" ဒီနေ့ menu အတွက် အထူးအစီအစဉ်ရှိတယ် "
ဧည့်ခန်းထဲက sofaတွေ ထိပ်ဆုံးမှာ မတ်တပ်ရပ်နေ
ရင်း ဆိုလာတဲ့ D.O.စကားကြောင့်... ပြုံးတုံ့တုံ့နဲ့ D.O.
ကို စိုက်ကြည့်နေတဲ့ Xiuminတစ်ယောက်
အခုပဲ အထုတ်တွေသွားသိမ်းတော့မယောင် ထပြေးဖို့
ကြံနေတာကြောင့် အကုန်လုံးဝိုင်းဆွဲတားလိုက်ရသည်။
D.O.ကို အားနာတာကြောင့်တော့မဟုတ်...သေမယ့်
အတူတူ...အတူတူသေကြရအောင်ဆိုတဲ့ ရဲဖော်ရဲဖက်
စိတ်နဲ့ ဝိုင်းဆွဲတားလိုက်ကြခြင်းသာ... ... ...။
" အင်း~~~ ကျော်မကောင်းကြားမကောင်းသတင်း
တွေတော့ ထွက်ကုန်ဦးတော့မှာပဲ...၊
တစ်အိမ်တည်းနေ သူငယ်ချင်းဖြစ်သူ၏ အထူးအစီ
အစဉ်စာစားပြီးနောက် သေဆုံးသွားသော 12လောင်း
ပြိုင်... "
" ဟာဗျာ!!! !!! !!! "
နဂိုတည်းကမှ ထပြေးချင်နေသော Xiuminက
Krisကြီးကို လှမ်းအော်ပြီး မျက်စောင်းထိုးကြည့်လာ
သည်...။ အခုအချိန် မှောက်လျက်ထိုးလဲတောင်
ကြက်သီးထချင်လောက်အောင် ကြောက်စိတ်ဝင်နေပါ
တယ်ဆို... ... ...။
" Krisပြောသလိုဆို D.O. ရဲ့ အထူးmenuစာ မစားခင် ငါ့အခန်းလေးကို အရင်ရှင်းရမလား...အဲ့တာမှ
သတင်းထောက်တွေ လာသတင်းယူရင် သူတို့ရောက်
နေတာ လူနေအိမ်ဆိုတာလေးကို အသိနည်းနည်း
လောက်ဝင်သွားစေချင်တာ "
မီးဖိုချောင်စားပွဲခုံပေါ်ရောက်နေသော ခြံထဲကပန်းအိုး
သေးသေးလေးတွေကို တစ်ချက်လှမ်းကြည့်လိုက်ရင်း
Luhanက ခပ်ညည်းညည်းလေးပြောလာရှာသည်။
မနေ့က ဟိုlinerတူ 3ကောင် ခြံထဲက ပန်းအိုးတွေ
ကို ဘာစိတ်ကူးနဲ့ အိမ်ထဲထိ မ လာကြတယ်မသိ...။
အဆင့်အတန်းခွဲခြားတာမကြိုက်လို့ ခြံနဲ့ အိမ်အတွင်း
မခွဲခြားချင်လို့ဆိုလား...။
" မင်းတို့တွေ ... "
အပိုလုပ်ပြောကာ သူ့ကို လှောင်နေသော တစ်သိုက်ကို
D.O. မျက်နှာထားတည်တည်နဲ့ ကြည့်ကာ ပြောလိုက်
တော့မှ... မတတ်သာလို့ အရှုံးပေးရသည့် မျက်နှာလေး တွေနှင့် အကုန်မော့ကြည့်လာကြသည်...။
" ငါပြောတဲ့ အထူးအစီအစဉ်ဆိုတာ...
ကြက်ကင်စားမယ်လို့ပြောတာ... "
" ကြက်ကင်? yayyy ahayyhayy... "
Kai တို့ လက်ခုပ်လက်ဝါးတီးပြီးတော့ကို ဝမ်းသာအား
ရ ပျော်ရွှင်သွားတာ...။ ကျောင်းစာမေးပွဲစာအုပ်တွေ
ပျောက်ကုန်ပြီလို့ပြောတောင် အဲ့သလောက်ဝမ်းသာနေ
မယ်မထင်...။
" D.O. ရယ်...ကြက်ကင်လေးမှာစားတာများ
အထူးအစီအစဉ်တွေဘာတွေလုပ်နေသေးတယ်...၊
ငါတို့က လန့်တောင်လန့်သွားရတယ်... "
ရင်ဘတ်လေးဖိကာ အမှန်တကယ်ပင် လန့်နေဟန်ပေါ်
သော Suhoကို D.O. အူတူတူလေး ပြန်ကြည့်လာ
သည်...။
" အထူးအစီအစဉ်ပဲလေ...
ကြက်ကင်ကို မှာစားမှာမှမဟုတ်တာ...ကိုယ်တိုင်
ဖမ်းပြီး ကင်စားမှာ... "
" ဘာ !!!!!!! "
အိုး...D.O. ရဲ့ စပယ်ရှယ်အစီအစဉ်ကြောင့် အကုန်လုံး
မျက်လုံးပြူးမျက်ဆန်ပြူးတွေကို ဖြစ်ကုန်ကြတာ...။
ဘယ်လိုလုပ် သူတို့က ကြက်ကို ကိုယ်တိုင်ဖမ်းကင်ရ
မတုန်း...။
" D.O. ah... လက်ကမ်းကြေညာစာရွက်ထဲက
ကြက်ကင်ပုံစံကြီးကို ကတ်ကြေးနဲ့ဖြတ်ပြီး ရော့..ဒီမယ်
ကြက်ကင်လို့ ပြောကျွေးတောင်...
