I KNOW

By SK_whale

28.5K 2.4K 90

#KAIHUN More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10

Sweet Trip//Part-1//

1.9K 160 28
By SK_whale

   ''I KNOW''

//SEKAI//

။   ။ အချိန်တွေက မြန်လွန်းပါတယ်။
ဘာလိုလိုနဲ့ ကျနော်တို့နှယောက်ရဲ့ ချစ်သူ သက်တမ်းက ဒီနေ့ပဲ တလပြည့်တယ်။
တချိန်က Namလုပ်နေသည့် အလုပ်တွေကို
တခါမှ သတိမထားခဲ့၊ Namအလုပ်တွေ
Sehun လုပ်နေတာကြောင့် သူ့အလုပ်တွေက
ခေါင်းထဲအမြဲဝင်လာသည်၊ အရင်က Photo Shootingရိုက်မည့် ရက်တွေကို Namက
အသေအချာမှတ်ထားပီး ပါးစပ်အမြှပ်ထွက်အောင်
ပြောရသည်၊ အခုတော့ ဒီလိုမဟုတ် Sehunပင်ပန်းမှာ ဆိုးတာကြောင့် ကျွန်တော်
ကိုယ်တိုင်ပဲ ရက်တွေကို သေချာမှတ်ထားရသည်။
Sehunက ကျနော့်ကို ဂရုမစိုက်သည်မဟုတ်
ဂရုစိုက်ပါသည်၊ ဒါမဲ့ ကျနော် Sehunပင်ပန်းတာကို မကြည့်ရက် //

''Hyung စောင့်ရတာကြာသွားလား ''

ကားထဲ ဝင်လာသော Sehunက Kaiကို
မေးလိုက်ခြင်းပင်။

ကျနောလဲ Sehunဘက်ကို မျက်နှာလှည့်လိုက်ပီး

'' မကြာသေးပါဘူး...
သူမနဲ့ ဘာတွေပြောနေတာလဲ ''

Kaiက Sehunကို အလိုမကျသည့်
မျက်နှာနှင့် မေးလိုက်သည်။

''ဘယ်သူလဲ ''

'' ခုနက စကားပြောနေတဲ့ ကောင်မလေး ''

'' သူက ကျောင်းတုန်းက သူငယ်ချင်းပါ ''

'' ကျောင်းတုန်းက သူငယ်ချင်းက ဘာလို့
ခုမှ ပေါ်လာရတာလဲ ''

''ဟာ  hyungကလဲ လမ်းတွေ့လို့ နှုတ်ဆက်တဲ့
သဘောပါ၊ ပီးတော့ သူက အိမ်ထောင်ကျပီးပါပီ
သဝန်တိုလို့လား ''

Kaiလဲ Sehunပြောလိုက်သည့် စကားကြောင့်
နဲနဲတော့ ရှက်ရမ်း ရမ်းမိသည်။

'' မင်းကို အပျိုလား အိမ်ထောင်သည်လား
မေးလို့လား''

''မမေးဘူးလေ
ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့်
ကျွန်တော်တို့ နှစ်ယောက်ကြားမှာ မလိုအပ်တဲ့
ပြသနာလေးတွေ ဖြစ်သွားမှာ စိုးလို့ ရှင်းပြတာပါ ''

''အော် အင်း...''

//ကျနော့် ကလေးလေးက လူကြီး
တယောက်လို စကားတွေ တက်လာပီ//

'' ကျွန်တော်တို့ ဘယ်သွားမှာလဲ ''

'' တောထဲလေ ''

Sehunက နှုတ်ခမ်းလေးဆူလိုက်ပီး

'' ဟင် ကဗျာမဆန်လိုက်တာ ''

'' ဟား ဟား
ကလေးက ဘာကို ကဗျာဆန်ချင်သေးတာလဲ ''

'' တလပြည့်ဆိုရင် သူများတွေက
ပူဖောင်းတွေ,ကိတ်မုန့်တွေ,စင်တူအကျီလေးတွေနဲ့
လျှောက်လည်ကြတာ hyungကျမှ တောထဲတဲ့''

လက်ညှိုးလေးတွေ ချိုးပီး ပြောနေတဲ့ Sehunပုံစံလေးက အသည်းယားစရာပင်။

'' Sehunကလဲ ကိုယ်က idolလေ
အဲ့လိုမျိုးတွေ လွတ်လွတ်လပ်လပ် သွားခွင့်မှ
မရှိတာ ''

