အခုတလော Suho မကျေမနပ်ဖြစ်နေတာ
တစ်ခုရှိတယ်...။
အိမ်သန့်ရှင်းရေးကို...ဂျင်ကလည်တွေ ဘယ်သူ
မှ မလုပ်...၊မေ့ပီးတော့လဲမလုပ်...အိပ်မက်က
ထယောင်လို့လဲမလုပ်...။
အချိန်တန် အိမ်ကြီးက သူ့အလိုလိုသန့်ရှင်းသွား
တော့မယ့်အထာနဲ့...။
သန့်ရှင်းရေးလုပ်ခိုင်းတော့လဲ...ကြက်ဥကနေ
ကြက်ကလေးတွေပေါက်ပြီး...ကြက်ဖကြီးတွေ
ဖြစ်လာတဲ့အချိန်ကျရင် လုပ်ပါမယ်လို့ ပြောတဲ့
သူနဲ့....တစ်အိမ်လုံးကို Iron Manပုံစံတွေ
အလှဆင်ထားရင်.သန့်ရှင်းချင်စိတ်ပေါ်ချင်
ပေါ်လာနိုင်တယ်လို့ပြောတဲ့သူနဲ့....၊
အဆိုးဆုံးက ဟိုအရပ်အရှည်ကြီးနဲ့ Kris...
တည်တည်ငြိမ်ငြိမ်ပုံစံနဲ့မို့.သူက အငယ်တွေကို
ထိန်းမလားမှတ်တယ်...၊
"သန့်ရှင်းရေးလား?ငါ Galaxy ကနေ ပြန်လာ
ရင် လုပ်မှာပေါ့ကွာ..."တဲ့...။
သူကတောင် အဲ့လိုပြောနေမှတော့...
ဟိုငမွှေတွေက ဘယ်သန့်ရှင်းရေးလုပ်တော့မှာ
လဲ...။
သူတို့11ယောက်...အိမ်သန့်ရှင်းရေးလေးလုပ်
ဖြစ်စေမယ့် နည်းလမ်းလေးများ ရှိရောရှိပါ့
မလား...။
အကြိတ်အနယ်ထိုင်စဉ်းစားနေတုန်းရှိသေး
တယ်...Baekhyunတစ်ယောက် အူယားဖား
ယားပြေးလာပြီး...အနားမှာ လာရပ်တယ်...။
လူက ပိစိလေးကို...၀တ်ထားတာ ဘောင်းဘီတို
အပွကြီးနဲ့ဆိုတော့...ကြည့်ရတာ ကိုးလိုးကန့်
လန့်...။
နဂိုကမှ လူက စိတ်ပျက်လက်ပျက်ဖြစ်နေရတဲ့
အထဲ...ဘယ်လိုကြီးပြေးချလာတယ်မသိ...။
လက်ကို ခါပြလိုက်ရင်း...တဆက်တည်းလဲ
Baekhyunကို တွန်းထုတ်လိုက်ကာ...
"သွားသွား....ဝေးဝေးမှာသွားနေစမ်းပါ အမောင် Baekရယ်...၊
အနား ဘာလာလုပ်တာလဲ..."
"အာလူးလာပြုတ်တာ..."
"ဘာရယ်...???"
"ဒီမှာလေ ခေါင်းကနေ မီးတွေတောက်နေလို့
အာလူးလာပြုတ်တာ..."
Suho စဉ်းစားလွန်းနေတာကို တမင်ရွဲ့ပြီး
လာပြောနေတာ....။ကြည့်လိုက်တော့လဲ
Baekhyunလက်ထဲမှာ တကယ်အာလူးသီး
ကြီးနဲ့...။
အံ့လဲအံ့ပါရဲ့...အာလူးသီးကိုပြေးကိုယူလာသေး
တာ...။
"သွားစမ်းဟာ!!!"
ငေါက်ထုတ်တာတောင် ချက်ချင်းထွက်မသွား။
အာလူးသီးကြီးကို Suho ခေါင်းပေါ် လေထဲက
နေ...ကင်နေသလို လှည့်ပြနေတာ...၊
အမယ်.ပါးစပ်ကလဲ တဂျီဂျီအသံထွက်လို့...။
"ငါ ရိုက်ထုတ်လိုက်ရ!!!"
