❄🍁
~~
"မဖယ်ဘူးလား "
"ဟင် "
. . .
~ ~ ~
❄❄
"ဟီးးး မဆိုတတ်ပါဘူး "
"တကယ် သိချင်တာလား "
" ဒါပေါ့ "
"ဘာလုပ်နေတာလဲ လာလေ "
အံ့သြပါရဲ့ ။
"ဘယ်လို?! "
"သီချင်းလိုက်ဆိုပေး "
ဒီလိုမျိုးလေး . .
" သွားတော့မယ် "
". . . "
"နားထောင်နော် "
'' ယွန်းဂီ "
"နေဦးလေ အွန်းဟာ "
"ကိုယ်မေးနေတယ်လေကွာ "
ယုံကြည့်ချင်တာကို "
"ယွန်းဂီ "
" ယွန်း - - ဟာကွာ !"
"အွန်းဟာ "
"ဟင် "
ပထမဦးဆုံး အနမ်း. . .
"ချစ်တယ် ပတ်အွန်းဟာ "
🍁❄🍁❄
(Unicode)
❄🍁
အဖြူစွတ်စွတ် နှင်းပွင့်တွေက ကမ္ဘာမြေကြီးအတွက် ဖန်ဆင်းထားသည့် ကောင်းကင်ဘုံရဲ့ အနမ်းတဲ့လေ။
ဘယ်လောက်လှလိုက်သလဲ ။ မရက်စက်ဘူး ~ မကြမ်းတမ်းဘူး ~ ယုတ်မာမှုမရှိဘူး မနာကျင်စေဘူး နူးညံ့သိမ်မွေ့ပြီး ညင်သာစွာလှပတယ် ။
ပထမဦးဆုံး အနမ်း. . . လိုမျိုး။
~~
မျက်တောင်ခက်လိုက်တာတောင် ပျောက်မသွားသည့်မျက်နှာတစ်ခု ။ ခပ်စိပ်စိပ်မျက်တောင်တွေက မရှည်ပေမယ့် မျက်ဝန်းငယ်မှာ ပနံသင့်လျက်. . နှုတ်ခမ်းပါးပါးတို့က အရောင်မဲ့မနေပဲ ပန်းရောင်ဖျော့ဖျော့ခြယ်ထား သလို . . ဆံပင်အဖျားတွေအောက် ဖုံးကွယ်နေတဲ့ မျက်ခုံးတန်းနှစ်ခုက ဖြောင့်စင်းလျက် . . .
"မဖယ်ဘူးလား "
"ဟင် "
"လေးနေပြီ "
ဖြစ်ရပ်မှန်က ခေါင်းပေါ်ကို တင်းပုတ်နဲ့ထုပြီး အသိပေးလိုက်သလို တိုးဝင်လာသည့်အခိုက် ။ရုတ်ချည်းထရပ်လိုက်သည့် ခန္ဓာကိုယ် ။
ပုံစံမကျဖြစ်နေသော ဆံပင်တွေကို လက်ဖြင့်သပ်လိုက်ပြီး တချို့ကို နားရွက်အနောက်တွန်းပို့လိုက်၏ . နောက်မှ သတိရပြီး ဆံပင်တွေကို အရှေ့ပြန်ဆွဲချလိုက်သည်။ အနေရခက်ရင် သူမ နားရွက်တွေ အမြဲနီရဲလာတတ်သည် မဟုတ်လား ။
"ဘယ်လိုဟာလေးလဲ မသိဘူး ပျာယာကိုခတ်နေတာပဲ "
ပွစိပွစိပြောနေရင်း အခန်းထဲဝင်သွားသည့် ယွန်းဂီနောက်ကျောကို ကြည့်ပြီး ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ရပ်နေမိသော သူမ။
တလှပ်လှပ်ခုန်ပေါက်နေသော နှလုံးသားက ဘယ်အချိန်ထပြီး ပွင့်ထွက်လာမလဲ မသိသော စိုးရိမ်စရာ အခြေအနေ. . .။ ဒုက္ခတွေတော့ ရောက်ပြီနဲ့တူတယ် !!
. . .
~ ~ ~
❄❄
" Oh ~~ the weather outside is frightful. .
But the fire is so delightful !
