေနရာမွ ကြ်န္ေတာ္
ရယ္လုိက္မိေတာ့သည္။
ဘယ္နွယ့္ ကြ်န္ေတာ္သြားေတြ႕မွာကုိဘုန္းေလ။
ကြ်န္ေတာ့ရည္းစားလည္းမဟုတ္ေယာက္ဖလည္း
မဟုတ္။ ဘယ္လုိျဖစ္လုိ႕ ဒီေလာက္အေတြးမ်ား
ေနတာပါလိမ့္ ေနအလင္းစက္ေရ။
ဘယ္တုန္းကမွတျခားသူကုိအေရးမစုိက္ဖူးတဲ့
ကြ်န္ေတာ္က ကုိဘုန္းနဲ႕ဆုိဟုိေတြးသည္ေတြး
သိပ္ေတြးတာပဲ။ေအးေလ ဟုိလူၾကီးကအသက္
ၾကီးေတာ့ငါလည္းဇီဇာေၾကာင္လာတာေနမွာ..။
ကုိဘုန္းေျပာတဲ့ေနရာကုိေရာက္ေတာ့ ၃နာရီခြဲ..
ေတာ္ေသး ... တစ္နာရီပဲၾကာလုိ႕ ။
ကုိဘုန္းတုိ႕အိမ္က တစ္ထပ္ခြဲတုိက္ေလး ...
ျခံ၀န္းေလးကခပ္က်ယ္က်ယ္နဲ႕ျခံထဲမွာလည္း
ပန္းပင္ေတြကစုိက္ထားေသး၏။
သရက္ပင္ခပ္ၾကီးၾကီးေတြကတစ္ျခံလုံးကုိ
ေနထုိးျခင္းမွကာကြယ္ထားသည္။
ျခံ၀န္းေျမတလင္းေျပာင္ေျပာင္မွာအမိႈက္တစ္စ
ေတာင္မရွိ၊ ရွင္းလင္းေနတာပဲ။
ျခံ၀ကေခါင္းေလာင္းေလးကုိတီးလုိက္ေတာ့
ဦးေလးၾကီးတစ္ေယာက္ထြက္လာသည္။
" ကြ်န္ေတာ္ ကုိဘုန္းလကာၤနဲ႕ေတြ႕ခ်င္လုိ႕ပါ"
" ဟုတ္ကဲ့ အစ္ကုိေလးေျပာထားပါတယ္ ၀င္ပါခင္ဗ်"
ျခံ၀န္းထဲကျဖတ္ေလ်ွာက္လုိက္ေတာ့ ေျမၾကီးကုိ
ေရျဖန္းထားတဲ့ေျမသင္းနံ႕ ...
ကြ်န္ေတာ္အရမ္းၾကိဳက္တာေလ ..။
အိမ္ထဲမွာလည္းသပ္ရပ္ေနတာပဲနံရံမွာ မိသားစုဓါတ္ပုံေတြ ကုိဘုန္းနဲ႕အစ္မတစ္ေယာက္ဘြဲ႕ယူတဲ့ပုံေတြ
ကိုဘုန္းေျပာျပထားဖူးသည့္ ညီမေလးျဖစ္မည္။
" ေဟာ ေရာက္လာျပီလားညီ အိမ္ကုိရွာလုိက္ရေသးလား"
" မရွာလုိက္ရဘူး ဒီဘက္ကုိ ကြ်န္ေတာ္အရင္က
ေရာက္ဖူးေတာ့ေလ"
" ေတာ္ေသးတာေပါ့ ကုိယ္ဆုိအခုျမိဳ႕ထဲသြားခုိင္းရင္
ဒုကၡေတြေရာက္လုိက္တာဆုိတာ။ မနက္ကေတာင္
ေမေမက ဗုိလ္ခ်ဳပ္ေစ်းလုိက္ပုိ႕ခုိင္းတာ၊ ကုိယ့္ဒုကၡကုိ
ညီမေလးကယ္သြားလုိ႕ေက်းဇူးတင္တာလုိက္တာ
တအားပဲ"
ရယ္ရင္းေျပာေတာ့ ကြ်န္ေတာ္ေငးမိသြားရသည္။
ရွပ္အက်ီၤမုိးျပာေရာင္ကုိတံေတာင္ဆစ္အထိ
ေခါက္ထားျပီးအနက္ေရာင္ခ်ည္သားေဘာင္းဘီ
ရွည္နဲ႕တြဲ၀တ္ထားတဲ့ပုံစံက ပုဆုိးနဲ႕ရွပ္အက်ီၤ
လက္ရွည္နဲ႕ျမင္ေနၾကပုံစံကေနကြဲထြက္ကာ
ၾကည့္ေကာငး္ေနေလရဲ႕ ..။
ေက်ာင္းမွာဆုိ ေဘးခြဲကုိမွ ဆီအကူအညီနဲ႕
သပ္ရပ္ေနေအာင္ဖီးထားတဲ့ ဆံပင္ပုံစံကိုပဲျမင္ေနရာက
ဆီမပါသျဖင့္ ဖြာက်ေနတဲ့ဆံပင္ေတြကမဆုိစေလာက္
လႈိင္းတြန္႕မ်ားနဲ႕ပုံစံတစ္မ်ိဳး ေျပာင္းလဲျပီးျမင္ေနရ
သလုိလုိ ... ။ ။
" ညီ သြားမယ္လုိ႕... ကုိယ္ေျပာေနတာၾကားရဲ႕လား"
ပခုံးကိုဖြဖြလႈပ္ေမးမွ
" အဲ ... ဟုိ သြားမယ္ေလ ကုိဘုန္း"
အိမ္ထဲကေနထြက္ကားေပၚတက္ျပီးမွ
" ဘာေတြေငးေနတာလဲ ညီရ"
ခါးပတ္ပတ္ရင္းေမးသည္။
" ကြ်န္ေတာ္ ကုိဘုန္းကုိၾကည့္ေနတာဗ်"
" ကုိယ့္ကုိ ...ဘာလုိ႕လဲ ၾကည့္ရဆုိးလုိ႕လားညီ"
" မဟုတ္ပါဘူး ၾကည့္ေကာင္းလုိ႕"
" ဟားဟား တကယ္လား ဒီေန႔ညီေကြ်းရမွာေနာ္ "
" တကယ္ေျပာတာ ကုိဘုန္းရကြ်န္ေတာ္ကုိဘုန္းကုိ
စေတြ႕ေတာ့ဒီလူကေတာ္ေတာ္အေပါက္ဆုိးမယ္
ထင္ထားတာ။ အခုက်ေတာ့ ကုိဘုန္းက
စကားေျပာရတာလည္းအဆင္ေျပတယ္ေဖာ္ေရြျပီး
သေဘာလည္းေကာင္းတယ္၊ေတာ္လည္းေတာ္တယ္ေလ"
" ညီေရ ဒီေန႕ကုိယ္ပဲရွင္းလုိက္ပါေတာ့မယ္"
" ကြ်န္ေတာ္ကတစ္ေယာက္ေယာက္ကုိေျမွာက္ျပီး
ေျပာတတ္တဲ့ type မ်ိဳးမဟုတ္ဘူးကုိဘုန္း။
အရွိအတုိင္းပဲေျပာတယ္မေျပာရင္လည္း လွည့္ကုိ
မၾကည့္တာ"
" ဟုတ္ပါျပီဗ်ာ ေက်းဇူးတင္ပါတယ္
ဒါနဲ႕ ခါးပတ္ပတ္ထားေလ ညီ"
" ညေနပိုင္းကုိမဖမ္းၾကပါဘူး ကိုဘုန္းရာ"
" ဖမ္းမွာကိုေျပာတာမဟုတ္ဘူးေလ
ကုိယ့္အသက္အႏၱရယ္အတြက္ေျပာရတာ
ပတ္လုိက္ပါညီ ေနာက္ပုိင္းလည္းပတ္ထားေနာ္"
" ကြ်န္ေတာ္ေျပာတာတစ္ခုက်န္သြားတယ္"
" ဘာကုိ"
" တစ္ခါတစ္ေလေတာ့ေရွးရုိးဆန္ျပီး
အဘုိးၾကီးနဲ႕တူတယ္လုိ႕"
" ဘယ္လုိ ... အာ
ဟား ဟား ညီရာ မင္းကေတာ့ေလ"
အစဥ္သျဖင့္ တည္တင္းေနတတ္တဲ့ကြ်န္ေတာ့
မ်က္နွာကုိအရယ္အျပဳံးေတြျဖစ္လာေအာင္
လုပ္ေပးတတ္တယ္ဆုိတာေတာ့ကြ်န္ေတာ္
ထည့္မေျပာျဖစ္
တခ်ိဳ႕ကိစၥေတြကေျပာလြန္းျပန္ရင္လည္း
မေကာင္း။ ဘာတဲ့ ေရာလြန္းရင္ေပါတယ္ဆုိလား ...
