AGONY မပြီးခင်ကတစ်ခါတင်ဖူးပါတယ်
အဲ့တုန်းက introသဘောမျိုးမို့ လိုအပ်တာတွေရောရှိတာမို့ နောက်ထပ် ထပ်ဖြည့်ပြီး ရေးထားပါတယ်
¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿
အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်သလိုခံစားရတာမို့
မျက်လုံးတွေမှိတ်ထားလျက်က
စောင်ကိုလိုက်စမ်းနေရင်း.....
ကိုယ်ပေါ်ကို လွှမ်းခြုံလာတဲ့အထည်ပါးပါး...
လိုချင်တဲ့အနွေးဓာတ်ကိုရပြီမို့
နှစ်ခြိုက်စွာပြန်အိပ်ပျော်သွားသည်....
¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿
T~~~~T~~~~T~~~~
"ဟာကွာ...အိပ်လို့တောင်မဝသေးတာကြီး..."
မကျေမနပ်ရေရွတ်ရင်း ဘေးစားပွဲပေါ်က
နှိုးစက်ကိုလှမ်းပိတ်လိုက်သည်...
အင်း....ငါးမိနစ်လောက်အိပ်လိုက်ဦးမယ်
"အကိုလေးJongin ထရပါတော့မယ်..."
အတွေးနဲ့ပြန်ကွေးမလို့လုပ်တုန်းရှိသေးတာကို...
"ငါးမိနစ်ပဲ...."
"မရပါဘူးအကိုလေး အခုမထရင် မနက်စာရော
ဒီနေ့အသုံးစရိတ်ရော မရ.."
"ကျစ်!! ထပြီ ..အခုထပြီ...ရပြီမလား သွားတော့.."
ရေချိုးခန်းဝင် မျက်နှာသစ်ဆေးကြောပြီးတာနဲ့
အောက်ထပ်ကို မနက်စာ စားဖို့ဆင်းလာခဲ့သည်
ထမင်းစားပွဲရဲ့ ထိပ်ဆုံးခုံမှာ ထိုင်နေတဲ့သူ....
ဒီလူကြီး
ဘယ်တုန်းကပြန်ရောက်နေတာပါလိမ့်......
ဘေးခုံမှာဝင်ထိုင်လိုက်တာနဲ့
ရှေ့ကိုရောက်လာတဲ့ ကော်ဖီတစ်ခွက် နဲ့ပေါင်မုန့်ယိုသုတ်ပန်းကန်....
အခြားမုန့်အစုံတွေ.....
"Arjuma...ကျတော့ကို Pan Cake
နဲ့ ဖျော်ရည်တစ်ခုခု လုပ်ပေးပါ "
"Nae သခင်လေး"
"အခုပြင်ထားတာတွေ မကြိုက်လို့လား Jongin"
"အင်း.."
"sry ကိုယ်က Jonginကြိုက်မယ်ထင်တာတွေလုပ်ထားတာ "
"ကိုယ်ယူထားတဲ့ ယောကျာင်္း ဘာကြိုက်တတ်လဲဆိုတာ
အခုထိ ခင်များမသိသေးတာ အံ့သြတယ်
Do Kyungsoo"
ပြောရင်း ရှေ့ကိုရောက်နေပြီဖြစ်တဲ့ ပန်ကိတ်ကိုသာ ဇွန်းနဲ့ဖဲ့ယူကာ စားလိုက်တယ်
သူကလည်း ဘာမှပြန်မပြောတော့
"ဒီနေ့ ကိုယ်တို့ အတူပွဲတတ်စရာရှိတယ်Jongin"
"ကျတော် အပြန်နောက်ကျမှာ လေဒီအလန်းစားတစ်ယောက် တွေ့ထားလို့ ဒါဆို
ကျတော်အရင်ထနှင့်ပြီနော် "
Jongin မသွားချင်ပါ ဒီလိုပွဲတွေမှာ
ဟန်ဆောင်မျက်နှာဖုံးတွေနဲ့
ှူလူကြီးလူကောင်းတွေသာ ရှိတာ
သူတို့ရဲ့ ရာထူးရာခံတွေကြွားဝါရင်း သူတစ်ဖက်သားကိုမသိမသာရောသိသိသာသာပါ စောင်းချိတ်တတ်တဲ့သူတွေလေ
အဲ့အစား ကျတော် Kim Jonginကတော့ ကလပ်တက်ပြီး လေဒီလေးတစ်ယောက်နဲ့သာ kissingဆွဲနေလိုက်မည်
နောက်တစ်ခုက Do Kyungsoo အဲ့လူကြီးကို ရွဲ့ချင်၍...
