The First Dance [Completed]

By YaminMato

14.4K 1.3K 65

BTS fanfic (short) Main:: Min Yoongi x Haneul (OC) Supporting:: Jimin x Sojin (OC), JungKook x ShinAh (OC) Ta... More

Part (1)
Part (2)
Part (3)
Part (4)
Part (6)
Part (7)
Part (8)
Part (9)
Part (10) - Final

Part (5)

1K 113 5
By YaminMato

[Unicode]

တစ်နေ့ ShinAh နဲ့ Haneul တို့ နှစ်ယောက် Hoseok အကြောင်း ပြောဖြစ်ကြတယ်...

ShinAh: "ဟဲ့ သိလား... ဟိုနေ့က Hoseok က ငါ့ကို ရုပ်ရှင် အတူတူ သွားကြည့်ဖို့ ခေါ်နေတယ်... အဲ့ဒါ ငါ ဘယ်လို ပြန်ပြောရမလဲ?"

Haneul: "မိန်းမရယ်... စွံချက်!!! Jungkook က dinner ခေါ်လိုက်... Hoseok က ရုပ်ရှင်ကြည့်ဖို့ ခေါ်လိုက်နဲ့... နင်လည်း တော်တော် ရွေးရခက်နေ ဦးမယ်... လောဘတွေ ကြီးပြီး... ဟွန့်..."

ShinAh: "ငါတကယ်က ဘယ်သူ့ကြိုက်လဲ နင်သိပါတယ်... ဒါပေမယ့် Jungkook ကိုပဲ စောင့်နေလို့ကတော့ အပျိုကြီး ဖြစ်မှာပဲ..."

Haneul: "အဲ့တော့ conclusion က Hoseok နဲ့ ရုပ်ရှင်သွားကြည့်မယ်ပေါ့..."

ShinAh: "အင်း... သွားရင် ကောင်းမလားလို့... ဒါပေမယ့် ငါသူ့ကို စိတ်မဝင်စားပဲ သွားရင် မျှော်လင့်ချက်တွေပေးရာ ကျနေမလား?"

Haneul: "ဒါပေါ့ဟ... နင် သူ့ကို လက်မခံနိုင်ပဲ date သွားသလို ဖြစ်နေမှာပေါ့... ငြင်းလိုက်ပါလား?"

ShinAh: "မငြင်းရက်ဘူး... အားနာတယ်..."

Haneul: "ဒါဆို date လည်းမဖြစ်အောင် ငြင်းစရာလည်း မလိုတော့အောင် single သူငယ်ချင်း တစ်ယောက်ယောက် ခေါ်သွားလေ... နင်သူနဲ့လည်း မိတ်ဆက် ပေးလို့ရတာပေါ့..."

ShinAh: " အေးအေး... အဲ့အကြံ မဆိုးဘူး... အိုခေ!! အဲ့လို လုပ်လိုက်မယ်..."

ဒီလိုနဲ့ပဲ ShinAh တစ်ယောက် သူ့သူငယ်ချင်း ကောင်မလေး တစ်ယောက်ကိုခေါ်ပြီး Hoseok နဲ့ ရုပ်ရှင်သွားကြည့်ကြတယ်...

ဒါပေမယ့် ထင်ထားသလို အဆင်မပြေဘူး... သူခေါ်လာတဲ့ ကောင်မလေးကို Hoseok က နည်းနည်းလေးမှ စိတ်မဝင်စားဘူး...

ဖြစ်ချင်တော့ သူတို့သုံးယောက် ရုပ်ရှင် ကြည့်အပြီး ညစာစားဖို့ အသွားမှာ Jungkook နဲ့ သွားတွေ့တယ်... Jungkook က သူ့ သူငယ်ချင်းတွေနဲ့ သူ hangout လုပ်နေတာ...

တော်သေးတာပေါ့... Hoseok နဲ့ ShinAh နှစ်ယောက်တည်း မဟုတ်လို့.... နောက်ထပ် မိန်းခလေး တစ်ယောက်ပါလာလို့ပဲ... အခုအချိန် ShinAh တစ်ယောက် သူငယ်ချင်း ခေါ်သွားဖို့ အကြံပေးတဲ့ Haneul ကို ကျေးဇူးတင် နေမိတော့တယ်...