ငါ ရူးချင်ယောင်ဆောင်ပြီး စက္ကူကြီးကို ဝါးစားပြပါ့
မယ်ကွာ...
မင်းအစီအစဉ်ကိုတော့ ဖျက်သိမ်းလိုက်ပါလား... "
သနားစဖွယ်လေးဆိုလာသော Chanyeolအသံက
D.O. နားထဲ လုံးဝမဝင်...။
Kaiဆို စောနက တဖတ်ဖတ်တီးနေတဲ့ သူ့လက်သူ
တဖြန်းဖြန်းရိုက်ရင်း နောင်တအကြီးအကျယ်ရနေတာ။
" ဟုတ်ပါတယ်ကွာ...
ကြက်ကို ကိုယ်တိုင်ဖမ်းရအောင်က ဘယ်မှာလဲကြက် "
" ကြက်ရောင်းတဲ့ဆိုင်တွေရှိသား..
အဲ့က အရှင်တစ်ကောင်ဝယ်ခဲ့ပြီး အိမ်မှ ကင်စားမှာပေါ့.. "
ဟင့်အင်း...ဒီ D.O. စိတ်ကို ဘယ်သူကမှပြောင်းလဲပေး
နိုင်မှာ မဟုတ်ဘူးဆိုတာ သိနေတော့ အကုန်လုံး ငို
တောင်ငိုချင်လာကြသည်...။
သူများတွေက ငိုချင်ရတဲ့အထဲ Xiuminက ပြုံးနေ
တော့ ရူးများရူးသွားပြီလားဆိုပြီး နဖူးဝိုင်းစမ်းရသေး
တာ...။တော်သေးတယ်...သူ့ဟာသူ တခြားဟာစဉ်းစား
ပြီး သဘောကျနေတာမို့...။
" ဘာလို့ အဲ့သလောက်တောင် မွှေချင်နေတာတုန်း
ဖုန်းလေးတစ်ချက်ဆက်ပြီး ပြေလည်သွားမယ့်ကိစ္စ
လေးကို... "
" အရသာခြင်းမတူဘူးလေ...
တော်ပြီ...ဘယ်သူမှ မကန့်ကွက်ပါနဲ့တော့...
ဒီအိမ်မှာ အစောကတည်းက မီးဖိုခန်းတာဝန်ကို
ငါ့ကို ပေးထားကြတာမလား... "
စကားကို ခပ်ပြတ်ပြတ်ဆိုကာ မတ်တပ်ထရပ်လိုက်
တော့... တားလို့မရမှန်း လုံးဝသေချာသွားတော့မှ
Chen တို့ တအီးအီးနဲ့ တက်မတက်ထိုင်ငိုပါလေ
ရော...။ မျက်ရည်က တစ်စက်လေးမှ ထွက်မလာ။
အသံကျယ်ကြီးနဲ့သာ အော်ငိုနေတာ...။
Baekhyunက တိုးတိုးတိုးတိုးနဲ့ ပြောလိုက်သေး
တာက..."မျက်လုံးကို လက်နဲ့ထိုးလိုက်...မျက်ရည်တွေ
ကျလာလိမ့်မယ်" တဲ့...၊ တယ်...သူ့မျက်လုံးမဟုတ်
တိုင်း...။
အကျယ်ကြီးနဲ့ ပိုက်ဆံရမတတ်အော်ငိုနေတော့
ကြာတော့လည်း Galaxy ကြီး နားညည်းလာသည်
ထင်...။
" ဟေ့ဟေ့...ဟိုကောင်လေး...ပတ်ဝန်းကျင်ကကြား
ရင် ငါ D.O. ဟင်းတွေစားပြီး ဂန့်တယ်မှတ်နေဦးမယ်
D.O. အစီအစဉ်ကြားပြီး ကိုယ်နဲ့ဝိညာဉ်မကပ်ပါဘူး
ဆို...တကယ်လွှင့်သွားတော့မယ် သူတောင်းစားလေး
ရဲ့... "
သူ့အစီအစဉ်အပေါ် အဲ့သလောက် ကိုယ်ဖိရင်ဖိ
ယုံကြည်ပေးကြရှာပါသော တစ်အိမ်တည်းနေ ရောင်း
ရင်းကြီးတွေကို D.O. စိတ်ညစ်စွာပင် လိုက်ကြည့်လိုက်မိသည်...။
တဟစ်ဟစ်နဲ့အော်ငိုနေသော Chenကြောင့်လည်း
နားတစ်ဖက်က ကန်းချင်တော့မယောင်တောင် ဖြစ်လာ
ပြီ...။ နောက်ဆုံး... D.O. သက်ပြင်းချလိုက်ရင်း...
" အဲ့ဆို ဒီလိုလုပ်...
ငါ့ကြက်ဖမ်းအစီအစဉ်ကို လက်လျော့ပေးမယ်...
