မပြိုသောကောင်းကင်၊မကြွေသောကြယ်

By SilverQueen947

5.3M 454K 29K

မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှ... More

About Story
မြသော်က
ဘုန်းလင်္ကာ
ဇာတ်လမ်း - ၁
ဇာတ်လမ်း - ၂
ဇာတ်လမ်း - ၃
ဇာတ်လမ်း - ၄
ဇာတ်လမ်း- ၅
ဇာတ်လမ်း - ၆
ဇာတ်လမ်း - ၇
ဇာတ်လမ်း - ၈
ဇာတ်လမ်း - ၉
ဇာတ်လမ်း - ၁၀
ဇာတ်လမ်း - ၁၁
ဇာတ်လမ်း - ၁၂
ဇာတ်လမ်း - ၁၃
ဇာတ်လမ်း - ၁၄
ဇာတ်လမ်း - ၁၅
ဇာတ်လမ်း - ၁၆
ဇာတ်လမ်း - ၁၇
ဇာတ်လမ်း - ၁၈
ဇာတ်လမ်း - ၁၉
ဇာတ်လမ်း - ၂၀
ဇာတ်လမ်း - ၂၁
ဇာတ်လမ်း - ၂၂
ဇာတ်လမ်း - ၂၃
ဇာတ်လမ်း - ၂၄
ဇာတ်လမ်း - ၂၅
ဇာတ်လမ်း - ၂၆
ဇာတ်လမ်း - ၂၇
ဇာတ်လမ်း - ၂၈
ဇာတ်လမ်း - ၂၉
ဇာတ်လမ်း - ၃၀
ဇာတ်လမ်း - ၃၁
ဇာတ်လမ်း - ၃၂
ဇာတ်လမ်း - ၃၃
ဇာတ်လမ်း - ၃၄
ဇာတ်လမ်း - ၃၅
ဇာတ်လမ်း - ၃၆
ဇာတ်လမ်း - ၃၇
ဇာတ်လမ်း - ၃၈
ဇာတ်လမ်း - ၃၉
ဇာတ်လမ်း - ၄၀
ဇာတ်လမ်း - ၄၁
ဇာတ်လမ်း - ၄၂
ဇာတ်လမ်း - ၄၃
ဇာတ်လမ်း - ၄၄
ဇာတ်လမ်း - ၄၅
ဇာတ်လမ်း - ၄၆
ဇာတ်လမ်း - ၄၇
ဇာတ်လမ်း - ၄၈
ဇာတ်လမ်း - ၄၉
ဇာတ်လမ်း - ၅၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်ရှိခြင်း
Extra - 0
Extra
Extra 2
Extra 3
Extra 4
Extra - 5
Extra 6 ( V day Special)
V Day Special Extra (Part II)
Extra 7
Order
Extra
Extra ii
Extra iii
Extra iv
အခန်းပို (၁၀)
အခန်းပို (၁၁)
Extra V
Extra VI

နေအလင်းစက်

193K 10.1K 160
By SilverQueen947

Zawgyi

" ေျပာစမ္း .......မနက္ကေကာင္ကဘယ္သူလဲ "

" တိုးတိုးေျပာပါဟယ္ သူမ်ားေတြၾကားကုန္မွျဖင့္"

" ဟ .... သူမ်ားေတြၾကားမွာေတာ့ေၾကာက္တယ္ေပါ့ေလ
မနက္ကက်ေတာ့ၿပဳံးၿဖီးၿပီးကားေပၚတက္သြားလိုက္တာ
ပု႐ြက္ဆိတ္တက္ေတာ့မဲ့မ်က္ႏွာနဲ႔"

" နင္ကလည္းဟယ္ အဲ့ေလာက္လည္းမဟုတ္ရပါဘူး"

" ဟာ..... နင္ေဝ့လည္ေၾကာင္ပတ္လုပ္မေနစမ္းနဲ႔

ေျပာမွာသာေျပာစမ္း အဲ့ေကာင္ကဘယ္သူလဲဆိုေန"

" ဟဲ့ ....... နင့္ထက္ႀကီးတယ္ေနာ္အဲ့ေကာင္အဲ့ေကာင္နဲ႔"

