My Baby Baekhyunne(Completed)
By YeolliesSakura
322K 27K 1.1K
If the sun were to rise in the west,my love would be unchanged forever.you will always have a special place i... More
Intro
Ep~1
Ep~2
Ep~3
Ep~4
Ep~5
Ep~6
Ep~7
Ep~8
Ep~9
Ep~10
Ep~11
Ep~12
Ep~13
Ep~14
Ep~15
Ep~16
Ep~17
Ep~18
Ep~19
Ep~20
Ep~21
Ep~22
Ep~23
Ep~25
Ep~26
ချစ်သော ပင်လယ်ပြာ
Ep~27
Ep~28
Ep~ 29
Final
Ep~24
6.9K 699 40
By YeolliesSakura
3 Years Later
"Hyung...နောက်နေ့ကျရင် Seoul အနှံ့
လျှောက်လည်ခွင့်ပေးရမယ်နော်.."
"Aigoo..တစ်ရက်လေးတော့နား
မှပေါ့..တစ်လတောင်အချိန်ရှိသေးတာကို.."
ကိုရီယားကိုခဏတာသာပြန်လာခဲ့တာ..
အလုပ်ကြောင့်ပေါ့..တစ်လပြီရင် US ကိုသာ
ပြန်မှာ..
"အာ..Hyung ကလည်း..~"
သူ့ညီရဲ့ချွဲပစ်ပစ်ပြောနေသောရုံးပတေသီး
အသံကိုမတွန်းလှန်နိုင်ပါ..
"Okiee..okiee..As You wish..
Baby.."
"Yay...You are the Best Hyung.."
ဒီကလေးလေးရဲ့ရောဂါတွေပျောက်သွားတဲ့
အတွက် Suho လည်းအတော်ပင်စိတ်ချမ်း
သာရတယ်...
ဒါပေမယ့် Baekhyun ကတော့ကလေးဆန်
စွာချွဲပြီးချစ်ဖို့ကောင်းတတ်သောအကျင့်လေး
တွေကမပြောင်းလဲ...
သူ့ညီလေးနဲ့သူဒီလိုနေရတာနဲ့တင်ပျော်ပါ
တယ်...
"Hey guys..ဘာတွေလုပ်နေကြတာလဲ.."
"May...!"
Baekhyun ရဲ့အသံစူးစူးလေးကြောင့်
ကြည့်လိုက်တော့ အညိုရောင်ဆံပင်ကုတ်ဝဲ
လေးနဲ့ မျက်လုံးမှေးမှေးလေးနဲ့ကောင်မလေး.
May...Suho ရဲ့ညီမအရင်းလိုရင်းနှီးရပြီး
လုပ်ဖော်ကိုင်ဖက်ဆိုလည်းမမှားပေ...
တရုတ် အမေရိကန်ကပြားအဆက်လေး..
ကိုရီးယားစကားကိုလည်းမွေးရပ်မြေစကား
ပမာကျွမ်းကျွမ်းကျင်ကျင်ပြောတတ်၏..
Baekhyun ထက်အနည်းငယ်အသက်ကြီး
ပေမယ့် Baekhyun အတွက်တော့သူငယ်
ချင်း...Suho ကိုချွဲပြီးဆိုးနွဲ့ ညာစားနေကြ
တာ..Baekhyun နဲ့တစ်ဂိုဏ်းထဲ..
သုံးနှစ်ဆိုတဲ့အချိန်က သံ​ယောဇဉ်​ဖြစ်ပြီး
ရင်းနှီးသွားစေတဲ့အထိလုံလောက်တဲ့အချိန်ပါ
ပဲ...
"Byun Baekhyun..ငါလေနင့်မရှိတော့
ပျင်းနေတာ..အဲ့တာနဲ့ ဒီထိလိုက်လာတာ..
ခ်ခ်.."
"Over over...အပိုတွေ..နင့်ဟာနင်အလုပ်
ရှိလို့မဟုတ်ဘူးလားဟင်..တရုတ်မ.."