ဒါပေမယ့် အလဲအလှယ်တော့ရှိတယ်... "
" ရရာလုပ်ပေးမယ်ကွာ... "
" ပြောပြော...ကြိုက်ရာတောင်းဆို...
စာကျက်ဆိုလည်း ကျက်ပါ့မယ်... "
ချက်ချင်းပြောင်းလဲသွားသော မျက်နှာတွေပေါ်က ပျော်
ရွှင်ခြင်းတွေကို D.O.မျက်ခုံးတွန့်လှမ်းကြည့်လိုက်ရင်း
က...သူ လိုချင်တဲ့ အလဲအလှယ်ကိုပဲ တောင်းဆိုလိုက်
တော့သည်...။
" ဟိုဘက်ရပ်ကွက်ထဲက နည်းနည်းလွတ်နေတဲ့
Arjushi ကြီးကို သွားမွှေပေးကြ... "
><
ကြားလိုက်ရတဲ့ အလဲအလှယ်ကြောင့် Suho တိုင်နဲ့
ခေါင်းနဲ့သာပြေးဆောင့်ချင်လိုက်တော့သည်...။
သာမန်လူကို မွှေခိုင်းတာလဲမဟုတ်...ရူးနေတဲ့
ဘိုးတော်ကြီးကို သွားမွှေခိုင်းတာဆိုတော့...
အခန့်မသင့်ရင် အရိုက်ခံရနိုင်သည့်ကိန်း...။
ထိုအခိုက် Oh Sehun လေးက...
" ကျွန်တော်တို့က မွှေတဲ့နေရာမှာ နေရာတကျမွှေယာ
အဲ့လို မွှေချင်တိုင်းမွှေတာမှမဟုတ်ယာ...
စည်းရှိကမ်းရှိမွှေယာ "
" အဲ့ဆို ကြက်သွားဖမ်းကြတာပေါ့... "
" လာလာလာလာ...သွားမွှေရအောင်...
အစကတည်းက ရူးနေတဲ့လူကြီးပဲ...ငါတို့လုပ်လိုက်တာ
နဲ့ ပိုတော့ရူးမသွားနိုင်လောက်တော့ပါဘူး... "
ခြိမ်းခြောက်စကားအဆုံးမှာ ရှေ့ဆုံးကနေ Krisက
ကောက်ခါငင်ခါထပြေးတော့သည်...။
အင်းလေ... အနည်းဆုံးတော့ မွှေခြင်းက သူ့စတိုင်လ်
ကို မပျက်စေဘူးကိုး... ... ...။
အဲ့သလိုနှင့်...
ဟတ်စကီးပေါ်က ဆင်းလာသော စစ်တိုက်သူရဲကောင်း
တို့အသွင်ဖြင့်...အနှီ 12ယောက် ရင်ကိုကော့...
ခေါင်းကိုမော့စွာနှင့် ဟိုဘက်ရပ်ကွက်ကို ချီတက်ခဲ့ကြ
လေသည်... ... ...။
::::::::::::::::::::::: JGL :::::::::::::::::::::::
" ဦးလေးကြီး... "
အိမ်ရှေ့ ကပြင်လေးပေါ်ထိုင်ကာ တုတ်တွေနှင့် တစ်ယောက်တည်းအလုပ်ရှုပ်နေသော လူကြီးရှေ့
ဆယ့်နှစ်ယောက်လုံးဝိုင်းထိုင်လိုက်ရင်း ခေါ်လိုက်တော့
မော့ကြည့်လာတဲ့ လူကြီးမျက်ဝန်းထဲမှာ အထိတ်
တလန့်စိတ်တွေက ခိုအောင်းလို့...။
အင်း...ရူးသာရူးတာ ဂျင်ကလည်အကြောင်းတော့
သိနေသည်နေမှာ...။
" ဘာတုန်း... "
" အလဲ့လဲ့...ထူးတာကိုက ဘာတုန်းတဲ့...
ကျွန်တော်တို့က ဦးလေးကြီးအတွက် လက်ဆောင်လာ
ပေးတာကို စေတနာကုန်အောင်လာမလုပ်နဲ့... "
Chen တို့က ခပ်တည်တည်နဲ့ကို ပိတ်ဟောက်တော့
တာ...။ လက်ဆောင်ဆိုလို့ ဆယ့်နှစ်ယောက်စလုံး
လက်ထဲမှာ ဘာမှပါမလာကြ...။
လူကြီးကလည်း အရူးပါး... လက်တွေထဲကို သေချာ
လိုက်ကြည့်ပြီး ဘာမှမရှိတာသေချာတော့မှ...
" ဘယ်မှာတုန်း လက်ဆောင်က...ငါ့လာညာနေတယ်..
အရူးလေးတွေ သေနတ်နဲ့ပစ်လိုက်ရ ဦးနှောက်ပွင့်
သွားမယ်... "
တုတ်တစ်ချောင်းကို သေနတ်ပုံစံလုပ်ရင်းခြိမ်းခြောက်
တော့ OhSe တို့ ဟက်ဟက်ပက်ပက်ကို ထရယ်
တော့တာ...။ အကျယ်ကြီးထအော်ရယ်လိုက်တာမို့
နံဘေးက သူ့လက်သူကြည့်ကာ စိတ်ပျက်လက်ပျက်
ဖြစ်နေသော Kaiပင် ကြောင်တောင်တောင်ဖြစ်သွား
ရသေးသည်...။
" Arjishu..... "
" Arjushi ပါ ငဆယ်ရာ...တောင်းဆိုတာပါကွာ
စကားတွေကို အတည့်အတိုင်းပြောစမ်းပါ...