၈ မုိင္လမ္းဆုံးနားကဆုိင္ေလးကုိေရာက္ေတာ့
ညေနပုိင္းျဖစ္လုိ႕လားမသိလူေတာ့သိပ္မရွိ
အရင္ကြ်န္ေတာ္တုိ႕လာေနၾက
ေန႕ခင္းပုိင္းဆုိရင္ေတာ့လူမ်ားတတ္၏။
" အေပၚထပ္သြားမယ္ ကုိဘုန္း
အေပၚမွာထုိင္လုိ႕ေကာင္းတယ္"
" သြားေလ ညီ"
အေပၚထပ္မွာကထုိင္ခုံမပါဘဲ
အခင္းနဲ႕ထုိင္ရတဲ့ပုံစံမ်ိဳး။
ကုိရီးယားလူမ်ိဳးဆုိင္ရွင္ကိုယ္တုိင္ဖြင့္တာျဖစ္ျပီး
ဆယ္ေက်ာ္သက္ေလးေတြအလာမ်ားတာမုိ႕
နံရံမွာလည္း ကုိရီးယားမင္းသားမင္းသမီးပုံမ်ားစြာ
ေဘးတစ္ဖက္တစ္ခ်က္မွာလည္း
ကြ်န္ေတာ့အရြယ္ေကာင္မေလး
တစ္သုိက္ကုိေတြ႕ရသည္။
၀င္လာကတည္းက ကုိဘုန္းကိုၾကည့္လုိက္
ကြ်န္ေတာ့ကုိၾကည့္လုိက္၊ တီးတုိးေျပာလုိက္
ရယ္လုိက္နဲ႕ဘာေလးေတြမွန္းကုိမသိ။
" ညီလာေနၾကလား ... ဆုိင္ေလးကမဆုိးဘူးပဲ
ကုိယ္ကဒီလုိပုံစံဆုိင္ေတြသေဘာက်တတ္တာ"
" ဆုိပါေတာ့ အရင္ကခဏခဏလာတယ္
ကြ်န္ေတာ့သူငယ္ခ်င္းနဲ႕။ အခုေတာ့ သူမရွိလုိ႕
မလာျဖစ္တာၾကာျပီ"
" ေၾသာ္ ..........
ဒါဆို စားေကာင္းမယ့္ဟာ ညီမွာေပးေလ
ကုိယ္ကမသိဘူးပဲ
ကုိယ္သိတာ ပဲေခါက္ဆြဲတစ္မ်ိဳးပဲရွိတယ္"
" ဒီမွာ ပဲေခါက္ဆြဲလည္းေကာင္းတယ္ ကုိဘုန္းရဲ႕
တျခားဟာေလးေတြကြ်န္ေတာ္မွာလုိက္မယ္ေနာ္"
" အင္း ..... ေက်းဇူး ...
အိမ္မွာဘယ္သူမွလည္းမရွိ ဒီမွာလည္းခ်ိန္းထားေတာ့
ဘာမွမေကြ်းလုိက္ရတာကုိယ္ကအားနာေနတာ"
" ရပါတယ္ ကုိဘုန္းရဲ႕
ကြ်န္ေတာ္က်ဴရွင္မတက္ခင္ကမွစားထားတာ"
" ေနာက္တစ္ေခါက္ေပါ့
ကုိယ့္ညီမေလးကမုန္႕လုပ္တာသိပ္ေကာင္းတာ
သူအားတဲ့ေန႕နဲ႕ၾကဳံရင္ ညီ့ကုိဖိတ္မယ္ေနာ္
ညီအားရင္လာခဲ့ပါ "
ကြ်န္ေတာ္ျပဳံးျပလုိက္မိေတာ့
ေဘးဘက္ကအသံတခ်ိဳ႕ထြက္လာျပန္သည္။
မ်က္ေမွာင္က်ဳံ႕ျပီးၾကည့္တာေတာင္
ျပဳံးစိစိနဲ႕ ဘယ္လုိေတာင္လဲမသိ။
ကုိဘုန္းကုိၾကည့္ေတာင္သိပုံေတာင္မရ။
ေအးေပါ့ေလ အဲ့ဒါေၾကာင့္လည္းမိန္းမမရေသးတာေနမွာ
" ၀က္ဆလပ္တစ္ပြဲ၊ ကင္မ္ခ်ီဟင္းရည္ကၾကက္သားနဲ႕
ကုိဘုန္းထမင္းစားမလားဟင္"
" စားမယ္ေလ"
" ဟုတ္ ... ဒါဆုိထမင္းျဖဴတစ္ပြဲအပုိေနာ္
ဟင္းရည္ကုိအစပ္ေလ်ွာ့မယ္၊ ပဲေခါက္ဆြဲတစ္ပြဲ
ဖက္ထုပ္ေၾကာ္တစ္ပြဲ၊ ငါးအူေခ်ာင္းလည္းခ်ေပးပါ
ထမင္းလိပ္ေရာ စားဦးမလား ကုိဘုန္း"
" အခုေတာင္ေတာ္ေတာ္မ်ားေနပါျပီ ညီရာ
ေနာက္မွထပ္မွာတာေပါ့"
" ဟင္ နည္းနည္းေလးရွိေသးတာကုိကြ်န္ေတာ္တုိ႕
နွစ္ေယာက္ဆုိဒီေလာက္ကအသာေလး
ကြ်စ္ သူ႕အေၾကာင္းမေျပာခ်င္ပါဘူးဆုိ"
ကုိဘုန္းကေတာ့ထူးဆန္းေနမလားမသိ။
သြားအတူတူ၊စားအတူတူမုိ႕သူ႕အေၾကာင္းက
မပါမျပီးတဲ့ကိစၥကုိလည္းရွင္းမွပါ ...