"Yah...ဘာကိစ္စအဲ့နာမည်...Noona လို့
ခေါ်.."
"ခေါ်စရာလား..နင့်လိုတရုတ်မကို..Noona
လို့..ဆုတောင်း.."
"ဘာ..ဒီကောင်စုတ်.."
အော်ဟော်...တွေ့တာနဲ့ဆော့ကြစကြလေပြီ
Baekhyun ကထွက်ပြေးကာ အနောက်က
May ဆိုတဲ့ကောင်မလေးကလိုက်နေ၏..
နောက်တော့ Suho ကို Cover လုပ်ကာ
အနောက်ကနေဝင်လိုက်ပြီး..
"ဘလက်ဘလက်..May..နင်ငါ့ကိုမထိနိုင်ပါ
ဘူး.."
"Byun Baek...နင်ဟာ.."
"ကဲကဲ..တော်ကြပါတော့..Hyung လည်း
အလုပ်လုပ်ရအုံးမယ်..May လည်းအခုမှ
ပြန်ရောက်တာဆိုတော့ပင်ပန်းနေမှာ...သွား
နားလေ.."
"Uhn..Hyung..တရုတ်မကဒီမှာပဲတည်း
မှာလား.."
Suho ရဲ့လက်မောင်းလေးကိုကိုင်ကာ
Baekhyun က မေးလာ၏..
"ဒါပေါ့...ပါပီဗြောင်ရယ်...ငါကဒီအိမ်မှာပဲနေ
မှာ..နင်ငါ့လက်ကပြေးမလွတ်ပါဘူး..ကြည့်
သာနေတော့..မိတဲ့တစ်နေ့ နင်ပြောပြောနေတဲ့ တရုတ်မရဲ့လက်သံနင်ဂျယ်လီစားသလိုစား
ရမယ်သာမှတ်..ဟွမ့်.."
ပြောကာ..ခြေဆောင့်ပြီထွက်သွားသော
ကောင်မလေးကိုကြည့်ကာ Baekhyun
အူတက်အောက်ရယ်နေသလို Suho လည်း
ရယ်မိပါရဲ့..
"Baek လေးရယ်...May ကိုအရမ်းမစ
ပါနဲ့..စိတ်စိုးသွားတယ်..ကြည့်.."
"Baek ကသူစိတ်စိုးတဲ့ပုံကိုကြည့်ရ
တာပျော်လို့....ဟိဟိ.."
ဒီကောင်လေးနှယ့်သူများစိတ်စိုးတာကိုပျော်
တယ်တဲ့...
" Mayစိတ်စိုးတဲ့ပုံလေးကလေ ချစ်စရာလေးနော်.."
"ဟင်.."
သူညီလေးအဲ့လောက်မျက်စိအရောင်တွေလဲ့
နေတာမမြင်ဖူးပါ...May ရဲ့နောက်ကျောကို
ငေးရင်းပါးစပ်ကလည်းနားရွက်ချိတ်မတက်
ဖြဲကာပြောသော Baekhyun ကြောင့် Suho တွေးမိပါရဲ့...သူ့ညီလေးအရွယ်များ
ရောက်ပြီလားလို့...
တကယ်လို့များ အရွယ်ရောက်လို့ သဘောကျ
တဲ့မိန်းကလေးကိုယူပြီးအိမ်ထောင်ပြုမယ်ဆို
လည်း သူခွင့်ပြုပေးမှာပါ...
သူ့ညီလေးရဲ့ပျော်ရွှင်မှုသည်သူ့ရဲ့ပျော်ရွှင်မှု
ပဲမို့...
