3

4K 404 0
                                    


"Jongin ဒီကိုလာ "

"လာဝူး "

"Dyo ​လေး ​နောက်​ပုန်းမ​နေနဲ့
ထွက်​လာ "

"​ကြောက်​လယ်​ Hyung "

"​ကြောက်​နဲ့ NiNi .. Hyung ရှိ​ဒေ "

Jongin အ​မေ Xing မှာ
Kyungsoo ​နောက်​က Jongin ကို ဆွဲထုတ်​၍ မရသဖြင့်
စိတ်​က ပိုပိုပြီးဆိုးလာသည်​  ...

Dyo ​လေး ကို ဆွဲထုတ်​ရ​အောင်
လည်း မဟုတ်​​သေး ...
သူကလည်း ကာစီး ကာစီး ...

Dyo ​လေး မလာခင်​ Chocolate ​တွေ ယူစားထားတာ ​​စော​စောက
ရေချိုး သန့်​ရှင်း​အောင်​ လုပ်​ထား
ပေးသည်​က ​ပေပွလို့ ...

အိမ်​အလုပ်​နဲ့ လူက​မောပါတယ်
ဆို သူတစ်​​ယောက်​ကို ထိန်းမနိုင်

"Ommonie.. . NiNi ကို
မရိုက်​ပါနဲ့ရဂျာ "

"​ပေပွ​နေလို့ ဆုံးမ မလို့ "

"Dyo ​လေး ​ပြောပါ့မယ်​ ​နော်​ ​နော်​ "

"သန့်​ရှင်း​ရေးလည်း လုပ်​​ပေးရဦးမှာ ဒီ​လောက်​လုပ်​​ပေးထားတာ "

ငိုမဲ့မဲ့နဲ့ လက်​က​လေး ဆန့်​တန်းပြီး
Jongin ကို ကာထားတဲ့ ပုံ​လေးက ချစ်​ဖို့​ကောင်းလွန်း​နေတာ
ကြောင့်​ Xing ပြုံးလိုက်​မိသည်

ထို့​နောက်​ချက်​ချင်း မျက်​နှာကို
ပြန်​တည်​ကာ ...

"သွား သွား ​ခေါ်သွား​တော့ "

"Ommonie က သ​ဘော​ကောင်းပါဒယ်​ ... လာ NiNi မျက်​နှာ သစ်​ရမယ်​ ... "

"Nae ... "

Kyungsoo ... Jongin လက်​ကို ဆွဲကာ ​ရေချိုးခန်း ထဲဝင်​သွားသည်​  ..

Xing လည်း ဘာ​တွေ လုပ်​မလဲ
သိချင်​တာနဲ့ ​နောက်​က​နေ အသာ​လေး လိုက်​ကြည့်​သည်​ ...

"NiNi ​နောက်​ဆို Hyung မလာ​သေးခင်​ မုန့်​​တွေ မစားထားနဲ့
ပေပွ​နေတာပဲ "

"NiNi က စားချင်​​နေတာကို "

"Ommonie ကို ခွံ့ခိုင်း​လေ "

မျက်​နှာကို တဘက်​​လေး ​ရေဆွတ်​ပြီး သုတ်​​ပေးရင်း ​ပြော​နေတဲ့ ပုံ​လေးက လူကြီးတစ်​​​ယောက်​ဟန်​ပန်​အပြည့်​ ...

"NiNi က လူကြီး ဖြစ်​ချင်​ဒါ "

"အာ့ဆို Hyung လာမှ စား ".

"Nae "

"Hyung က ညစ်​​ပေတဲ့သူကို မချစ်​ဘူး "

"မြန်​မြန်​ သန့်​ရှင်း​အောင်​လုပ်​​ပေး​ယေ ... NiNi ​နောက်​ဆို အဲ့လိုလုပ်​​တော့ဝူး .. NiNi ကို ချစ်​​နော်​ "

"Nae ... "

အတိုင်​အ​ဖောက်​ကို ညီလို့
သူ့မျက်​နှာကို ထိရင်​ သိပ်​မကြိုက်​ချင်​​သော Jongin က မျက်​နှာကြီးကို ​မော့ပြီး ​ရေဆွတ်​အဝတ်​နဲ့ အသုတ်​ခံ​နေတာ ...

အ​မေဖြစ်​သူ​တောင်​ Kyungsoo ကို မနာလိုဖြစ်​ရမလို ...

Kyungsoo နှင့်​အတူ ရှိလျှင်
ဘယ်​​တော့မှ မညစ်​​ပေသလို
ဘယ်​​တော့မှ ထိခိုက်​ဒဏ်​ရာမရ

တ​နေကုန်​ ငိုသံလည်း မကြားရ
Kyungsoo မလာခင်​ဆို
သောင်းကျန်းတာ မနိုင်​ဘူး ...

Kyungsoo မလာလျှင်​ ​ခေါင်းတဆန့်​ဆန့်​ လည်​တဆန့်​ဆန့်
မျှော်​သည်​ ... တအီအီ ငိုပြီး ဂျီကျလိုက်​ ... အာပြဲလျှာပြဲ ငိုပြီး
ဂျီကျလိုက်​ ...

မနက်​ အိပ်​ရာနိုးလျှင်​လည်း
အ​ဖေ အ​မေ ကို ထမယ်​ မထင်​​လေနဲ့
သူ့ Hyung ဆီဖုန်းဆက်​ရမှ
ည​ မအိပ်​ခင်​လည်း ဖုန်းက ဆက်​​သေးတာ

ဟိုကလည်း မပီကလာ ပီကလာနဲ့
သီချင်းကို ဝူးဝူးဝါးဝါး ဆိုသိပ်​​သေးတာ ...

တခါက ဖုန်းပျက်​လို့ တခါ​ဆိုမှ
တခါ ​လေး မဆက်​ရတာကို
တစ်​ညလုံး အ​ဖေ​ကော အ​မေ​ကော တစ်​ညလုံး မအိပ်​ရ ...

မနက်​လင်းခါနီးမှ ​မောပြီး အိပ်​​ပျော်​သွားလို့သာ ...

ထို​နေ့က NiNi ​ကြောင့်​ သူ့အ​ဖေ
Suho ခွင့်​ယူလိုက်​ရသလို

တဖက်​အိမ်​က Chen လည်း
ခွင့်​ယူလိုက်​ရသည်
Kyungsoo လက်​ချက်​​ကြောင့်
မငိုစဖူး ​အော်​ငို​နေတာမို့
တညလုံး မိဘ နှစ်​ပါး မအိပ်​ဘဲ
ထိုင်​​ချော့​နေရ၍သာ ...

ထို​နေ့ကစပြီး ည​နေဆို ph ​ကောင်း မ​ကောင်း စစ်​ ရသည်​မှာ
နှစ်​ဖက်​ မိဘ အတွက်​ တာဝန်​ တစ်​ခု ဖြစ်​ခဲ့သည်​ ...

TBC

ပြီးပြည့်စုံသော ... နာမ်စား { Completed }Where stories live. Discover now