Jongin ကျောင်းသွားဖို့ ပြင်ဆင်ပြီး ပြန်ဆင်းလာတော့
Do Kyungsooဟာ ကူရှင်ပေါ်မှာ စာအုပ်ကို ဖတ်နေလေရဲ့
အိမ်နေရင်းတောင် အင်္ကျီလက်ရှည် ကြည်သီးကိုပါ ရင်စေ့တပ်ပြီး ဝတ်ထားတဲ့သူဟာ အသက်လေးဆယ်တောင်မပြည့်သေးပေမယ့် တကယ့်လူကြီးတစ်ဦးဟန်မျိုး.....
ထူထဲတဲ့မျက်ခုံးတစ်စုံက ဝန်းဝိုင်းတဲ့မျက်နှာကျပေါ် လခြမ်းကွေး သဏ္ဌာန်နဲ့.....
ဝိုင်းစက်စက်မျက်ဝန်းနက်ဟာ အမြဲတစေလဲ့နေတတ်တယ်...
အိစက်စက် ပါးမို့မို့ကတော့ ဖျစ်ညှစ်ချင်စရာလည်း ကောင်းတတ်ပြန်ရဲ့...
ရဲသွေးနီတဲ့ခပ်ထူထူနှုတ်ခမ်းပါးတို့နဲ့ လိုက်ဖက်အောင် ဒီလူဟာ သိပ်ကို တည်ငြိမ်တဲ့ လူကြီးလူကောင်းတစ်ဦး.....
ကျတော် Kim Jonginကတော့
ဆယ်ကျော်သက်ပဲမို့လို့လား .....
ဒီလို ပုံစံနဲ့လူကြီးလူကောင်းတွေကို ကြည့်မရ
ကိုယ့်အဖေရောပဲ
သိက္ခာတရားတွေကို သူတို့ရှေ့တန်းတင်ကြတယ်
အဲ..တစ်ခါတစ်လေ ကျပြန်တော့ သူတို့ဟာ နားမလည်နိုင်အောင် ပြုမူတတ်ကြပြန်သည်
ကျတော့အဖြစ်ကိုပဲကြည့်လေ
ကျတော့်ကို Kim Familyကမွေးစားခဲ့တယ်
အမေကတော့ ကျတော့်ကို သိပ်ချစ်ပေမယ့် အဖေကတော့ ဖာသိဖာသာပဲ
ဒါပေမယ့် သူအမြဲပြောတာ တစ်ခုတော့ရှိတယ်
Jongin ဘယ်လိုပဲနေနေ အချိန်တန်ရင် သူပေးစားတဲ့ သူနဲ့လက်ထပ်ဖို့ပဲ
Jonginဘက်ကလည်း ငြင်းစရာ အကြောင်းပြချက်မှ ရှိမနေဘဲ
ဒါကြောင့် လက်ခံခဲ့တယ်
တကယ်တမ်း အဖေက
မင်းလက်ထပ်ရမယ့်သူက ယောကျာင်္းလေးလည်းဆိုရော Jonginအံသြမိတာက လွဲလို့ပေါ့
အဲ့တာအပြင် လက်ထပ်ရမယ့်သူက
ကျွန်တော့ထက် အသက်နှစ်ဆလောက်ကြီးနေပြန်ရော
ဒါတွေအတွက် ဘာဖြေရှင်းချက်မှ Jonginမရခဲ့ဘူး
နောက်ဆုံးတော့
ကျတော်Kim Jonginက Do Kyungsooနဲ့ တရားဝင် လက်ထပ်ခဲ့ရတယ်
အေးလေ အခုလို လက်ထပ်လိုက်တာလည်း
ကျတော့်အတွက်တော့
ဘာမှမပြောင်းလဲသွားပါဘူး
ဘဝမှာ အတူနေရတဲ့သူတစ်ယောက်တိုးလာရုံပဲ...
