Part-8

2K 209 11
                                    

I Know

_________*KAIHUN*_____

#နိုးနိုးချင်း အဆီပြန်​​အနည်းငယ်​ ပြန်​​နေတဲ့
သူ့မျက်​နှာ​လေးကို မြင်​ရတာ​လောက်​ ဘယ်​မနက်​ခင်းမှ မလှပဘူး။ ဒီ​နေ့​တော့ ကျွန်​​တော့အတွက်​ လှပ​တဲ့
မနက်​ခင်း​လေးပါပဲ။
တကယ် ​က​လေး​လေးပါ သူက။ လူကြီးလို့ တစ်​ခါမှ
မ​တွေးမိဘူး။

ကျွန်​​တော်​ သူ့ရဲ့ နှာ​ခေါင်း​လေးကို လက်​ညှိုး​လေးနဲ့
တို့မိသွားတယ်​။
ကျွန်​​တော်​လဲ လက်​ညှိုး​လေးပြန်​ရုတ်​ပီး သူ့မျက်​နှာ​လေးကို ပြန်​ကြည့်​​နေမိတယ်​။

ရုတ်​တရက်​ ​ဘေးတ​စောင်း အနေအထားလှည့်​လာပီး ညာဘက်​လက်​ဖဝါး​လေးက ဘယ်​ဘက်
လက်​​မောင်း​လေး​ပေါ်တင်​, ဘယ်​ဘက်​လက်​ဖဝါး​လေးက ညာဘက်​လက်​​မောင်း​လေး​ပေါ်တင်​ပီး
သူ့ရဲ့ မျက်​လုံး​တွေက ကျွန်​​တော့ကို
တည့်​တည့်​ကြည့်​​နေတယ်​။

Kaiလဲ Sehunကြည့်​​နေမှန်းသိ​တော့ နှုတ်​ခမ်း​လေး ဆူပီး မျက်​လွှာ​လေး ချလိုက်​တယ်​။

Sehun:ဘာလို့ ကျွန်​​တော့ကို ဆက်​မကြည့်​​တော့တာလဲ။

Kaiရဲ့ လက်​က​လေးက အိပ်​ယာခင်းစကို ဆွဲ​နေလိုက်​ရင်း

Kai:မင်း မကြိုက်​မှာ ဆိုးလို့ပါ။

Sehun:ကျွန်​​တော့ကို ကြည့်​ရင်​ ဘယ်​သူက
မကြိုက်​ဘူးလို့ ​ပြောထားလို့လဲ။

Kai:မင်းက

Sehunတ​ယောက်​ ညာလက်​လက်​ဖဝါးလေးနဲ့
ပါးစပ်​​လေး အုပ်​လိုက်​ပီး မျက်​လုံး​လေး​တွေ ​မှေး​နေတဲ့ထိ ရယ်​လိုက်​တယ်​။

Kaiရဲ့ မျက်​လုံး​လေး​တွေက Sehunဆီ
အကြည့်​​ရောက်​သွားပီး

Kai:ဘာလို့ရယ်​တာတုံး။

Sehun:ဘာမှမဟုတ်​ပါဘူး။
ကျွန်​​တော်​ ထ​တော့မယ်​။ အားကစား သွားလုပ်​လိုက်​အုံးမယ်​။

Sehunတ​ယောက်​ အိပ်​ယာ​ပေါ်က​နေထ​တော့
Kaiက sehunရဲ့ အကျီအ​နောက်​​လေးကို
ဆွဲထားလိုက်​တယ်​။

Sehunက ​မေး​လေး​ငေါ့ပြလိုက်​တယ်​။

Kai:ငါ့ကို ပဉ္စမ​မြောက်​အနမ်း မ​ပေး​တော့ဘူးလား

I KNOWWhere stories live. Discover now