စိတ္ကုန္တယ္ တကယ္...
အစားအေသာက္ေတြေရာက္လာလုိ႕စားေနတုန္းမိသားစုတစ္စုတက္လာေတာ့ဘာရယ္မဟုတ္
ကြ်န္ေတာ္အၾကည့္ေရာက္သြားမိသည္။
" ေမေမ ဒါစားမယ္ဒါေလးမွာေပး ဒါေလး ဒါေလး"
" ေအးပါ သားေလးၾကိဳက္တာစားဒါေရာ ဒါေရာ"
" Yayyy mummy is the best"
" အမယ္ေလး ဒါနဲ႕ပဲအစ္ကုိေရအစ္ကုိ႕သား
ဘယ္ေလာက္လည္လဲ ေတြ႕တယ္ေနာ္"
" အေဖ့ဆီလာပါဦးသားရဲ႕"
ဒီလုိျမင္ကြင္းမ်ိဳး၊ ဒီလုိအသံမ်ိဳး ...
ကြ်န္ေတာ့အတြက္ငရဲလုိပါပဲ...
မၾကားခ်င္၊မျမင္ခ်င္၊မသိခ်င္ပါ။
ထိန္းထားတဲ့ၾကားက ၀ဲတက္လာတဲ့မ်က္ရည္စကုိ
ပုတ္ခတ္သိမ္းဆည္းလုိက္ေပမယ့္ပါးနပ္တဲ့ကုိဘုန္းက
ျမင္ပုံပဲ။
" ညီ တခ်ိဳ႕ကိစၥေတြကုိယ့္ကုိရင္ဖြင့္လုိ႕ရရင္ဖြင့္ပါ။
ကုိယ္စပ္စုတာလည္းမဟုတ္ဘူး၊ ဆရာလုပ္ခ်င္တာ
လည္မဟုတ္ဘူး။ တစ္ေယာက္ေယာက္ကုိေျပာျပလုိ႕
ေပါ့သြားတယ္ဆုိရင္ေကာင္းတာေပါ့ညီ့မွာသူငယ္ခ်င္း
လည္းမရွိဘူးဆိုေတာ့ကိုယ့္ကိုေျပာလို႔ရပါတယ္ "
ကြ်န္ေတာ္ရုတ္တရက္၀မ္းနည္းလာခဲ့သည္။
ကြ်န္ေတာ့မွာ တုိင္ပင္စရာရင္ဖြင့္စရာ၊ အားထားစရာ
ဆုိလုိ႕ေမြးကတည္းက ေသာ္ကတစ္ေယာက္တည္း
ရွိခဲ့တာေလ
အျခားဘယ္သူ႕ကမွကြ်န္ေတာ့ကုိအဖက္မလုပ္သလုိ
ကြ်န္ေတာ္ကလည္းဂရုမစုိက္တတ္ခဲ့။
ဒါေပမယ့္ ေသာ္ကမရွိတဲ့ေနာက္ပုိင္းေတြမွာ
တစ္ခုခုခံစားရတုိင္းျမိဳသိပ္ရလြန္းလုိ႕
ကြ်န္ေတာ္ပင္ပန္းလွပါျပီ။
မ်က္နွာခ်င္းဆုိင္ေတြ႕တုိင္း
" ပုိက္ဆံထပ္ထည့္ေပးထားတယ္"
လုိ႕သာေျပာတတ္ေတာ့တဲ့အေဖရယ္ ....
စင္ကာပူနဲ႕ထုိင္း မွာရွိတဲ့ေဆးရုံေတြကုိေျပးလိုက္
လႊားလိုက္၊ ငိုယုိလုိက္လုပ္ရင္းက ကြ်န္ေတာ့ကုိ
ျမင္တာနဲ႕ကြ်န္ေတာ္ဘာအျပစ္မွမလုပ္ပါဘဲ
"အငယ္ေလးေတြေၾကာင့္စိတ္ညစ္ရတဲ့အထဲ
သားကပါစိတ္ညစ္ေအာင္မလုပ္နဲ႕"လုိ႕
ေျပာထြက္တဲ့အေမရယ္
" ကြ်န္ေတာ္ၾကားဖူးတယ္။
မိဘဆုိတာသားသမီးကုိေရြးခ်ယ္လုိ႕
ရေပမယ့္သားသမီးကေတာ့မိဘကုိ
ေရြးခ်ယ္ခြင့္မရွိဘူး" တဲ့
ကြ်န္ေတာ္သာေရြးခ်ယ္ခြင့္ရခဲ့ရင္ကုန္းေကာက္စရာ
မရွိေအာင္ဆင္းရဲရင္ဆင္းရဲပါေစ၊ ကြ်န္ေတာ့ကုိအျမဲ
ဂရုစုိက္ေပးနုိင္မယ့္ မိဘမ်ိဳးလုိခ်င္တယ္ ကုိဘုန္း"
ေမးတုန္းကနႈတ္ဆိတ္ေနခဲ့ၿပီးစားေသာက္ျပီး
ကားေပၚေရာက္ေတာ့မွ ေျပာျဖစ္တဲ့စကား ....
" မိဘမွာလည္းအေၾကာင္းရွိမွာေပါ့ညီ။
မိဘကုိအရမ္းအျပစ္တင္ရင္ညီလည္းပင္ပန္းတယ္
ငရဲကလည္းေနမွာမဟုတ္ဘူးေနာ္ဘယ္လုိျဖစ္ျဖစ္
သူတုိ႕ကညီ့ကုိေမြးေပးထားတဲ့မိဘေတြေလ"
" ကြ်န္ေတာ္လည္းအျပစ္မတင္ခ်င္ပါဘူး
ျဖစ္နုိင္ရင္ ကြ်န္ေတာ္ျပန္ေမြးဖြားလာခ်င္တယ္
ကြ်န္ေတာ့ကိုေမတၱာေပးနုိင္မယ့္
ေႏြးေထြးတဲ့မိသားစုမ်ိဳးပဲကြ်န္ေတာ္လုိခ်င္တယ္"
" ညီရာ ....."