" ေအာင္မာ..... လာလာေခ်ေသး... သိပ္နာေနတယ္ဟုတ္လား
အေကာင္မို႔လို႔အေကာင္ေခၚတာေလ ေကာင္မေလးမွမဟုတ္တာ"

" ကဲ ....... ေတာ္ပါၿပီလင္းစက္ရယ္ သူမ်ားေတြလည္းၾကည့္ကုန္ပါၿပီ

ငါေျပာျပပါ့မယ္ အခုေတာ့ေက်ာင္းတက္ေတာ့မယ္
နင့္ေနရာသြားေတာ့ေလ"

အခန္းထဲကိုေဝ့ၾကည့္လိုက္ေတာ့ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနတဲ့တခ်ိဳ႕ေတြ
ဟိုလိုလိုဒီလိုလိုျဖစ္ကုန္ၾကတယ္။

ဒီလိုပါပဲ ..........

ကြၽန္ေတာ္နဲ႔သူမရဲ႕ဆက္ဆံေရးကိုေခါင္းစဥ္တပ္ခ်င္သူေတြကအမ်ားသားမဟုတ္လား

သူမ်ားေတြဘယ္လိုျမင္ျမင္ကြၽန္ေတာ္ကဂ႐ုကိုမစိုက္

ျမေသာ္ကဆိုတဲ့သူမဟာ ကြၽန္ေတာ့ရဲ႕ငယ္စဥ္တည္းကတစ္ဦးတည္းေသာသူငယ္ခ်င္း

မိဘေတြကလည္းသူငယ္ခ်င္းေတြမို႔ႏွစ္အိမ့္တစ္အိမ့္ဆက္ဆံေရးမွာ
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကအၿမဲတမ္းအတြက္သူငယ္ခ်င္းဆိုလည္းဟုတ္ေမာင္ႏွမဆိုလည္းဟုတ္
တိုင္ပင္ေဖာ္၊တိုင္ပင္ဖက္ဆိုလည္းဟုတ္အျဖဴစင္ဆုံးနဲ႔အ႐ိုးသားဆုံးခ်စ္ခဲ့ၾကတယ္

သူမအေပၚကြၽန္ေတာ္ဘာစိတ္မ်ိဳးနဲ႔မွမခ်စ္ႏိုင္ခဲ့သလို

သူမကလည္းကြၽန္ေတာ့ကိုေမာင္ႏွမအရင္းအျခာလိုစိတ္ကလြဲလို႔တျခားမရွိ။

ေအးေဆးတည္ၿငိမ္လြန္းတဲ့သူမနဲ႔ ဆတ္ဆတ္ႀကဲကြၽန္ေတာ့စ႐ိုက္က
လုံးလုံးကြဲျပားေနေသာ္ျငား မူလတန္း၊အလယ္တန္း၊အထက္တန္းၿပီးလို႔
အခုဆိုပထမႏွစ္ေရာက္ေနၿပီ ေက်ာင္းတစ္ခုတည္းမွာေမဂ်ာအတူတူယူၿပီးအၿမဲအတူသြားအတူလာ

က်န္ခဲ့တဲ့ရက္ေတြက ေမဂ်ာစုံအားကစားပြဲေတာ္ရွိတာမို႔ ေဘာလုံးအသင္းထဲမွာပါတဲ့ကြၽန္ေတာ္က Training ေတြတက္ေနရတာနဲ႔ပဲ ေက်ာင္းကိုအရင္ေစာသြားႏွင့္ရတာမို႔ ဒီေန႔မနက္ေတာ့အတူသြားမယ္ဆိုၿပီးသြားေခၚကာမွ ဒင္းေလးကလူတစ္ေယာက္ဖြင့္ေပးတဲ့ကားေပၚၿပဳံးၿပဳံးႀကီးတက္သြားလို႔
အေတာင့္လိုက္ထြက္လာတဲ့ေဒါသေတြကိုအတန္းထဲေရာက္မွေျဖခ်ရတာျဖစ္သည္။

