အခုရက်ပိုင်းတွေမှာ ကျွန်တော်တော်တော်လေးထူးဆန်းနေပါသည်...သူ့ကိုတွေ့ရင် လူကမနေတတ်တော့ပါ..
ရှက်သလိုလို...ကြောက်သလိုလို...နဲ့~~ဘာကြီးမှန်းကိုမသိတဲ့ အရာကြီးကို ခံစားနေရသလိုပဲ...
အာ့ဆိုလဲ မတွေ့ပဲနေပါရော့လား~~
1..သူနဲ့ကတစ်company တည်းမှာနေရတာ
2..ကျွန်တော်က သူ့ secretary...
3..ကျွန်တော်ကိုက မတွေ့ပဲမနေနိုင်ပါ...😁😁
သာမန်အချိန်တွေထက် သူ့ကိုတွေ့ရဖို့ စောလာလို လာ..
သူလာရင် ကိုယ့်ကိုယ်ကို သရတာအမော...ဘာလို့မှန်းရယ်မသိ သူ့ရှေ့မှာ အရမ်းကိုအမှတ်ရချင်နေသည်~~
သူနောက်ကျတဲ့နေ့....အင်း~~အမှန်တိုင်းပြောရရင် ကျွန်တော်အရမ်းစောတဲ့နေ့ပေါ့ သူ့ကိုမျှော်ရတာ သစ်ကုလားအုပ် လိုဖြစ်လို့...
မဆိုးပါဘူး...သူ့ကိုမျှော်လွန်းလို့လားမသိဘူး လည်ပင်းလေးရှည်ပြီး လူကအရပ်နည်းနည်းရှည်လာသလိုပဲ...ဟိဟိ
Do kyung Sooတို့ တစ်ခုခုတော့ မှားနေတာသေချာနေပါပြီ~~
ဟော~~ပြောရင်းဆိုရင်းနဲ့ လူရိပ်တွေ့လိုက်သည်...သူလာပြီထင်တယ်~~
မျှော်လင့်တကြီးနဲ့ စောင့်စားရင်း.....တဖြည်းဖြည်း အရိပ်ကနီးလာသည်နှင့်အမျှ ရင်တွေ တဒိန်းဒိန်း ခုန်နေပါပြီ....
"Boss....Anneyoung ဒီနေ့နည်းနည်းလောက် နောက်ကျ....."
မျက်လွှာကို အပေါ်ကိုလှန်ကြည့်တော့...စကားသံတွေက ပြောစရာမလိုအောင်ရပ်တန့်သွားတော့သည်..
"kyungsoo shi~~kai ကမလာသေးဘူး kyungsooကို ပြောလိုက်တယ် ဒီနေ့အလုပ်စောဆင်းချင်ရင်ဆင်းတဲ့..."
"Arr...Boss ကဘာဖြစ်လို့လဲ"
စိတ်ပျက်ခြင်းတို့အပုံလိုက်~~ဒါပေမဲ့လည်း သူမလာရတဲ့အကြောင်းလေးတော့ စပ်စုချင်တယ်~~
"Kaiက သူ့အဖေကို သွားကြိုတယ် ဒီနေ့လေယာဉ်စိုက်
မှာလေ..."
အင်းပေါ့...ဒါ သွားကြိုစရာပဲ သူ့မှာဒီသားအဖလေးနှစ်ယောက်ထဲ ရှိတာ...စိတ်မဆိုးနဲ့တော့ Kyungsoo yr~~
အမှန်ပြောရရင် သူ့ကိုတစ်ယောက်တည်း စိတ်ဆိုးလိုက် စိတ်ကောက်လိုက် ပြီးရင် ဘယ်သူ့မှပြန်မချော့ပဲ ကိုယ့်ဘာသာကိုယ် စိတ်ပြေသွားတဲ့ အချိန်တွေ ကြုံတွေ့နေရတယ်....အခုတလောပေါ့~~
သူကတော့ အလုပ်ကိစ္စကလွဲ၍ အဖက်ကိုမလုပ်ပါ.....
ကိုယ့်ဘက်ကသာ တစ်ဖက်သတ်ကြီးကိုဖြစ်လို့~~ဒါပေမဲ့ အတွေးထဲမှာ သူ့ကိုကြိုက်သလိုခြယ်လှယ်ရခြင်းကို နှစ်သက်ပါသည်။
သူ့ကိုနာမည်လေးပေးထာတယ်....ငတုံးလေးလို့ အလုပ်လုပ်တာ အချိန်အတော်လေးကြာမှ သူဟာကျွန်တော့်ထက် ငယ်မှန်းသိရသည်~~
ဒါကလည်း chanyeolနဲ့ စကားကိုမနည်းမစပ်စပ်အောင်မေးပြီး ရထားတဲ့ အဖိုးတန်အချက်လေးပါ...
ဒီငတုံးလေးက လူကြီးသိပ်ဖြစ်ချင်နေတာ သူ့တကယ်ကြည့်ရင် နို့နံ့တောင်စင်ချင်ပုံမပေါ်ပါ...
ကိုယ့်ဘာသာကိုယ် သူ့အကြောင်းတွေးရင်း ဖြီးနေတာ chanyeol ဘယ်ကတည်းကထွက်သွားမှန်း မသိလိုက်ရပါ...