မဟုတ်ရင် Jungkook အထင်လွဲ သွားနိုင်ဖွယ် ရှိတယ်... သူတို့နှစ်ယောက် ရှေ့ဆက်ဖို့တောင် လမ်းရှိချင်မှ ရှိတော့မှာ... အခုတောင် Jungkook မျက်နှာကြီးက ပုပ်သိုးနေတာ...

~~~~~~~~~~

သူတို့ ကုန်ပဏီမှာ တစ်နှစ်မှ တစ်ခါ ကျင်းပတဲ့ ကုန်ပဏီ နှစ်ကုန် ညစာစားပွဲ Dinner & Dance နဲ့ နီးလာပြီ... ဒီပွဲနဲ့ ဆိုင်တဲ့ သတင်း တစ်ခုကို မျက်စိပိတ် နားပိတ် ဘာမှ မသိတဲ့ Yoongi အတွက် Jimin က သယ်ဆောင်လာတယ်...

Jimin: "ဒီနှစ် ပွဲအတွက် performance လုပ်ရမယ့် ဝန်ထမ်းစာရင်းထွက် ပြီဟေ့ရောင်..."

Yoongi: "အဲ့တော့?!"

စိတ်မဝင်စားပုံများ ပြန်မေးတာ စကားပြောနေတဲ့ Jimin ဘက်တောင် လှည့်မကြည့်ဘူး...

Jimin: "အဲ့ဒါ ငါပါတယ်..."

Yoongi: "ဟုတ်လား... congratz!!"

အခုထိလည်း မကြည့်သေးဘူး... ကွန်ပြူတာကြီးကို ကြည့်ပြီး အလုပ်လုပ်နေရင်း လှမ်းပြောနေတာ...

Jimin: "ငါတို့ performance အဖွဲ့ထဲ ဘယ်သူတွေ ပါသေးလဲ မသိချင်ဘူးလား?"

Yoongi: "မသိချင်ပါဘူးကွာ... ရှုပ်ရှုပ် ရှက်ရှက်တွေ... ငါက အဲ့ ပွဲကို သွားချင်မှတောင် သွားမှာ..."

Jimin: "ဟုတ်လား? ဒါဆို အိုခေလေ... အစက Haneul ပါတဲ့ အကြောင်း ပြောမလို့... ဒါပေမယ့် မင်းက မသိချင်ဘူး ဆိုတော့လည်း~..."

အခုမှ Yoongi တစ်ယောက် ချက်ချင်း ထိုင်ခုံပေါ်မှာ မတ်မတ်ထ ထိုင်လိုက်ပြီး စကားပြောနေတဲ့ Jimin ဘက်ကို လှည့်ကြည့်တာ...

Yoongi: " ပြော... ပြော ဟေ့ရောင်... Haneul ပါတယ် ဟုတ်လား?"

Jimin: "မင်းပဲ မသိချင်ဘူးဆို?!!"

Yoongi: " ပြောစမ်းပါကွာ... နောက် ဘယ်သူတွေ ပါသေးလဲ?"

Jimin: "ငါရယ်... Haneul ရယ်... နောက်ပြီးတော့ ShinAh, Jungkook, HoSeok, Taehyung နဲ့ Minji ဆိုတဲ့ ငါတို့ မသိတဲ့ ကောင်မလေး တစ်ယောက်... အသစ်တဲ့..."

Yoongi: "aishhh... ငါစိတ်ပူတာ အဲ့ဒါပဲ..."

Jimin: "ဟမ်? ကောင်မလေး အသစ်ကိုလား? ဘာလို့?"

Yoongi: "အာာာ... မဟုတ်ပါဘူး... Taehyung... အဲ့ကောင်က Haneul ကို အမြဲ လိုက်စ လိုက်နောက် နေကျ... ငါ သိပ် ကြည့်ရတာ မဟုတ်ဘူး..."

Jimin: "မင်း သူ့အကြောင်းလဲ သိရဲ့သားနဲ့ သူက မိန်းခလေးတိုင်းကို ဒီလိုပဲဟာ... ပြီးတော့လည်း ဘာမှ ဟုတ်တာလည်း မဟုတ်ပါဘူး..."

Yoongi: " ပြသနာက အဲ့ဒီမှာပဲ... မိန်းခလေးတိုင်း ကို ဒီလိုစတာ နောက်တာနဲ့ Haneul ကိုပါ အဲ့လို အရောဝင်စရာလား? Haneul ကတခြား မိန်းခလေးတွေနဲ့ တူလို့လား ကဲပြော..."

အဖိုးကြီး တစ်ယောက်လို မကျေမချမ်းနဲ့ တစ်ဗျစ်တောက်တောက် ပြောနေတဲ့ Yoongi ကို အမြင်ကတ် လာတာနဲ့...

Jimin: " အေး... မင်းရဲ့ Taehyung လို ငပေါက လွဲပြီး ဘယ်သူမှ အနားမကပ်ရဲတဲ့ Haneul ကိုတောင် ဒီလောက် ဖြစ်နေတာ... ငါ့ဘဝကိုလည်း စာနာကြည့်ဦး... တစ်နေ့တစ်နေ့ Sojin နား ကောင်လေးတွေ ဝဲနေတာ မင်းလို complain တက်နေရရင် ငါလည်း မောသေ လောက်တယ်..."

Yoongi: "အဲ့ဒါက မတူဘူးလေကွာ..."

Jimin: "ဘာ မတူရမှာလဲ... တူတူပဲ..."

Yoongi: "ဒါနဲ့ Sojin ကရော performance ထဲ မပါဘူးလား?"

Jimin: "မပါဘူး... သူက organizer အဖွဲ့ထဲက..."

Yoongi: " အော် အော်..."

Jimin: "ခဏနေရင် ပွဲမတက်တဲ့ သူတွေ စာရင်းသွားပေး ရမှာ... ငါမင်းနာမည် ထည့်လိုက်မယ်နော်... လမ်းကြုံတယ်..."

Yoongi: "Yahh yahh... မပေးနဲ့... ငါ သွားမှာ..."

Jimin: "ဟားဟားဟား... ထင် သားပဲ..."

