ဂျင်​ကလည်​ Twelve [ZG + UN]

By Exo12wolves88

320K 32.1K 1.4K

Why we call them JinGaLel. More

မိတ်​ဆက်​.
ဂျင်​ကလည်​....1[ZG+UN]
Chicken for Kai [ZG + UN]
မွှေပါ​ပေ့ Chen...[ZG+UN]
ဆင့်​​ခေါ်မှု[ZG+UN]
ဂျင်​ကလည်​ဖန်​တဲ့အမှု...
ဆိုင်​ရာ​အောင့်​အီးချက်​ 1
ဆိုင်​ရာ​အောင့်​အီးချက်​ (2)
Final​အောင့်​အီးချက်​....
သူတို့ပဲ....
ကျွနု​ပ်​တို့အတွက်​...စာ​မေးပွဲဟူသည်​...
Modification
ပလွန်​...
သင်​ရိုး
ဆုပွဲ...
ကျေးဂျူးပြု၍...
Vacation For 12
လျှာမည်သည်...???
စက္ကန့်နဲ့အမျှ ချစ်ရသူ...
ဂျင်ကလည့်တာဝန်...
Cry For You
မောင်ညီမလေးတို့ရေ...
ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်...(1)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(2)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(3)
Housekeeping
ယူသာယူပါ​လေ...
သက်​ဆိုင်​သူတို့သိကြ​စေ...
ကျွန်​​တော့်​အမှား...
ဘာသာပြန်​သူ
3rd Anniversary Ls
Warmly Welcome
မေးမယ်​...​ဖြေမယ်​...
လာနှုတ်​ဆက်​ပါ၏...
ဆိုပါ​ပေ့ ​မောင်​...
တို့ဂုဏ်အင်...
ရိုးရိုးလေးပါပဲ...

Give Up

4.4K 556 12
By Exo12wolves88

" ​ဟောဗျာ...ဒီဘက်​ချုပ်​မှူး...
ကျန်းမာပါရဲ့ယား... "

Sese ​လေးက လဲကျ​နေတဲ့ သူ့ gegeကို ဆွဲထူ​ပေး​နေ
ရင်း...မြင်​လိုက်​ရတဲ့ အုပ်​ချုပ်​​ရေးမှူးကိုလည်း တဆက်​တည်း
နှုတ်​ဆက်​​နေ​သေးတယ်​...။
အုပ်​မှူးမဟုတ်​...ချုပ်​မှူးတဲ့...။

မင်းတို့2​ယောက်​ကို မမြင်​ခင်​အထိ​တော့ ကျန်းမာ​နေ
သေးတယ်​လို့် ​ဖြေမလိုလုပ်​ပြီးမှ စကား​ကြောရှည်​​နေမှာ
ကြောက်​တာ​ကြောင့်...အုပ်​ချုပ်​​ရေးမှူး ​ခေါင်းကို ညိတ်
သည်​ဆိုရုံ​လေးသာ ညိတ်​ပြလာပြီး...

" Haemi...ဘာဖြစ်​တာလဲ ?"

" ဟို...အဲ့​ကောင်​​လေးက အမှိုက်​​တွေလာလာဖွ​နေတာ
ကြောင့်​... "

"လာလာဖွတယ်မသုံးနဲ့...!!!
လာနှိုက်​တာမှ အခုတစ်​​ခေါက်​ပဲရှိ​သေးတာကို..."

စကားအသုံးအနှုန်းအမှားမခံစွာ Luhan ​အော်​တယ်​။
Sehunက​တော့ Luhanကို အထင်​ကြီး​လေးစားတဲ့
အကြည့်​​တွေနဲ့ ကြည့်​လို့...။
ဘယ်​တုန်းကများ စာ​တွေခိုးကျက်​ထားပါလိမ့်​​ပေါ့..
အဲ့လို သုံးနှုန်းရမယ်​ဆိုတာ ဘယ်​လိုများသိတာပါလိမ့်​​ပေါ့..
ညညတစ်​​ရေးနိုး ​ရေ​သောက်​လို့ ထကြည့်​တိုင်း...
ခေါင်းအုံးပိပိ​နေလို့ ၀ူးဝူးဝါးဝါး​အော်​​နေတတ်​တာ​ကြောင့်
အသက်​ရှူပိတ်​ မသာ​ပေါ်​နေမှာစိုးလို့....​ခေါင်းအုံးဖယ်​​ပေး
ရတဲ့အထိ လူ​သေ​ကောင်​လိုအိပ်​တတ်​တဲ့ သူက​လေ...။