" Sorry ကုိဘုန္း ကြ်န္ေတာ္မဟုတ္တာေတြ
ေလ်ွာက္ေျပာေနမိျပီ"
" မဟုတ္ပါဘူး။ ကုိယ္လည္းသိခ်င္ပါတယ္ ညီ
အကယ္၍ ညီအဆင္ေျပမယ္ဆုိရင္
ကုိယ္ ညီနဲ႕ပတ္သတ္ျပီးသိခြင့္ရခ်င္တယ္။
ဒါမွညီ့ကုိကုိယ္နွစ္သိမ့္ေပးနုိင္မွာ"
" နွစ္သိမ့္ေပးမယ္တဲ့လား...
ေတာ္ပါျပီ ကြ်န္ေတာ္အေၾကာက္ဆုံးကအဲ့ဒီလုိ
စကားေတြပဲ ကုိဘုန္းကြ်န္ေတာ္အယုံအၾကည္မရွိဘူး"
ကြ်န္ေတာ့စကားမာသြားတယ္ထင္ပါရဲ႕
ကုိဘုန္းကကြ်န္ေတာ့ကုိထပ္မေျပာေတာ့။
ျပတင္းေပါက္ကေနတဆင့္ အျပင္ကုိသာ
ေငးၾကည့္ေနေတာ့သည္။
ဒီလုိပါပဲ လူတုိင္းကကြ်န္ေတာ့ဒဏ္ကုိ
နည္းနည္းေလးမွမခံနုိင္ၾကဘူးေလ။
အခုလည္းအဆင္ေျပကာစကြ်န္ေတာ္တုိ႕ဆက္ဆံေရး
ကြ်န္ေတာ့စရုိက္ေၾကာင့္ပဲပ်က္စီးေတာ့မယ္ ထင္ပါရဲ႕။
အေပါင္းအသင္းဆုိတာ ကြ်န္ေတာ့အတြက္
ကံမပါဘူးျဖစ္မွာပါ။
ကုိဘုန္းျခံေရွ႕ကုိေရာက္ခ်ိန္ထိနွစ္ေယာက္လုံး
တိတ္ဆိတ္ေနမိသည္။
" ဒီေန႕အတြက္ေက်းဇူးပဲညီ
ကုိယ္မစားဖူးတာေတြညီ့ေက်းဇူးနဲ႕စားဖူးျပီ
ေနာက္မွ ကုိယ္တစ္ေခါက္၀ယ္ေကြ်းမယ္ေနာ္"
" ရပါတယ္ ကုိဘုန္းဆီကကြ်န္ေတာ္ကအျမဲစားေနတာ
အခုလည္းဘယ္ေလာက္မွမကုန္ပါဘူး။
ကြၽန္ေတာ့ေၾကာင့္ ေအးေအးေဆးေဆးေတာင္
မစားခဲ့ရဘူးမဟုတ္လား "
"မဟုတ္ပါဘူး။။ကိုယ္ေသခ်ာစားခဲ့ရပါတယ္
အိမ္ထဲ၀င္ပါဦးလား၊ ဒီအခ်ိန္ဆုိအိမ္မွာ လူစုံေနျပီ"
ကြ်န္ေတာ္တစ္ခ်က္ျပဳံးျပရင္းခါင္းခါလုိက္မိသည္။
လူစုံတဲ့မိသားစုေတြကုိ ကြ်န္ေတာ္မုန္းပါတယ္ဆုိ။
" ကြ်န္ေတာ္ျပန္ေတာ့မယ္ ကုိဘုန္း"
" အင္း ......... ကားကုိဂရုစုိက္ေမာင္းပါညီ
ခါးပတ္လည္းပတ္ဦးဗ်"
" သြားေတာ့မယ္"
" ခဏေလး ...."
ရွည္သြယ္တဲ့လက္ညိဳးနဲ႕လက္မၾကားက
ကတ္ျပားျဖဴျဖဴတစ္ခု ...။
"ေရာ့ ဒီမွာကိုယ့္ဖုန္းနံပတ္ ... ညီ့မွာ ေျပာျပစရာေတြရွိတဲ့အခါအခ်ိန္မေရြးကုိယ့္ကုိဖုန္းဆက္ပါ
ကုိယ္တုိ႕က ဆရာတပည့္မဟုတ္ေပမယ့္
ညီအစ္ကုိ ........
ေနဦး ........ ညီကကုိယ့္ထက္၁၅နွစ္ေလာက္
ငယ္မွာဆုိေတာ့တူ၀ရီးလား"
စဥ္းစဥ္းစားစားေျပာေနတဲ့ကုိဘုန္းကုိၾကည့္ျပီး
ကြ်န္ေတာ္ရယ္မိရပါေတာ့သည္။
" အခုမွပဲ ရယ္ေတာ့တယ္ကြာ
ရယ္ပါ ညီရဲ႕ညီ့ပါးခ်ိဳင့္နွစ္ဖက္က ရယ္လုိက္ရင္
အရမ္းထင္းျပီးခ်စ္စရာေကာင္းတယ္
ညီက အခုမွခေလးပဲရွိေသးတာ
မ်ားမ်ားရယ္ေနပါ ဟုတ္ျပီလား"
ကြ်န္ေတာ့ဆံပင္ေတြကုိခပ္ျဖည္းျဖည္းဆြဲဲဖြကာ
ရယ္ျပီးေျပာတဲ့ ကုိဘုန္းရဲ႕ပုံစံကုိၾကည့္ကာ
ကြ်န္ေတာ္ေပ်ာ္သလုိလုိ၊ ၀မ္းနည္းသလုိလုိ
ကြ်န္ေတာ့ကုိအဲ့ဒီလုိဆက္ဆံတဲ့သူတစ္ေယာက္မွ
မရွိဘူးေလ။
တျခားသူသာဆုိ ခေလးလုိဆက္ဆံရသလားဆုိျပီး
ရန္ရွာမိမွာေပမယ့္ ထူးဆန္းစြာပင္
ကုိဘုန္းကုိေတာ့ကြ်န္ေတာ္ျပန္မေျပာျဖစ္။
ေအးေပါ့ေလ သူက တကၠသုိလ္ကဆရာဆုိေတာ့
လည္းစကားေျပာေကာင္းမွာေပါ့ ။
" သြားေတာ့ ညီမုိးခ်ဳပ္ေနျပီ အိမ္ကုိေသခ်ာျပန္ေနာ္
အိမ္ေရာက္လုိ႕အဆင္ေျပရင္ကုိယ့္ကုိဖုန္းဆက္
ဟုတ္ျပီလား။ ေၾသာ္ ကားကုိဂရုစုိက္ေမာင္းေနာ္
မေမ့နဲ႕"
ေခါင္းညိတ္ျပျပီးထြက္လာခဲ့သည္။
ပထမဆုံးအၾကိမ္အျဖစ္ ခါးပတ္ပတ္ရင္း
ကားကုိခပ္ျဖည္းျဖည္းေမာင္းခဲ့တဲ့ညတစ္ညေပါ့။
အဲ့ဒီ့ညကကြ်န္ေတာ့ phone contact
ထဲမွာ4 ခုေျမာက္ နာမည္စာရင္းတစ္ခု
တုိးလာခဲ့တယ္ေလ။
တစုံတေယာက္ဟာ
ကြ်န္ေတာ့နႈတ္ခမ္းေတြကုိ
အခ်ိန္အခါမေရြးျပဳံးတတ္ဖုိ႕
စကားလုံးအလွေတြမပါဘဲ
သင္ေပးခဲ့တယ္
ကြ်န္ေတာ္ကုိယ္တုိင္ေတာင္
သတိမထားမိပဲနဲ႕နာခံလ်က္သားေပါ့.......