တခါတခါ ကိုယ့်ဘာဂါစကားတောင်... "
" ဘာသာစကားပါ... "
Sehun ကို ငေါက်လိုက်တဲ့ Baekhyun ကို
တဖန် ထပ်ငေါက်လာတာက Tao...။
Taoလို ကိုရီးယားစာကိုလေ့လာနေဆဲသူဆီကတောင်
ငေါက်ခံလိုက်ရတော့ Baekhyun တို့ အကြီး
အကျယ်ကို စိတ်ဓာတ်ကျသွားပြီး သူ့လျှာသူတောင်
ပါးစပ်ထဲပဲ လိပ်သွင်းထားလိုက်တော့သည်...။
" Arjushi ...ဟုတ်တယ် Arjushiကပြောနေ
တာ... ဦးနှောက်တွေ ပွင့်သွားမယ်တဲ့...
Chanyeol မှာ ဦးနှောက်မှမရှိတာ...ဘယ်ဦးနှောက်က ပွင့်ရမှာယုန်း !!! "
ရယ်မောကာပြောနေရင်း အဆုံးသတ်မှာ ရန်ဆိုစကား
ဆိုလိုက်တဲ့ OhSe ပုံစံကြောင့်...Chanyeolမှာ
သူ့ဘက်က နာနေသော Sehunကို ခေါင်းပွတ်
ချီးကျူးစကားပြောပေးမိမလိုပင်ဖြစ်သွားသေးသည်...။
နောက်မှ စိတ်ကိုအမြန်ထိန်းလိုက်ကာ ပိုးစိုးပက်စက်
ပင် ဆဲတော့၏...။
လူကိုများ ဦးနှောက်မရှိ...ဘာမရှိတဲ့...။
" ဦးလေးရာ...ဦးလေးခြိမ်းခြောက်စကားက
ကျွန်တော်တို့ 12ယောက်အတွက်တော့ အကျုံးမဝင်
ဘူးရယ်...၊ ကျွန်တော်တို့ 12ယောက်စလုံးရဲ့ ဦးနှောက်
တွေက အမေ့ဗိုက်ထဲမှာကတည်းက အရည်ပျော်ခဲ့
ပြီ...၊ အခု ဒီခေါင်းထဲမှာ ဗလာကြီးပဲ... "
Layက သူ့ခေါင်းသူ လက်ညှိုးလေးနဲ့ထောက်ရင်း
အမှန်တရားဟု သူယူဆထားသော အချက်ကိုဆိုလာ
သည်...။
အရူးဦးလေးကြီး တစ်ချက်တွေသွားပြီးမှ သူ့သေနတ်
တုတ်ချောင်းလေးကို ကျောနောက်ကို အမြန်ဖွက်လိုက်
၏...။ ပြောမရ... မွေးကတည်းက ဦးနှောက်မပါတဲ့
ဒီကောင်လေးတွေက သူ့သေနတ်ကို လုချင်လုနေဦး
မှာ...။
" ရော့ရော့...ဦးလေးအတွက် လက်ဆောင်... "
လက်ဆောင်ဟု Suho ပြောရင်းကမ်းပေးလာသည့်
အရာလေးက ကလေးတွေမုန့်ထုပ်တွေထဲမှာပါသော
ပါဝါကတ်လေးတစ်ကတ်...။
ကာတွန်းဇာတ်ကောင်တွေရဲ့ ပါဝါစွမ်းအားတွေအတိုင်း
တံဆိပ်ရိုက်ထားသော ကတ်ထူပြားလေး...။
လမ်းမှာတွေ့တဲ့ ကတ်လေးကို ဘယ်အချိန်ကကောက်
ထည့်လာတယ်မသိ...။ သို့ပေမယ့် ကျန်11ယာက်
လုံးကတော့ Suhoကို အထင်ကြီးလေးစားတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်လို့...။
အထင်မကြီးနိုင်တာက အရူးဦးလေးကြီး... ... ...။
ကမ်းပေးနေတဲ့ကတ်ကလေးကို ကြောက်စရာဗုံးတစ်
လုံးလို ခပ်ရွံ့ရွံ့ကြည့်နေရင်းက... ... ...
" အပိုတွေလာပြောမနေနဲ့ အရူးလေးတွေ...
အဲ့တာ စက္ကူကြီး...ငါ မသိဘူးများမှတ်နေလား... "
" Shuuuu....အမလေး...စက္ကူလို့မပြောနဲ့
ရှိနေတဲ့ တကယ့်အစွမ်းတွေပျောက်ကုန်မယ်...
ဒီလူကြီးကတော့... "
စိတ်ပျက်လက်ပျက်နဲ့ ဆောင့်ကြောင့်ထိုင်နေတဲ့
Krisကြီးလည်း မနိုင်နိုင်ရာမဲကာ လူကြီးကို ငေါက်
ငမ်းပစ်လိုက်သည်...။
ဘာတတ်နိုင်မှာတုန်း ကိုယ့်ဂျင်ကလည်တွေမှ ကိုယ်
မနိုင်တာ...။
" အဲ့ဆို...အစွမ်းတွေ ငါ့ကိုလက်တွေ့ပြ... "
အရူးတောင် အရူးပါးနဲ့ လာတွေ့နေသေးသည်...။
ဘယ်ရမလဲ...ဂျင်ကလည်တွေပါဆို...။
ငါဟဲ့ Suhoဟု မာန်တစ်ချက်သွင်းလိုက်ပြီး... .... ...