~~~~~~~~~~

to be continued...

BTS Fanfic by

Yamin Ohmar

=============================

[Zawgyi]

တစ္ေန႔ ShinAh နဲ႔ Haneul တို႔ ႏွစ္ေယာက္ Hoseok အေၾကာင္း ေျပာျဖစ္ၾကတယ္...

ShinAh: "ဟဲ့ သိလား... ဟိုေန႔က Hoseok က ငါ့ကို ႐ုပ္ရွင္ အတူတူ သြားၾကည့္ဖို႔ ေခၚေနတယ္... အဲ့ဒါ ငါ ဘယ္လို ျပန္ေျပာရမလဲ?"

Haneul: "မိန္းမရယ္... စြံခ်က္!!! Jungkook က dinner ေခၚလိုက္... Hoseok က ႐ုပ္ရွင္ၾကည့္ဖို႔ ေခၚလိုက္နဲ႔... နင္လည္း ေတာ္ေတာ္ ေရြးရခက္ေန ဦးမယ္... ေလာဘေတြ ႀကီးၿပီး... ဟြန္႔..."

ShinAh: "ငါတကယ္က ဘယ္သူ႔ႀကိဳက္လဲ နင္သိပါတယ္... ဒါေပမယ့္ Jungkook ကိုပဲ ေစာင့္ေနလို႔ကေတာ့ အပ်ိဳႀကီး ျဖစ္မွာပဲ..."

Haneul: "အဲ့ေတာ့ conclusion က Hoseok နဲ႔ ႐ုပ္ရွင္သြားၾကည့္မယ္ေပါ့..."

ShinAh: "အင္း... သြားရင္ ေကာင္းမလားလို႔... ဒါေပမယ့္ ငါသူ႔ကို စိတ္မဝင္စားပဲ သြားရင္ ေမွ်ာ္လင့္ခ်က္ေတြေပးရာ က်ေနမလား?"

Haneul: "ဒါေပါ့ဟ... နင္ သူ႔ကို လက္မခံႏိုင္ပဲ date သြားသလို ျဖစ္ေနမွာေပါ့... ျငင္းလိုက္ပါလား?"

ShinAh: "မျငင္းရက္ဘူး... အားနာတယ္..."

Haneul: "ဒါဆို date လည္းမျဖစ္ေအာင္ ျငင္းစရာလည္း မလိုေတာ့ေအာင္ single သူငယ္ခ်င္း တစ္ေယာက္ေယာက္ ေခၚသြားေလ... နင္သူနဲ႔လည္း မိတ္ဆက္ ေပးလို႔ရတာေပါ့..."

ShinAh: " ေအးေအး... အဲ့အၾကံ မဆိုးဘူး... အိုေခ!! အဲ့လို လုပ္လိုက္မယ္..."

ဒီလိုနဲ႔ပဲ ShinAh တစ္ေယာက္ သူ႔သူငယ္ခ်င္း ေကာင္မေလး တစ္ေယာက္ကိုေခၚၿပီး Hoseok နဲ႔ ႐ုပ္ရွင္သြားၾကည့္ၾကတယ္...

