ပြီးပြည့်စုံသော...နာမ်စား
Sofa ပေါ်အပြစ်သား လို ထိုင်နေသော Jongin နှင့် Kyungsoo
မှာ ခေါင်းကို ငိုက်စိုက်ချလျှက် ...
ဘာတွေ ဘယ်လိုပြောကြမလဲ
ဆိုပြီး စိုးရိမ်မှုက လူကြီးတွေ
နှုတ်ဖျားက ထွက်ကျလာမည့်
စကားလုံးများ ကိုသာ စောင့်စားနေကြရုံ ...
"မဖြစ်ဘူး Jongin "
"Omma~"
"ဟိုလေ... NiNi တယောက်တည်း
ကြောင့် မဟုတ်ပါဘူး "
"ဟာ ... မင်းတို့ကွာ "
Kyungsoo အဖေဖြစ်သူ
Chen က စိတ်မသက်သာသလို
သက်ပြင်းခပ်လေးလေးချကာ
ခေါင်းခါရင်း ပြောသည် ...
"ကျွန်တော် NiNi ကို တကယ်
ချစ်တာပါ Appa ~
ကျွန်တော်တို့ကို သဘောတူပေးပါ"
"ကျွန်တော်လည်း Hyung ကို
ချစ်တယ် ... Hyung နဲ့ မခွဲနိုင်ဘူး"
"မင်းတို့ အချစ်ကို အထင်မှားနေကြပြီ ...
ညီအစ်ကိုချင်း ချစ်တဲ့
အချစ်ကို အရောင်မဆိုးချင်
စမ်းပါနဲ့ကွာ ... ငါ အသက်ကြီးမှ
မမြင်ဖူး မကြားဖူးတာတွေ ကြားနေ မြင်နေရတယ် ..."
Jongin အဖေဖြစ်သူ Suho ၏
ရင်မောစွာပြောသောစကား ....
"ကျွန်တော်တို့ သေချာဆန်းစစ်ပြီးပါပြီ
ကျွန်တော် နောက်ဆုတ်ဖို့ကြိုးစားပါသေးတယ် .. ဒါပေမယ့် ဒါက မအောင်မြင်ခဲ့ဘူး ..ဦး"
"Hyung 😢"
Kyungsoo သူ့ဘေးက Jongin လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ တည်ကြည်
စွာ စကားဆိုသည် ..
ဟုတ်သည် ... ဒီလိုအချိန်မျိုးမှာမှ Appa တို့ကို သေချာ မရှင်းပြရင် ဝေးဖို့ဘဲ
ရှိတော့သည်လေ .. Appa ကလည်း
လုပ်ငန်းရှင် သူဌေးသမီး တယောက်နှင့်
စေ့စပ်ပေးဖို့ ကိစ္စကို ရိသဲ့သဲ့ ပြောနေပြီ ...
"Appa Omma ကျွန်တော် က အခုဆို
Company မှာ ထိုက်သင့်တဲ့ရာထူးနဲ့
လည်း အလုပ်ဝင်နေပြီ .. NiNi ဆိုလည်း
ဂုဏ်ထူးတန်း တက်ပြီး တက္ကသိုလ် နည်းပြ
လုပ်ဖို့ လမ်းကြောင်းက ပွင့်နေပါပြီ "
"အဲ့တော့ "
"Appa ကျွန်တော်ကျေးဇူးမသိတာ
မဟုတ်ပါဘူး .. ကျွန်တော် NiNi နဲ့ပဲ
လက်ထပ်ပါရစေ .. ငယ်ငယ်လေး ကတည်းက ကျွန်တော်တို့ ချစ်ခဲ့ကြတဲ့ သံယောဇဉ်ကို
ထောက်ပေးပါနော် Appa"
ဟူးးးးး
နှစ်ဖက်မိဘများ သက်ပြင်းကို ခပ်ရှည်ရှည်သာချမိတော့သည် ..
တားလို့ကလည်း မတားချင်
ဒီ Relationship ကို ပတ်ဝန်းကျင် က
ဝေဖန်ခံရမှာလည်း စိုးရိမ် ..
"Omma 😭 ကူပြောပေးပါဦး
ကျွန်တော် Hyung နဲ့မခွဲနိုင်ဘူး
Omma လည်း သိတာပဲကို နော်လို့ "
"မဖြစ်ဘူး Jongin "
"Omma Omma "
ကလေးတစ်ယောက်လို ဂျီတိုက်ကာ
တရှုံ့ရှုံ့ငိုနေသော Jongin ကို ကြည့်ကာ
အမေဖြစ်သူကိုယ်တိုင်စိတ်မကောင်းမိ ..
"ကျွန်တော်တို့ ကတော့
နောက်မဆုတ်နိုင်ပါဘူး
ကျွန်တော်တို့ မပေါင်းဖက်ကရလည်း
ဒီတစ်သက်လုံး အိမ်ထောင်မပြုပါဘူး
အရင်လိုပဲ ဆက်နေပါ့မယ် "
Kyungsoo ရဲဝင့်စွာပြောသည်
ဘယ်လိုနည်းနဲ့မှတော့ လက်မထပ်နိုင်
"မရဘူး .. မင်းတို့ ဆက်ဆံရေးကို
သိနေမှတော့ အရင်လို လွှတ်ထားဖို့ဆိုတာ
မဖြစ်နိုင်ဘူး "
"ဦး "
"Appa "
"ဦး နဲ့ Appa .. NiNi သေတာကို
မြင်ချင်ရင် အဲ့လိုဆက်လုပ်လိုက်ပါ "
..ဟုဆိုကာ အိပ်ခန်းထဲကိုသာ
ဝင်သွားသည် ..
"NiNi မရှိရင် Do Kyung Soo လည်း
အသက်ရှိမှာ မဟုတ်ပါဘူး ..
ကျန်တာတော့ Appa တို့ Omma တို့
စိတ်ကြိုက်သာစီစဉ်ကြပါ ..
ကျွန်တော် အလုပ်သွားရဦးမယ် "
မိဘများ ဘာစကားမှ ပြန်မပြောမိ ..
အခြေအနေက အတော်လေး တင်းမာနေ
ပြီကိုး ...
တခါမှ မိဘ စကားမပယ်ရှားဖူးတဲ့
Kyungsoo ကတောင် ယုံကြည်မှု
အပြည့်နှင့်ပြောသွားသည်လေ...
_____________TBC____________