And since we've no place to go~~~
Let it snow, let it snow, let it snow~~~"
ရေဒီယိုက လွှင့်နေသည့် သူမအနှစ်သက်ဆုံးသီချင်းကို တိုးတိုးလေး လိုက်ညည်းရင်း Christmas အချိန်ကို ဖြတ်သန်းရမယ်မှန်းသိခဲ့ရင် လွန်ခဲ့တဲ့ နှစ်ရက် ထေးယောင် ပြန်ခေါ်ကတည်းက သူမ ပြန်သွားမိမှာ ။ နေစရာအကြောင်းပြချက် လုံလုံလောက်လောက်မရှိတော့တာတောင် ထွက်သွားဖို့ တုံ့ဆိုင်းနေမိလောက်သည်အထိ ဘယ်အရာတွေက ဖမ်းချုပ်ထားသလဲ ဆိုသော မေးခွန်းတွေသာ ကိုယ့်ကိုကိုယ် အထပ်ထပ် ပြန်မေးနေမိရင်း . . .
" သီချင်းလဲ ဆိုတတ်တာပဲလား "
"ဟီးးး မဆိုတတ်ပါဘူး "
မီးလင်းဖိုရှေ့က ထိုင်ခုံဘေးမှာ ဝင်ထိုင်လိုက်သည့် ယွန်းဂီနဲ့အတူ . .အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်ကြီးကြီးနှစ်ခွက်ကပါ စားပွဲပေါ်မှာနေရာယူထားပြီးသား ဖြစ်နေသည်။မရည်ရွယ်ပါဘဲ သူမ တချက်ပြုံးလိုက်မိသည်။ ဒါက ဒုတိယအကြိမ်မြောက် မြည်းစမ်းခွင့်ရတဲ့ မင်ယွန်းဂီဖျော်ပေးတဲ့ ကော်ဖီမဟုတ်လား ?. .
ပြန်သွားရင် ဒီလိုလက်ရာမျိုး မသောက်ရတော့မှာစိုးလို့ သူမ မပြန်ချင်တာ ဖြစ်လိမ့်မည်။ ဟုတ်တယ် သေချာတယ်။
"santaလာတဲ့ အထိစောင့်မလို့လား "
မချိတ်ပဲ ချထားသည့် ခြေအိတ်တစ်စုံကို ခေါင်းဆတ်ပြလာသည့် သူ. ။
" ah. ! ယွန်းဂီကျန်သေးတယ်လေ ဒါကြောင့်မို့ မချိတ်သေးဘဲ စောင့်နေတာ ရော့ ! "
ချက်ချင်းဆိုသလို ပေးလိုက်သည့် စာရွက်ပေါ်စကားလုံးတစ်ချို့ရေးဆွဲလိုက်ပြီး ခြေအိတ်ထဲ ထည့်. မီးလင်းဖိုရှေ့မှာ ချိတ်ဆွဲလိုက်ပြီး ဒူးထောက်အနေအထားမှာ လက်နှစ်ဘက်ကို ပူးကပ်ရင်း ဆုတောင်းနေတာက မင်ယွန်းဂီမှ ဟုတ်ရဲ့လား မေးခွန်းထုတ်ချင်စရာ ။
" ဆုတောင်းက ပြည့်မှာသေချာလို့လား "
မယုံသင်္ကာဖြစ်ပြီး ပြန်လှည့်မေးလာသည့်ပုံစံက ကလေးသေးသေးတစ်ယောက်လို အပြစ်ကင်းလှသည်။ သို့သော် သူမ ပြန်မဖြေမိ။ သူမကိုယ်တိုင်တောင် တစ်ခါမှ မပြည့်ခဲ့ဘူးတဲ့ ဆုတောင်းတွေမဟုတ်လား။ Santaဆိုတာ လူလိမ်တစ်ယောက်ဖြစ်ရင်လဲ ဖြစ်နေမှာ. .