"ဟုတ်​ပါပြီ...Haemi မှားတယ်​​နော်​..
သူ အခုမှ လာနှိုက်​တာကို... "

ပြေရာ​ပြေ​ကြောင်းပြော​နေတဲ့ အုပ်​မှူးကို Haemi သိပ်​​တော့နားမလည်​...ဘာလို့ ဒီ​ကောင်​​လေး​တွေကို အဲ့သ​လောက်​ အ​လျှော့​ပေး​နေရတာလဲ...ထပ်​အကွန့်​တက်​ချင်​​ပေမယ့်​ မျက်​စိကို အလုံးလိုက်
ပြုတ်​ကျ​တော့မတတ်​ မှိတ်​ပြ​နေတဲ့ အုပ်​မှူးပုံစံ​ကြောင့်​သာ
ငြိမ်​​နေရတယ်​...။

" အဲ့တာဆို...ကျွန်​​တော်​ အဲ့တာ​တွေကို ယူသွားလို့ဖြစ်​ကဲ့လား "

ကတ်​ထူပြား​တွေကို သံ​ယောဇဉ်​မကုန်​ခမ်းနိုင်​စွာ...
လက်​ညှိုးထိုးရင်း ​တောင်းဆို​တော့...
အုပ်​ချုပ်​​ရေးမှူး ​ခေါင်းပြုတ်​မတတ်​ညိတ်​​တော့တာ​ပေါ့..။

" ဟာ...ရပါတယ်​ ယူသွားပါ...ယူသွားပါ..."

ဒီလိုနဲ့...တိုက်​ပွဲ​အောင်​ စစ်​သူကြီး​တွေ ချပ်​၀တ်​တန်​ဆာ​တွေ
ကို လက်​မှာပိုက်​ ကြွားကြွားဝံ့ဝံ့ပြန်​လာသလိုမျိုး...
Luhanတို့လည်း စက္ကူကတ်​ပြားကြီးနှစ်​ချပ်​ကို
ချိုင်းတစ်​ဖက်​တစ်​ချပ်​​အောက်​မှာ လျှိုသွင်းရင်း...​ခေါင်းကို
မော့..​ခြေကို​မြောက်​ပြီး ပြန်​လာလိုက်​​တော့တယ်​...။

နောက်​က လိုက်​လာတဲ့ Sehun က​တော့...
Luhan​နောက်​​ကျောကို ကြည့်​​နေရင်း ​ခေါင်းခါရမ်း
ခပ်​တိုးတိုးညည်းညူမိပါရဲ့...။

" ရူးတယ်​လို့​ပြောရင်​လည်း....ချီးကျူးတယ်​ထင်​ပြီး
အ​ပျော်​လုံးစို့...
ရပ်​ကွက်​တစ်​ပတ်​ပတ်​​ပြေး​နေမှာစိုးလို့သာ ငြိမ်​​နေရတယ်​...
တကယ့်​ဝမ်းတွင်းရူးပဲ...
အရူးကို အတိုးနဲ့လိုက်​​ချေးပြီး​တော့ကို ရူးတာမျိုး..."

တပါးသူကို ​ပြော​တော့မည်​ဆိုလျှင်​ စကားလုံးအကုန်​ပီသစွာ
ရွတ်​ဆိုသွားနိုင်​​သော Oh Se အားသာချက်​ပါတကား...။

:::::::::::::::::::::::::   JGL   :::::::::::::::::::::::::

" ဖြစ်​ပုံက​တော့ အဲ့လိုပါပဲဗျာ..."