ဒါေပမယ့္ ထင္ထားသလို အဆင္မေျပဘူး... သူေခၚလာတဲ့ ေကာင္မေလးကို Hoseok က နည္းနည္းေလးမွ စိတ္မဝင္စားဘူး...

ျဖစ္ခ်င္ေတာ့ သူတို႔သံုးေယာက္ ႐ုပ္ရွင္ ၾကည့္အၿပီး ညစာစားဖို႔ အသြားမွာ Jungkook နဲ႔ သြားေတြ႕တယ္... Jungkook က သူ႔ သူငယ္ခ်င္းေတြနဲ႔ သူ hangout လုပ္ေနတာ...

ေတာ္ေသးတာေပါ့... Hoseok နဲ႔ ShinAh ႏွစ္ေယာက္တည္း မဟုတ္လို႔.... ေနာက္ထပ္ မိန္းခေလး တစ္ေယာက္ပါလာလို႔ပဲ... အခုအခ်ိန္ ShinAh တစ္ေယာက္ သူငယ္ခ်င္း ေခၚသြားဖို႔ အၾကံေပးတဲ့ Haneul ကို ေက်းဇူးတင္ ေနမိေတာ့တယ္...

မဟုတ္ရင္ Jungkook အထင္လြဲ သြားႏိုင္ဖြယ္ ရွိတယ္... သူတို႔ႏွစ္ေယာက္ ေရွ႕ဆက္ဖို႔ေတာင္ လမ္းရွိခ်င္မွ ရွိေတာ့မွာ... အခုေတာင္ Jungkook မ်က္ႏွာႀကီးက ပုပ္သိုးေနတာ...

~~~~~~~~~~

သူတို႔ ကုန္ပဏီမွာ တစ္ႏွစ္မွ တစ္ခါ က်င္းပတဲ့ ကုန္ပဏီ ႏွစ္ကုန္ ညစာစားပြဲ Dinner & Dance နဲ႔ နီးလာၿပီ... ဒီပြဲနဲ႔ ဆိုင္တဲ့ သတင္း တစ္ခုကို မ်က္စိပိတ္ နားပိတ္ ဘာမွ မသိတဲ့ Yoongi အတြက္ Jimin က သယ္ေဆာင္လာတယ္...

Jimin: "ဒီႏွစ္ ပြဲအတြက္ performance လုပ္ရမယ့္ ဝန္ထမ္းစာရင္းထြက္ ၿပီေဟ့ေရာင္..."

Yoongi: "အဲ့ေတာ့?!"

စိတ္မဝင္စားပံုမ်ား ျပန္ေမးတာ စကားေျပာေနတဲ့ Jimin ဘက္ေတာင္ လွည့္မၾကည့္ဘူး...

Jimin: "အဲ့ဒါ ငါပါတယ္..."

Yoongi: "ဟုတ္လား... congratz!!"

အခုထိလည္း မၾကည့္ေသးဘူး... ကြန္ျပဴတာႀကီးကို ၾကည့္ၿပီး အလုပ္လုပ္ေနရင္း လွမ္းေျပာေနတာ...

Jimin: "ငါတို႔ performance အဖြဲ႕ထဲ ဘယ္သူေတြ ပါေသးလဲ မသိခ်င္ဘူးလား?"

Yoongi: "မသိခ်င္ပါဘူးကြာ... ရႈပ္ရႈပ္ ရွက္ရွက္ေတြ... ငါက အဲ့ ပြဲကို သြားခ်င္မွေတာင္ သြားမွာ..."

Jimin: "ဟုတ္လား? ဒါဆို အိုေခေလ... အစက Haneul ပါတဲ့ အေၾကာင္း ေျပာမလို႔... ဒါေပမယ့္ မင္းက မသိခ်င္ဘူး ဆိုေတာ့လည္း~..."

အခုမွ Yoongi တစ္ေယာက္ ခ်က္ခ်င္း ထိုင္ခံုေပၚမွာ မတ္မတ္ထ ထိုင္လိုက္ၿပီး စကားေျပာေနတဲ့ Jimin ဘက္ကို လွည့္ၾကည့္တာ...

Yoongi: " ေျပာ... ေျပာ ေဟ့ေရာင္... Haneul ပါတယ္ ဟုတ္လား?"

Jimin: "မင္းပဲ မသိခ်င္ဘူးဆို?!!"

Yoongi: " ေျပာစမ္းပါကြာ... ေနာက္ ဘယ္သူေတြ ပါေသးလဲ?"

Jimin: "ငါရယ္... Haneul ရယ္... ေနာက္ၿပီးေတာ့ ShinAh, Jungkook, HoSeok, Taehyung နဲ႔ Minji ဆိုတဲ့ ငါတို႔ မသိတဲ့ ေကာင္မေလး တစ္ေယာက္... အသစ္တဲ့..."

Yoongi: "aishhh... ငါစိတ္ပူတာ အဲ့ဒါပဲ..."

