C's SHADE
[ Unicode ]
အရေးပေါ်လူနာ ။
လူနာဆောင်ကနေ ခိုးထွက်လာပြီး ဆေးရုံဝင်းထဲ
သောင်းကျန်းနေတယ်ဆိုလို့ ဌာန ဆိုင်ရာတွေ စုဝေးနေကြချိန် အပြေးအလွှား Chan Yeol တို့သွားကြသည်။ အကူသူနာပြုတစ်ဦးကိုလည်း ဓားပါးနဲ့ရွယ် ပြီး တိုက်ခိုက်နေသည်။
Chan Yeol အပါအဝင် အားလုံးဝိုင်ဝန်းထိန်းကြမှ
ငြိမ်ကျသွားပြီး မနက်လင်း ၂ နာရီ ဆေးရုံ၌
အုပ်အုပ်ကြက်ကြက် ဖြစ်သွား၏။
ဂျူတီချိန်လည်း ပြည့်သွားပြီမို့ Chan Yeol အိမ်သို့ပြန်လာခဲ့လိုက်၏။
ယခုထိ သူ့ဖုန်းကို သူဖွင့်မကြည့်ရသေး ။
ရှင်းလင်းနေသော လမ်းမ ထက် ချောမွေ့စွာ
မောင်း၍ အိမ်သို့ ဦးတည်လာသည် ။ အမှတ်မထင် တိုက်ရှေ့ လူငယ်တစ်ဦး ထိုင်နေသည်ကို သူတွေ့လိုက်သေးသည် ။ သို့ပေမယ့် သူဂရုမစိုက် ၊
အထုပ်စွဲ၍သာ ခြေလှမ်းပြင်လိုက်ပြီးမှ .....
" ဟင် , ဒီကောင်လေး ! "
.....................................................................
လေးလံနေသော မျက်ဝန်းတို့နှင့် Baek Hyun တစ်ယောက် နိုးထလာသည် ။ မျက်လုံးတို့ ပွင့်ပီဖြစ်သော်လည်း လက်ရှိအခြေအနေကို ချက်ချင်း မှတ်ညဏ် ပြန်ခေါ် ယူနေသည့်ပုံပင် ။ သေချာတွေဝေ ငေးကြည့်တော့မှ သူအိပ်နေတာ ဆိုဖာ ထိုင်ခုံ ပေါ်မှာမှန်းသိသွားပုံ ။
မလှမ်းမကမ်း ကုတင်ကြီးပေါ်မှာ မွေ့ယာနဲ့ အိပ်စက်နေသူအား တွေ့လိုက်ရသည်နှင့်
Baek Hyun မျက်နှာလေး ရွှင်လန်းသွားသည် ။
"Hyung ငါ့ကိုလာခေါ် သားပဲ "
သူထင်ထားသည့်အတိုင်း Hyung က သူ့ဘက်တော်သားဆိုတာ သိလိုက်ရတဲ့အချိန်
Baek Hyun အပျော်ကြီးပျော်သွား၏။ ပြုံးနေမိချိန်မှာပဲ ရေဆာ လာတာကြောင့် ခြေဖွဖွလေးနင်းကာ အပြင်ထွက်ဖို့ ကြံလိုက်သည် ။
" နိုးနေပြီလား "
"အာ Hyung "
"အစောကြီးရှိသေးတယ် ပြန်တော့မလို့လား "
Chan Yeol စကားကြောင့် ရှေ့ ခြေဖျား လေး
လှမ်းထားသော Baek Hyun ခြေက နေရာတွင် ရပ်သွားသည်။ Hyung ကသူ့ကို ပြန်စေချင်နေတာပဲ။
"ဟုတ် Hyung ပြန်တော့မှာ "
"ဒါနဲ့ ဘယ်လိုလုပ်ပြီးရောက်နေတာလဲ ?"