ဒါေတာင္သူမကထုံးစံအတိုင္းမ်က္မွန္ေလးပင့္ကာပင့္ကာနဲ႔
တိုးတိုးတိုးတိုးၿမဳံစိစိနဲ႔ေျဖေနတာမို႔စိတ္ကမရွည္ႏိုင္ေတာ့
ပုံမွန္ဆိုဒီလိုမွဟုတ္တာ တမင္သက္သက္ကိုလုပ္ေနတာ ... တစ္ခုခုေတာ့ တကယ္တစ္ခုခုပဲ။

ေက်ာင္းတက္ေခါင္းေလာင္းထိုးသြားၿပီးဆရာဝင္လာလို႔သာၿငိမ္ေနလိုက္ရသည္။
အစာကေၾကေသးတာမဟုတ္။

" ကဲ... ဆရာမ ေျပာလို႔ရၿပီေျပာေတာ့အဲ့ဘဲကဘယ္သူလဲ"

အတန္းခ်ိန္တစ္ခ်ိန္အၿပီးမွာေတာ့ဆရာထြက္သြားတာနဲ႔
မ်က္ႏွာခ်င္းဆိုင္ကခုံကိုဆြဲၿပီးေမးေတာ့

မ်က္မွန္ကိုအရင္ခြၽတ္၊ မ်က္မွန္ဘူးထဲကပုဝါအပါးနဲ႔သုတ္မ်က္မွန္ဘူးထဲကိုထည့္နဲ႔
ေတာ္ေတာ္ကိုၾကာေနေသးတာ

" ဟဲ့ ...... ေသာ္က ငါစိတ္မရွည္ေတာ့ဘူးေနာ္"

" လင္းစက္ရယ္ နင္စိတ္ရွည္တာဘယ္သူရွိေသးလဲ
ငါေျပာျပပါ့မယ္ဆိုေန"

မ်က္ႏွာကိုက လုပ္ယူထားတဲ့အတည္လိုက္႐ုပ္... ငါေလ လုပ္ထည့္လိုက္ရ

" ျမန္ျမန္ေျပာစမ္းဟာ"

" သူက ......"

" အင္း ..."

" ငါ့ကိုအိမ္ကသေဘာတူထားတဲ့သူ"

" ဘာ ......."

" ျဖည္းျဖည္းေအာ္ပါဟယ္ လန႔္လိုက္တာလင္းစက္ရယ္"

ရင္ဘတ္ကေလးဖိကာေျပာေနပုံကိုကတကယ့္အဖြားႀကီးစတိုင္လ္....
တမင္လုပ္ေနတာသိသားပဲ... ျမေသာ္ကဆိုတာ သူ႔ဘာသာသူသာအိေျႏၵႀကီးခ်င္ႀကီးမယ္၊ ေနအလင္းစက္နဲ႔ႏွစ္ေယာက္တည္းဆိုလို႔ကေတာ့ သူမသာ၊ ကိုယ္မသာရယ္ ..

" ေနစမ္းပါဦး ငါလည္းမသိရပါလား"

" အင္းေလ နင္လည္းအလုပ္ရႈပ္ေနတာနဲ႔ငါမေျပာျဖစ္တာ"

" ေသလိုက္ေလ ဖုန္းဆက္ၿပီးေျပာလို႔ရတာပဲ"

" ဟာ ... မေျပာခ်င္ပါဘူး ရွက္စရာႀကီးကို"

// ရွက္တဲ့႐ုပ္ကို ဓါတ္ပုံ႐ိုက္ထားလိုက္သင့္တာကြာ //

" ရွက္လို႔သာပဲ ငါမေျပာခ်င္ဘူးမနက္ကေတာ့ၿပဳံးၿဖီးလို႔"

" ငါကမၿပဳံးလို႔မဲ့ေနရမွာလား"

" မသိဘူးေလနင့္မ်က္ႏွာအဲ့လိုၿပဳံးေနတာေတြ႕ရခဲတာကို
အၿမဲတမ္းအေတြးေတြနဲ႔ေလးလံမႈိင္းထိုင္းေနၿပီးေတာ့ Psycho မ"

" ေကာင္စုတ္ ...... ငါ့ကိုဆိုေျပာဖို႔ပဲအဲ့ေလာက္ထိလည္းမထိုင္းမႈိင္းပါဘူးဟယ္
ေတြး႐ုံေလးေတြးတာပါ"