အခုထိ တောင်းသမျှဆုတွေ မဖြည့်ပေးပုံထောက်ရင် . . ။
ဒါကိုပင် အစဉ်အလာမပျက် နှစ်ကုန်ခါနီးအချိန်ဆို santaဆီက ဘာလက်ဆောင်တောင်းရင်ကောင်းမလဲ စဉ်းစားတတ်သည့် သူမက ပုံမှန်မဟုတ်တာလဲ ဖြစ်ချင်ဖြစ်မည်။
"ဒါကတော့ ယွန်းဂီ ဘာဆုတောင်းလဲဆိုတာအပေါ် မူတည်တာပေါ့ ပြောကြည့်ပါလား အတူတူဆုတောင်းပေးမယ်လေ "
"တကယ် သိချင်တာလား "
" ဒါပေါ့ "
သူမအဖြေကို ကြားတော့ ယွန်းဂီက သူ့နှုတ်ခမ်းထောင့်ချိုးနှစ်ခု ကော့တက်သွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်သည်။ ထို့နောက်
ပန်းအိုးသေးသေးအောက်မှာ ဘယ်အချိန်ထဲက ထားထားမှန်းမသိသော သော့တစ်ချောင်းကိုယူရင်း လှေကားတွေကို တဆင့်ချင်းတက်သွား၏။
"ဘာလုပ်နေတာလဲ လာလေ "
"အပေါ်ထပ်ကိုတက်တာ အိမ်ရှင်အဘွားကမကြိုက်ဘူးဆို "
မေးသာမေးနေတာ လှေကားတဝက်လောက်ကိုတက်ပြီးနေပြီ ဖြစ်သော သူမကို ယွန်းဂီက မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ခေါင်းခါ၏။
"အဲ့ဒီအဘွားက လောကကြီးမှာ မရှိတော့တာ တော်တော်ကြာနေပြီ "
အခန်းထဲ ဝင်ဝင်ချင်း သူမအာရုံတွေအကုန်လုံးကို သိမ်းပိုက်လိုက်တာက ပီယာနိုတစ်ခု။
ပီယာနိုရဲ့ဘေး မှန်ပြူတင်းပေါက်က ကြည့်လိုက်ရင် ပတ်ဝန်းကျင်က နေရာတော်တော်များများကို မြင်နိုင်သည်။ ကုန်းအမြင့်ပေါ်ဆောက်ထားသည့် အိမ်မို့ပိုပြီး ထင်ရှားတဲ့ မြင်ကွင်းတွေ . .
အံ့သြပါရဲ့ ။
ဒီလောက်လှတဲ့နေရာလေးကို တချိန်လုံးသော့ခတ်ထားစရာလားလို့ .။
" ဆုံးသွားတဲ့ သူ့မြေးဆိုတာကရော တကယ်မရှိဘူးပေါ့ "
"ရှိတယ် သေတော့မသေသေးဘူး အခုထိ မင်းဘေးမှာရပ်ပြီး စကားပြောနေတာသာ ကြည့်တော့ "
"ဘယ်လို?! "
"ကဲပါ ဒါတွေပြောမနေနဲ့တော့ ဒီမှာလာထိုင် "
သူထိုင်နေတဲ့ အညိုရောင်ပီယာနိုရှေ့က ခုံလေးရဲ့ဘေးနေရာအလွတ်မှာ သူမကို နေရာယူစေသည်။ သူကိုယ်တိုင်ကတော့ အဖြူရောင်နဲ့ အနက်ရောင်ခလုတ်တွေကြား မျောလွင့်နေသူတစ်ယောက်လို အလုံးစုံသော စိတ်အာရုံတွေကို တစ်နေရာထဲ ပုံပေးလျက် ။ ယောကျ်ားတစ်ယောက်ရဲ့ လက်က ဒီလောက်အထိလှစရာ လိုလို့လား ဟု ရှိသမျှ ဖန်ဆင်းရှင်တွေကို နောက်နေ့ကျရင် အပြစ်တင်ရမည်ဟု တွေးမှတ်လိုက်သည်။ အခုတော့ ထိုလှုပ်ရှားနေတဲ့လက်တွေမှလွဲ၍ တခြား ဘာကိုမှ သူမ မသိတော့ ။
"သီချင်းလိုက်ဆိုပေး "
Dean Martinရဲ့ Let it snow သီချင်းက အခန်းငယ်ထဲ ပျံ့လွင့်နေသည်။
လရောင်မှိန်မှိန်လေးတိုးဝင်နေသည့် ညသည် ပီယာနိုက အသံသဲ့သဲ့နှင့် အလွန်တရာလိုက်ဖက်နေသည်။ သူမ လိုချင်ခဲ့တဲ့ ခရစ္စမတ်ဆိုတာ
ဒီလိုမျိုးလေး . .