"အာ , ဒီတိုင်း Hyung အဲ့ဒါက "
"ခဏခဏ ကိစ္စ မရှိဘဲတော့ မလာစေချင်ဘူး
ဒါ Hyung ပွင့်ပွင့်လင်းလင်း ပြောတာ Baek , မင်းအိမ်က သိရင် ပြီးတော့ ဆရာဝန် ဆိုတဲ့ Hyung ရဲ့ဂုဏ် "
" ဟုတ်ကဲ့ပါ ။ ကျွန်တော် ဆင်ခြင်ပါ့မယ် , ကျွန်တော်က တမင် လာတယ် လို့ Hyung ထင်နေတာလားဟင် "
Baek Hyun အမေးကို Chan Yeol မဆိုင်းမတွ ဖြေ၏။
" အဲ့လို ထင်နေရတယ် , မင်း နဲ့ငါက ဆရာဝန် ,
လူနာ ဆက်ဆံရေး Baek Hyun "
Chan Yeol စိတ်ညစ်ညစ်နဲ့ ပြောလိုက်မိပေမယ့်
ခေါင်းလေးငုံ့ပြီး ထွက်သွားတဲ့ Baek Hyun ကို လှည့်မကြည့်ချင်တော့ ။ သူပြန်ရောက်တော့ မနက်လင်း ၂နာရီခွဲနေပြီ ၊ တိုက်ရှေ့ ငုတ်တုပ် လေးအိပ်ပျော်နေတဲ့ Baek Hyun ကို နှိုးလို့လည်း မရတာကြောင့် ကုန်းပိုးပြီးအခန်းထဲ သယ်လာခဲ့သည်။ မထင်မှတ်ပဲ ကျောင်းတုန်းက စီနီယာ တစ်ယောက် နှင့်တွေ့၍ Baek Hyun နဲ့ ပတ်သတ်နေပုံ စကားသွယ်ပြော သွားပြီး တစ်နည်း ကျွန်တော့်ကို Gay ဆိုတဲ့ စကားနဲ့ မကိုင်ပေါက်ရုံ တစ်မယ် ။
စိတ်ပေါက်ပေါက်နဲ့ ရှင်းပြ တာလည်း မရ ။
ကုုန်းပိုးပြီးအိမ်ခေါ်လာတယ် ဆိုပြီး အတင်းသက်သေလုပ်ပြော သွားတာကြောင့် Baek Hyun အပေါ် ဒေါသ က ရောက်မိသွားသည် ။
မနက်က ၅ နာရီထိုးရော့မည် ။ ဆက်လည်း အိပ်မရတော့တာကြောင့် ဖုန်းဖွင့်ကြည့် မိမှ Baek Hyun ပို့ထားသည့် စာလေး နှစ်စောင်ကို မြင်မိသည် ။
" အာ , ဒီကောင်လေး နေမကောင်း ဘူးဆို နေမကောင်းဘူးပြောပေါ့ ငါနဲ့တော့ ! "
ထိုနေ့ကစ Baek Hyun နဲ့ သိပ်မတွေ့ရတော့ ။
ဆေးရုံမှာလည်း ကုသဆောင် အသစ် ဆောက်လုပ်ရေးနဲ့ ပတ်သတ်ပြီး နှစ်ဖက် အချေအတင် စကား များနေကြချိန်။ မဲခွဲ၍ စီမံကိန်းအတွက် ပြင်ဆင်နေကြတာမို့ ခွင့်ယူ လို့လည်းမရ ။ ဟိုတစ်လောက SNS ပေါ် တက်ကြည့်တော့ မနက်ဖြန် စာမေးပွဲတွေ ပြီးပြီလို့တော့ ကြားတယ် ။ အဲ့ခါကျမှ Baek Hyun ကို ကုသမှု ခံယူဖို့အကြောင်းကြားလိုက်
မည်ဟု Chan Yeol တွေးထားသည် ။
Chan Yeol ခေါ်သည့် နေ့ရက်အတိုင်း Baek Hyun ရောက်လာသည် ။စာမေးပွဲကြောင့်ပေလားတော့မသိ။ Baek Hyun မျက်နှာ သိသိသာသာ ကျနေ၏။
" ရောက်နေပြီလား "
"ဟုတ် Hyung "
"ဘယ်လိုနေလဲ စာမေးပွဲ "
"ဒီလိုပါပဲ အားလုံးတော့ အဆင်မချောပါဘူး "
"ပြီးသွားတာပဲ ကျေးဇူး တင်ရမယ် ။ ဒါနဲ့ ဒီနေ့ ကုသမှု ခံရမယ်နော် Baek "
" ဘယ်..ဘယ်လိုမျိုးလဲဟင် ?"