//ဟုတ်ပါတယ် လွတ်လပ်စွာ သွားလာခွင့်မရှိတာ
hyungရဲ့ အားနည်းချက်//

''တောင်းပန်ပါတယ်
ကျွန်တော် hyungရဲ့ အားနည်းချက်ကို
သတိမရဘဲ ပြောမိသွားလို့ ''

''ကိုယ့်ကို တောင်းပန်စရာမလိုပါဘူး
ကလေးရဲ့ ''

'' ဘယ်ချိန်ထိ ကျွန်တော့ကို ကလေးလို့
ခေါ်အုံးမှာလဲ မကြိုက်ဘူးလို့ ပြောနေတာကို
တခြားနာမည်ခေါ်''

တတောင်လောက်ဆူထွက်နေသော နှုတ်ခမ်းလေး
နှင့် Kai၏ လက်ကလေးက Sehunပါးပြင်ပေါ်မှာ

''အလိုမကျသည့် မျက်နှာလေးက ဘယ်လိုလေး
ချစ်ဖို့ကောင်းနေရပြန်တာလဲ''

Sehunက Kaiလက်ကို ဆွဲချလိုက်ပီး

''ပြော ကျနော့ကို ဘယ်လိုခေါ်မှာလဲ ''

''  ကလေးအစား babyလို့ ခေါ်မယ်လေ ''

Sehunက Kaiရဲ့ ပေါင်ကို အသာလေး ပုတ်လိုက်ပီး

'' ကလေးနဲ့babyက တူတူပဲလေ
ဝက်ဝံကြီးရ ''

'' တူတူပဲလား မသိပါဘူး...
babyကို ကလေးမှတ်နေတာ ''

'' ဟာဗျာ..တော်ပီ
စိတ်ညစ်လာပီ
ဝက်ဝံကြိုက်သလိုခေါ်တော့ ''

'' ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ ''

'' ဝက်ဝံ လို့ခေါ်လိုက်တာလေ
ဘာလဲ နစ်နာလို့လား ''

Sehunက လျှာလေး ထုတ်ပြရင်း
ပြောလိုက်သည်။

'' မဟုတ်ပါဘူး
သဘောကျလို့''

'' ဟင် ''

'' ဟား ဟား ''

ကားဘီးလုံးလေးကတော့ တရွေ့ရွေ့နှင့် ။   ။

အပြင်ဘက်ကို မျက်နှာမူထားသော Sehunက
Kaiဘက်ကို လှည့်လာပီး

'' ကျွန်တော် ကားပေါ်မှာ ထိုင်ရတာပျင်းလာပီ ''

Kaiလဲ ရှေ့ကို တည့်တည့်ကြည့်မောင်းရင်း

'' Sehunက ဘာလုပ်ချင်လို့လဲ ''

'' အမိုးဖွင့်ပေး မီးရှူးပန်းလွှတ်ချင်တယ် ''

'' ဟင် အဲ့ဒါ နေ့ခင်းဘက်ဆို မလှဘူးလေ ''

'' မသိဘူးဗျာ ပျင်းတယ်
နောက်ထပ် ဘယ်လောက်လောက်ကြာအုံးမှာလဲ ''

'' တနာရီလောက်ပဲ ကြာတော့မှာ ''

'' တနာရီကြီးများတောင် ''

Sehunတယောက် မျက်နှာလေးရှုံ့ကာ
တခြားဘက်သို့ ပြန်လှည့်သွားသည်။

Kaiလဲ Sehun၏ မျက်နှာအနေအထားကို
ပြောင်းသွားသည်ကို မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။

လမ်းဘေးသို့ ကားလေးထိုးရပ်လိုက်ပီး
Sehunကျောလေးပေါ် လက်တင်ကာ

''Sehunna
အရမ်းပျင်းနေပီလား ''

Sehunက Kaiဘက် မလှည့်ဘဲ
ခေါင်းသာငြိမ့်လိုက်သည်။

'' အဲ့ဆိုလဲ အိပ်နေလေ''

'' ကျနော် ကားစီးရင်း မအိပ်တတ်ဘူး ''

''အဲ့ဆို hyungဘာလုပ်ပေးရမလဲ ''