" ထားပါေတာ့ ဘယ္လိုေနလဲ ... အဲ့ဘဲက႐ုပ္ရည္ကေရာဘယ္လိုလဲ"

" ဘာလုပ္မလို႔လဲနင္က"

" ဟ ........ ငါ့မွာတာဝန္ရွိတယ္ေလ နင္ကငါ့သူငယ္ခ်င္း ေနာက္ၿပီး
႐ုပ္ရည္ကလည္း ငါ့ေလာက္ေခ်ာမွျဖစ္မွာ၊ ဘာလို႔ဆိုငါ့ေနရာကိုလြႊဲေပးထားရတာကို
မေခ်ာရင္ငါသိကၡာက်တယ္ သိရဲ႕လား"

ကြၽန္ေတ္ာတို႔ႏွစ္ေယာက္ကိုမိဘခ်င္းကသေဘာတူၿပီးေစ့စပ္ဖို႔ဘာညာအထိပါစီစဥ္က်ေတာ့

ႏွစ္ေယာက္သားအသည္းအသန္ျငင္းထားၾကတာေလ။ဒါေၾကာင့္ ကြၽန္ေတာ့ေနရာလို႔ေျပာေတာ့

မ်က္ေစာင္းတစ္ခ်က္ကမလွမပေရာက္လာေလရဲ႕။ လွတာလည္းမဟုတ္ဘဲနဲ႔မ်ား ...

" ေျပာစမ္းပါ ဘယ္လိုေနလဲလို႔ နင့္ကိုေမးရတာေမာလိုက္တာဟာ"

" အင္း ..........

ေခ်ာတယ္ .............

ေခ်ာတာထက္ဘယ္လိုေျပာရမလဲ အရမ္းကိုၿပီးျပည့္စုံတာပဲ"

ေျပာရင္းကရွက္သလိုေခါင္းေလးပါငုံ႔သြားတဲ့သူငယ္ခ်င္းမေလးကိုၾကည့္ရင္း
အဆင္ေျပမွာပါလို႔ေတြးလိုက္မိတယ္ ....

ပြင့္လင္းတဲ့စ႐ိုက္ရွိေပမယ့္ဒီလိုကိစၥမ်ိဳးဆိုရင္အရွက္အေၾကာက္လည္းႀကီးတဲ့သူမဆီက
ဒီလိုစကားမ်ိဳးၾကားရဖို႔ဆိုတာဒီလူအေပၚသူမသက္ဝင္ေနလို႔ပဲျဖစ္ပါလိမ့္မယ္

" နင့္အေပၚေရာဘယ္လိုေနလဲ ... ငါေျပာခ်င္တာနင့္အေပၚသူက ဘယ္လိုသေဘာထားလဲ"

" ငါ့ကို သူကပ႐ိုပိုစ့္လုပ္ထားတယ္"

" ၾကည့္စမ္း ငါနဲ႔နင္နဲ႔မေတြ႕တာဘယ္ေလာက္ၾကာေသးလို႔ဒီလိုကိစၥေတြအထိ"

" မဟုတ္ပါဘူး လင္းစက္ရာ

တကယ္ေတာ့နင္နဲ႔ငါျငင္းၿပီးကတည္းကေဖေဖကသူ႔ကိုသေဘာက်တယ္ဆိုၿပီး
မိတ္ဆက္ေပးခဲ့တာၾကားထဲမွာအကဲခတ္တာနဲ႔ဘာနဲ႔သူကလည္းအိမ္ကိုရံဖန္ရံခါလာလည္တယ္

အဲ့ဒီ့အခ်ိန္ေတြနင္ကအိမ္မွာမရွိေတာ့မသိဘူးေပါ့ေနာက္ပိုင္းမွသူကငါ့ကို ဖြင့္ေျပာလာတာ

အခုငါကစဥ္းစားေနတုန္းပါ"

" အဲဒီေတာ့ နင္ဘယ္လိုစဥ္းစားထားလဲ"

" ငါ ............. ငါသူ႔ကိုသေဘာက်တယ္"