ဆေးထိုးကြောက်တဲ့ကလေးကို ဆေးထိုးမယ်လို့ အသံပေးလိုက်သလို ပင် ။ မျက်လုံးလေးပြူးပြီး အံသြ စွာမေးလာသည် ။
" ကြောက်စရာ မလိုပါဘူး, စိတ်ကိုအေးအေးထား ဟုတ်ပြီလား "
ဤသို့နှင့် လက်တလော ကျန်းမာရေးကို မျက်စိရှေ့တင် စစ်ဆေးတော့ နဂို နှလုံး ရောဂါ နှင့် သွေးအားနည်း တာက အဖြေထွက်လာသည် ။ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို Chan Yeol က ပန်းချီဆွဲစေပြီး စမ်းသပ်ကြည့် ၏။
မီးခိုးမှိုင်း နဲ့ မိုးတိမ်ငယ် ။
မြစ်ချောင်းကျဉ်း နှင့် ကြွေသောပန်း ။
တဖြောက်ဖြောက် မိုးစက်များက ဤချောင်းငယ်လေးတွင်း ကြွေသောပန်းနှင့် တူတူစီးမျောနေသည့်ဟန် ။
ပန်းချီဆွဲနေတဲ့အချိန် Baek Hyun မျက်နှာက အာရုံစူးစိုက်ထားသလို ပင် ။
မီးခိုးမှိုင်း ။
အဖြူရောင် အငွေ့သန်း၍ အနက်ရောင် ဘက်
ပြောင်းလဲသွားသော စိတ် ။ မိုးရေစက်ကလေးများကြား၌ပင် လွန့်လွန့်လူးနေသေးသည် ။ သို့သော် ခပ်မြေးမြေး။
မိုးတိမ်ငယ် သည် မိုးစက်အနည်းငယ်သာ ကျခွင့်ရှိ၏။မိုးရေစက်များပေမယ့် ဤတိမ်ငယ်က ရွာသည်ကိုတော့ မည်သူမျှ သတိမထားမိကြ။
မျက်ရည်ပေါက်တွေကြား အနက်ရောင်သန်းသော မှိုင်းထိုင်းထိုင်း အားငယ်နေသော စိတ်သည် ကူမည့်သူမရှိသည့် နှယ် ရှင်သန်၏။
မြစ်ချောင်းကျဉ်း နှင့် ကြွေသောပန်း ။
သူ့အတွက် နေရာသည် အလွန်ကျဉ်းမြောင်း၏။
မိသားစု သန်းခေါင်စာရင်း ၊ ကျောင်းသားစာရင်းတို့၌သာ နေရာယူ၏။ သာမန် အပြင်လောကအတွက် အသုံးမဝင်လှသည့် ဘဝ ။ အပယ်ခံ ။
ကြွေသောပန်းကို အဖတ်လုပ်သည့်သူမရှိ။
သူ့အား ရှိလေဟု မသိကြ ၊ အဖတ်လုပ်၍ တရေးတယူပြောဆိုကြသည် မရှိ၍ ကြွေသည့်ပန်းနှင့် ခိုင်းနှိုင်း၏။
"Baek Hyun ah , Hyung ပေးထားတဲ့ ဆေးတွေ ပုံမှန် သောက်နေရဲ့လား "
"ဟုတ်သောက်ပါတယ် ။ တစ်ခါတစ်လေ မေ့သွားလို့ "
" စာမေးပွဲလည်း ပြီးသွားပြီဆိုတော့
ခရီးထွက်ချင်လား ? Hyung က ဒီအပတ်ထဲ
နယ် ဆေးကုသရေးမှာ လုပ်အားဝန်ထမ်း အနေနဲ့ သွားမှာ Baek လိုက်ချင်လား ?"