မောဟိုက်​သက်​ပြင်းချလာရင်း Oh Se အဖြစ်​သနစ်​အစုံကို
ရှင်းပြ​တော့...အဆုံးသတ်​မှာ Chen က ချက်​ချင်း
မတ်​တပ်​ထရပ်​...​ခေါင်းကို ​စောင်းလိုက်​ကာ...အ​ပေါ်
ဘက်​​ရောက်​​နေတဲ့ သူ့နားတစ်​ဖက်​သူ ရိုက်​ချတယ်​..။

" ဟာ...ဘာဖြစ်​တာလဲ...ဒီင​မွှေ​လေးကတစ်​မျိုး... "

" Hyung...စူပါမန်း Hyung...
ကျွန်​​တော့်​နားထဲ ​သေချာကြည့်​​ပေးစမ်းပါ... "

" ဘာဖြစ်​လို့တုန်း "

မြွေကိုက်​မတတ်​​အော်​ဟစ်​​နေတာ​ကြောင့်​...Krisလည်း
စိုးရိမ်​စိတ်​နဲ့ ထကြည့်​​ပေးရှာပါတယ်​...။
ဟိုက​တော့ ထွန့်​ထွန့်​လူးကို ​အော်​ဟစ်​​နေတုန်း...။

" ဘာမှမရှိပါဘူး Chen ရ... "

" ​သေချာလား စူပါမန်း Hyung.. "

"​သေချာတယ်​ဟ... "

ထို​တော့မှ Chenက သူ့နားကို တဗြင်းဗြင်းမြည်​​အောင်
ပွတ်​​ချေလိုက်​ရင်း...

"ဟို လျှာလုံးတုံးတုံးနဲ့ Sehun က အရှည်​ကြီးရှင်းပြသွား
တော့ နား​ထောင်​​နေရတဲ့ ကျွန်​​တော့်​နား​ကြော​တွေ လုံးကုန်
ပြီထင်​လို့... "

" တယ်​...ငနာ​လေးက​တော့...
မွှေစရာမရှိ...အကြီးကိုလာပြီး..."

အကြီိးပီပီ ကြင်​နာသနားစိတ်​အပြည့်​အ၀ရှိတဲ့ Krisက
စိတ်​တိုတိုနဲ့ Chen ရင်​ဘတ်​တည့်​တည့်​ကို တွန်းထုတ်​ပစ်
လိုက်​ပါတယ်​...။
တော်​​သေးတာ​ပေါ့ ​နောက်​မှာ sofaရှိ​နေလို့...။
အင့်​ခနဲမြည်​​အောင်​ လဲသွားတာ​တောင်​ Chenတို့
ရယ်​ကျဲကျဲနဲ့ ရယ်​​နေ​သေးတာ...။

" ရယ်​လို့ အားရပလား...
အဲ့ဆိုလာ....လုံးသွားတဲ့ နား​ကြော​တွေ ​ပြေသွား​အောင်
အက်​ဆစ်​​လောင်းထည့်​​ပေးမယ်​... "

Sehun ​လေးက မ​ပြောမဆို ထလိုက်​​တော့...
ကျော​အောင့်​သွားတဲ့ Chen...သူ နာတာ​လေးကို​တောင်
ပြည့်​ပြည့်​၀၀ နာပြလိုက်​ချိန်မရ...
လှစ်​ခနဲထ​ပြေးရ​တော့တယ်​...။

" လက်​ထဲ အက်​ဆစ်​မရှိတာကိုသိသားနဲ့​အသက်​ထွက်​ မတတ်​​ပြေး​နေတဲ့ Chen ကိုပဲ ရူးတယ်​​ပြောရမလား...
အက်​ဆစ်​ပုလင်းကိုင်​ထားတဲ့ပုံနဲ့ ​နောက်​က​နေ မ​မောနိုင်
မပန်းနိုင်​ လိုက်​​တော့မယ့်​ Sehunကိုပဲ ရူးတယ်​​ပြောရ
မလား "

တစ်​အိမ်​လုံးကို တဒုန်​ဒုန်းမြည်​​အောင်​ ​ပြေး​နေကြတဲ့
ထို့ထို နှစ်​​ယောက်​ကို စိတ်​ပျက်​သလို​ငေးကြည့်​​နေရင်းမှ
Suho အာရုံက Luhanဆီပြန်​​ရောက်​လာတယ်​။

" ဒါနဲ့...အဲ့ကတ်​ပြားကြီး​တွေ​ရော?
ဘာလုပ်​ဖို့ သွားနှိုက်​လာတာလဲ "

" ​ဒီဟာအတွက်​​လေ "

ဆိုကာ အိတ်​​ထောင်​​လေးထဲက ထုတ်​ပြလာတဲ့
ပိုက်​ဆံ​လေးတစ်​ရွက်​...။
Suhoလက်​ထဲ ထည့်​​ပေးလိုက်​ရင်း...