Baekhyun ဆိုတဲ့ကောင်လေးသည်
စိတ်ရောဂါဆိုသောဒဏ်ရာတွေပျောက်ကွယ်
သောကြောင့်ဦးနှောက်ထဲမှဒဏ်ရာတွေနာ
ကျင်စရာမှတ်ဥာဏ်တွေမှန်သမျှမေ့သွားခဲ့
လေသည်... နှလုံးသားထဲကမန်မိုရီတွေရောပဲ
နာကျင်စွာချစ်ရတဲ့သူတစ်ယောက်ရှိခဲ့ဖူးပေ
မယ့်လည်း အခုတော့ ထိုသူကိုလုံးဝပင်အမှတ်
ရခြင်းမရှိသလို သိလည်းမသိတော့...
အခုဆို နှလုံးသားကအသစ်ဖြင့် အချစ်အသစ်
ကိုတောင်ခြေလှမ်းစနေခဲ့ပြီ...
..............................................
"Chanyeol shi..Nice to meet U
Again.."
"Omo...Mr.David Suho..မင်္ဂလာပါဗျာ
မတွေ့ရတာသုံးနှစ်တောင်ကျော်ပြီထင်တယ်."
"ဒီရှယ်ယာအစည်းအဝေးအတွက်ကြောင့်
သာကိုရီးယားခဏပြန်လာတာ..ကျတော်
ကအမေရိကန်မှာအခြေချနေတာ.."
"အာ..ဟုတ်ကဲ့ပါ..ဒါနဲ့ကျတော်တို့ကုန်ပစ္စည်း
အသစ်အတွက်အလုပ်တွေများနေတာ..
အစကကျတော်ဒီအစည်းအဝေးကို ဒါရိုက်တာချုပ်ကိုလွှတ်ဖို့ပဲ..ဒါမဲ့ကျတော်
ကိုယ်တိုင်လာဖြစ်သွားတာနဲ့..ဘာပဲဖြစ်​ဖြစ်
တွေ့ရတာဝမ်းသာပါတယ်.."
စီးပွား​ရေးသမားပီပီစကားပြောတာ ကုမ္ပဏီရဲ့
ကုန်​ပစ္စည်းအသစ်ကိုကြော်ညာနေ၏..
"အိုး...ဒါနဲ့..ဂုဏ်ပြုပါတယ်...Chanyeol
Shi က ဥက္ကဠဖြစ်သွားပီဆိုတာကျတော်
ကြားလိုက်ရပါတယ်.."
"ကျတော့်အဘိုး ဥက္ကဠကြီးကအငြိမ်းစားယူ
သွားပြီလေ...တစ်နေ့ကျတော်တို့ညစာစား
ရအောင်..ကျတော့်အိမ်ကိုညစာစားကြွပါ.."
Park Chanyeol ဆိုတာကလည်းစီးပွား
ရေးလောကတွင် Park Group ဆိုပြီး
နာမည်တစ်လုံးနဲ့ကျော်ကြားနေတာကြောင့်
Suho လည်းလက်ခံလိုက်၏..
"ကောင်းပါပြီ..ကျတော်လာခဲ့ပါမယ်..
ဒါမဲ့..ကျတော့်ညီပါခေါ်ခဲ့မယ်.."
"David Suho မှာ ညီရှိတယ်...ကျတော်မ
ကြားမိ...အာ..Sry...ကျတော်ရိုင်းသွားတယ်...စိတ်မရှိပါနဲ့.."
Suho က Chanyeol ကိုအသာပြုံးပြကာ
"ကိစ္စမရှိပါဘူး..လွန်ခဲ့တဲ့သုံးနှစ်ကမှပြန်
တွေ့တဲ့ကျတော့်ညီအရင်းပါ.."
"အော်.."
Chanyeol အော်တစ်လုံးသာချလိုက်၏..
ညီဆိုတဲ့ သူကိုသာ Chanyeol တွေ့ရင်
အော် ထက်ပိုပီးပြောမိမှာပဲ..
.....
"Byun Baek..အဲ့စာရွက်တွေလျှောက်မ
ကိုင်နဲ့နော်...ရောကုန်ရင်ရှာရခက်မယ်.."