အချစ်ကတော့ ကျတော့်ဒီတစ်သက်မှာ ဝေးပြီထင်ပါရဲ့
Do Kyungsooကြည့်ရတာလဲ ကျတော့ကို ဘာလို့လက်ထပ်ခဲ့သလဲမသိဘူး
သူလည်း ကျတော့်ကို ချစ်ပုံမရပါဘူး
စပြီး လက်ထပ်ကတည်းက အေးစက်စက်နဲ့
ကိုယ်လက်ထပ်ရမယ့်သူကို ခန်းမထဲဝင်ဖို့ ငါးမိနစ်အလိုကြမှ အပြင်မှာ အရှင်လတ်လတ်မြင်ရတဲ့ကျတော်
အစကတော့ အသက်ကြီးကြီးArjushiလို့ထင်ခဲ့တာ
အခုJongin တွေ့နေရတဲ့ သူက အသက်သုံးဆယ့်ရှစ်နှစ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ
သို့သော် သူ့တည်ငြိမ်မှုဟန်နဲ့ ပနံသင့်လို့....
Do Kyungsoo က ကျတော့ဆီဟန်ကျကျလျှောက်လာရင်း
"Sry ကိုယ်အလုပ်များနေတာနဲ့ Jonginကို လာတွေ့ဖို့နောက်ကျသွားတာ "
ဆိုတဲ့ စကားတစ်ခွန်းသာ ပြောလေတဲ့သူ
Jonginဆို အဲ့တုန်းက တော်တော်စိတ်ထိန်းလိုက်ရတယ်
ဘယ်နှယ့် သူနောက်ကျတာက လက်ထပ်ပွဲဝင်ဖို့ ငါးမိနစ်အလိုထိလား.....
အဲ့တာကို သူက
"သိပ်ချောနေတယ် Jongin"
ဆိုပြီး အလိုက်ကမ်းဆိးုမသိ နမ်းပြီးထွက်သွားတယ်
အိစက်ညက်ညောတဲ့ သူ့နှုတ်ခမ်းထူထူက
Jonginနမ်းခဲ့ဖူးတဲ့ ဆိုးဆေးကူနှုတ်ခမ်းပါးများထက်
နှိုင်းမရအောင် သာလွန်နေသည်
နူးညံ့တယ်.....
အိစက်တယ်.....
ချိုသာတယ်......
နောက် ခံစားမှုတစ်ခု .....
ဘာလည်းဆိုတာတော့ Jonginအဖြေရှာမရ
တစ်ခုသိတာက Do Kyungsooနှုတ်ခမ်းတွေကို Jonginကြိုက်သည်....
"ကျတော် Kim Jonginသည် သတို့သား Do Kyungsoo ကို အေးအတူပူအမျှ သက်ထက်ဆုံး
ချစ်ခင်စွာ လက်တွဲသွားပါ့မယ်လို့ ဂတိပြုပါသည် "
"ကျတော် Do Kyung Sooသည် သတို့သား Kim Jonginကို အေးအတူပူအမျှ စောင့်ရှောက်ရင်း သက်ထက်ဆုံး ချစ်ခင်စွာ လက်တွဲသွားပါမယ်လို့ ဂတိပြုပါသည် "
"သတို့သား နှစ်ယောက် နမ်းနိုင်ပါပြီ"
Jongin ဒုတိယအကြိမ် နှုတ်ခမ်းချိုချိုကို စားသုံးခဲ့ရသည်......