ရွက္ကိုးရွက္ကန္းေျပာလာတဲ့ေသာ္ကကိုၾကည့္ကာကြၽန္ေတာ့မွာဝမ္းသာဝမ္းနည္း

အၿမဲတမ္းအတူတူရွိခဲ့တဲ့သူငယ္ခ်င္းကအျခားတစ္ေယာက္ရွိလာတာကိုစိတ္မေကာင္းသလိုျဖစ္မိေပမယ့္

တစ္ဖက္ကလည္းအိမ္ကသေဘာတူသူနဲ႔ႏွစ္ဦးႏွစ္ဖက္ခ်စ္ခင္ၿပီး
လက္ထပ္ၾကတယ္ဆိုရင္ပိုၿပီးေကာင္းတာေပါ့လို႔ေတြးမိလို႔ပဲျဖစ္သည္။

" ေသာ္က "

" အင္း ."

" နင္ ......... ငါ့ထက္ေတာ့ပိုမခ်စ္နဲ႔ေနာ္"

သေဘာတက်ရယ္ေမာလိုက္တဲ့အခါသြားတက္ကေလးမ်ားနဲ႔ေသာ္ကဟာ
အရမ္းကိုလွတယ္ဆိုတဲ့အထဲမပါေပမယ့္ သူမအလွကၿငိမ္းခ်မ္းတယ္

ဘယ္လိုေျပာရမလဲ ျမင္လိုက္တာနဲ႔ေအးခ်မ္းသြားတဲ့ပုံစံမ်ိဳး .....

" ေအးပါဟယ္ .....နင္နဲ႔ငါက ဘယ္သူနဲ႔ဘယ္သူမို႔လို႔လဲ"

" အေဖမတူအေမကြဲအမႊာေလ"

ငယ္ငယ္ထဲကေျပာေနက်စကားကိုေျပာရင္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ
ဟက္ဟက္ပက္ပက္ရယ္ေမာမိခဲ့ၾကပါသည္။

အင္း ..............

ကြၽန္ေတာ္တို႔ေမ့ေနခဲ့ၾကတာကမုန္တိုင္းဆိုတာ
ေလေျပကေနအရင္စတယ္ဆိုတာပဲ

တကယ္ဆိုကြၽန္ေတာ္ ............
ေလေျပေတြကိုမုန္းခဲ့သင့္တာပါ

ေနအလင္းစက္

............. 

Unicode

" ပြောစမ်း .......မနက်ကကောင်ကဘယ်သူလဲ "

" တိုးတိုးပြောပါဟယ် သူများတွေကြားကုန်မှဖြင့်"

" ဟ .... သူများတွေကြားမှာတော့ကြောက်တယ်ပေါ့လေ
မနက်ကကျတော့ပြုံးဖြီးပြီးကားပေါ်တက်သွားလိုက်တာ
ပုရွက်ဆိတ်တက်တော့မဲ့မျက်နှာနဲ့"

" နင်ကလည်းဟယ် အဲ့လောက်လည်းမဟုတ်ရပါဘူး"

" ဟာ..... နင်ဝေ့လည်ကြောင်ပတ်လုပ်မနေစမ်းနဲ့

ပြောမှာသာပြောစမ်း အဲ့ကောင်ကဘယ်သူလဲဆိုနေ"

" ဟဲ့ ....... နင့်ထက်ကြီးတယ်နော်အဲ့ကောင်အဲ့ကောင်နဲ့"

" အောင်မာ..... လာလာချေသေး... သိပ်နာနေတယ်ဟုတ်လား
အကောင်မို့လို့အကောင်ခေါ်တာလေ ကောင်မလေးမှမဟုတ်တာ"

" ကဲ ....... တော်ပါပြီလင်းစက်ရယ် သူများတွေလည်းကြည့်ကုန်ပါပြီ

ငါပြောပြပါ့မယ် အခုတော့ကျောင်းတက်တော့မယ်
နင့်နေရာသွားတော့လေ"

အခန်းထဲကိုဝေ့ကြည့်လိုက်တော့ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့တချို့တွေ
ဟိုလိုလိုဒီလိုလိုဖြစ်ကုန်ကြတယ်။

ဒီလိုပါပဲ ..........