"Yah..!!..May...ငါပျင်းလာပြီ..!"
"ဟယ်..ဂိမ်းကစားနေ.."
"နင်နဲ့ကစားချင်လို့စောင့်နေတာကို..!"
"Baekhyun ရယ်..ငါအလုပ်လုပ်နေတာ
မြင်လျက်နဲ့.."
May တို့မိသားစုမှာ သားယောက်ျားလေး မရှိပါ...May ကိုတောင်ဖန်ပြွန်သန္ဓေသားဖြင့် မွေးထားရတာ..
ကုမ္ပဏီကိစ္စတွေကိုမိန်းကလေးတန်မဲ့ဦးစီး
နေရတာ...
Baekhyun ကတော့ May အလုပ်လုပ်နေ
တဲ့ မျက်နှာချင်းဆိုင်တည့်တည့်တွင်မေး
ထောက်ပြီးထိုင်ကာ May အလုပ်လုပ်နေ
တာကိုကြည့်နေ၏..
"May..~"
"ဟင်.."
သူမပြန်ထူး၏..အသံကတိုးတိုးလေး...
သူမရဲ့မျက်လုံးတို့ကတော့လက်ထဲကစာရွက်
ပေါ်တွင်သာရောက်နေ၏..
"May..~"
"ဟမ်....."
အနည်းငယ်တော့အသံကဆောင့်နေပြီ...
နည်းနည်းစိတ်မရှည်တော့သလိုမျက်ခုံးမှေး
ပါးပါးလေးတို့သာရှိသောမျက်ခုံးတို့ကတွန့်
ချိုးနေ၏..
"May.."
"Yah..!!..ပါပီဗြောင်...!!"
နှုတ်ခမ်းကိုထော်ကာလှမ်းအော်သောသူမကို
ကြည့်ပြီး Baekhyun မှာမျက်တောင်မခတ်
မိ...
အရင်ကလေ...လူတစ်ယောက်အလုပ်လုပ်နေ
တာကိုအခုလိုမျိုးမေးထောက်ပြီးထိုင်ကြည့်ဖူး
သလားမသိ....May ရဲ့အော်သံကြောင့်
ခေါင်းကဆစ်ကနဲ...
"ပြီးတော့မယ်ဆို..ခဏပဲစောင့်ပေးပါနော်.."
"အင်း.."
Baekhyun အသာသာငြိမ့်လိုက်ပြီးခေါင်း
ကိုကိုင်ထားမိ၏..
ခေါင်းကိုက်လိုက်တာ...မသိရင်အတိတ်မေ့တဲ့
သူလိုပဲ...ခေါင်းထိထားတာလဲမဟုတ်ပဲ..
ခေါင်းကရုတ်တရတ်ကိုက်လာတယ်..
"ကဲ..ပြီးပြီ..ပါပီဗြောင်..နင်ဘာလုပ်ချင်သလဲ
ပြော..."
"May..ငါအိပ်ချင်တယ်.."
လူကတော့သူနဲ့ကစားပေးဖို့ဆိုပြီးမြန်မြန်လုပ်
လိုက်ရတာ...ခုတော့သူကပျင်းပြီးအိပ်ချင်
နေတာနေမှာပေါ့...
"အင်..အိပ်လေ.."
"May...ငါ့နားကနေဘယ်မှမသွားနဲ့..
ငါ့ကိုချော့သိပ်ပေး.."
May ကတော့ဘာမှပြန်မပြောပေမယ့်သူမ
လုပ်ပေးမှာပါ...Baekhyun လုပ်ခိုင်းတာ
ဆိုဘာမှမငြင်းတတ်ပေ..
May ရဲ့ပေါင်ပေါ်သို့လှဲချလိုက်တော့သူမရဲ့
လက်ချောင်းလေးတွေက သူ့ရဲ့ခေါင်းပေါ်သို့
ရောက်လာ၏..