သူတို့နှစ်ယောက်ဂတိပြုခဲ့သလို တကယ်ရော Do Kyungsooနဲ့ တစ်သက်လုံးအတူနေသွားနိုင်မှာလား Jonginမပြောတတ်....
သေချာတာတော့ ဒီလက်ထပ်ပွဲက အချစ်မှ မပါဘဲလေ....
လက်ထပ်ပွဲလည်းပြီးရော
ဆေးရုံမှာ အရေးကြီးကိစ္စဖြစ်လို့ဆိုပြီး
ထွက်သွားတာ နှစ်ရက်ကြာတယ်
ဖုန်းလေးတစ်ချက်တောင် မဆက်ဘူး
ပြန်လာတော့လည်း တစ်ခွန်းပြော တစ်ခွန်းဖြေနဲ့
သူကနဂိုတည်းက အေးစက်စက်နိုင်တာလားတော့ မပြောတတ်ဘူး
ကျတော်ကလည်း အတင်းလိုက်ရောမနေတော့
ကျတော်တို့ဆက်ဆံရေးက နည်းနည်းတော့ခြောက်ကပ်တယ်
ဒါပေမယ့် Do Kyungsooက လူကသာ သူ့အနားမရှိတာ
မနက်မိုးလင်းကအစ ညမိုးချုပ် အိပ်တဲ့အထိ သူ့လူယုံ အိမ်တော်ထိန်းတွေကို
Jonginဘယ်လိုနေဖို့ ဘယ်လိုထိုင်ဖို့ အကုန် အကုန် အစစ ကို ပြောထားတာ
မနက်မိုးလင်းလို့ သူတို့လာနှိုးတဲ့အချိန် မထရင်
တစ်နေ့မှ ဘယ်လောက်မှမရတဲ့ မုန့်ဖိုးကို ဖြတ်တယ်
ဘာလုပ်လုပ် မုန့်ဖိုးပဲဖြတ်မယ်ပဲ><
Jonginဒေါသထွက်လွန်းလို့ ဟိုလူကြီးကို တစ်စစီ ဆွဲလုပ်ပလိုက်ချင်တာဆိုတာ....
အရင်တုန်းကမှ Jonginလွတ်လွတ်လပ်လပ် သုံးဖြုန်းပြီး နေချင်သလို နေလို့ရသေးတယ်
အခု ဒီလူကြီးနဲ့ လက်ထပ်ပြီးမှ ဘာလုပ်လုပ်ကို မလွတ်မလပ် လိုက်ပြီးကိုပြောတာ သူ့လူတွေက......
ကြာတော့ Jongin အဲ့လူကြီးကို မချစ်ဘဲ မုန်းလာတာ....
လက်ထပ်ပြီးတာပဲ တစ်လလောက်ရှိတော့မယ်
အိမ်မှာတောင် သုံးခါလောက်လားပဲမြင်ရသေးတယ်
စကားပြောတဲ့ အကြိမ်ရေဆို လက်ချိုးရေလို့ရနိုင်တယ်
ညဘက်တွေလည်း တစ်ခါမှပြန်မအိပ်ဘူး
ဒါတွေက ထားပါလေ သူ့ကိစ္စ...
သူမရှိတော့ Jonginလွတ်လပ်တာပေါ့
ဒီနေ့တော့ ဘယ်ချိန်က ဘယ်လိုပြန်ရောက်နေလဲ မပြောတတ်.....
Jonginကလည်း သူ့ကို သိပ်ကြည်တာမဟုတ်တော့
ခပ်တန်းတန်းပဲ နေမိတယ်....
နေပါဦး ငါ ဘာလို့ ဒီလူကြီးကို ရပ်ကြည့်ပြီး
သူ့အကြောင်းတွေးနေရတာလဲ
ခေါင်းသာ ခါလိုက်ရင်း
အိမ်တံခါးဆီသို့....