ေနအလင္းစက္
.
......
Unicode
ကျူရှင်ကဆင်းတော့ ၂နာရီတောင်ခွဲနေပြီ။
သိတဲ့အတိုင်းကားလမ်းတွေကစနေနေ့တောင်
ချောင်ချင်တာမဟုတ်။
အဲ့ဘက်လမ်းတွေကပိုဆိုးသေး။ အချိန်ပြည့်ကျပ်သိပ်နေတာနဲ့ အိမ်ပြန်ရေမိုးချိုးပြင်ဆင်တာနဲ့ဆို ဘယ်နည်းနဲ့မှမမှီနိုင်ဘူး။တန်းသွားလိုက်ပါတော့မယ်လေ။
ကျူရှင်ဆိုတော့ ပေါ့ပေါ့ပါးပါးဝတ်လာတာမို့
စွပ်ကျယ်အဖြူပေါ်မှာရှပ်အကျီၤလက်တိုအဖြူ
ခဲရောင်ဘောင်းဘီတိုက ဒူးအတိ။ ဒီလိုဆိုတော့
အဆင်ပြေပါ့မလား။သူကဆရာမဟုတ်ပေမယ့်လည်း
ရိုသေဖို့တော့ကောင်းတယ်မဟုတ်လား။
အိမ်မပြန်ရင်တော့ ဝင်ဝယ်ပြီးလဲဝတ်ရင်
ကောင်းမလား ...ရပါတယ် ဘာဖြစ်လဲကျူရှင်မှာ
တောင်ဆရာတွေသင်တာပဲဟာ။
ဒါပေမယ့်လည်း ငါ့ကိုသူကကလေးလို့
ထင်နေရင်ရော ....
ငါဝတ်ထားပုံကလည်း ကြည့်ဦး ကိုဘုန်းက
လူကြီးဆန်ဆန်နဲ့ ငါက ပေါတောတောကြီးများ
ဖြစ်နေမလား ....
ပေါင်းစုံတွေးပြီးဒွိဟဖြစ်နေရာမှ ကျွန်တော်
ရယ်လိုက်မိတော့သည်။
ဘယ်နှယ့် ကျွန်တော်သွားတွေ့မှာကိုဘုန်းလေ။
ကျွန်တော့ရည်းစားလည်းမဟုတ်ယောက်ဖလည်း
မဟုတ်။ ဘယ်လိုဖြစ်လို့ ဒီလောက်အတွေးများ
နေတာပါလိမ့် နေအလင်းစက်ရေ။
ဘယ်တုန်းကမှတခြားသူကိုအရေးမစိုက်ဖူးတဲ့
ကျွန်တော်က ကိုဘုန်းနဲ့ဆိုဟိုတွေးသည်တွေး
သိပ်တွေးတာပဲ။အေးလေ ဟိုလူကြီးကအသက်
ကြီးတော့ငါလည်းဇီဇာကြောင်လာတာနေမှာ..။
ကိုဘုန်းပြောတဲ့နေရာကိုရောက်တော့ ၃နာရီခွဲ..
တော်သေး ... တစ်နာရီပဲကြာလို့ ။
ကိုဘုန်းတို့အိမ်က တစ်ထပ်ခွဲတိုက်လေး ...
ခြံဝန်းလေးကခပ်ကျယ်ကျယ်နဲ့ခြံထဲမှာလည်း
ပန်းပင်တွေကစိုက်ထားသေး၏။
သရက်ပင်ခပ်ကြီးကြီးတွေကတစ်ခြံလုံးကို
နေထိုးခြင်းမှကာကွယ်ထားသည်။
ခြံဝန်းမြေတလင်းပြောင်ပြောင်မှာအမှိုက်တစ်စ
တောင်မရှိ၊ ရှင်းလင်းနေတာပဲ။
ခြံဝကခေါင်းလောင်းလေးကိုတီးလိုက်တော့
ဦးလေးကြီးတစ်ယောက်ထွက်လာသည်။
" ကျွန်တော် ကိုဘုန်းလကာၤနဲ့တွေ့ချင်လို့ပါ"
" ဟုတ်ကဲ့ အစ်ကိုလေးပြောထားပါတယ် ဝင်ပါခင်ဗျ"
ခြံဝန်းထဲကဖြတ်လျှောက်လိုက်တော့ မြေကြီးကို
ရေဖြန်းထားတဲ့မြေသင်းနံ့ ...
ကျွန်တော်အရမ်းကြိုက်တာလေ ..။
အိမ်ထဲမှာလည်းသပ်ရပ်နေတာပဲနံရံမှာ မိသားစုဓါတ်ပုံတွေ ကိုဘုန်းနဲ့အစ်မတစ်ယောက်ဘွဲ့ယူတဲ့ပုံတွေ
ကိုဘုန်းပြောပြထားဖူးသည့် ညီမလေးဖြစ်မည်။
" ဟော ရောက်လာပြီလားညီ အိမ်ကိုရှာလိုက်ရသေးလား"
" မရှာလိုက်ရဘူး ဒီဘက်ကို ကျွန်တော်အရင်က
ရောက်ဖူးတော့လေ"
" တော်သေးတာပေါ့ ကိုယ်ဆိုအခုမြို့ထဲသွားခိုင်းရင်
ဒုက္ခတွေရောက်လိုက်တာဆိုတာ။ မနက်ကတောင်
မေမေက ဗိုလ်ချုပ်ဈေးလိုက်ပို့ခိုင်းတာ၊ ကိုယ့်ဒုက္ခကို
ညီမလေးကယ်သွားလို့ကျေးဇူးတင်တာလိုက်တာ
တအားပဲ"
ရယ်ရင်းပြောတော့ ကျွန်တော်ငေးမိသွားရသည်။
ရှပ်အကျီၤမိုးပြာရောင်ကိုတံတောင်ဆစ်အထိ
ခေါက်ထားပြီးအနက်ရောင်ချည်သားဘောင်းဘီ
ရှည်နဲ့တွဲဝတ်ထားတဲ့ပုံစံက ပုဆိုးနဲ့ရှပ်အကျီၤ
လက်ရှည်နဲ့မြင်နေကြပုံစံကနေကွဲထွက်ကာ
ကြည့်ကောင်းနေလေရဲ့ ..။
ကျောင်းမှာဆို ဘေးခွဲကိုမှ ဆီအကူအညီနဲ့