အရူးကြီးကိုကြည့်ကာ သဘောတကျပြုံးနေသော
ခပ်လှမ်းလှမ်းက Sehunကို လှမ်းခေါ်လိုက်သည်။
" ဟဲ့ Sehun...Sehun ah...
Oh Sehun !!! ငယ်ပေါင်းကြီးဖော်ကိုတွေ့တယ့်
အတိုင်း ဝမ်းသာအားရပီတိဖြစ်စွာ ပြုံးကြည့်မနေနဲ့...
ငါ့ကို လှမ်းကြည့်ဦး... "
" ဆို...ဆို... "
" ဆိုတာနောက်ထား...
ငါအစွမ်းပြချင်လို့ မင်းကူညီ... "
မိုင်းဗုံးနင်းမိတဲ့ စစ်သားလေးတစ်ယောက်လို သွေးရူး
သွေးတမ်းဖြစ်ပျက်သွားပြီးမှ OhSe မျက်စောင်း
အကြီးအကျယ်ထိုးလာသည်...။ အားအားယားယား
ကျန်တဲ့ လူ11ယောက်ထဲမှာ သူ့ကိုမှလာရွေးရသလား။
" မကူညီနိုင်ဘူး... "
" အဲ့သလောက်ကြီး ငါ့ကို.ပါရမီမဖြည့်နဲ့...
မင်းappaကြီးကို ယုံအောင်လုပ်ရမှာ မင်းပဲငါ့ကို
ကူညီနိုင်မှာ...၊
ကျန်တဲ့ကောင်တွေက သရုပ်ပါအောင်မလုပ်နိုင်ဘူး
မင်းကမှ သဏ္ဍန်လုပ်သရုပ်ပါတာ... ... ... "
အလဲ့လဲ့ နောက်ဆုံးအချက်ကိုတော့ Oh Sehunတို့
သဘောတော်ခွေ့သွားသည်...။
ဒါ သွယ်ဝိုက်ချီးကျူးခြင်းတစ်မျိုးပဲ...၊ ထိုချီးကျူးခြင်းထဲ
မှာ အားကျခြင်းတွေပါ ရောယှက်နွယ်နေတယ်လို့
Sehun တစ်ဖက်သတ်တွေးပစ်လိုက်ပြီးမှ...
" ကဲကဲ...အဲ့လိုထိ တောင်းဆိုလာတော့ယဲ
ကျွန်တော်က ကူညီပေးရမှာပေါ့...
ပြောပြော...ဘယ်လိုအစွမ်းပြပေးရမယဲ... "
Sehunဆီက သဘောတူညီချက်ရသွားတာကြောင့်
Suhoလည်း ကတ်လေးကို ထောင်ပြလိုက်ပြီး...
" T.T.T.... ပင့်ကူစိတ်ပေါက်စမ်း... "
" spiderman ဖြစ်စမ်းလို့ ကိုယ့်ကိုကိုယ်ဘဝင်
မြင့်ချင်စိတ်ပေါက်အောင်ပြောတော့ မိုးကြိုးပစ်ခံရမှာ
စိုးလို့လား... "
မကျေနပ်တာကို ဗလုံးဗထွေးနဲ့ကို Sehun တို့ ရန်
လုပ်နေတာ...။ အေးလေ... ဘာအစွမ်းညာအစွမ်းရှိ
စမ်းလို့ပြောတာမဟုတ်ဘဲ ပင့်ကူစိတ်ပေါက်စမ်းဆို
တော့ ဖျင်ကပဲ အစေးထွက်ပြရတော့မှာလိုလို...။
" သွားသွား တက်တက် Sehun...
လမ်းမီးတိုင်ပေါ်ကို တွားသွားတက်သွားပြီး
ထိပ်ရောက်မှ တွဲလောင်းခိုဆင်းပြလာလိုက်.... "
Oလေးတို့က ရရာနေရာကနေကို ဝင်ထောင်းတာ။
တကယ် တက်ပြပြီး တွဲလောင်းဆင်းလာလိုက်ရ...
မသာပေါ်ကုန်မယ်...။
Sehunလည်း သူ့ကိုဝိုင်းနှိပ်ကွပ်နေသောသူတွေကြား
တကယ်ပဲ လက်ခြေခြောက်ချောင်းထွက်လာရတော့မှာ
လိုလို...အနောက်ကပဲ အစေးတွေထွက်ပြရတော့မှာ
လိုလို...မျက်လုံးကြီးပဲ ပြူးပြရတော့မှာလိုလို...
ယောက်ယက်ခတ်ပြီးမှ...အကြံတစ်ခုရသွားကာ...
" အား!!! ပင့်ကူအစွမ်းတွေရလာပြီ...