" လိုက်မယ် လိုက်မယ် , ကျွန်တော်
ခရီးထွက်ချင်နေတာ Hyung "
"အိုခေ , ဒါဆို Hyung ဆက်သွယ်လိုက်မယ်
သုံးည အိပ်လောက်ဆိုတော့ အဝတ်အစားလေး ဘာလေးထည့် လာခဲ့ နော် "
"ဟုတ် . "
"ဒါဆို ဒီမှာ နေခဲ့ဦး Hyung လက်မှတ် ထိုးရဦးမှာမို့"
"ဟုတ် Hyung "
Chan Yeol ထွက်သွားပြီးသည့်နောက် ဂျူနီယာလေးတွေနဲ့ စကားလက်ဆုံ ကျနေပြန်သည်။
စိတ်ရောဂါ လူနာဆောင်ဘက် သွားတာ သူတို့ ဘယ်လောက် ကြောက်ခဲ့ရကြောင်း ရေးကြီးခွင်ကျယ် ပြောနေကြသည် ။
" Chan Yeol , မင်းအခန်း မှာ ဟိုကောင်လေး
ရောက်နေတာလား ? ဘာဖြစ်ထားတာလဲ ?"
"ဟင်..ဘာဖြစ်ထားလို့လဲ "
Luhan လာပြောတော့ Chan Yeol တစ်ချက် ကြောင်သွားသည် ။ Baek Hyun နဲ့ သေချာသဘောတူညီမှု ရထားပြီးသားကို။
" ငါတံခါးဖွင့်ကြည့် လိုက်တော့
ကောင်လေးငိုနေတယ် Chan Yeol "
[ ZawGyi ]
အေရးေပၚလူနာ ။
လူနာေဆာင္ကေန ခိုးထြက္လာၿပီး ေဆးရံုဝင္းထဲ
ေသာင္းက်န္းေနတယ္ဆိုလို႔ ဌာန ဆိုင္ရာေတြ စုေဝးေနၾကခ်ိန္ အေျပးအလႊား Chan Yeol တို႔သြားၾကသည္။ အကူသူနာျပဳတစ္ဦးကိုလည္း ဓားပါးနဲ႔ရြယ္ ၿပီး တိုက္ခိုက္ေနသည္။
Chan Yeol အပါအဝင္ အားလံုးဝိုင္ဝန္းထိန္းၾကမွ
ၿငိမ္က်သြားၿပီး မနက္လင္း ၂ နာရီ ေဆးရံု၌
အုပ္အုပ္ၾကက္ၾကက္ ျဖစ္သြား၏။
ဂ်ဴတီခ်ိန္လည္း ျပည့္သြားၿပီမို႔ Chan Yeol အိမ္သုိ႔ျပန္လာခဲ့လိုက္၏။
ယခုထိ သူ႔ဖုန္းကို သူဖြင့္မၾကည့္ရေသး ။
႐ွင္းလင္းေနေသာ လမ္းမ ထက္ ေခ်ာေမြ႔စြာ
ေမာင္း၍ အိမ္သို႔ ဦးတည္လာသည္ ။ အမွတ္မထင္ တိုက္ေ႐ွ႕ လူငယ္တစ္ဦး ထိုင္ေနသည္ကို သူေတြ႔လိုက္ေသးသည္ ။ သို႔ေပမယ့္ သူဂ႐ုမစိုက္ ၊
အထုပ္စြဲ၍သာ ေျခလွမ္းျပင္လိုက္ၿပီးမွ .....
" ဟင္ , ဒီေကာင္ေလး ! "
.....................................................................