ကျွန်တော်နဲ့သူမရဲ့ဆက်ဆံရေးကိုခေါင်းစဉ်တပ်ချင်သူတွေကအများသားမဟုတ်လား

သူများတွေဘယ်လိုမြင်မြင်ကျွန်တော်ကဂရုကိုမစိုက်

မြသော်ကဆိုတဲ့သူမဟာ ကျွန်တော့ရဲ့ငယ်စဉ်တည်းကတစ်ဦးတည်းသောသူငယ်ချင်း

မိဘတွေကလည်းသူငယ်ချင်းတွေမို့နှစ်အိမ့်တစ်အိမ့်ဆက်ဆံရေးမှာ
ကျွန်တော်တို့နှစ်ယောက်ကအမြဲတမ်းအတွက်သူငယ်ချင်းဆိုလည်းဟုတ်မောင်နှမဆိုလည်းဟုတ်
တိုင်ပင်ဖော်၊တိုင်ပင်ဖက်ဆိုလည်းဟုတ်အဖြူစင်ဆုံးနဲ့အရိုးသားဆုံးချစ်ခဲ့ကြတယ်

သူမအပေါ်ကျွန်တော်ဘာစိတ်မျိုးနဲ့မှမချစ်နိုင်ခဲ့သလို

သူမကလည်းကျွန်တော့ကိုမောင်နှမအရင်းအခြာလိုစိတ်ကလွဲလို့တခြားမရှိ။

အေးဆေးတည်ငြိမ်လွန်းတဲ့သူမနဲ့ ဆတ်ဆတ်ကြဲကျွန်တော့စရိုက်က
လုံးလုံးကွဲပြားနေသော်ငြား မူလတန်း၊အလယ်တန်း၊အထက်တန်းပြီးလို့
အခုဆိုပထမနှစ်ရောက်နေပြီ ကျောင်းတစ်ခုတည်းမှာမေဂျာအတူတူယူပြီးအမြဲအတူသွားအတူလာ

ကျန်ခဲ့တဲ့ရက်တွေက မေဂျာစုံအားကစားပွဲတော်ရှိတာမို့ ဘောလုံးအသင်းထဲမှာပါတဲ့ကျွန်တော်က Training တွေတက်နေရတာနဲ့ပဲ ကျောင်းကိုအရင်စောသွားနှင့်ရတာမို့ ဒီနေ့မနက်တော့အတူသွားမယ်ဆိုပြီးသွားခေါ်ကာမှ ဒင်းလေးကလူတစ်ယောက်ဖွင့်ပေးတဲ့ကားပေါ်ပြုံးပြုံးကြီးတက်သွားလို့
အတောင့်လိုက်ထွက်လာတဲ့ဒေါသတွေကိုအတန်းထဲရောက်မှဖြေချရတာဖြစ်သည်။

ဒါတောင်သူမကထုံးစံအတိုင်းမျက်မှန်လေးပင့်ကာပင့်ကာနဲ့
တိုးတိုးတိုးတိုးမြုံစိစိနဲ့ဖြေနေတာမို့စိတ်ကမရှည်နိုင်တော့
ပုံမှန်ဆိုဒီလိုမှဟုတ်တာ တမင်သက်သက်ကိုလုပ်နေတာ ... တစ်ခုခုတော့ တကယ်တစ်ခုခုပဲ။

ကျောင်းတက်ခေါင်းလောင်းထိုးသွားပြီးဆရာဝင်လာလို့သာငြိမ်နေလိုက်ရသည်။
အစာကကြေသေးတာမဟုတ်။

" ကဲ... ဆရာမ ပြောလို့ရပြီပြောတော့အဲ့ဘဲကဘယ်သူလဲ"

အတန်းချိန်တစ်ချိန်အပြီးမှာတော့ဆရာထွက်သွားတာနဲ့
မျက်နှာချင်းဆိုင်ကခုံကိုဆွဲပြီးမေးတော့

မျက်မှန်ကိုအရင်ချွတ်၊ မျက်မှန်ဘူးထဲကပုဝါအပါးနဲ့သုတ်မျက်မှန်ဘူးထဲကိုထည့်နဲ့
တော်တော်ကိုကြာနေသေးတာ

" ဟဲ့ ...... သော်က ငါစိတ်မရှည်တော့ဘူးနော်"

" လင်းစက်ရယ် နင်စိတ်ရှည်တာဘယ်သူရှိသေးလဲ
ငါပြောပြပါ့မယ်ဆိုနေ"

မျက်နှာကိုက လုပ်ယူထားတဲ့အတည်လိုက်ရုပ်... ငါလေ လုပ်ထည့်လိုက်ရ

" မြန်မြန်ပြောစမ်းဟာ"

" သူက ......"

