7

4K 388 4
                                    


"မစားချင်​ဘူး ဆို ... Hyung
NiNi မစားဘူး "

Seoul University ရဲ့
Canteen မှာ Jongin အသီးအရွက်​များ မစားချင်​၍
ဂျီကျ​နေခြင်းပင်​ ...

"တခါတ​လေ စားလိုက်​ပါ NiNi ရယ်​ .... ​နောက်​​နေ့ဆို Hyung
ထမင်းထုပ်​ လာမယ်​ .. လိမ္မာတယ်​ ဒီတစ်​ခါ ​တော့ စား​နော်​ "

"မစားချင်​ဘူးလို့ ဆို​နေ "

က​လေး က ဆူပုတ်​ပုတ်​နဲ့ ​ပြော
နေပြီဆို​တော့ Do Kyung Soo လည်း မ​နေသာ ...

မျက်​နှာချင်းဆိုင်​ ထိုင်​​နေရင်းမှ
Jongin ​ဘေး နားက ထိုင်​ခုံနား
ထိုင်​လိုက်​သည်​ ...

Jongin မစား​သော ပန်းကန်​ ထဲက အသီးအရွက်​များ ကို
တူ နှင့်​ ညှပ်​ပြီး Jongin ပါးစပ်​ ထဲသို့ ...

"အာ ... "

"အွန်း .... Hyung ခွံ့​ကျွေး​တော့
လည်း စားလို့​ကောင်းပြန်​​ရော
အကုန်​ပဲ ခွံ့ ​ကျွေးလိုက်​​တော့​နော်​ "

"Nae "

Jongin ​မေး​စေ့​လေးကို ဆွဲပြီး
အ​ဖြေ​ပေးလိုက်​သည်​ ....

Kyungsoo နှင့်​ Jongin ​နေ့လည်​စာ
ထမင်းကို တူတစ်​​စုံတည်းသာ
အသုံးပြုပြီး သုံး​ဆောင်​ခဲ့သည်​ ...

"Aigoo ​နောက်​နှစ်​ဆို Hyung က ​ကျောင်းပြီးပြီ NiNi က
တစ်​နှစ်​တက်​ရဦးမှာ အဲ့ခါကျ ဘယ်​လိုလုပ်​မလဲ "

"မသိဘူး ... အဲ့ကိစ္စမျိး ​တွေးလည်း မ​တွေးချင်​ဘူး ... ​ခေါင်းထဲကို မထည့်​ချင်​ဘူး ... NiNi သိတာ
စာသင်​ချိန်​ကလွဲပြီး Hyung နဲ့ မခွဲနိုင်​ဘူး "

သူ့အ​ပေါ် ဒီ​လောက်​ချစ်​​သော
ကောင်​​လေး အ​ပေါ် သူချစ်​မိသွားသည်​မှာ အ​ကြောင်းပြချက်​မလို​တော့ပါ ...

"Hyung ... "

"​ပြော "

"NiNi ကို ကား​မောင်းသင်​​ပေး​တော့​လေ "

"Hyung ရှိ​နေတာပဲကို "

"အဲ... ဒါလည်း ဟုတ်​သား
ဒါ​ပေမယ့်​ NiNi တတ်​ထားချင်​လို့ "

"Ok ... ည​နေကျရင်​ Hyung သင်​​ပေးမယ်​ .... ဒါ​လေး​တော့ ကုန်​​အောင်​စား "

"Nae "

Kyungsoo ခမျာ တတိယနှစ်
တက္ကသိုလ်​ ​ကျောင်းသားကြီးကို
လိုက်​ထိန်း​နေရသည်​ ...

Jongin က သူ့စကားက လွဲလို့
ဘယ်​သူ့ စကားမှ နားမ​ထောင်​ ...
ဒါက ငယ်​ငယ်​​လေး ကတည်းက
ဆို​တော့လည်း သိပ်​​တော့ မထူးဆန်း ...

✂ ✂ ✂

"ဒါက ဘရိတ်​ ... ဒါက လီဗာ
ဆောင့်​ပြီး မနင်းရဘူး ...
ဒါ​လေးက ဂီယာ ... ဒီလို​လေး လုပ်​လိုက်​ရင်​ အ​နောက်​ကို ပြန်​သွားတယ်​ ok "

"Ok "

"ဒါနဲ့ .. "

Kyungsoo နှာ​ခေါင်း​လေး
တရှုံ့ ရှုံ့  လုပ်​ကာ Jongin နား
တိုးလာသည်​ ...

"Jongin ​ဆေးလိပ်​​သောက်​တာလား "

"စမ်းကြည့်​တာ "

"ဘာ ... ​တောက်​ .."

"Hyung "

"ပါးစပ်​ပိတ်​ထား "

Kyungsoo ​မောင်းသူ​နေရာမှာပဲ
ပြန်​ထိုင်​ပြီး ကား​မောင်း သင်​ရာ
နေရာမှ ​မောင်းထွက်​ခဲ့သည်​ ...

ဘေးက Jongin က​တော့
ဒေါသ​ကြောင့်​ နီရဲ​နေ​သော
Hyung မျက်​နှာ​လေးကို
ကြည့်​ကာ ငြိမ်​ငြိမ်​​လေး ထိုင်​ပြီး
လိုက်​လာသည်​ ..

ကျွီ~~~

"ဒီည ငါနဲ့ လာမအိပ်​နဲ့ "

"Hyung ..."

"ဆင်း​တော့ "

"NiNi မှားပါတယ်​ ​နော်
နောက်​ မလုပ်​​တော့ပါဘူး
နော်​ ... ​နော်​ ... ​နော်​ လို့ "

"ဆင်း... ငါစိတ်​တို​နေတယ်
ငါ မကြိုက်​မှန်း သိရဲ့သားနဲ့
မင်း ထပ်​လုပ်​တာ "

"Hyung ... Hyung မဆင်းဘူးဆို "

Kyungsoo ကားထဲမှ ထွက်​ကာ
Jongin ကို ဆွဲထုတ်​သည်​ ...

ဒီက​လေး အရင်​ တစ်​ခါ ​ဆေးလိပ်
သောက်​ကတည်းက သူ​သေချာ
ရှင်းပြ ​ပြောပြပြီးပြီ ...
နားလည်​​ပေးမှန်းသိ​တော့ ထပ်​လုပ်​တာ ... သူ့ ​စေတနာကို
စော်​ကားတာ ... ဒီတစ်​ခါ​တော့
မှတ်​​လောက်​သား​လောက်​​အောင်
အပြစ်​​ပေးမှ ဖြစ်​​တော့မယ်​ ...

TBC

ပြီးပြည့်စုံသော ... နာမ်စား { Completed }Where stories live. Discover now