သပ်ရပ်နေအောင်ဖီးထားတဲ့ ဆံပင်ပုံစံကိုပဲမြင်နေရာက
ဆီမပါသဖြင့် ဖွာကျနေတဲ့ဆံပင်တွေကမဆိုစလောက်
လှိုင်းတွန့်များနဲ့ပုံစံတစ်မျိုး ပြောင်းလဲပြီးမြင်နေရ
သလိုလို ... ။ ။
" ညီ သွားမယ်လို့... ကိုယ်ပြောနေတာကြားရဲ့လား"
ပခုံးကိုဖွဖွလှုပ်မေးမှ
" အဲ ... ဟို သွားမယ်လေ ကိုဘုန်း"
အိမ်ထဲကနေထွက်ကားပေါ်တက်ပြီးမှ
" ဘာတွေငေးနေတာလဲ ညီရ"
ခါးပတ်ပတ်ရင်းမေးသည်။
" ကျွန်တော် ကိုဘုန်းကိုကြည့်နေတာဗျ"
" ကိုယ့်ကို ...ဘာလို့လဲ ကြည့်ရဆိုးလို့လားညီ"
" မဟုတ်ပါဘူး ကြည့်ကောင်းလို့"
" ဟားဟား တကယ်လား ဒီနေ့ညီကျွေးရမှာနော် "
" တကယ်ပြောတာ ကိုဘုန်းရကျွန်တော်ကိုဘုန်းကို
စတွေ့တော့ဒီလူကတော်တော်အပေါက်ဆိုးမယ်
ထင်ထားတာ။ အခုကျတော့ ကိုဘုန်းက
စကားပြောရတာလည်းအဆင်ပြေတယ်ဖော်ရွေပြီး
သဘောလည်းကောင်းတယ်၊တော်လည်းတော်တယ်လေ"
" ညီရေ ဒီနေ့ကိုယ်ပဲရှင်းလိုက်ပါတော့မယ်"
" ကျွန်တော်ကတစ်ယောက်ယောက်ကိုမြှောက်ပြီး
ပြောတတ်တဲ့ type မျိုးမဟုတ်ဘူးကိုဘုန်း။
အရှိအတိုင်းပဲပြောတယ်မပြောရင်လည်း လှည့်ကို
မကြည့်တာ"
" ဟုတ်ပါပြီဗျာ ကျေးဇူးတင်ပါတယ်
ဒါနဲ့ ခါးပတ်ပတ်ထားလေ ညီ"
" ညနေပိုင်းကိုမဖမ်းကြပါဘူး ကိုဘုန်းရာ"
" ဖမ်းမှာကိုပြောတာမဟုတ်ဘူးလေ
ကိုယ့်အသက်အန္တရယ်အတွက်ပြောရတာ
ပတ်လိုက်ပါညီ နောက်ပိုင်းလည်းပတ်ထားနော်"
" ကျွန်တော်ပြောတာတစ်ခုကျန်သွားတယ်"
" ဘာကို"
" တစ်ခါတစ်လေတော့ရှေးရိုးဆန်ပြီး
အဘိုးကြီးနဲ့တူတယ်လို့"
" ဘယ်လို ... အာ
ဟား ဟား ညီရာ မင်းကတော့လေ"
အစဉ်သဖြင့် တည်တင်းနေတတ်တဲ့ကျွန်တော့
မျက်နှာကိုအရယ်အပြုံးတွေဖြစ်လာအောင်
လုပ်ပေးတတ်တယ်ဆိုတာတော့ကျွန်တော်
ထည့်မပြောဖြစ်
တချို့ကိစ္စတွေကပြောလွန်းပြန်ရင်လည်း
မကောင်း။ ဘာတဲ့ ရောလွန်းရင်ပေါတယ်ဆိုလား ...
၈ မိုင်လမ်းဆုံးနားကဆိုင်လေးကိုရောက်တော့
ညနေပိုင်းဖြစ်လို့လားမသိလူတော့သိပ်မရှိ
အရင်ကျွန်တော်တို့လာနေကြ
နေ့ခင်းပိုင်းဆိုရင်တော့လူများတတ်၏။
" အပေါ်ထပ်သွားမယ် ကိုဘုန်း
အပေါ်မှာထိုင်လို့ကောင်းတယ်"
" သွားလေ ညီ"
အပေါ်ထပ်မှာကထိုင်ခုံမပါဘဲ
အခင်းနဲ့ထိုင်ရတဲ့ပုံစံမျိုး။
ကိုရီးယားလူမျိုးဆိုင်ရှင်ကိုယ်တိုင်ဖွင့်တာဖြစ်ပြီး
ဆယ်ကျော်သက်လေးတွေအလာများတာမို့
နံရံမှာလည်း ကိုရီးယားမင်းသားမင်းသမီးပုံများစွာ
ဘေးတစ်ဖက်တစ်ချက်မှာလည်း
ကျွန်တော့အရွယ်ကောင်မလေး
တစ်သိုက်ကိုတွေ့ရသည်။
ဝင်လာကတည်းက ကိုဘုန်းကိုကြည့်လိုက်
ကျွန်တော့ကိုကြည့်လိုက်၊ တီးတိုးပြောလိုက်
ရယ်လိုက်နဲ့ဘာလေးတွေမှန်းကိုမသိ။
" ညီလာနေကြလား ... ဆိုင်လေးကမဆိုးဘူးပဲ
ကိုယ်ကဒီလိုပုံစံဆိုင်တွေသဘောကျတတ်တာ"
" ဆိုပါတော့ အရင်ကခဏခဏလာတယ်
ကျွန်တော့သူငယ်ချင်းနဲ့။ အခုတော့ သူမရှိလို့
မလာဖြစ်တာကြာပြီ"
" သြော် ..........
ဒါဆို စားကောင်းမယ့်ဟာ ညီမှာပေးလေ
ကိုယ်ကမသိဘူးပဲ
ကိုယ်သိတာ ပဲခေါက်ဆွဲတစ်မျိုးပဲရှိတယ်"
" ဒီမှာ ပဲခေါက်ဆွဲလည်းကောင်းတယ် ကိုဘုန်းရဲ့
တခြားဟာလေးတွေကျွန်တော်မှာလိုက်မယ်နော်"
" အင်း ..... ကျေးဇူး ...