ေလးလံေနေသာ မ်က္ဝန္းတို႔ႏွင့္ Baek Hyun တစ္ေယာက္ ႏိုးထလာသည္ ။ မ်က္လံုးတို႔ ပြင့္ပီျဖစ္ေသာ္လည္း လက္႐ွိအေျခအေနကို ခ်က္ခ်င္း မွတ္ညဏ္ ျပန္ေခၚ ယူေနသည့္ပံုပင္ ။ ေသခ်ာေတြေဝ ေငးၾကည့္ေတာ့မွ သူအိပ္ေနတာ ဆိုဖာ ထိုင္ခံု ေပၚမွာမွန္းသိသြားပံု ။
မလွမ္းမကမ္း ကုတင္ႀကီးေပၚမွာ ေမြ႔ယာနဲ႔ အိပ္စက္ေနသူအား ေတြ႔လိုက္ရသည္ႏွင့္
Baek Hyun မ်က္ႏွာေလး ရႊင္လန္းသြားသည္ ။
"Hyung ငါ့ကိုလာေခၚ သားပဲ "
သူထင္ထားသည့္အတိုင္း Hyung က သူ႔ဘက္ေတာ္သားဆိုတာ သိလိုက္ရတဲ့အခ်ိန္
Baek Hyun အေပ်ာ္ႀကီးေပ်ာ္သြား၏။ ျပံဳးေနမိခ်ိန္မွာပဲ ေရဆာ လာတာေၾကာင့္ ေျခဖြဖြေလးနင္းကာ အျပင္ထြက္ဖို႔ ၾကံလိုက္သည္ ။
" ႏိုးေနၿပီလား "
"အာ Hyung "
"အေစာႀကီး႐ွိေသးတယ္ ျပန္ေတာ့မလို႔လား "
Chan Yeol စကားေၾကာင့္ ေ႐ွ႕ ေျခဖ်ား ေလး
လွမ္းထားေသာ Baek Hyun ေျခက ေနရာတြင္ ရပ္သြားသည္။ Hyung ကသူ႔ကို ျပန္ေစခ်င္ေနတာပဲ။
"ဟုတ္ Hyung ျပန္ေတာ့မွာ "
"ဒါနဲ႔ ဘယ္လိုလုပ္ၿပီးေရာက္ေနတာလဲ ?"
"အာ , ဒီတိုင္း Hyung အဲ့ဒါက "
"ခဏခဏ ကိစၥ မ႐ွိဘဲေတာ့ မလာေစခ်င္ဘူး
ဒါ Hyung ပြင့္ပြင့္လင္းလင္း ေျပာတာ Baek , မင္းအိမ္က သိရင္ ၿပီးေတာ့ ဆရာဝန္ ဆိုတဲ့ Hyung ရဲ႕ဂုဏ္ "
" ဟုတ္ကဲ့ပါ ။ ကြၽန္ေတာ္ ဆင္ျခင္ပါ့မယ္ , ကြၽန္ေတာ္က တမင္ လာတယ္ လို႔ Hyung ထင္ေနတာလားဟင္ "
Baek Hyun အေမးကို Chan Yeol မဆိုင္းမတြ ေျဖ၏။
" အဲ့လို ထင္ေနရတယ္ , မင္း နဲ႔ငါက ဆရာဝန္ ,
လူနာ ဆက္ဆံေရး Baek Hyun "
Chan Yeol စိတ္ညစ္ညစ္နဲ႔ ေျပာလိုက္မိေပမယ့္
ေခါင္းေလးငံု႔ၿပီး ထြက္သြားတဲ့ Baek Hyun ကို လွည့္မၾကည့္ခ်င္ေတာ့ ။ သူျပန္ေရာက္ေတာ့ မနက္လင္း ၂နာရီခြဲေနၿပီ ၊ တိုက္ေ႐ွ႕ ငုတ္တုပ္ ေလးအိပ္ေပ်ာ္ေနတဲ့ Baek Hyun ကို ႏိႈးလို႔လည္း မရတာေၾကာင့္ ကုန္းပိုးၿပီးအခန္းထဲ သယ္လာခဲ့သည္။ မထင္မွတ္ပဲ ေက်ာင္းတုန္းက စီနီယာ တစ္ေယာက္ ႏွင့္ေတြ႔၍ Baek Hyun နဲ႔ ပတ္သတ္ေနပံု စကားသြယ္ေျပာ သြားၿပီး တစ္နည္း ကြၽန္ေတာ့္ကို Gay ဆိုတဲ့ စကားနဲ႔ မကိုင္ေပါက္ရံု တစ္မယ္ ။