" အင်း ..."

" ငါ့ကိုအိမ်ကသဘောတူထားတဲ့သူ"

" ဘာ ......."

" ဖြည်းဖြည်းအော်ပါဟယ် လန့်လိုက်တာလင်းစက်ရယ်"

ရင်ဘတ်ကလေးဖိကာပြောနေပုံကိုကတကယ့်အဖွားကြီးစတိုင်လ်....
တမင်လုပ်နေတာသိသားပဲ... မြသော်ကဆိုတာ သူ့ဘာသာသူသာအိနြေ္ဒကြီးချင်ကြီးမယ်၊ နေအလင်းစက်နဲ့နှစ်ယောက်တည်းဆိုလို့ကတော့ သူမသာ၊ ကိုယ်မသာရယ် ..

" နေစမ်းပါဦး ငါလည်းမသိရပါလား"

" အင်းလေ နင်လည်းအလုပ်ရှုပ်နေတာနဲ့ငါမပြောဖြစ်တာ"

" သေလိုက်လေ ဖုန်းဆက်ပြီးပြောလို့ရတာပဲ"

" ဟာ ... မပြောချင်ပါဘူး ရှက်စရာကြီးကို"

// ရှက်တဲ့ရုပ်ကို ဓါတ်ပုံရိုက်ထားလိုက်သင့်တာကွာ //

" ရှက်လို့သာပဲ ငါမပြောချင်ဘူးမနက်ကတော့ပြုံးဖြီးလို့"

" ငါကမပြုံးလို့မဲ့နေရမှာလား"

" မသိဘူးလေနင့်မျက်နှာအဲ့လိုပြုံးနေတာတွေ့ရခဲတာကို
အမြဲတမ်းအတွေးတွေနဲ့လေးလံမှိုင်းထိုင်းနေပြီးတော့ Psycho မ"

" ကောင်စုတ် ...... ငါ့ကိုဆိုပြောဖို့ပဲအဲ့လောက်ထိလည်းမထိုင်းမှိုင်းပါဘူးဟယ်
တွေးရုံလေးတွေးတာပါ"

" ထားပါတော့ ဘယ်လိုနေလဲ ... အဲ့ဘဲကရုပ်ရည်ကရောဘယ်လိုလဲ"

" ဘာလုပ်မလို့လဲနင်က"

" ဟ ........ ငါ့မှာတာဝန်ရှိတယ်လေ နင်ကငါ့သူငယ်ချင်း နောက်ပြီး
ရုပ်ရည်ကလည်း ငါ့လောက်ချောမှဖြစ်မှာ၊ ဘာလို့ဆိုငါ့နေရာကိုလွွှဲပေးထားရတာကို
မချောရင်ငါသိက္ခာကျတယ် သိရဲ့လား"

ကျွန်တေ်ာတို့နှစ်ယောက်ကိုမိဘချင်းကသဘောတူပြီးစေ့စပ်ဖို့ဘာညာအထိပါစီစဉ်ကျတော့

နှစ်ယောက်သားအသည်းအသန်ငြင်းထားကြတာလေ။ဒါကြောင့် ကျွန်တော့နေရာလို့ပြောတော့

မျက်စောင်းတစ်ချက်ကမလှမပရောက်လာလေရဲ့။ လှတာလည်းမဟုတ်ဘဲနဲ့များ ...

" ပြောစမ်းပါ ဘယ်လိုနေလဲလို့ နင့်ကိုမေးရတာမောလိုက်တာဟာ"

" အင်း ..........

ချောတယ် .............

ချောတာထက်ဘယ်လိုပြောရမလဲ အရမ်းကိုပြီးပြည့်စုံတာပဲ"

ပြောရင်းကရှက်သလိုခေါင်းလေးပါငုံ့သွားတဲ့သူငယ်ချင်းမလေးကိုကြည့်ရင်း
အဆင်ပြေမှာပါလို့တွေးလိုက်မိတယ် ....