သူ့ဆံပင်လေးတွေကိုဖွဖွလေးပွတ်ပေးနေတာ
ကြောင့်သူ့ရဲ့မျက်ဝန်းတို့ဟာတဖြည်းဖြည်း
မှေးစင်းလာ၏..
"May...~"
"Uhn..."
"ငါ့နားကဘယ်မှမသွားနဲ့နော်.."
"နင်ကငါ့ပေါင်ပေါ်အိပ်နေတာ..ငါကဘယ်
သွားလို့ရမှာလဲဟယ်.."
"အင်း..လက်ပေး..နင့်လက်ကိုကိုင်ထားမယ်"
တစ်ချိန်တစ်ခါကလည်းထိုကဲသို့လူတစ်
ယောက်ရဲ့လက်ကိုကိုင်ထားရင်းအိပ်ခဲ့
ဖူး၏...အဲ့တုန်းကလည်းအနားကနေထွက်
သွားမှာဆိုးလို့ပင်...
Baekhyun အိပ်မောမကျခင်ပင်တိုးတိုး
လေးပြောသွားသောစကားကို ကြားလိုက်
ရ၍ May အံ့သြသွား၏..
"ချစ်တယ်...Chanyeol hyung.."
____________________________
"Hyung....Icecream စားမယ်.."
"May ရောပဲ...ပါပီဗြောင်ငါတို့ရေခဲမုန့်
ဆိုင်ထိအပြေးပြိုင်မလား..?"
"အိုခေ..စိန်လိုက်လေ.."
"အယ်..ဒီကလေးနှစ်ယောက်နဲ့တော့..
ဖြည်းဖြည်းသွားလည်းရမှာကို..."
Suho ကတော့ဖြည်းဖြည်းချင်းသာ ကလေး
နှစ်ယောက်နောက်သို့လိုက်သွား၏..
Baekhyun ရဲ့အလိုကျ Seoul အနှံ့
လျှောက်လည်တာ Suho ကလည်းပေါ့ပေါ့
ပါးပါးသာဝတ်စားထား၏... Baekhyunက
ဒူးအထက်ဘောင်းဘီတိုအဖြူလေးနဲ့အပေါ်က
T~Shirt ပန်းနုရောင်လေးနဲ့ ကလေးပေါက်
စနကျ...May ကလည်းပန်းနုရောင်ဂါဝန် ကားကားလေးကိုဝတ်ထားကာဆံပင်နှစ်ဖက်ကိုလည်းမြောက်မြောက်လေးစီးထား၏..
"ဒီကလေးတွေဟာလေ..သူတို့ကိုယ်သူတို့အလယ်တန်းကျောင်းသားတွေများထင်နေသ
လားပဲ..ဟားဟား.."
နှစ်ဆယ်ကျော်နေပြီဖြစ်တဲ့ သူ့ညီနဲ့ May ဆို
တဲ့ကောင်မလေးဟာ တက်လည်းတက်နိုင်
၏...တော်တော်အတွဲညီတယ်..
May က အလုပ်ကိစ္စနဲ့ပတ်သက်ရင်ရင့်ကျက်
ပေမယ့် Baekhyun နဲ့ဆို Baekhyun အ
ကြိုက် Baekhyun ပုံစံမျိုးလိုက်နေပေး
လေသည်...
"Strawberry..May..နင်ရော.."
"Narduu.."
"ဒီနေရာထိုင်ရအောင်..!..အပြင်ကိုမြင်ရ
တယ်.."
ရေခဲမုန့်​ဆိုင်ထဲရောက်တော့နှစ်ယောက်သား
မှာပြီးစားသောက်နေကြပြီ...
"အော်..ကောင်းကြပါရဲ့...ကျတော်မျိုးကြီး
အတွက်တောင်ဘာမှမမှာထားဘူးမလား.."
"ဟီးဟီး...ကွကိုယ်မှာလိုက်ပါ.."
နှစ်ယောက်သားသွားဖြဲပြီးပြိုင်တူပြော၏..
