"I Know''
''ဟေ့ မထသေးနဲ့အုံးလေ''
Kaiပြောသည်ကို ဂရုမစိုက်ဘဲ အိပ်ယာပေါ်က
ထသွားသော sehunရဲ့ လက်ကိုဆွဲလိုက်ပီး
အိပ်ယာပေါ် လှဲချမယ်လုပ်ပေမည့် sehunက
အတင်းရုန်းထားတာကြောင့် Kaiမှာ အခက်တွေ့နေသည်။Kaiလဲ စိတ်မရှည်တော့တာကြောင့် sehunရဲ့
ခါးကို လက်နဲ့တို့လိုက်တော့ သူ့ရဲ့ ကိုယ်ပေါ် sehunကိုယ်လေး ကျလာတယ်။''ခင်ဗျားက တော်တော် အတင့်ရဲနေတယ်ပေါ့''
''ဒါပေါ့ ဒါပေါ့....''
''ဖယ်အုံး အဲ့မျက်နှာကြီးက ဘာဖြစ်နေတာလဲ''
''တောင်းပန်ပါတယ်''
အဆက်စပ်မရှိ ပြောလိုက်သည့် Kaiစကားကြောင့်
sehunမျက်နှာမှာ အံ့ဩတဲ့အမူအရာလေးက အတိုင်းသား။Sehunလဲ Kaiရဲ့ ကိုယ်ပေါ်က ထလိုက်ပီး
ကုတင်အစွန်းလေးမှာ Kaiကို နောက်ကျောပေးလျက်ထိုင်လိုက်ပီး"ဘာအတွက်လဲ"
"အရာရာတိုင်းအတွက်ပေါ့"
"ထားပါတော့..ကျွန်တော် မနက်စာကို ဒီကို ယူလာခိုင်းလိုက်မယ်"
"ဟင့်အင်း...ကိုယ်ဘာသာ ဆင်းစားမယ်...
ဒီမှာကြည့်လေ ကိုယ့်ခြေထောက်လဲ နဲနဲသက်သာလာပါပီ"ပလတ်စာသေးသေးလေး နေရာယူထားတဲ့ ခြေဖဝါးလေးကို ထောင်ပြရင်း ပြောလိုက်သည်။
"အာ..အဲ့ဆို ကိုယ့်အားကိုယ် သုံးမယ်ပေါ့"
Kaiက လက်မလေးနဲ့လက်ညှိုးလေးသုံးကာ
မေ့စေ့လေးကို ပွတ်ပြရင်း.."ဒါပေါ့..ဒါပေါ့..."
"ရုပ်ကိုက..."
"ဘာဖြစ်လို့လဲ...
အာ..သိပီ..ကြွေသွားတယ်မလား...""ကြက်သီးထတာဗျာ...
တော်ပီ..ကျနော် ရေချိုးအုံးမယ်...
ခင်ဗျား ဘာသာ ဗိုက်ဆာနေရင် သွားစားတော့..."''ရပါတယ် မင်းကို စောင့်နေမယ်''
''သဘောလေ...''
Sehunက ပြောပီးသည်နှင့် တဘက်လေးကို
ယူလိုက်ပီး ရေချိုးခန်းထဲဝင်သွားတယ်။//ဒီနောက်ပိုင်း sehunက ကျနော့အပေါ်ဆက်ဆံတာ အဖြူရောင်ဘက် ပြောင်းလဲလာခဲ့တယ်။ အပေးယူလဲ တည့်လာတယ်။ သူ့ဘက်က ကလေးဆန်တာလေး
တခုကလွဲလို့ပေါ့//