" ဒါ​လေးအရင်​ယူထားနှင့်​ကွာ...
ငါ...ဟိုဘက်​ရပ်​ကွက်​ဆီ ပတ်​ကြည့်​လိုက်​ဦးမယ်​..."

" ဘာ...ဘာကိုပတ်​ကြည့်​မှာလဲ.."

" စက္ကူပြား​တွေ​လေ...လိုက်​ရှာလိုက်​ဦးမယ်​ "

" ဘာလုပ်​ဖို့တုန်း "

" သန့်​ရှင်း​ရေးခ​လေ...
ရပ်​ကွက်​ထိပ်​က ဘိုး​တော်​ကြီးကို အဲ့ကတ်​ပြား​တွေရှာ​ပေးရင်
သူက ပိုက်​ဆံ​ပေးတယ်​ကွ..."

မျက်​ခုံးကို ခပ်​ပင့်​ပင့်​ထားရင်း​ပြော​နေတဲ့ ​ကောင်​​လေးကို
Suho မချိတင်​ကဲကြည့်​လိုက်​ရင်း...

" ဆိုလိုတာက...သန့်​ရှင်း​ရေးခအတွက်​ ပိုက်​ဆံလိုက်​ရှာ
တာ​ပေါ့.. "

" ​သေချာတာ​ပေါ့..
Suhoက ဒဏ်​​ကြေး​ကောက်​လို့ပါဆိုပြီး မျက်​နှာ​လေးငယ်
ပြောလိုက်​တာ ချက်​ချင်းကိုထုတ်​​ပေး​တော့တာပဲ...
ကဲ...​ရေ​လေး​သောက်​ပြီးတာနဲ့
ဟိုဘက်​ရပ်​ကွက်​ သွားကြည့်​လိုက်​ဦးမယ်​​နော်​... "

မီးဖို​ခန်းဘက်​၀င်​သွားတဲ့ Luhan ​ကျောပြင်​ကိုတစ်​ချက်
လှမ်းကြည့်​လိုက်​ပြီးမှ...

" Suho ah...မင်း​လေ...
နည်း​ကောင်းကို​တွေ့ထားတာပဲ...
ကြည့်​စမ်း....ပိုက်​ဆံရှာတတ်​လိုက်​ကြတဲ့​ကောင်​​လေး​တွေ
ဒီပုံအတိုင်းသာဆို ငါတို့အိမ်​မှာ ဘီလျံနာ...ထရီလျံနာ​တွေ
ပေါ်လာ​တော့မှာပဲ... အ​ဟေး​ဟေး "

ကြားထဲက Krisကြီးက ​အနာဂတ်​ကို ကြို​တွေး​နေရင်း
အကြီးအကျယ်​၀မ်းသာ​နေ​သေးတယ်​...။
Suho...လက်​ထဲကြည့်​လိုက်​ပြန်​​တော့လည်း...
Chanyeol ​ပေးသွားတဲ့ ပိုက်​ဆံ​လေးနှစ်​ရွက်​ရယ်​...
အခု Luhan​ပေးသွားတဲ့ ပိုက်​ဆံ​လေးတစ်​ရွက်​ရယ်​...
မဆိုး..သူသည်​လည်းသိပ်​မကြာခင်​ ဘီလျံနာဖြစ်​​တော့မည်​ဟု
စိတ်​​ပေါက်​​ပေါက်​နဲ့​တွေးမိလိုက်​ပြီးမှ...

" ဒါနဲ့ Kris...မင်းက​ရော...? "

" ​အော်​...​ရော့​ရော့... "

ဘောင်းဘီအိတ်​ထဲက ပိုက်​ဆံ​လေးတစ်​ရွက်​ကို အားကြိုး
မာန်​တက်​ထုတ်​​ပေးလာတဲ့ Kris...။
Suho...ငိုချင်​စိတ်​ကို မနည်းထိန်းလိုက်​ရင်း...

" YiFan ah... ငါ​မေးတာ​တောင်​ ပြီး​အောင်​နား​ထောင်
ပါဦး...
မင်းက​ရော ဘာလို့ ဒီလိုပုံစံနွမ်းဖတ်​​နေတာလဲလို့​မေးမလို့
ဟာကို....အဟင့်​..."

