10

3.6K 356 7
                                    


Sofa ​ပေါ်အပြစ်​သား လို ထိုင်​​နေ​သော Jongin နှင့်​ Kyungsoo
မှာ ​ခေါင်းကို ငိုက်​စိုက်​ချလျှက်​ ...

ဘာ​တွေ ဘယ်​လို​ပြောကြမလဲ
ဆိုပြီး စိုးရိမ်​မှုက လူကြီး​တွေ
နှုတ်​ဖျားက ထွက်​ကျလာမည့်
စကားလုံးများ ကိုသာ ​စောင့်​စား​နေကြရုံ ...

"မဖြစ်​ဘူး Jongin "

"Omma~"

"ဟို​လေ... NiNi တ​ယောက်​တည်း
ကြောင့်​ မဟုတ်​ပါဘူး "

"ဟာ ... မင်းတို့ကွာ "

Kyungsoo အ​ဖေဖြစ်​သူ
Chen က စိတ်​မသက်​သာသလို
သက်​ပြင်းခပ်​​လေး​လေးချကာ
ခေါင်းခါရင်း ​ပြောသည်​ ...

"ကျွန်​​တော်​ NiNi ကို တကယ်
ချစ်​တာပါ Appa ~
ကျွန်​​တော်​တို့ကို သ​ဘောတူ​ပေးပါ"

"ကျွန်​​တော်​လည်း Hyung ကို
ချစ်​တယ်​ ... Hyung နဲ့ မခွဲနိုင်​ဘူး"

"မင်းတို့ အချစ်​ကို အထင်​မှား​နေကြပြီ ...
ညီအစ်​ကိုချင်း ချစ်​တဲ့
အချစ်​ကို အ​ရောင်​မဆိုးချင်
စမ်းပါနဲ့ကွာ ... ငါ အသက်​ကြီးမှ
မမြင်​ဖူး မကြားဖူးတာ​တွေ ကြား​နေ မြင်​​နေရတယ်​ ..."

Jongin အ​ဖေဖြစ်​သူ Suho ၏
ရင်​​မောစွာ​ပြော​သောစကား ....

"ကျွန်​​တော်​တို့ ​သေချာဆန်းစစ်​ပြီးပါပြီ
ကျွန်​​တော်​ ​နောက်​ဆုတ်​ဖို့ကြိုးစားပါ​သေးတယ်​ .. ဒါ​ပေမယ့်​ ဒါက မ​အောင်​မြင်​ခဲ့ဘူး ..ဦး"

"Hyung 😢"

Kyungsoo သူ့​ဘေးက Jongin လက်​ကို ခပ်​တင်းတင်းဆုပ်​ကိုင်​ကာ တည်​ကြည်
စွာ စကားဆိုသည်​ ..

ဟုတ်​သည်​ ... ဒီလိုအချိန်​မျိုးမှာမှ Appa တို့ကို ​သေချာ မရှင်းပြရင်​ ​ဝေးဖို့ဘဲ
ရှိ​တော့သည်​​လေ .. Appa ကလည်း
လုပ်​ငန်းရှင်​ သူ​ဌေးသမီး တ​ယောက်​နှင့်
စေ့စပ်​​ပေးဖို့ ကိစ္စကို ရိသဲ့သဲ့ ​ပြော​နေပြီ ...

"Appa Omma ကျွန်​​တော်​ က အခုဆို
Company မှာ ထိုက်​သင့်​တဲ့ရာထူးနဲ့
လည်း အလုပ်​၀င်​​နေပြီ .. NiNi ဆိုလည်း
ဂုဏ်​ထူးတန်း တက်​ပြီး တက္ကသိုလ်​ နည်းပြ
လုပ်​ဖို့ လမ်း​ကြောင်းက ပွင့်​​နေပါပြီ "

"အဲ့​တော့ "

"Appa ကျွန်​​တော်​​ကျေးဇူးမသိတာ
မဟုတ်​ပါဘူး .. ကျွန်​​တော်​ NiNi နဲ့ပဲ
လက်​ထပ်​ပါရ​စေ .. ငယ်​ငယ်​​လေး ကတည်းက ကျွန်​​တော်​တို့ ချစ်​ခဲ့ကြတဲ့ သံ​ယောဇဉ်​ကို
ထောက်​​ပေးပါ​နော်​ Appa"

ဟူးးးးး

နှစ်​ဖက်​မိဘများ သက်​ပြင်းကို ခပ်​ရှည်​ရှည်​သာချမိ​တော့သည်​ ..
တားလို့ကလည်း မတားချင်
ဒီ Relationship ကို ပတ်​၀န်းကျင်​ က
ဝေဖန်​ခံရမှာလည်း စိုးရိမ်​ ..

"Omma 😭 ကူ​ပြော​ပေးပါဦး
ကျွန်​​တော်​ Hyung နဲ့မခွဲနိုင်​ဘူး
Omma လည်း သိတာပဲကို ​နော်​လို့ "

"မဖြစ်​ဘူး Jongin "

"Omma Omma "

က​လေးတစ်​​ယောက်​လို ဂျီတိုက်​ကာ
တရှုံ့ရှုံ့ငို​နေ​သော Jongin ကို ကြည့်​ကာ
အ​မေဖြစ်​သူကိုယ်​တိုင်​စိတ်​မ​ကောင်းမိ ..

"ကျွန်​​တော်​တို့ က​တော့ 
နောက်​မဆုတ်​နိုင်​ပါဘူး
ကျွန်​​တော်​တို့ မ​ပေါင်းဖက်​ကရလည်း
ဒီတစ်​သက်​လုံး အိမ်​​ထောင်​မပြုပါဘူး
အရင်​လိုပဲ ဆက်​​နေပါ့မယ်​ "

Kyungsoo ရဲဝင့်​စွာ​ပြောသည်
ဘယ်​လိုနည်းနဲ့မှ​တော့ လက်​မထပ်​နိုင်

"မရဘူး .. မင်းတို့ ဆက်​ဆံ​ရေးကို
သိ​နေမှ​တော့ အရင်​လို လွှတ်​ထားဖို့ဆိုတာ
မဖြစ်​နိုင်​ဘူး "

"ဦး "

"Appa "

"ဦး နဲ့ Appa .. NiNi ​သေတာကို
မြင်​ချင်​ရင်​ အဲ့လိုဆက်​လုပ်​လိုက်​ပါ "

..ဟုဆိုကာ အိပ်​ခန်းထဲကိုသာ
ဝင်​သွားသည်​ ..

"NiNi မရှိရင်​ Do Kyung Soo လည်း
အသက်​ရှိမှာ မဟုတ်​ပါဘူး ..
ကျန်​တာ​တော့ Appa တို့ Omma တို့
စိတ်​ကြိုက်​သာစီစဉ်​ကြပါ ..
ကျွန်​​တော်​ အလုပ်​သွားရဦးမယ်​ "

မိဘများ ဘာစကားမှ ပြန်​မ​ပြောမိ ..
အ​ခြေအ​​နေက အ​တော်​​လေး တင်းမာ​နေ
ပြီကိုး ...
တခါမှ မိဘ စကားမပယ်​ရှားဖူးတဲ့
Kyungsoo က​တောင်​ ယုံကြည်​မှု
အပြည့်​နှင့်​​ပြောသွားသည်​​လေ...

_____________TBC____________


ပြီးပြည့်စုံသော ... နာမ်စား { Completed }Where stories live. Discover now