ပွင့်လင်းတဲ့စရိုက်ရှိပေမယ့်ဒီလိုကိစ္စမျိုးဆိုရင်အရှက်အကြောက်လည်းကြီးတဲ့သူမဆီက
ဒီလိုစကားမျိုးကြားရဖို့ဆိုတာဒီလူအပေါ်သူမသက်ဝင်နေလို့ပဲဖြစ်ပါလိမ့်မယ်

" နင့်အပေါ်ရောဘယ်လိုနေလဲ ... ငါပြောချင်တာနင့်အပေါ်သူက ဘယ်လိုသဘောထားလဲ"

" ငါ့ကို သူကပရိုပိုစ့်လုပ်ထားတယ်"

" ကြည့်စမ်း ငါနဲ့နင်နဲ့မတွေ့တာဘယ်လောက်ကြာသေးလို့ဒီလိုကိစ္စတွေအထိ"

" မဟုတ်ပါဘူး လင်းစက်ရာ

တကယ်တော့နင်နဲ့ငါငြင်းပြီးကတည်းကဖေဖေကသူ့ကိုသဘောကျတယ်ဆိုပြီး
မိတ်ဆက်ပေးခဲ့တာကြားထဲမှာအကဲခတ်တာနဲ့ဘာနဲ့သူကလည်းအိမ်ကိုရံဖန်ရံခါလာလည်တယ်

အဲ့ဒီ့အချိန်တွေနင်ကအိမ်မှာမရှိတော့မသိဘူးပေါ့နောက်ပိုင်းမှသူကငါ့ကို ဖွင့်ပြောလာတာ

အခုငါကစဉ်းစားနေတုန်းပါ"

" အဲဒီတော့ နင်ဘယ်လိုစဉ်းစားထားလဲ"

" ငါ ............. ငါသူ့ကိုသဘောကျတယ်"

ရှက်ကိုးရှက်ကန်းပြောလာတဲ့သော်ကကိုကြည့်ကာကျွန်တော့မှာဝမ်းသာဝမ်းနည်း

အမြဲတမ်းအတူတူရှိခဲ့တဲ့သူငယ်ချင်းကအခြားတစ်ယောက်ရှိလာတာကိုစိတ်မကောင်းသလိုဖြစ်မိပေမယ့်

တစ်ဖက်ကလည်းအိမ်ကသဘောတူသူနဲ့နှစ်ဦးနှစ်ဖက်ချစ်ခင်ပြီး
လက်ထပ်ကြတယ်ဆိုရင်ပိုပြီးကောင်းတာပေါ့လို့တွေးမိလို့ပဲဖြစ်သည်။

" သော်က "

" အင်း ."

" နင် ......... ငါ့ထက်တော့ပိုမချစ်နဲ့နော်"

သဘောတကျရယ်မောလိုက်တဲ့အခါသွားတက်ကလေးများနဲ့သော်ကဟာ
အရမ်းကိုလှတယ်ဆိုတဲ့အထဲမပါပေမယ့် သူမအလှကငြိမ်းချမ်းတယ်

ဘယ်လိုပြောရမလဲ မြင်လိုက်တာနဲ့အေးချမ်းသွားတဲ့ပုံစံမျိုး .....

" အေးပါဟယ် .....နင်နဲ့ငါက ဘယ်သူနဲ့ဘယ်သူမို့လို့လဲ"

" အဖေမတူအမေကွဲအမွှာလေ"

ငယ်ငယ်ထဲကပြောနေကျစကားကိုပြောရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ဟက်ဟက်ပက်ပက်ရယ်မောမိခဲ့ကြပါသည်။

အင်း ..............

ကျွန်တော်တို့မေ့နေခဲ့ကြတာကမုန်တိုင်းဆိုတာ
လေပြေကနေအရင်စတယ်ဆိုတာပဲ

တကယ်ဆိုကျွန်တော် ............
လေပြေတွေကိုမုန်းခဲ့သင့်တာပါ

နေအလင်းစက်

Continue Reading

You'll Also Like

1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
40.2K 1.1K 40
အချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလ...
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
26.2K 880 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...