ဒါမယ့် ပင့်ကူတွေက အလင်းရောင်ထဲဆို ပုန်းနေတတ်
တာကို...ညဘက်လောက်မှ အစွမ်းပြလို့ရမှာ... "
အဲ့တော့လည်း ဟုတ်သည်မှန်ကြသည်ပေါ့ ဝိုင်းထောက်
ခံလာကြပြန်သည်...။
" ရော့...ဦးလေးကြီး ကျွန်တော်တို့ကိုမယုံတောင်
ဦးလေးတို့ရပ်ကွက်လူကြီးကိုတော့ ယုံတယ်မလား... "
အရူးဦးလေးကြီး ခေါင်းကို တရစပ်ညိတ်ပြလာ၏...။
" အွန်း...သူ့ကို ယုံတယ်ဆို စောနက ကျွန်တော်တို့
ပြောသလို သူ့ကိုသွားစမ်းကြည့်...
အဲ့တာမှ ကတ်ကအစွမ်းမပြဘူးဆိုရင် ဒီလိုပြောလိုက်..
ရပ်ကွက်လူကြီးရဲ့ တိတ်တိတ်ပုန်းလေးလိုက်လာလိမ့်
မယ်လို့... .... ... "
မွှေတာ...မွှေနေတာ...သူ့သူ အေးအေးသက်သာနေနေ
တဲ့ တစ်ဖက်ရပ်ကွက်က ရပ်ကွက်လူကြီးကိုတောင်
အေးဆေးမနေစေရ...။
အရူးကြီးလည်း တစ်ချက်တော့ တွေသွားသည်...။
ထို့နောက် မယုံမရဲပုံစံလေးနဲ့ ကတ်လေးကို လှမ်းယူ
လိုက်ပြီး ရပ်ကွက်လူကြီးရှိရာဆီသွားလေတော့သည်။
ထိုလူကြီးကျောကို လှမ်းကြည့်လိုက်ကြကာ
ဂျင်ကလည်တွေ အချင်းချင်းလက်ကုတ်ရင်း နောက်က
နေ မယောင်မလည်နှင့် လိုက်သွားကြတော့၏...။
::::::::::::::::::::::: JGL :::::::::::::::::::::::
" ဟေ့ဟေ့...ဟိုရှေ့က Jiho မလား... "
" အမယ် ဟုတ်ပါ့...သူက နိုင်ငံခြားသူနဲ့ စကားပြော
နေတာဟ... "
" အဲ့အဲ့...မမြင်နဲ့ ...ငါတို့ကို မမြင်စမ်းနဲ့...
လှည့်နေ...ပြန်လှည့်နေစမ်း Jiho... "
နိုင်ငံခြားသူဆို အသည်းအသန်ကြောက်ကြတဲ့
ဂျင်ကလည်တွေ ဒုက္ခကောင်းကောင်းကြီးတော့ တွေ့ပြီ။ ဟိုလူကြီးနောက်ကို လိုက်ပါတယ်ဆို...
ဒီJihoနဲ့ နိုင်ငံခြားသူက တစ်လုပ်... ... ...။
Jihoကလည်း သူတို့ဆယ့်နှစ်ယောက်ကိုတွေ့ရော
မအေပျောက်တဲ့ကြက်ပေါက်လေး မအေပြန်တွေ့သလို
ဝမ်းသာအားရ ဖျတ်ဖျတ်လူး ထခုန်တော့တာ...။
လက်တွေကို ဘဲခြေထောက်ယတ်နေသလိုမျိုး ယတ်
ယတ်ပြီးတော့ကို သူတို့12ယောက်ကို ခေါ်နေတာ...။
Kaiက Sehun လက်ကို အတင်းကွယ်ဆွဲထားရင်း
က... ... ...
" ငါ့ကိုဖွက်ထားစမ်းပါ Sehun...
အဲ့နိုင်ငံခြားက လူတွေပြောတဲ့စကားတွေက
ငါ့အတွက်တော့ သရဲနဲ့ လက်ဝါးကပ်တိုင်လိုပဲ...
ဘယ်လိုမှ နီးကပ်လို့မရဘူး... "
" ငါဆို တိုင်းတစ်ပါးသားစကားတွေ ကြောက်လွန်းလို့
text bookကအစ ကျောပိုးအိတ်ထဲ ထည့်မသယ်ဘူး... "
Kaiအကြောက်စကားကို Chanyeolကလည်း
သူ့အတွေ့အကြုံနှင့် နှိုင်းယှဉ်ထောက်ခံပြလာ၏...။
Luhanက ခေါင်းကိုခါယမ်းလိုက်ရင်း... ... ...
" Chanyeolရယ်...မင်းက ဘယ်text bookမှ
ကျောပိုးအိတ်ထဲမရှိတာပါ... "
" မင်းတို့ကောင်တွေ စကားများနေတာ...
ကဲကဲ...ဟိုမှာ ငါတို့ဆီ ဟိုနိုင်ငံခြားသူကြီးကို တွန်းပို့
နေပြီ...ဟိုအကောင်စုတ်Jihoလေးက...၊
အနားရောက်လာရင် ငါ မရှိဘူးပြောလိုက်... "
အင်...ဟိုက Krisဘယ်မှာလဲလို့ နာမည်မေးရောက်
လာမှာမှမဟုတ်တာ...။
သို့ပေမယ့်....
" အဲ့...မင်းတို့...တစ်ချက်ခုတ် သုံးလေးချက်လောက်
ပြတ်ကြမလား... "
" မင်း...မင်းစကားက ဘာကြီးလဲ Baekhyun ရာ"
" ဟာ...Suho ကလဲ...