"ခဏ
အခုJongin ကျောင်းသွားမလို့လား"
နောက်ကထွက်လာတဲ့ သူ့အမေး
ကျစ်! မြင်နေရဲ့သားနဲ့ကို
Jongin သူနဲ့မျက်ချင်းဆိုင်ပြန်လှည့်လိုက်ပြီး
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"Jonginပုံစံက ကျောင်းသားတစ်ယောက်ထက် မင်းသားတစ်ယောက်နဲ့ပိုတူနေတယ် ရိုးရိုးလေးပဲ Jonginဝတ်သင့်တာပေါ့"
"ခင်များက ကျတော့ကို ချုပ်ခြယ်ချင်တာလား ကျတော်ကတော့ ဒီအတိုင်းပဲဝတ်တတ်တယ် မပြင်နိုင်ဘူး"
ကျတော် လိုတာထက်ပိုပြီး အသံကိုခပ်မာမာပြောမိတယ်
သူက ကျတော့ထက် အသက်အများကြီးပိုကြီးပေမယ့်...
အား...မသိတော့ဘူး ကျတော် မလွန်ဘူးလို့ထင်တယ်
နို့မို့ဆို သူကလိုက်ချုပ်ခြယ်နေမှာကို မလိုချင်ဘူး
"မင်းက ဆေးရုံအုပ်တစ်ယောက်ရဲ့ယောကျာ်းဆိုတာလည်း မမေ့နဲ့Jongin
ကိုယ့်မိတ်ဆွေတွေက ပြန်ပြောကြတယ်
Jonginကို အခြားမိန်းကလေးတွေနဲ့တွဲနေတာတွေ့တယ်တဲ့ ကိုယ့်အတွက် ဒါကမကောင်းဘူးဆိုတာ Jonginသိထားသင့်တာပေါ့"
"ဘာလဲ ကျတော့လုပ်ရပ်တွေက ခင်များသိက္ခာထိခိုက်တယ်လို့ ပြောချင်တာလား
ဟုတ်လား...
အဲ့တော့ ဘာလုပ်ချင်လဲ
ကွာရှင်းပေးရမလား
Do Kyung Soo -shi "
"ဟိုး...
ကိုယ် အဲ့လောက်ထိ မဆိုလိုဘူးနော်
ကိုယ်ပြောတာ Jongin မိန်းကလေးတွေနဲ့ တွဲသွားတွဲလာလုပ်တာ နည်းနည်းဆင်ခြင်ပေးဖို့
ပတ်ဝန်းကျင်ကပြောစရာဖြစ်မှာစိုးလို့ပါ "
"ဟားဟား Do KyungSoo ရယ် ခင်များက ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်ခဲ့ရင် ဘာလို့ယောကျာင်္းအချင်းချင်းကိုလက်ထပ်ခဲ့မလဲ $ပိုတွေ"
"ဟင်း..
Jonginက ကိုယ့်ကိုဘေးကျပ်နံကျပ်ဖြစ်အောင်သိပ်လုပ်တာပဲ
ကဲ ကိုယ်က Jonginကို သဝန်တိုပါတယ်ဆိုရင်ရော.."
ကျတော့ စိတ်ကထင်တာ မဟုတ်ဘူးဆိုရင်
Do Kyung Sooမျက်နှာဟာ အနည်းငယ်နီနေသလားလို့
သူ့ရဲ့အခုလိုပုံစံက ချစ်စရာကောင်းတယ်လို့ ပြောလို့ရတယ်
အဟင်း....