အိမ်မှာဘယ်သူမှလည်းမရှိ ဒီမှာလည်းချိန်းထားတော့
ဘာမှမကျွေးလိုက်ရတာကိုယ်ကအားနာနေတာ"
" ရပါတယ် ကိုဘုန်းရဲ့
ကျွန်တော်ကျူရှင်မတက်ခင်ကမှစားထားတာ"
" နောက်တစ်ခေါက်ပေါ့
ကိုယ့်ညီမလေးကမုန့်လုပ်တာသိပ်ကောင်းတာ
သူအားတဲ့နေ့နဲ့ကြုံရင် ညီ့ကိုဖိတ်မယ်နော်
ညီအားရင်လာခဲ့ပါ "
ကျွန်တော်ပြုံးပြလိုက်မိတော့
ဘေးဘက်ကအသံတချို့ထွက်လာပြန်သည်။
မျက်မှောင်ကျုံ့ပြီးကြည့်တာတောင်
ပြုံးစိစိနဲ့ ဘယ်လိုတောင်လဲမသိ။
ကိုဘုန်းကိုကြည့်တောင်သိပုံတောင်မရ။
အေးပေါ့လေ အဲ့ဒါကြောင့်လည်းမိန်းမမရသေးတာနေမှာ
" ဝက်ဆလပ်တစ်ပွဲ၊ ကင်မ်ချီဟင်းရည်ကကြက်သားနဲ့
ကိုဘုန်းထမင်းစားမလားဟင်"
" စားမယ်လေ"
" ဟုတ် ... ဒါဆိုထမင်းဖြူတစ်ပွဲအပိုနော်
ဟင်းရည်ကိုအစပ်လျှော့မယ်၊ ပဲခေါက်ဆွဲတစ်ပွဲ
ဖက်ထုပ်ကြော်တစ်ပွဲ၊ ငါးအူချောင်းလည်းချပေးပါ
ထမင်းလိပ်ရော စားဦးမလား ကိုဘုန်း"
" အခုတောင်တော်တော်များနေပါပြီ ညီရာ
နောက်မှထပ်မှာတာပေါ့"
" ဟင် နည်းနည်းလေးရှိသေးတာကိုကျွန်တော်တို့
နှစ်ယောက်ဆိုဒီလောက်ကအသာလေး
ကျွစ် သူ့အကြောင်းမပြောချင်ပါဘူးဆို"
ကိုဘုန်းကတော့ထူးဆန်းနေမလားမသိ။
သွားအတူတူ၊စားအတူတူမို့သူ့အကြောင်းက
မပါမပြီးတဲ့ကိစ္စကိုလည်းရှင်းမှပါ ...
စိတ်ကုန်တယ် တကယ်...
အစားအသောက်တွေရောက်လာလို့စားနေတုန်းမိသားစုတစ်စုတက်လာတော့ဘာရယ်မဟုတ်
ကျွန်တော်အကြည့်ရောက်သွားမိသည်။
" မေမေ ဒါစားမယ်ဒါလေးမှာပေး ဒါလေး ဒါလေး"
" အေးပါ သားလေးကြိုက်တာစားဒါရော ဒါရော"
" Yayyy mummy is the best"
" အမယ်လေး ဒါနဲ့ပဲအစ်ကိုရေအစ်ကို့သား
ဘယ်လောက်လည်လဲ တွေ့တယ်နော်"
" အဖေ့ဆီလာပါဦးသားရဲ့"
ဒီလိုမြင်ကွင်းမျိုး၊ ဒီလိုအသံမျိုး ...
ကျွန်တော့အတွက်ငရဲလိုပါပဲ...
မကြားချင်၊မမြင်ချင်၊မသိချင်ပါ။
ထိန်းထားတဲ့ကြားက ဝဲတက်လာတဲ့မျက်ရည်စကို
ပုတ်ခတ်သိမ်းဆည်းလိုက်ပေမယ့်ပါးနပ်တဲ့ကိုဘုန်းက
မြင်ပုံပဲ။
" ညီ တချို့ကိစ္စတွေကိုယ့်ကိုရင်ဖွင့်လို့ရရင်ဖွင့်ပါ။
ကိုယ်စပ်စုတာလည်းမဟုတ်ဘူး၊ ဆရာလုပ်ချင်တာ
လည်မဟုတ်ဘူး။ တစ်ယောက်ယောက်ကိုပြောပြလို့
ပေါ့သွားတယ်ဆိုရင်ကောင်းတာပေါ့ညီ့မှာသူငယ်ချင်း
လည်းမရှိဘူးဆိုတော့ကိုယ့်ကိုပြောလို့ရပါတယ် "
ကျွန်တော်ရုတ်တရက်ဝမ်းနည်းလာခဲ့သည်။
ကျွန်တော့မှာ တိုင်ပင်စရာရင်ဖွင့်စရာ၊ အားထားစရာ
ဆိုလို့မွေးကတည်းက သော်ကတစ်ယောက်တည်း
ရှိခဲ့တာလေ
အခြားဘယ်သူ့ကမှကျွန်တော့ကိုအဖက်မလုပ်သလို
ကျွန်တော်ကလည်းဂရုမစိုက်တတ်ခဲ့။
ဒါပေမယ့် သော်ကမရှိတဲ့နောက်ပိုင်းတွေမှာ
တစ်ခုခုခံစားရတိုင်းမြိုသိပ်ရလွန်းလို့
ကျွန်တော်ပင်ပန်းလှပါပြီ။
မျက်နှာချင်းဆိုင်တွေ့တိုင်း
" ပိုက်ဆံထပ်ထည့်ပေးထားတယ်"
လို့သာပြောတတ်တော့တဲ့အဖေရယ် ....
စင်ကာပူနဲ့ထိုင်း မှာရှိတဲ့ဆေးရုံတွေကိုပြေးလိုက်
လွှားလိုက်၊ ငိုယိုလိုက်လုပ်ရင်းက ကျွန်တော့ကို
မြင်တာနဲ့ကျွန်တော်ဘာအပြစ်မှမလုပ်ပါဘဲ
"အငယ်လေးတွေကြောင့်စိတ်ညစ်ရတဲ့အထဲ
သားကပါစိတ်ညစ်အောင်မလုပ်နဲ့"လို့
ပြောထွက်တဲ့အမေရယ်
" ကျွန်တော်ကြားဖူးတယ်။
မိဘဆိုတာသားသမီးကိုရွေးချယ်လို့
ရပေမယ့်သားသမီးကတော့မိဘကို
ရွေးချယ်ခွင့်မရှိဘူး" တဲ့
ကျွန်တော်သာရွေးချယ်ခွင့်ရခဲ့ရင်ကုန်းကောက်စရာ
မရှိအောင်ဆင်းရဲရင်ဆင်းရဲပါစေ၊ ကျွန်တော့ကိုအမြဲ
ဂရုစိုက်ပေးနိုင်မယ့် မိဘမျိုးလိုချင်တယ် ကိုဘုန်း"
မေးတုန်းကနှုတ်ဆိတ်နေခဲ့ပြီးစားသောက်ပြီး
ကားပေါ်ရောက်တော့မှ ပြောဖြစ်တဲ့စကား ....
" မိဘမှာလည်းအကြောင်းရှိမှာပေါ့ညီ။
မိဘကိုအရမ်းအပြစ်တင်ရင်ညီလည်းပင်ပန်းတယ်
ငရဲကလည်းနေမှာမဟုတ်ဘူးနော်ဘယ်လိုဖြစ်ဖြစ်
သူတို့ကညီ့ကိုမွေးပေးထားတဲ့မိဘတွေလေ"
" ကျွန်တော်လည်းအပြစ်မတင်ချင်ပါဘူး
ဖြစ်နိုင်ရင် ကျွန်တော်ပြန်မွေးဖွားလာချင်တယ်
ကျွန်တော့ကိုမေတ္တာပေးနိုင်မယ့်
နွေးထွေးတဲ့မိသားစုမျိုးပဲကျွန်တော်လိုချင်တယ်"
" ညီရာ ....."