စိတ္ေပါက္ေပါက္နဲ႔ ႐ွင္းျပ တာလည္း မရ ။
ကုုန္းပိုးၿပီးအိမ္ေခၚလာတယ္ ဆိုၿပီး အတင္းသက္ေသလုပ္ေျပာ သြားတာေၾကာင့္ Baek Hyun အေပၚ ေဒါသ က ေရာက္မိသြားသည္ ။
မနက္က ၅ နာရီထိုးေရာ့မည္ ။ ဆက္လည္း အိပ္မရေတာ့တာေၾကာင့္ ဖုန္းဖြင့္ၾကည့္ မိမွ Baek Hyun ပို႔ထားသည့္ စာေလး ႏွစ္ေစာင္ကို ျမင္မိသည္ ။
" အာ , ဒီေကာင္ေလး ေနမေကာင္း ဘူးဆို ေနမေကာင္းဘူးေျပာေပါ့ ငါနဲ႔ေတာ့ ! "
ထိုေန႔ကစ Baek Hyun နဲ႔ သိပ္မေတြ႔ရေတာ့ ။
ေဆးရံုမွာလည္း ကုသေဆာင္ အသစ္ ေဆာက္လုပ္ေရးနဲ႔ ပတ္သတ္ၿပီး ႏွစ္ဖက္ အေခ်အတင္ စကား မ်ားေနၾကခ်ိန္။ မဲခြဲ၍ စီမံကိန္းအတြက္ ျပင္ဆင္ေနၾကတာမို႔ ခြင့္ယူ လို႔လည္းမရ ။ ဟိုတစ္ေလာက SNS ေပၚ တက္ၾကည့္ေတာ့ မနက္ျဖန္ စာေမးပြဲေတြ ၿပီးၿပီလို႔ေတာ့ ၾကားတယ္ ။ အဲ့ခါက်မွ Baek Hyun ကို ကုသမႈ ခံယူဖို႔အေၾကာင္းၾကားလိုက္
မည္ဟု Chan Yeol ေတြးထားသည္ ။
Chan Yeol ေခၚသည့္ ေန႔ရက္အတိုင္း Baek Hyun ေရာက္လာသည္ ။စာေမးပြဲေၾကာင့္ေပလားေတာ့မသိ။ Baek Hyun မ်က္ႏွာ သိသိသာသာ က်ေန၏။
" ေရာက္ေနၿပီလား "
"ဟုတ္ Hyung "
"ဘယ္လိုေနလဲ စာေမးပြဲ "
"ဒီလိုပါပဲ အားလံုးေတာ့ အဆင္မေခ်ာပါဘူး "
"ၿပီးသြားတာပဲ ေက်းဇူး တင္ရမယ္ ။ ဒါနဲ႔ ဒီေန႔ ကုသမႈ ခံရမယ္ေနာ္ Baek "
" ဘယ္..ဘယ္လိုမ်ိဳးလဲဟင္ ?"
ေဆးထိုးေၾကာက္တဲ့ကေလးကို ေဆးထိုးမယ္လို႔ အသံေပးလိုက္သလို ပင္ ။ မ်က္လံုးေလးျပဴးၿပီး အံျသ စြာေမးလာသည္ ။
" ေၾကာက္စရာ မလိုပါဘူး, စိတ္ကိုေအးေအးထား ဟုတ္ၿပီလား "
ဤသို႔ႏွင့္ လက္တေလာ က်န္းမာေရးကို မ်က္စိေ႐ွ႕တင္ စစ္ေဆးေတာ့ နဂို ႏွလံုး ေရာဂါ ႏွင့္ ေသြးအားနည္း တာက အေျဖထြက္လာသည္ ။ စိတ္ပိုင္းဆိုင္ရာ ကုသမႈကို Chan Yeol က ပန္းခ်ီဆြဲေစၿပီး စမ္းသပ္ၾကည့္ ၏။
မီးခိုးမႈိင္း နဲ႔ မိုးတိမ္ငယ္ ။
ျမစ္ေခ်ာင္းက်ဥ္း ႏွင့္ ေႂကြေသာပန္း ။
တေျဖာက္ေျဖာက္ မိုးစက္မ်ားက ဤေခ်ာင္းငယ္ေလးတြင္း ေႂကြေသာပန္းႏွင့္ တူတူစီးေမ်ာေနသည့္ဟန္ ။
ပန္းခ်ီဆြဲေနတဲ့အခ်ိန္ Baek Hyun မ်က္ႏွာက အာရံုစူးစိုက္ထားသလို ပင္ ။
မီးခိုးမိႈင္း ။
