မနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည်က မျက်စိရှေ့တည့်တည့်ကို ရောက်နေသလိုမျိုး ခံစားရတာကြောင့် မပွင့်ချင်တဲ့ မျက်လုံးလေးတွေကို kaiတစ်ယောက် အားယူပီးဖွင့်လိုက်ရသည်...မျက်စိ စပွင့်ပွင်းခြင်းမြင်ရတာက သူသိပ်ချစ်ရတဲ့..သူ့ဘဝမှာ နောက်ထပ်အချစ်ဆိုတာ မရှိတော့အောင် သူ့တစ်ယောက်ထည်းကိုပဲ အကုန်ပုံအပ်ပီးချစ်ရတဲ့ sooဆိုတဲ့ သူ့ဇနီးလေးကို ဦးဆုံးမြင်လိုက်ရတာကြောင့် နှုတ်ခမ်းသားလေးက အလိုလိုပြုံးလာရင်း ပုံမှန်ထမ်းဆောင်နေကြ တာဝန်တစ်ခုဖြစ်တဲ့ နဖူးပေါ် အနမ်းလေးခြွေလိုက်လေသည်...
Kaiကနမ်းရင် sooကပြုံးရမယ်လို့ဆိုပီး တိုင်ပင်ထားခြင်းမရှိပါပဲနဲ့ kaiက sooနဖူးလေးကို နမ်းလိုက်တာနဲ့ sooရဲ့နှုတ်ခမ်းလေးကလည်း အလိုလိုပြုံးလာလေသည်...တကယ်တော့ sooတစ်ယောက် အိမ်မက်ကမ္ဘာထဲမှာပဲ ရှိနေတာပါ..
Kai: morneee soo...ဆိုပီး sooဘေးနားကနေ အသာလေးထကာ sooနိုးရင် စားဖို့အတွက် မနက်စာ ထပြင်မယ်လုပ်တော့ sooက မျက်လုံးမပွင့်သေးပါရက်နဲ့ kaiရဲ့ လက်လေးကို ကိုင်ထားပီး...
Soo: sooပြောတာကို ယုံပေးပါနော်..sooမှာ ကို့တစ်ယောက်ပဲရှိတာပါ..sooကို မထားခဲ့ပါနဲ့နော် ကို..ဆိုပီး ဂယောင်ခြောက်ခြားနဲ့ သွေးရူးသွေးတန်းစကားတွေပြောပီး ခြွေးစီးတွေ ထွက်နေတဲ့ sooရဲ့ ကိုယ်လေးကို ရင်ခွင်ထဲ အသာထည့်ထားရင်း...
Kai: soo!!ကို ရှိတယ်လေ..ကိုက sooကိုယုံတယ်နော်..ဆိုပီး sooကိုယ်လေးကို တင်းတင်းကြပ်ကြပ်လေးဖတ်ကာ ပြောလိုက်မှပဲ sooတစ်ယောက် ငြိမ်ကျသွားတော့သည်..
ဒါဟာ အတိတ်က ကိစ္စတွေကို ပြန်မှတ်မိတော့မယ်ဆိုတဲ့ လက္ခဏာလား..
Kaiတစ်ယောက် နောက်ဖစ်လာမယ့် ကိစ္စတွေကို ကြိုပီးမတွေးချင်တော့ပါ..တကယ်လို့ sooက အတိတ်ကို ပြန်သတိရသွားပီး သူ့ကိုမုန်းမယ်ဆိုရင်တောင် သူ့ဘက်ကနေ sooအမုန်းပြေတဲ့ထိ စောင့်မယ်ဆိုပီး ဆုံးဖြတ်ထားပီးသားလေ..တကယ်ပဲ သူsooအပေါ် မလုပ်သင့်တဲ့ အမှားတွေ လုပ်မိခဲ့တာကိုး..ဘယ်လောက်ပဲ sooက အတိတ်ကကိစ္စတွေကို စိတ်မဝင်စားဘူး ပြောနေပါစေ..တစ်နေ့ sooအတိတ်က အကြောင်းတွေ ပြန်သတိရလာရင် အဲ့ဒီစကားမျိုး ပြန်ပြောနိုင်ပါဦးမလား...ဘာပဲဖြစ်ဖြစ်ပါ.. sooသူ့ကိုမုန်းမယ်ဆိုရင်တောင် သူသည်းခံနိုင်ပါတယ်..တစ်ခုပဲ..သူ့အနားကနေ ထွက်သွားမယ်လို့ မပြောပါနဲ့..အဲ့ဒီစကားက သူ့ဘဝရဲ့ အားနည်းချက်မို့လို့ပါ...
Kaiတစ်ယောက် အတွေးကမ္ဘာထဲကို ၁၅မိနစ်လောက် အလည်သွားရင်း..sooရဲ့ ညည်းသံလေးကြားမှပဲ လက်ရှိ ကမ္ဘာထဲပြန်ရောက်လာတော့သည်...