" Sorry ကိုဘုန်း ကျွန်တော်မဟုတ်တာတွေ
လျှောက်ပြောနေမိပြီ"
" မဟုတ်ပါဘူး။ ကိုယ်လည်းသိချင်ပါတယ် ညီ
အကယ်၍ ညီအဆင်ပြေမယ်ဆိုရင်
ကိုယ် ညီနဲ့ပတ်သတ်ပြီးသိခွင့်ရချင်တယ်။
ဒါမှညီ့ကိုကိုယ်နှစ်သိမ့်ပေးနိုင်မှာ"
" နှစ်သိမ့်ပေးမယ်တဲ့လား...
တော်ပါပြီ ကျွန်တော်အကြောက်ဆုံးကအဲ့ဒီလို
စကားတွေပဲ ကိုဘုန်းကျွန်တော်အယုံအကြည်မရှိဘူး"
ကျွန်တော့စကားမာသွားတယ်ထင်ပါရဲ့
ကိုဘုန်းကကျွန်တော့ကိုထပ်မပြောတော့။
ပြတင်းပေါက်ကနေတဆင့် အပြင်ကိုသာ
ငေးကြည့်နေတော့သည်။
ဒီလိုပါပဲ လူတိုင်းကကျွန်တော့ဒဏ်ကို
နည်းနည်းလေးမှမခံနိုင်ကြဘူးလေ။
အခုလည်းအဆင်ပြေကာစကျွန်တော်တို့ဆက်ဆံရေး
ကျွန်တော့စရိုက်ကြောင့်ပဲပျက်စီးတော့မယ် ထင်ပါရဲ့။
အပေါင်းအသင်းဆိုတာ ကျွန်တော့အတွက်
ကံမပါဘူးဖြစ်မှာပါ။
ကိုဘုန်းခြံရှေ့ကိုရောက်ချိန်ထိနှစ်ယောက်လုံး
တိတ်ဆိတ်နေမိသည်။
" ဒီနေ့အတွက်ကျေးဇူးပဲညီ
ကိုယ်မစားဖူးတာတွေညီ့ကျေးဇူးနဲ့စားဖူးပြီ
နောက်မှ ကိုယ်တစ်ခေါက်ဝယ်ကျွေးမယ်နော်"
" ရပါတယ် ကိုဘုန်းဆီကကျွန်တော်ကအမြဲစားနေတာ
အခုလည်းဘယ်လောက်မှမကုန်ပါဘူး။
ကျွန်တော့ကြောင့် အေးအေးဆေးဆေးတောင်
မစားခဲ့ရဘူးမဟုတ်လား "
"မဟုတ်ပါဘူး။။ကိုယ်သေချာစားခဲ့ရပါတယ်
အိမ်ထဲဝင်ပါဦးလား၊ ဒီအချိန်ဆိုအိမ်မှာ လူစုံနေပြီ"
ကျွန်တော်တစ်ချက်ပြုံးပြရင်းခါင်းခါလိုက်မိသည်။
လူစုံတဲ့မိသားစုတွေကို ကျွန်တော်မုန်းပါတယ်ဆို။
" ကျွန်တော်ပြန်တော့မယ် ကိုဘုန်း"
" အင်း ......... ကားကိုဂရုစိုက်မောင်းပါညီ
ခါးပတ်လည်းပတ်ဦးဗျ"
" သွားတော့မယ်"
" ခဏလေး ...."
ရှည်သွယ်တဲ့လက်ညိုးနဲ့လက်မကြားက
ကတ်ပြားဖြူဖြူတစ်ခု ...။
"ရော့ ဒီမှာကိုယ့်ဖုန်းနံပတ် ... ညီ့မှာ ပြောပြစရာတွေရှိတဲ့အခါအချိန်မရွေးကိုယ့်ကိုဖုန်းဆက်ပါ
ကိုယ်တို့က ဆရာတပည့်မဟုတ်ပေမယ့်
ညီအစ်ကို ........
နေဦး ........ ညီကကိုယ့်ထက်၁၅နှစ်လောက်
ငယ်မှာဆိုတော့တူဝရီးလား"
စဉ်းစဉ်းစားစားပြောနေတဲ့ကိုဘုန်းကိုကြည့်ပြီး
ကျွန်တော်ရယ်မိရပါတော့သည်။
" အခုမှပဲ ရယ်တော့တယ်ကွာ
ရယ်ပါ ညီရဲ့ညီ့ပါးချိုင့်နှစ်ဖက်က ရယ်လိုက်ရင်
အရမ်းထင်းပြီးချစ်စရာကောင်းတယ်
ညီက အခုမှခလေးပဲရှိသေးတာ
များများရယ်နေပါ ဟုတ်ပြီလား"
ကျွန်တော့ဆံပင်တွေကိုခပ်ဖြည်းဖြည်းဆွဲဖွကာ
ရယ်ပြီးပြောတဲ့ ကိုဘုန်းရဲ့ပုံစံကိုကြည့်ကာ
ကျွန်တော်ပျော်သလိုလို၊ ဝမ်းနည်းသလိုလို
ကျွန်တော့ကိုအဲ့ဒီလိုဆက်ဆံတဲ့သူတစ်ယောက်မှ
မရှိဘူးလေ။
တခြားသူသာဆို ခလေးလိုဆက်ဆံရသလားဆိုပြီး
ရန်ရှာမိမှာပေမယ့် ထူးဆန်းစွာပင်
ကိုဘုန်းကိုတော့ကျွန်တော်ပြန်မပြောဖြစ်။
အေးပေါ့လေ သူက တက္ကသိုလ်ကဆရာဆိုတော့
လည်းစကားပြောကောင်းမှာပေါ့ ။
" သွားတော့ ညီမိုးချုပ်နေပြီ အိမ်ကိုသေချာပြန်နော်
အိမ်ရောက်လို့အဆင်ပြေရင်ကိုယ့်ကိုဖုန်းဆက်
ဟုတ်ပြီလား။ သြော် ကားကိုဂရုစိုက်မောင်းနော်
မမေ့နဲ့"
ခေါင်းညိတ်ပြပြီးထွက်လာခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် ခါးပတ်ပတ်ရင်း
ကားကိုခပ်ဖြည်းဖြည်းမောင်းခဲ့တဲ့ညတစ်ညပေါ့။
အဲ့ဒီ့ညကကျွန်တော့ phone contact
ထဲမှာ4 ခုမြောက် နာမည်စာရင်းတစ်ခု
တိုးလာခဲ့တယ်လေ။
တစုံတယောက်ဟာ
ကျွန်တော့နှုတ်ခမ်းတွေကို
အချိန်အခါမရွေးပြုံးတတ်ဖို့
စကားလုံးအလှတွေမပါဘဲ
သင်ပေးခဲ့တယ်
ကျွန်တော်ကိုယ်တိုင်တောင်
သတိမထားမိပဲနဲ့နာခံလျက်သားပေါ့.......
နေအလင်းစက်