အျဖဴေရာင္ အေငြ႔သန္း၍ အနက္ေရာင္ ဘက္
ေျပာင္းလဲသြားေသာ စိတ္ ။ မိုးေရစက္ကေလးမ်ားၾကား၌ပင္ လြန္႔လြန္႔လူးေနေသးသည္ ။ သို႔ေသာ္ ခပ္ေျမးေျမး။
မိုးတိမ္ငယ္ သည္ မိုးစက္အနည္းငယ္သာ က်ခြင့္႐ွိ၏။မိုးေရစက္မ်ားေပမယ့္ ဤတိမ္ငယ္က ရြာသည္ကိုေတာ့ မည္သူမ်ွ သတိမထားမိၾက။
မ်က္ရည္ေပါက္ေတြၾကား အနက္ေရာင္သန္းေသာ မိႈင္းထိုင္းထိုင္း အားငယ္ေနေသာ စိတ္သည္ ကူမည့္သူမ႐ွိသည့္ ႏွယ္ ႐ွင္သန္၏။
ျမစ္ေခ်ာင္းက်ဥ္း ႏွင့္ ေႂကြေသာပန္း ။
သူ႔အတြက္ ေနရာသည္ အလြန္က်ဥ္းေျမာင္း၏။
မိသားစု သန္းေခါင္စာရင္း ၊ ေက်ာင္းသားစာရင္းတို႔၌သာ ေနရာယူ၏။ သာမန္ အျပင္ေလာကအတြက္ အသံုးမဝင္လွသည့္ ဘဝ ။ အပယ္ခံ ။
ေႂကြေသာပန္းကို အဖတ္လုပ္သည့္သူမ႐ွိ။
သူ႔အား ႐ွိေလဟု မသိၾက ၊ အဖတ္လုပ္၍ တေရးတယူေျပာဆိုၾကသည္ မ႐ွိ၍ ေႂကြသည့္ပန္းႏွင့္ ခိုင္းႏိႈင္း၏။
"Baek Hyun ah , Hyung ေပးထားတဲ့ ေဆးေတြ ပံုမွန္ ေသာက္ေနရဲ႕လား "
"ဟုတ္ေသာက္ပါတယ္ ။ တစ္ခါတစ္ေလ ေမ့သြားလို႔ "
" စာေမးပြဲလည္း ၿပီးသြားၿပီဆိုေတာ့
ခရီးထြက္ခ်င္လား ? Hyung က ဒီအပတ္ထဲ
နယ္ ေဆးကုသေရးမွာ လုပ္အားဝန္ထမ္း အေနနဲ႔ သြားမွာ Baek လိုက္ခ်င္လား ?"
" လိုက္မယ္ လိုက္မယ္ , ကြၽန္ေတာ္
ခရီးထြက္ခ်င္ေနတာ Hyung "
"အိုေခ , ဒါဆို Hyung ဆက္သြယ္လိုက္မယ္
သံုးည အိပ္ေလာက္ဆိုေတာ့ အဝတ္အစားေလး ဘာေလးထည့္ လာခဲ့ ေနာ္ "
"ဟုတ္ . "
"ဒါဆို ဒီမွာ ေနခဲ့ဦး Hyung လက္မွတ္ ထိုးရဦးမွာမို႔"
"ဟုတ္ Hyung "
Chan Yeol ထြက္သြားၿပီးသည့္ေနာက္ ဂ်ဴနီယာေလးေတြနဲ႔ စကားလက္ဆံု က်ေနျပန္သည္။
စိတ္ေရာဂါ လူနာေဆာင္ဘက္ သြားတာ သူတို႔ ဘယ္ေလာက္ ေၾကာက္ခဲ့ရေၾကာင္း ေရးႀကီးခြင္က်ယ္ ေျပာေနၾကသည္ ။
" Chan Yeol , မင္းအခန္း မွာ ဟိုေကာင္ေလး
ေရာက္ေနတာလား ? ဘာျဖစ္ထားတာလဲ ?"
"ဟင္..ဘာျဖစ္ထားလို႔လဲ "
Luhan လာေျပာေတာ့ Chan Yeol တစ္ခ်က္ ေၾကာင္သြားသည္ ။ Baek Hyun နဲ႔ ေသခ်ာသေဘာတူညီမႈ ရထားၿပီးသားကို။
" ငါတံခါးဖြင့္ၾကည့္ လိုက္ေတာ့ ေကာင္ေလးငိုေနတယ္
Chan Yeol "
C's SHADE
To Be continued