သူလဲလုပ်စရာရှိမှာပေါ့....အရေးမကြီးပါဘူးလေ~~
ဒီနေ့တော့ ပျင်းရိရိနဲ့ဖြတ်သန်းရတော့မယ်~~ဟူးးးး
___________Pride____________
ဂြီ~~
ဟယ် ဗိုက်ကဆန္ဒပြမှ နာရီကြည့်မိတော့ ထမင်းစားချိန်တောင်ရောက်ပြီလေ~~
ကျွန်တော့် ဗိုက်သည် နာရီထက်ပိုတိကျပါသည်....😌😌
ကျွန်တော်တို့ဟိုတယ်သည် ၀န်ထမ်းတွေစားရက် 20% discount ရပါသည်....
ဒီနေ့မှအစားအသောက်တွေသည် အရသာမရှိပါ~~ဟူးးးး
ပါးစပ်ထဲ စိတ်ပျက်လက်ပျက်ထည့်ကာ စားနေတုန်း~~
ခွမ်း~~~
"နင်တို့ အစားအသောက်ကို ဘယ်လိုချက်နေတာလဲ အရသာကိုတစ်စက်မှမရှိဘူး"
အသံကြားရာ ကြည့်တော့ အဒေါ်ကြီးတစ်ယောက်လုံးဝကို သောင်းကျန်းနေပါသည်...
လူကစိတ်ညစ်ပါတယ်ဆိုမှ ဘာတွေလာတွေ့နေရမှန်းမသိဘူး...
"ဟုတ်....ကျွန်တော်တို့ပြန်ပြင်ပေးပါ့မယ်"
ဒီဘက်ပြန်လှည့်မဲ့အချိန်မှာ ထိုဝန်ထမ်းကောင်လေး ခါးညွတ်အောင် တောင်းပန်နေတာ ကြည့်ပြီး ဆက်ကြည့်ဖြစ်တယ်...
"ကျွန်တော် တောင်းပန်ပါတယ် ဧည့်သည်ကြီး...တကယ်တောင်းပန်ပါတယ် စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါတယ် "
ဒီလောက်တောင်းပန်နေတာတောင် ထိုအဒေါ်ကြီးသည် မျက်နှာထားတင်းကာ..
"မင်းတို့နဲ့ စကားမပြောချင်ဘူး ငါ့ကိုသူဌေးခေါ်ပေး"
ဟာ....ဒီအဒေါ်ကြီးလွန်လာပြီ သူသာသူနေတဲ့ ငါ့bossလေးကို ၀တ်စားထားတော့ အကောင်းစားတွေနဲ့
မရတော့ဘူး Do Kyungsoo time ရောက်ပြီ
"ဧည့်သည်ခင်ဗျ~~"
ကျွန်တော်အနားသွားကာ ခေါ်တော့ ဘာလဲဆိုသော အကြည့်တင်းတင်းဖြင့် ကြည့်ကာ~~
"ကျွန်တော်တို့ ပြန်ပြင်ပေးပါ့မယ် အရသာမရှိရင် ဧည့်သည်ဘက်က ကြိုက်သလိုလုပ်နိုင်ပါတယ်....အရသာရှိရင်တော့ ကျွန်တော်တို့ကို review ရေးပေးပါ"
မယုံသလိုအကြည့်နဲ့ အထင်သေးသလိုအကြည့်ဖြင့် ကျွန်တော့်ကိုကြည့်ကာ...သူမဘက်က သဘောမတူချင်ပါ
"ဘယ်လိုသဘောရလဲခင်ဗျ"
အတတ်နိုင်ဆုံး မျက်နှာကိုပြုံးထားကာမေးတော့ စောင့်ကြည့်မယ်လေဟုဆိုကာ သဘောတူလိုက်သည်...
kitchen ထဲဝင်ကာ ထိုအဒေါ်ကြီးမှာထားတဲ့ Steak ကို အရသာရှိအောင် ချက်ပြုတ်လိုက်သည်
Do kyungsoo တို့က တစ်ခြားနေရာသာ ယုံကြည်ချက်ကင်းမဲ့ချင်နေမယ် ဟင်းချက်တဲ့နေရာမှာတော့...ဟင်း ဟင်း လာထားပဲ....
အေးဆေးပြင်ဆင်ပြီး ထိုအဒေါ်ကြီးကိုချပေးတော့.....
ပဲတစ်ပိသာဖြင့် စားနေပုံက အနားရှိလူကို ထသွားစေနိုင်လောက်အောင် အမြင်ကပ်ဖို့ကောင်းပါသည်~~
"ဘယ်လိုလဲ အရသာတွေ့ပါရဲ့လား"
"အင်း~~မဆိုးပါဘူး မင်းတော်သားပဲ"
ဒါပဲလေ....Do kyungsoo အစွမ်းကွ~~
"ဒါဆို ကတိအတိုင်း Review လေးရေးပေးပါနော်"
ခေါင်းလေးညွတ်ကာ နှုတ်ဆက်ပြီး ထွက်လာလိုက်သည်။
သူ့ကိုမတွေ့ရပဲဖြတ်သန်းရတဲ့နေ့က....ခြောက်သွေ့ဖွယ်ကောင်းလွန်းပါသည်~~
*********************
TBC...........