"မှန်း...ခင်များ နေမကောင်းဘူးလားဒိုဂျောင်ဆူး
ခင်များဟာသက မရယ်ရဘူးနော်
ဒီမနက်စကားပြောလို့ကောင်းပါတယ် အခုတော့သွားလိုက်ဦးမယ် လေဒီချောချောလေးတွေကို စောင့်ခိုင်းရတာ အားနာစရာကြီး bye "
"ဒီနေ့ Jonginနဲ့ ကိုယ် ပွဲတတ်ရမှာနော်"
နောက်ကနေ သြဇာလွှမ်းတဲ့သူ့အသံက ကပ်ပါလာသည်
"ကျတော်လည်းပြောခဲ့ပြီးပါပြီ မအားဘူးလို့"
Jonginနောက်လှည့်မကြည့်တော့ဘဲ ပြန်အော်ရင်း ထွက်လာခဲ့သည်
¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿
"ဟေ့ရောင်တွေ ညနေကြ clubဒိုးရအောင်"
Jongin gpထဲ msgပို့တော့
"Ok "
Sehunနဲ့ Layက ချက်ချင်းကို replyပြန်လေရဲ့
"ငါတော့မလိုက်တော့ဘူး အိမ်မှာပွဲလေးနွှဲစရာ ရှိသေးလို့ "
"ဟ! မင်းကနေ့တိုင်းကို ပွဲကနွှဲနေတာပဲChan ဟိုကောင်လေးက ခံနိုင်ရည်ကော ရှိသေးလား "
Chanyeolရဲ့msgကို ပြန်မေးလေတဲ့ Sehun
"ဒါ ငါ့ကိစ္စမှမဟုတ်ဘဲ "Chanရဲ့reply ပြန်စာ
Jongin သူတို့msgတွေကို ဖတ်ပြီး ဖုန်းပိတ်လိုက်သည်
အင်း..Park Chanyeolရဲ့ မိထွေးက ပါလာတဲ့ Baekhyunဆိုလား ဘာလား Jonginသေချာတော့မသိ...
Chanကလည်း မပြောတာမို့ မမေးဖြစ်တာ....
ကြည့်ရတာ အဲ့ကောင်လေးနဲ့ပဲ ပတ်သတ်မှာ....
~~~~~~~~~~~~~~~~~~~
ညနေ Jongin ကျောင်းဆင်းတော့
Oh! ဒီနေ့ နေအနောက်ဘက်များထွက်လေသလား...
Jonginကိုလာကြိုနေကြကားပေါ်မှာ ဟိုလူကြီး...
ဟင့်..ခါတိုင်းဆို....သူ့ဆေးရုံမှာ ရှိနေရမှာမဟုတ်ဘူးလား...
ညနေ သူခေါ်တဲ့ပွဲအတွက် အလုပ်များသူကြီးကလာခေါ်သည်ထင်ပါရဲ့....
Sry ပါ ခင်များရယ်....
Jonginမသိခြင်ယောင်ဆောင်ပြီး Sehunတို့နဲ့ ရယ်မောကာ သူ့ကားရှေ့က ဖြတ်သွားလိုက်သည်
နေပါဦး ဒီလူကြီး ငါ့မမြင်ဘူးလား?
ဘာလို့လိုက်မခေါ်တာလဲ><
"ငါက ကားမပါတော့ Sehunမင်းကားနဲ့လိုက်မယ်"
"Jongin"
Sehunကားပေါ်တတ်ခါနီးမှ နောက်ကနေလာခေါ်လေရဲ့
"ခင်များကိုပြောပြီးသားနော် မလိုက်နိုင်ဘူးလို့ "
"ကိုယ်ကလည်း မခေါ်ပါဘူး"
"အဲ့တာဆို ခင်များကဒီကိုဘာလာလုပ်တာလဲ"
"Jonginသွားတဲ့နောက်လိုက်မို့"
"ဘာ!! အခုကျတော်တို့က clubသွားမှာ ခင်များက ဘာလိုက်လုပ်မှာလဲ"
"ဘာဖြစ်လို့လဲ Jonginရဲ့ ကိုယ်ကသွားလို့မရဘူးလား"
"အဲ့တာက .....မသိဘူး ခင်များဟာခင်များလုပ်ချင်သလိုတာလုပ်တော့ Sehunသွားမယ် "
Jonginကားနောက်ကြည့်မှန်ကနေ ပါလာတဲ့Do Kyungsooကားကို ကြည့်ပြီး နီကျစ်ကျစ် ဆံပင်တွေကို ထိုးဖွလိုက်ရင်း
ဒီလူကြီး တကယ်ကို လိုက်လာတာလား......
¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿
လူကသာ ကနေတာ စိတ်က barရှေ့မှာထိုင်နေတဲ့
လူကြီးဆီမှာ
Do Kyungsooဟာ ခဏလေးအတွင်း barကwaiterကောင်လေးနဲ့ စကားလက်ဆုံကျလောက်တဲ့အထိ ပေါင်းသင်းရလွယ်လား
Jonginနဲ့ကျတော့ ကျောက်ခဲတုံးကြီး အတိုင်းပဲ....
"sweetieeလာ ကိုယ်တို့ သွားထိုင်ရအောင် "
Jongin အတူတွဲကနေတဲ့ ကောင်မလေးလက်ကိုဆွဲခေါ် Do Kyungsooဘေးခုံ မှာ ဝင်ထိုင်လိုက်ပြီး
ကောင်မလေးကိုပေါင်ပေါ်တင်ထားလိုက်တယ်
ဟိုလူကြီး မျက်တောင်မခက်စိုက်ကြည့်နေတာမြင်တော့
ရင်ထဲ တမျိုးပဲ ပျော်သလိုလိုကြီး.....
Jongin ပေါင်ပေါ်က ကောင်မလေးနဲ့ နမ်းနေရင်း
မသိမသာ Do Kyungsooဆီ ချောင်းကြည့်တော့
Do Kyungsooဘေးကို ရောက်လာတဲ့ ကောင်မလေးတစ်ယောက်....
ဒါဘယ်တုန်းက ခေါ်လိုက်တာလဲ?
ကောင်မလေးက Do Kyungsooဘေးကိုဝင်ထိုင်ပြီး ရယ်မောလို့....
လက်...ကောင်မလေးလက်က Do Kyungsooရဲ့ ပုခုံးပေါ်မှာ
ခင်များက ငြိမ်ခံနေတာလား သာယာနေတာလား....
အခုJonginကို ကောင်မလေးကသာဥိးဆောင်နမ်းနေတာ
သူ့စိတ်တွေက ဟိုလူကြီးဆီမှာရောက်နေတာနဲ့
ငါနော် ရာဇဝင်ရိုင်းတယ်><
ဟာ!!!Do Kyungsooနားကပ်သွားတဲ့ ကောင်မလေး...
တစ်ဆက်တည်း weddingနေ့က မြည်းစမ်းမိသော Do Kyungsooရဲ့နှုတ်ခမ်းချိုချိုတွေ....
Jonginရှေ့က ကောင်မလေးကိုရော
Do Kyungsooနားကပ်နေပြီဖြစ်တဲ့ ကောင်မလေးကို တွန်းဖယ်ပြီး Do Kyungsooကို ဆွဲခေါ်လာခဲ့တယ်
"Jongin ဘာလုပ်တာလဲ လွှတ်!"
"သွားမယ် "
"ဟမ် "
"ခင်များပဲ ပွဲတတ်ရမယ်ဆို သွားမယ်လို့"
Jonginပြောတော့ ရယ်ချင်စိတ်ကိုမနည်းထိန်းနေတဲ့ပုံနဲ့
ခေါင်းညိမ့်ပြလေတဲ့Do Kyungsoo...
arshii ငါဘာလုပ်မိတာလဲ ....
မသိရင် ငါကပဲ သူ့ကို သဝန်တိုနေသလိုလို...
ကိုယ်ပိုင်တဲ့ ခင်များကို အခြားသူတစ်ယောက်ကို
မမျှဝေချင်ရုံပဲ.....
ဟုတ်တယ်
မြည်းစမ်းဖူးတဲ့ အသည်းပုံနှုတ်ခမ်းထူရဲ့အရသာကို အခြားသူကို မသိစေချင်ရုံပဲ....
အခြား အထင်မလွဲစမ်းနဲ့ ခင်များရေ....
¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