တောက်တောက်ပပ ပါတီတွေမလို . ဒီတိုင်း လူဘယ်နှယောက်ပဲရှိရှိ နွေးထွေးမှုအပြည့်ရနေတဲ့ ဒီလို ရိုးရိုးရှင်းရှင်း ဆောင်းရာသီရဲ့ ညတစ်ည သူမ လိုအပ်ခဲ့တာ . .။
santa က လူလိမ်လို့ပြောခဲ့တာ ပြန်ဖျက်သိမ်းတယ် ။
သီချင်းအဆုံးမှာ လက်ခုပ်သံနှစ်ခုပြိုင်တူ ထွက်လာခဲ့သည်။
"ယွန်းဂီ ပီယာနိုကောင်းကောင်းတီးတတ်တာပဲ "
"မင်းလဲ သီချင်းဆိုတာတော်တယ် "
မျက်နှာချင်းဆိုင်အနေအထားက လိုတာထက်ပိုနီးကပ်နေသည့်အခါ အခန်းအတွင်းက အပူရှိန်က အမြင်ကပ်စရာကောင်းစွာ မြင့်တက်လာသလို ။
"နေမကောင်းဘူးလား မျက်နှာက နီရဲနေတာပဲ "
သွားလေးတွေပါပေါ်အောင်ရယ်ပြီး လိုက်စနေတာ ရှင်မို့လို့ ကံကောင်းသွားတယ်မှတ်ပါ မင်ယွန်းဂီ ။ တခြားလူသာဆို နောက်စေ့နဲ့လက်ဖဝါးမိတ်ဆက်ပြီးသားဖြစ်နေမှာ အခုချိန်လောက်ဆို .။
" သွားတော့မယ် "
"ဘာလို့လဲ ကိုယ့် ခရစ္စမတ်ဆုတောင်းကို သိချင်တာဆို "
"မသိချင်တော့ဘူး ဆုတောင်းဆိုတာ သူများကို မပြောရဘူးလေ "
"ဟုတ်လား ဘယ်လိုလုပ်မလဲ ?! ကိုယ်က အွန်းဟာကို ပြောပြချင်တာ "
". . . "
"နားထောင်နော် "
ခေါင်းညိမ့်မိသလား ခါမိသလား မသိခဲ့။
သူ့လက်နဲ့နောက်တစ်ခါပြန်ထိလိုက်သော ပီယာနိုက အသံချိုချိုထွက်လာသည့်အထိ . .
'' ယွန်းဂီ "
သူမ မျက်လုံးတွေကို တစိုက်မက်မက် စိုက်ကြည့်နေသည့် သူ ။ လက်နှစ်ဘက်ကတော့ အခုထိ သံစဉ်တွေကို အလွတ်နီးပါး တီးခတ်နေဆဲ ။
သီချင်းရဲ့ chorusတစ်ခုကိုသာ ကျွမ်းကျွမ်းကျင်ကျင် ဖော်ပြသွားပြီး လူကို အရူးလုပ်ဖို့ ကြိုးစားနေတာဆို ရှင့်ကို အခမ်းအနားနဲ့ကို ဂုဏ်ပြုပေးရမယ် ယွန်းဂီ . . ရှင့်အကြံက တကယ်အလုပ်ဖြစ်တယ်။
"ကျွန်မ တကယ် သွားမှဖြစ်တော့မယ် "
"နေဦးလေ အွန်းဟာ "
လှည့်ထွက်လာသည့် သူမလက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သော လက်ရဲ့ အားပြင်းမှုက
မတ်တပ်ရပ်နေသည့်သူမကိုပင် ထိုင်လျက်ကျစေသည်အထိ . . .