Jimin: "ဟမ္? ေကာင္မေလး အသစ္ကိုလား? ဘာလို႔?"

Yoongi: "အာာာ... မဟုတ္ပါဘူး... Taehyung... အဲ့ေကာင္က Haneul ကို အၿမဲ လိုက္စ လိုက္ေနာက္ ေနက်... ငါ သိပ္ ၾကည့္ရတာ မဟုတ္ဘူး..."

Jimin: "မင္း သူ႔အေၾကာင္းလဲ သိရဲ႕သားနဲ႔ သူက မိန္းခေလးတိုင္းကို ဒီလိုပဲဟာ... ၿပီးေတာ့လည္း ဘာမွ ဟုတ္တာလည္း မဟုတ္ပါဘူး..."

Yoongi: " ျပသနာက အဲ့ဒီမွာပဲ... မိန္းခေလးတိုင္း ကို ဒီလိုစတာ ေနာက္တာနဲ႔ Haneul ကိုပါ အဲ့လို အေရာဝင္စရာလား? Haneul ကတျခား မိန္းခေလးေတြနဲ႔ တူလို႔လား ကဲေျပာ..."

အဖိုးႀကီး တစ္ေယာက္လို မေက်မခ်မ္းနဲ႔ တစ္ဗ်စ္ေတာက္ေတာက္ ေျပာေနတဲ့ Yoongi ကို အျမင္ကတ္ လာတာနဲ႔...

Jimin: " ေအး... မင္းရဲ႕ Taehyung လို ငေပါက လြဲၿပီး ဘယ္သူမွ အနားမကပ္ရဲတဲ့ Haneul ကိုေတာင္ ဒီေလာက္ ျဖစ္ေနတာ... ငါ့ဘဝကိုလည္း စာနာၾကည့္ဦး... တစ္ေန႔တစ္ေန႔ Sojin နား ေကာင္ေလးေတြ ဝဲေနတာ မင္းလို complain တက္ေနရရင္ ငါလည္း ေမာေသ ေလာက္တယ္..."

Yoongi: "အဲ့ဒါက မတူဘူးေလကြာ..."

Jimin: "ဘာ မတူရမွာလဲ... တူတူပဲ..."

Yoongi: "ဒါနဲ႔ Sojin ကေရာ performance ထဲ မပါဘူးလား?"

Jimin: "မပါဘူး... သူက organizer အဖြဲ႕ထဲက..."

Yoongi: " ေအာ္ ေအာ္..."

Jimin: "ခဏေနရင္ ပြဲမတက္တဲ့ သူေတြ စာရင္းသြားေပး ရမွာ... ငါမင္းနာမည္ ထည့္လိုက္မယ္ေနာ္... လမ္းၾကံဳတယ္..."

Yoongi: "Yahh yahh... မေပးနဲ႔... ငါ သြားမွာ..."

Jimin: "ဟားဟားဟား... ထင္ သားပဲ..."

~~~~~~~~~~

to be continued...

BTS Fanfic by

Yamin Ohmar

Continue Reading

You'll Also Like

16.9M 624K 45
In which a girl hides a big secret behind those nerd glasses. Credits for the cover goes to @Jiminfication :D Highest rank: #2 in fanfiction (10/30/1...
31.2M 1.2M 49
"Screw the rules. I want you, Kim Y/N." THIS FIC WAS MADE INTO CLICKBAIT FOR A YOUTUBE VIDEO COMPLAINING ABOUT KOREABOOS LOLLL ITS NOT THAT BAD GIVE...
4.7M 196K 101
Camilo Madrigal. His nerve. His self-obsessed smirk. You wanted nothing to do with him after what he did. But maybe there's something beneath that sm...
5.2M 325K 51
"You were supposed to be a bath bomb!" "Well turns out its your lucky day, sweetheart, cause you just got something ten times better: me." ➴➵➶➴➵➶➴➵➶➴...