'' ရတယ် ဘာမှမလုပ်ပေးပါနဲ့
ကားသာဆက်မောင်းပါ ''

'' အင်းပါ ''

ကားလေးစက်နှိုးကာ လမ်းဘေးမှာ ရပ်နေရာကနေ
ကားလမ်းမဘက်သို့ ။   ။

''  Hey,I was doing just  fine
Before I met you ''

သီချင်းသံလေးစထွက်လာတာကြောင့်
Sehunခေါင်းလေး ထောင်လာတယ်။  ။

//သူကြိုက်တဲ့ သီချင်းကြောင့် စိတ်ဝင်စားလာတော့
အမှန်ပင် //

'' I Know It breaks your heart

  Moved to the city in a broke down car and

Fours years,no call

Now you're looking pretty
in a Hotel Bar and,

I I I can't stop

No, I I I can't stop

So baby pull me closer

In the back seat of your Rover

That I Know can't afford ''

//သီချင်းလေး တငြီးငြီးနဲ့ နေသော Sehun၏
နှုတ်ခမ်းလေးကလဲ တမူထူးခြားပီး ချစ်ဖို့ကောင်းပေးသည်//

''Hyungကလဲ ဒီသီချင်းကို ကြိုက်တာလား ''

'' မနေ့က မင်းပြောဘူးတယ်လေ
ဒီသီချင်းကို အရမ်းကြိုက်တယ်ဆို
အဲ့ကြောင့် ကိုယ်က memory cardထဲ
ထည့်ထားလိုက်တာ ''

''  hyungက မကြိုက်ဘူးပေါ့..
အဲ့ဆို hyungအတွက် ဒီသီချင်းကြီးက
နားညီးနေမှာပေါ့ ကျနော်နားမထောင်ရလဲ ကိစ္စမရှိပါဘူး hyungရဲ့ နားလေးကို
အနားပေးလိုက်ပါ ''

'' ကိုယ်မကြိုက်ဘူးလို့ မပြောပါဘူး..
Sehunနားထောင်သမျှ သီချင်းတွေကို
ကိုယ်လဲ ကြိုက်ပါတယ်။ ''

'' ဟာ hyungကလဲ
တယောက်နဲ့ တယောက် အကြိုက်ချင်တူတာ ဖြစ်နိုင်ပါ့မလား ''

'' မင်းက ကိုယ့်အတွက် အရာရာဖြစ်နေလို့လေ''

Sehunမျက်နှာလေးမှာ ပန်းရောင်လေးတွေ
သန်းသွားခဲ့ပီလေ။ လက်ညှိုးလေးတွေကလဲ
အငြိမ်မနေတော့၊ 

'' We ain't never getting older ''

'' ကိုယ်အကြိုက်ဆုံး စာသားလေး''

Kai ပြောလိုက်တဲ့ စကားကြောင့် Sehunရယ်မိသည်။

'' ကျွန်တော်က ရင့်ကျက်ပီ
hyungပဲ မရင့်ကျက်သေးတာ''

'' တကယ်ပြောတာ အဲ့စာသားက
ကိုယ်တို့ နှယောက်အပေါ် သက်ရောက်မှု ရှိနေတယ်လေ Sehun ''

'' ပြောပါအုံး ကျနော်က ဘယ်မှာများ မရင့်ကျက်သေးတာလဲ ''

'' ဟင့်အင်း အဲ့သဘောပြောတာ မဟုတ်ဘူး
ကိုယ်တို့နှစ်ယောက်လုံး အချစ်နဲ့ပတ်သတ်ရင်
မရင့်ကျက်သေးတာ ''

//We ain't never getting Older//

ဆက်လက်ဖတ်ရှုပါရန်။  ။

hello...I'm back😁

 
 
  

Continue Reading

You'll Also Like

140K 3.2K 58
imagines as taylor swift as your mom and travis kelce as your dad
231K 1.3K 33
This is a mix of different animes that have smut in them
104K 2.7K 42
In which people from the past get sent into the future to watch movies about a special pair of twins lives.
277K 19.6K 147
Tác phẩm: Toàn thế giới đều đang đợi người động tâm. Tác giả: Tố Tây Người gõ: Mia của bạn nè Beta: Hoa Hoa của bạn đây Ý là truyện này gõ nhanh quá...