ပိုဆိုးသည်က သူမထိုင်မိတာ ထိုင်ခုံပေါ်မဟုတ်ပဲ ယွန်းဂီရဲ့ ပေါင်ဖြစ်နေခြင်း ဖြစ်၏။
ပီယာနိုနဲ့ ရင်ဘတ်တစ်ခုကြား လှုပ်လို့ပင်မရတဲ့ သူမ ထပ်ရုန်းကန်လို့မရအောင် လက်တစ်ဘက် က အရှေ့က ကာဆီးလို့ ။
" ကိုယ့်ဆုတောင်းကို သိပြီလား "
ယွန်းဂီရဲ့ အမေးကို ဖြေဖို့ထက် တလှပ်လှပ်ခုန်နေတဲ့ ရင်ဘတ်ကြီးအား အရင်ဆုံး တည်ငြိမ်နေအောင် ထားသင့်သည်မဟုတ်လား။ မျက်လုံးချင်းမစုံမိစေရန် ခေါင်းကိုငုံ့ထားပြီး အကြောင်းပြချက်မရှိ သူမလက်ချောင်းတို့ အလုပ်ရှုပ်နေပြန်သည်။
"ကိုယ်မေးနေတယ်လေကွာ "
အသေသာ သတ်လိုက်ပါတော့လား မင်ယွန်းဂီရေ။ ဘယ်လိုတွေလဲ ?
" အဲ့သီချင်းကို တကယ်မသိတာလား . .မဖြေမချင်း ဒီလိုပဲ ထိုင်နေရမှာနော် "
"All I want for Christmas is you လေ ယွန်းဂီ ဒီလောက်တော့ သိတာပေါ့ ဟားဟား အခုဖယ်ပေးတော့နော် သွားမယ် "
စကားလမ်းကြောင်းလွှဲပြီး ထဖို့လုပ်တော့လဲ မရ။ ပိုပြီးတိုးလာသည့် ရင်ခွင်က ပီယာနိုဘက်ကို ဘယ်လိုမှ ဆက်တိုးလို့မရတော့သည့် သူမအတွက် အသက်ပျောက်ဆေးလိုပင်။
" ကိုယ်က Santa Clausကို တစ်ခါလောက်
ယုံကြည့်ချင်တာကို "
"ယွန်းဂီ "
"ကိုယ့်နာမည်ကို မရိုမသေခေါ်နေတဲ့ အသံလေးက ချစ်စရာကောင်းလို့ ဘာမှမပြောပဲ ခွင့်လွှတ်ပေးထားတာကိုရော သိလား "
" ယွန်း - - ဟာကွာ !"
"အွန်းဟာ "
"ဟင် "
သတိထားစမ်း ပတ်အွန်းဟာ!! အသံတွေက ဘယ်လိုတောင် ပုံပျက်ပန်းပျက်ဖြစ်နေရတာလဲ ။
"ကိုယ့်တသက်လုံး တန်ဖိုးထားပြီး ချစ်သွားမယ့် မိန်းကလေးဖြစ်ပေးမလား "
မဝံ့မရဲ လှည့်ကြည့်မိတဲ့ သူ့မျက်လုံးတွေထဲမှာ အလိမ်အညာတွေ နည်းနည်းလေးတောင်မတွွေ့ရ။ ယုံလိုက်ဖို့ ရှိသမျှ ခွန်အားတွေအကုန်လုံးက ပြောနေသော်လည်း ဆောင်းတွင်းအိပ်မက်တစ်ခုဖြစ်နေမလား တွေးမိပြီး ခေါင်းညိမ့်ဖို့ တွန့်ဆုတ်မိသည့် ခဏ ။
စင်တီမီတာသာသာ အကွာအဝေးကို ထပ်ချုံ့လိုက်သည့်မျက်နှာတစ်ခု . .
နှုတ်ခမ်းလွှာပေါ်ကျရောက်လာသော နွေးထွေးသည့်အနမ်း . . အိပ်မက်တစ်ခုဆို မနိုးဖို့တောင်းဆိုမည်ဖြစ်သလို အိပ်မက်မဟုတ်သော် ညတာကို နည်းနည်းလေးပိုရှည်ပေးဖို့ ဆုတောင်းရမည့် အချိုမြိန်ဆုံးသော အနမ်း . .
မရက်စက်ဘူး ~ မကြမ်းတမ်းဘူး ~ ယုတ်မာမှုမရှိဘူး မနာကျင်စေဘူး နူးညံ့သိမ်မွေ့ပြီး ညင်သာစွာလှပသည့်
ပထမဦးဆုံး အနမ်း. . .
"ချစ်တယ် ပတ်အွန်းဟာ "
🍁❄🍁❄