ကျွန်တော်ပြောတာက...နေဗျာ...ကျွန်တော် ရှေ့က
ပြောမယ်...နောက်ကနေ ဖောသောရောသောလိုက်ခဲ့
ကြ... "
Baekhyun စကားအဆုံးမှာ Jihoဆိုတဲ့
တစ်ယောက်ကလဲ နိုင်ငံခြားသူကြီးကို သားပိုက်ကောင်
အမေက သူ့ကလေးကို ပိုက်ထားသလို...ယုယုယယ
ပိုက်ထားတော့မတတ်ပုံစံနဲ့ ဂျင်ကလည်တွေအနားကို
ခေါ်ချလာသည်...။
" ဟေ့ရောင်တွေ မင်းတို့ကိုတွေ့တာ အတော်ပဲကွာ...
ဒီမှာ ဒီnoona ဘာတွေလာမေးနေတယ်မသိဘူး
နားထောင်ကြည့်စမ်းပါ... "
ဂျင်ကလည်တွေကလဲ ဆရာကြီးတွေပုံစံနဲ့ မေးတွေ
ဆတ်ပြကြတော့တာပေါ့...။ပြောပြောဆိုတဲ့ သဘော...။
နိုင်ငံခြားသူကလည်း Jihoကို ဘယ်နှစ်ခေါက်မြောက်
ပြောပြီးမှန်းမသိသော စကားတို့ကို လျှာထွက်တော့
မတတ် နောက်တစ်ခေါက်ထပ်ပြောပြန်သည်...။
" Mes amis m'ont parlés qu'il y a
le restaurant d'où je peux prendre
les délicieux.Connaissez-vous ce restaurant? "
(ငါ့သူငယ်ချင်းတွေပြောတာတော့ ဒီနားမှာ စားသောက်
ဆိုင်ကောင်းကောင်းရှိတယ်တဲ့...၊
အဲ့ဆိုင် ဘယ်နားမှာလဲဆိုတာ မင်းတို့သိလား?)
နိုင်ငံခြားသူ စကားအဆုံးမှာ Sehun တို့ နားတစ်ဖက်ကို စောင်းပြီး တဖတ်ဖတ်နဲ့ခုန်နေတော့
တာ...။ Chen ဆို သူ့လျှာလေးသူ လက်ကလေးနဲ့
ပြန်ဖြေလို့...။
Luhanလည်း ငိုချတော့မယောင်ဖြစ်နေလို့
Krisက သူ့ကျောနောက်ဖွက်ထားပြီး သူကိုယ်တိုင်က
တော့ ကောင်းကင်ကိုမော့ကြည့်နေတာ...၊ နိုင်ငံခြားသူနဲ့ အကြည့်ချင်းဆုံသွားမှာကြောက်လို့တဲ့...။
ဒါပေမယ့် Baekhyun တို့က အေးဆေး...။
ခေါင်းလေးတဆတ်ဆတ်ညိတ်နေရင်းကနေ
ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ကာ... ... ...
" အာ...အင်္ဂလိပ်လိုပြောသွားတာပဲ
သူက မင်းတို့ရပ်ကွက်လူကြီးကို မေးနေတာ "
" ဟုတ်တယ်...ရပ်ကွက်လူကြီး ဘယ်မှာလဲတဲ့... "
အတိုင်အဖောက်ညီနေသော Baekhyun နဲ့
Chanyeol...။
Jiho က မယုံသင်္ကာဟန်နဲ့ မျက်ခုံးတွန့်လိုက်ပြီး...
" ဟုတ်လို့လားကွာ...
သူပြောသွားတာက အရှည်ကြီးပါ...မင်းတို့ပြန်လိုက်တာ
ကျ တိုတာ... "
" အော်...သူက
အကုန်လုံးကို စာလုံးပေါင်းပြသွားလို့ပေါ့... "
Kai တို့လည်း ခပ်တည်တည်နဲ့ကို ဝင်ဖိန့်တော့တာ...
Sehun အင်္ကျီစလေးကိုတော့ ဆွဲထားလျက်သားနဲ့
ပဲ...။
" မင်းကြားလိုက်တယ်မလား...ကီလီရာတဲ့...
အဲ့တာ ဂျပန်နိုင်ငံကို ရပ်ကွက်လူကြီးတစ်ခေါက်အလည်
သွားတုန်းက ဒီnoonaပေးခဲ့တဲ့နာမည်ပဲ... "
" ဟင်...မင်းပြောတော့ အင်္ဂလိပ်ဆို...