နံဘေးက စာအုပ်နဲ့ကောက်ရွယ်တော့မှပဲ
တဟိဟိရယ်ရင်း အနားကနေပြေးထွက်သွား
တယ်...။
သက်ပြင်းကြီးကို အကြီးကြီးချရင်း ဆက်စဉ်းစား
နေခိုက်...အိမ်ပေါ်ထပ်ကနေ ကိုရွှေChen
ဆင်းလာတယ်...။
Suho...ဒီနေ့ ကံဆိုးနေတယ်ထင်ရတယ်...၊
တွေ့လိုက်မှဖြင့် အမွှေတွေချည်း...၊ဒါတောင်
ဟို Park Chanyeolက ဘယ်ပျောက်နေတယ်
မသိ...။
အမလေး..ဖွဖွ...ယောင်ပြီးတောင် မတွေးလိုက်
ပါနဲ့...Kim Jun Myeonရယ်...၊
တော်ကြာ သူ့နာမည်လေးတွေးနေလို့
ရောက်ရာအရပ်ကနေ အနားရောက်လာမှဖြင့်။
Suho ကြောက်အားကြီးစွာ ခေါင်းခါယမ်းလိုက်
တော့...မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေပြီဖြစ်တဲ့
Chenက မျက်လုံးပြူးလေးနဲ့ လှမ်းကြည့်လာ
တယ်...။
Suho မျက်လုံးထောင့်က မြင်လိုက်ရပေမယ့်
တမင် မမြင်ချင်ယောင်ကိုဆောင်ပစ်လိုက်
တယ်...။သူတို့နဲ့ စကားစရမှာများ ကြောက်လွန်း
လို့...။
Suho...သူ့ကို ကြည့်မနေမှန်းသိတော့
Chen သက်ပြင်းချပြတယ်...။
ဟင့်အင်း...Suhoတို့ လှည့်မကြည့်...။
ပထမအခေါက်ထက် ပိုကျယ်အောင်သက်ပြင်း
ချပြပြန်တယ်...။
ဟေ့အေး...လှမ်းကြည့်ရအောင် တို့ကလူမိုက်မို့
လို့လားလို့ Suho တွေးလိုက်မိတယ်...။
နောက်...တတိယအကြိမ် ပိုကျယ်တဲ့သက်ပြင်း
ချတော့မယ့်ဟန်နဲ့....Chen လေတွေကို
တစ်ဝကြီးရှူသွင်းလိုက်တယ်...။
ဒီပုံအတိုင်းသာဆို.ရပ်ကွက်ထဲက လူတွေက
ဒီအိမ်မှာ ဝေလငါးကြီးရောက်နေတယ်ထင်ရတဲ့
အထိ...
Suho မကြည့်မချင်း...Chen သက်ပြင်းတွေကို
ချပြနေမည်ထင်...။
"ဟိုး...ဟိုး...stop...ဘာဖြစ်တာလဲ..."
ထိုတော့မှ ဟီးခနဲတစ်ချက်လှမ်းရယ်ပြတယ်။
ပြီး...ချက်ချင်း မျက်နှာလေး မှိုင်ပြလာပြီး...
"ပျင်းနေလို့...."
အဲ့တော့...တူတူပုန်းတမ်းကစားပေးရမှာလားလို့
စိတ်ပေါက်ပေါက်နဲ့ Suho ပြန်မေးမိမလိုတောင်
ဖြစ်သွားတယ်...။
"ပျင်းနေရင် အိမ်သန့်ရှင်းရေးလေး ဘာလေး
လုပ်ပါလား...."
"အို.လုပ်စရာလား..."
သန့်ရှင်းရေးဆိုတဲ့အသံလဲကြားရော....တရုတ်
ကားတွေထဲက နှစ်ရှည်လများ ရန်ညှိုးရန်စရှိနေ
တဲ့သူတစ်ယောက်ကို တွေ့လိုက်ရတဲ့အလား...
အလိုလို ခွန်းတုံ့ပြန်တယ်...။
အမယ်....မာန်တည်တည်နဲ့ လက်ကိုချက်ချင်း
ပိုက်....ခါးကို မတ်...မျက်စောင်းကိုထိုးရင်း...
