Sweet Trip//Part-1//

1.9K 160 28
                                    

   ''I KNOW''

//SEKAI//

။   ။ အချိန်တွေက မြန်လွန်းပါတယ်။
ဘာလိုလိုနဲ့ ကျနော်တို့နှယောက်ရဲ့ ချစ်သူ သက်တမ်းက ဒီနေ့ပဲ တလပြည့်တယ်။
တချိန်က Namလုပ်နေသည့် အလုပ်တွေကို
တခါမှ သတိမထားခဲ့၊ Namအလုပ်တွေ
Sehun လုပ်နေတာကြောင့် သူ့အလုပ်တွေက
ခေါင်းထဲအမြဲဝင်လာသည်၊ အရင်က Photo Shootingရိုက်မည့် ရက်တွေကို Namက
အသေအချာမှတ်ထားပီး ပါးစပ်အမြှပ်ထွက်အောင်
ပြောရသည်၊ အခုတော့ ဒီလိုမဟုတ် Sehunပင်ပန်းမှာ ဆိုးတာကြောင့် ကျွန်တော်
ကိုယ်တိုင်ပဲ ရက်တွေကို သေချာမှတ်ထားရသည်။
Sehunက ကျနော့်ကို ဂရုမစိုက်သည်မဟုတ်
ဂရုစိုက်ပါသည်၊ ဒါမဲ့ ကျနော် Sehunပင်ပန်းတာကို မကြည့်ရက် //

''Hyung စောင့်ရတာကြာသွားလား ''

ကားထဲ ဝင်လာသော Sehunက Kaiကို
မေးလိုက်ခြင်းပင်။

ကျနောလဲ Sehunဘက်ကို မျက်နှာလှည့်လိုက်ပီး

'' မကြာသေးပါဘူး...
သူမနဲ့ ဘာတွေပြောနေတာလဲ ''

Kaiက Sehunကို အလိုမကျသည့်
မျက်နှာနှင့် မေးလိုက်သည်။

''ဘယ်သူလဲ ''

'' ခုနက စကားပြောနေတဲ့ ကောင်မလေး ''

'' သူက ကျောင်းတုန်းက သူငယ်ချင်းပါ ''

'' ကျောင်းတုန်းက သူငယ်ချင်းက ဘာလို့
ခုမှ ပေါ်လာရတာလဲ ''

''ဟာ  hyungကလဲ လမ်းတွေ့လို့ နှုတ်ဆက်တဲ့
သဘောပါ၊ ပီးတော့ သူက အိမ်ထောင်ကျပီးပါပီ
သဝန်တိုလို့လား ''

Kaiလဲ Sehunပြောလိုက်သည့် စကားကြောင့်
နဲနဲတော့ ရှက်ရမ်း ရမ်းမိသည်။

'' မင်းကို အပျိုလား အိမ်ထောင်သည်လား
မေးလို့လား''

''မမေးဘူးလေ
ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့်
ကျွန်တော်တို့ နှစ်ယောက်ကြားမှာ မလိုအပ်တဲ့
ပြသနာလေးတွေ ဖြစ်သွားမှာ စိုးလို့ ရှင်းပြတာပါ ''

''အော် အင်း...''

//ကျနော့် ကလေးလေးက လူကြီး
တယောက်လို စကားတွေ တက်လာပီ//

'' ကျွန်တော်တို့ ဘယ်သွားမှာလဲ ''

'' တောထဲလေ ''

You've reached the end of published parts.

⏰ Last updated: Dec 05, 2018 ⏰

Add this story to your Library to get notified about new parts!

I KNOWWhere stories live. Discover now