ဘယ်က ဂျပန်ရောက်သွားတာလဲ... "
" ဟ...အင်္ဂလန်သူလည်း ဂျပန်သွားလို့ရတာပဲ
အဲ့မှာ ရပ်ကွက်လူကြီးနဲ့ တွေ့ခဲ့တယ်နေမှာပေါ့... "
မျက်စိပိတ်ငြင်းတယ်ဆိုတာ ဒါမျိုးကိုခေါ်တာနေမှာ။
အတင်းအဓမ္မကို Baekhyun တို့ ဟုတ်တယ်ကြီး
လုပ်တော့တာ...။ ဘေးက အမွှေလေးတွေကလည်း
ဟုတ်တယ်...ငါ ကြားလိုက်တယ် ရပ်ကွက်လူကြီးတဲ့
တွေရော...နည်းမျိုးစုံနဲ့ကို ဂျင်းထည့်ကြတော့တာ...။
Jihoလည်း သူ့လက်ကလွတ် ဗြွတ်ဆိုပြီး...နိုင်ငံခြား
သူကြီးကို ရပ်ကွက်လူကြီးဆီ ခေါ်သွားပါလေရော။
ထိုအချိန် ရပ်ကွက်လူကြီးအိမ်မှာလည်း ပြဿနာက
တက်နေ၏...။
အရူးကြီးက ကတ်ကြီးကို ထောင်ကာ ရပ်ကွက်လူကြီး
ကို အရူးစိတ်ပေါက်စမ်း အရူးပေါက်စမ်းလို့လုပ်နေလို့
ရပ်ကွက်လူကြီး ရိုက်ထုတ်တော့မလိုရှိသေး...
တိတ်တိတ်ပုန်းလေးလိုက်လာမှာနော်ဆိုလို့ မရှိရတဲ့
တိတ်တိတ်ပုန်းကလေးကိုတောင် တွေ့ချင်လာမိသည်။
အနားမှာကလည်း မဟေသီက အကဲခတ်ကြည့်နေ
တော့ ရပ်ကွက်လူကြီး အော်ငေါက်လို့ကလည်းမဖြစ်၊
တော်ကြာ ဒီအရူးကြီးပြောတဲ့ တိတ်တိတ်ပုန်းလေးဆို
တာကို မိန်းမဖြစ်တဲ့သူက အဟုတ်မှတ်သွားမှဖြင့်...၊
အဲ့လိုဆိုတော့လည်း ဒီလူကြီးခိုင်းတဲ့အတိုင်း ရူးပြလို့က
လည်း မဖြစ်ပြန်...။
နောက်ဆုံး ဘယ်လိုဆုံးဖြတ်ရမည်မသိဖြစ်နေခိုက်...
" ရပ်ကွက်လူကြီးရေ...ဟောဒီမှာ ရပ်ကွက်လူကြီးကို
တွေ့ချင်လို့တဲ့ ကီနီပါလား...ကီဆီခါလားမသိပါဘူး
လိုက်လာတယ်... "
အကြွေးသမားတွေ့တဲ့အတိုင်း ဝမ်းသာအားရဟစ်ကြွေး
ကာ ခြံထဲကို ဝင်ချလာတဲ့ Jihoနောက်က ပြုံးတုံ့တုံ့နဲ့
ပါလာတာက ပြင်သစ်သူ...။
သူမ ခမျာလည်း စကားတစ်ခွန်းကို အခါတစ်ရာ
လောက်ပြောပြီး အမောဆို့မသေခင် စားသွားနိုင်သေး
ရဲ့ဆိုသော အတွေးလေးတွေးကာ အပျော်မျက်နှာလေးနှင့်...။
ရပ်ကွက်လူကြီးကိုယ်တိုင် နိုင်ငံခြားသူကို ကြောင်
တောင်တောင်ငေးစိုက်ကြည့်နေတုန်း...အရူးကြီးက
ခပ်ကျယ်ကျယ်အသံနှင့်... ... ...
" ဟာ...ဒီကတ်တော်တော်စွမ်းတာပဲ...အဲ့တာကြောင့်
ရပ်ကွက်လူကြီးက ငါပြောသလိုမလုပ်တာကိုး...
အခုတော့ သူ့ရဲ့ တိတ်တိတ်ပုန်းလေးလိုက်လာပြီ... "
0_o
မီးခဲကိုင်မိတယ်ဆိုတာကို ရပ်ကွက်လူကြီး လက်တွေ့
ခံစားလိုက်ရသည်။ ရှေ့က နိုင်ငံခြားသူကို ကြည့်လိုက်ရ
နောက်က မဟေသီကို လှမ်းကြည့်လိုက်ရနှင့်...
Jihoကို ဆူဆဲဖို့ ကြည့်လိုက်တော့လဲ ဘယ်အချိန်
ကတည်းက လစ်ပြေးသွားသည်မသိ...။
ထိုနေ့က လျှာလိပ်မတတ် ပြောခဲ့သော်ငြား စားသောက်
ဆိုင်ကို ရှာမတွေ့ဘဲ ကိုယ့်နိုင်ငံကိုသာပြန်သွားခဲ့ရသော
ပြင်သစ်သူတစ်ယောက်ရှိခဲ့သလို...
မိန်းမလက်ချက်နှင့် နဖူးကွဲသွားသော ရပ်ကွက်လူကြီး
လည်းရှိခဲ့သည်...။
ထို့အတူ.. ... ...
ကတ်လေးတစ်ကတ်ကို အမြဲသိမ်းထားတတ်ပြီး
ကြည်ကြည်နူနူးထုတ်ထုတ်ကြည့်နေတတ်သော အရူး
ကြီးတစ်ယောက်ရှိလာသလို...
ကြက်ကင်စားရသည်ထက် ပိုအရသာရှိသွားသော
ဂျင်ကလည်ဆယ့်နှစ်ယောက်လည်း ရှိခဲ့လေသည်...။
::::::::::::::::::::::: JGL :::::::::::::::::::::::
#TBC
ဂျင်ကလည်လေးတွေကို ချစ်တယ်... ... ...XD