မျက်နှာက လွှဲသွားသေး...။
"ဘယ်လိုကြောင့် သန့်ရှင်းရေးကို အဲ့လောက်
ခါးခါးသီးသီးဖြစ်နေတာတုန်း....
တစ်အိမ်လုံးရှုပ်ပွနေတာ မမြင်ဖူးလား...."
"ကျွန်တော်တို့ သန့်ရှင်းရေးမလုပ်တာ အကြောင်းရှိတယ်...အိမ်က တအားသန့်ရှင်း
သပ်ရပ်နေရင်....တောက်တောက်ပြောင်ပြောင်
ဖြစ်နေလို့.မိုးရွာတဲ့အခါ....မိုးကြိုးပစ်ခံရနိုင်ချေ
ရှိတယ်လေ....၊
ဒီလို ညစ်ပတ်ရှုပ်ပွနေမှ မိုးကြိုးက မမြင်မှာ...
မိုးကြိုးလွှဲလို့ ခေါ်တယ်....မိုးကြိုးလွှဲ...
မိုးကြိုးလွှဲ....."
Suho ဘာဆက်ပြောရမည်ပင်မသိတော့...။
မသိရင် မိုးကြိုးလွှဲတပ်ပေးသလိုဖြစ်နေတာကို
ပင်..ကျေးဇူးတင်ရတော့မယ့်ပုံ...။
အကြီးအကျယ် နာကြည်းနေဟန်ဖြင့်.
မျက်နှာလွှဲနေသော Chenကို စားပွဲပေါ်က
ကြွေပန်းအိုးလေးနှင့် Suho ကောက်ထုပစ်ချင်
စိတ်တောင်ပေါ်လာသည်...။
ထိုအခိုက် လေလေးတချွန်ချွန်ဖြင့်...
ဘယ်ဆီဘယ်ဝယ်ကပြန်လာမှန်းမသိသော
Luhanက Suho နံဘေးတွင် လာထိုင်ကာ...
"ဘာမုန့်တွေ ၀ယ်စားဖို့ တိုင်ပင်နေကြတာလဲ
ဟင်..."
တောက်ပနေတဲ့ မျက်ဝန်းလေးတွေနဲ့...
ပြုံးရယ်မေးလာတဲ့ Luhan အမေးမှာ...
Suho ရယ်ရအခက်.ငိုရအခက်ဖြစ်သွားရသည်။
"ဘာမှဝယ်မစားဘူး...
အိမ်သန့်ရှင်းရေး.........ရေး...."
"ဟောဗျာ....
အခုမှ သတိရတယ်...
အခန်းထဲက ပြက္ခဒိန် တစ်ရွက်လှန်ဖို့မေ့နေတာ
ပဲ....ကြည့်စမ်း...."
သူ့နဖူးသူ ဖတ်ခနဲရိုက်ကာ....ရူးချင်ယောင်ဆောင်ပြီး....လေလိုလျင်မြန်တဲ့ အလျင်နဲ့
ထပြေးကာ...အပေါ်ထပ်ကိုပြေးတက်သွားတဲ့
Luhanကို မေးလိုက်ချင်တာက...
သူတို့အခန်းထဲမှာ ပြက္ခဒိန်ရော ရှိရဲ့လားလို့...။
သူကိုယ်တိုင်တောင် ရက်စွဲသိချင်ရင်
စာမေးပွဲခန်းထဲရောက်မှ အခန်းစောင့်ဆရာကို
မေးတတ်တဲ့သူက....။
အခုမှ ကြီးကြီးကျယ်ကျယ် ပြက္ခဒိန် ရက်လှန်
ရဦးမတဲ့...၊လကုန်ရက်လဲမဟုတ်...။
ဒီလိုဆိုရင်တော့ မဖြစ်တော့ပါ...။
ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ
Suho...အားလုံးဆီကို SMSတွေပို့လိုက်ရ
တော့သည်...။
* ညနေ လူစုပါ....ပြောစရာရှိတယ် *
::::::::::::::::::::::::: JGL :::::::::::::::::::::::::
*TBC
ဒီဟာလေးဘက် ပြန်လှည့်ခဲ့ပီလေ....။
ကျွန်တော့်အားဆေးလေးတွေကိုတော့
အမြဲတောင့်တလျက်...။
အားလုံးကို ချစ်ခင်လေးစားခင်မင်ခြင်းများစွာ
ဖြင့်.........