ဒီကလေးနှစ်ယောက်ကတော့..
"Hyung...ကျတော်တို့ရေခဲမုန့်ဝင်စားမလား"
"စားချင်လို့လား..Jong.."
"အင်း..ကျတော်က ဆရာဝန်လေးကိုသွား
ပေးမလို့...Hyung ရောမစားချင်ဘူးလား"
"တော်ပါပြီ..မင်းသွားဝယ်လေ..ငါနေခဲ့
မယ်.."
ကားထဲမှထွက်ကာ Jongin က
ရေခဲမုန့်ဆိုင်လေးထဲကို ဝင်သွား၏..
Chanyeol ကတော့ကားပေါ်မှာသာနေ
ခဲ့ရင်းကားအမှီကိုသာမှီနေရင်းမျက်လုံးမှိတ်
ထား၏..
"ဗိုက်ထက်ဆာလာပြီ..Hyung.."
"အဲ့တာနင်ဖုတ်ဝင်နေတာပဲ..ပါပီဗြောင်.."
"ဘာ..တရုတ်မ...Yah..မပြေးနဲ့..ငါလက်
ကိုတွဲထား..နင်က Seoul အခုမှရောက်
တာ..လမ်းပျောက်မယ်.."
Chanyeol မျက်လုံးကိုအသာဖွင့်ကြည့်
တော့...ကားမှန်ကနေမြင်လိုက်ရတာက
ဆံပင်နီညိုရောင်လေးနဲ့ကောင်လေး..
ဆံပင်ပျော့ပျော့လေးတွေ...
တစ်ယောက်တည်းတော့မဟုတ်ပေ..
ဘေးတွင်လည်းကောင်မလေးတစ်ယောက်ပါ
သေးသည်..
ထိုကျောပြင်လေးကိုရင်းနှီးနေသည်...
ထိုဆံပင်ပုံစံလေးကိုရင်းနှီးနေသည်...
ပြီးတော့ ကားမှန်တင်ထားပေမယ့်သဲ့သဲ့သာ
ကြားနေရသောသူ့အသံလေးတွေကိုရင်းနှီးနေ
သည်..
"Baek..Baekhyunne..!!"
Chanyeol ကားပေါ်ကနေဆင်းကာပြေး
သွားပေမယ့် သူ့လက်မောင်းကိုလှမ်းဆွဲလိုက်
တာကြောင့်နောက်ပြန်ကြည့်လိုက်တော့
Jong..
"Hyung...ကျတော်ဝယ်ပြီးပြီ..ဘယ်သွား
မလို့.."
"ငါ..ငါ..Baekhyunne ကိုတွေ့လိုက်တယ်
Jong...သူမသေသေးဘူး...သူရှိနေသေး
တယ်.."
"ဟင်..Hyung ဘာတွေပြော.."
"ခနလွှတ်ပါ..ငါအတည်ပြုချင်တယ်.."
"Hyung!!"
Jongin လည်းပြေးထွက်သွားသော
Chanyeol ရဲ့ကျောပြင်ကိုကြည့်ကာ
လှမ်းအော်ပေမယ့် Chanyeol ကပြေး
လိုက်သွားလေသည်...
..............................................
T.B.C
May ကချစ်စရာလေးရော..😛
Chanyeol နဲ့ Baekhyunne
ပေးတွေ့လိုက်ရင်ကောင်းမယ်ထင်တယ်နော်
YeolliesSakura 🌸
18oct
Continue Reading
You'll Also Like
71.9K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode
5.5M 356K 54
1.3M 56.9K 42
The day when Byun became Park is also the day Baekhyun's life will change.
170K 9.8K 27
Chanbaek yaoi MainကChanbaekပါ Dika,Hunhan,Taorisလည်းပါပါတယ်​ ပထမဆုံး​ရေးတဲ့fic​လေးပါ အား​ပေးကြပါဦး😘😘😘😘 Cover by @Byunbaek_6104