ရှိုက်​သံ​လေး​ရောစွက်​​မေးလိုက်​​တော့မှ...
Krisက လက်​ဖ၀ါးနှစ်​ဖက်​နဲ့ သူ့ဒူးသူပွတ်​လိုက်​ကာ...

" မ​နေ့ညတစ်​ညလုံး Tao​လေးနှိပ်​စက်​ထားလို့ပါကွာ "

" ဘာ!!! မင်း...အဲ့တာ...အဲ့တာကို ငါ့ကို လာ​ပြောစရာလား"

" ဟ....ဘာ​တွေအ​တွေး​ပေါက်​​နေတာတုန်း...
မ​နေ့ညက O​လေးက ဟိုင​မွှေ​ကောင်​Baekhyun
အိပ်​ခါနီး သရဲအ​ကြောင်း​တွေလာ​ပြောသွားလို့
မအိပ်​ရဲဖြစ်​​နေတာ...
အဲ့တာ သူ့ကိုအိပ်ေ​အာင်​ချော့သိပ်​​ပေးရင်​...
သန့်​ရှင်း​ရေးခ သူတာဝန်​ယူပါတယ်​ဆိုလို့...ငါ့မှာတစ်​ညလုံး
ပုံ​ပြောသိပ်​​နေရတာ...အဲ့တာ​ပြောတာ ပိုးဟပ်​ဖြူရ... "

အခုမှ Suho သက်​ပြင်းချလိုက်​နိုင်​တယ်​...။
မနက်​​စော​စောကို ပိုက်​ဆံလာအပ်​တာ 3​ယောက်​ရှိ​နေပြီ။
သေချာတယ်​....​နောက်​လူ​တွေလည်း သူတို့နည်းသူတို့ဟန်​နဲ့
ပိုက်​ဆံ​တွေလာ​ပေးကြမှာပဲ...။

နောက်​​ကျောကို စိတ်​ပျက်​လက်​ပျက်​မှီထိုင်​​နေခိုက်​...
မီးဖိုခန်းဘက်​က​နေ အိမ်​ပြင်​ကိုပြန်​ထွက်​ဖို့ပြင်​​နေတဲ့
Luhan...။
Suho ​အော်​ပင်​မ​အော်​နိုင်​​တော့ဘဲ...Krisကို
လက်​ကုပ်​လိုက်​ကာ...

" ​ဟေ့...ဟိုမူကြိုက​လေး​လေးကို တားလိုက်​စမ်းပါ...
ဘယ်​ကိုမှ ပိုက်​ဆံထွက်​မရှာပါနဲ့​တော့လို့...
ရပ်​ကွက်​ထိပ်​က အဘိုးကြီးက ခါးနာနာ​နေလို့ အဲ့ကတ်​ပြား
တွေ လိုက်​ရှာ​နေတာ...
ငါက ကြားထဲက နာမည်​ပျက်​ရ​တော့မယ်​...
တား...တားလိုက်​စမ်းပါ Kris ရယ်​... "

ဤသို့နှယ်​သာ Housekeepingအစီအစဉ်​သည်
အောင်​မြင်​စွာ ကျရှုံး​လေသတည်း....။

:::::::::::::::::::::::::   JGL   :::::::::::::::::::::::::

# TBC

Yo~ Facebook acc deactivate လုပ်​ထားတာ
မဆိုးဘူးပဲ...။
Baby​လေး​တွေကို ချက်​ချင်း​ကောက်​type...upနိုင်​တယ်
အရင်​ကလို facebookက​နေ တစ်​နှစ်​​ကျော်​​လောက်
ကိုယ်​​ရောင်​ပြန်​​ဖျောက်​​နေရမယ်​ထင်​တယ်​.... XD

ချစ်​ခြင်းကို နှလုံးသားမှာ ​ရေးသီရင်း
စိတ်​နှစ်​စွာ ဖွဲ့သီ​တော့...
တမ်းတခြင်းက ခဗျား​လေးတို့ဆီမှာ....

မှတ်​ချက်​...​ရေးချင်​ရာ​ရေးသွား၏...
ပေးချင်​ရာ​ ​ပေးသွား​ကြ​လော့...

Continue Reading

You'll Also Like

76.7K 10.3K 38
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
15.9K 1.5K 53
ဖတ်ကြည့်နော်😉😉
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
11.9K 2.7K 43
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~