Soo: အွန်း...နိုတာကြာပီလား ကို..
Sooပုံစံကို ကြည့်လိုက်တော့ ခုနကကိစ္စကို မဖြစ်ခဲ့သလို ပုံစံမျိုးလေး...အဲ့ကျမှ kaiလည်း စိတ်ပူနေတာလေး လျော့သွားပီး..
Kai: ခေါင်းကိုက်တာတွေ ဘာတွေရှိသေးလားsoo..
Soo: ဟင့်အင်း..
Kai: နေလို့ကောင်းတယ်နော်..
Soo: omm..ကောင်းပါတယ်ဆို..
Kai: arrasow..ဒီမှာ ခဏလှဲနေဦးမလား..ကို sooအတွက် မနက်စာ သွားပြင်ပေးမယ်လေ..
Soo: arnyi..မနက်စာကို sooပြင်လိုက်ပါ့မယ် ကိုသာ ဒီမှာ ခဏလှဲနေဦး..မနေ့ထည်းက sooကြောင့် ကိုပင်ပန်းနေရတာကို..
Kaiတစ်ယောက် ရင်ခွင်ထဲကsooမျက်နှာလေးကို ကြည်နူးမှုအပြည့်လေးနဲ့ကြည့်ပီး ပါးလေးပေါ် အနမ်းခြွေကာ..
Kai: sooကို့ဘေးနားရှိရင် ကိုခက်ခဲတဲ့ ဘးအရညမဆို ကျော်ဖြတ်နိုင်တယ်..sooရှိရင် ပြည့်စုံပီ..
Soo: heee...ကို စကားတွေတတ်နေတယ်..
Kai: ဟာ..ကို့ရင်ထဲက စကားတွေကို..
Soo: aigoo..ရမ်းချစ်တာပဲ ကိုရယ်..ဆိုပီး kaiရဲ့ခါးလေးကို တင်းတင်းဖတ်ပီး ရင်ခွင်ကြယ်ကြီးထဲ မျက်နှာအပ်ထားလေသည်..သေချာတာက sooနှုတ်ခမ်းလေးတွေ ပြုံးနေမယ်ဆိုတာကိုပေါ့..
Kaiလည်း ဘာမှတွေးမနေတော့ပဲ sooကိုယ်လေးကိုသာ အလိုက်သင့်လေးပြန်ဖတ်ထားရင်း sooနဖူးပေါ် သူ့နှုတ်ခမ်းလေးတင်ကာ မျက်စိမှိတ်ထားလိုက်သည်..ဒါဟာ သူ့ဘဝရဲ့ အေးချမ်းမှုပဲလေ..
----------------
Soo: ကို ဒီမှာsooကို လာကူပါဦးဆို...
Kaiလည်း sooအသံလေးကြောင့် TVကြည့်နေရာကနေ ရေချိုးခန်းဘက်ကို ပြေးလာပီး..
Kai: ဘာတွေလုပ်...ဟာ soo..ဘာလို့ အိပ်ရာခင်းတွေ လျှော်နေရတာလည်း..နေကောင်းတာလည်းမဟုတ်ပဲနဲ့ကို..
Soo: နေမကောင်းဘူးဆိုပီး အိပ်ရာထဲ လှဲနေတော့ ပိုဆိုးတာပေါ့..နည်းနည်း လှုပ်လှုပ်ရှားရှား လုပ်လိုက်မှ သက်သာသွားမှာလေ..
Kai: အာ့ဆိုလည်း ကို့ကိုပြောပေါ့ sooရယ်..ကို sooနဲ့ ကစားပေးမှာပေါ့..
Sooတစ်ယောက် မနိုင်းမနင်းနဲ့ အိပ်ရာခင်းကို မနေရင်း kaiစကားကြောင့် လုပ်လက်စ အလုပ်လေးကို ရပ်ကာ နှုတ်ခမ်းလေးဆူရင်း..
Soo: sooက ကလေးမှမဟုတ်တာ ကစားရအောင်..
Kai: ကို့မျက်လုံးထဲမှာတော့ ကလေးပဲ..ကဲပါ sooရယ်..ထားလိုက် ကိုအဝတ်လျှော်စက်ထဲထည့်ညှစ်လိုက်မယ်..sooက အရှေ့မှာ သွားနာနေတော့..တော်ကြာ အအေးမိပီး နေမကောင်းထပ်ဖစ်ဦးမယ်..
Soo: nae..မြန်မြန်လုပ်နော် ကို..sooတစ်ယောက်ထည်း ပျင်းတယ်..
Kai: arrasow...ဖြေးဖြေးလျှောက်နော် sooခြေထောက်ရေတွေဆိုနေတယ်..အရှေ့က ကြွေပြားတွေကို သတိထားလျှောက်..
Soo: soo ကလေးမှုတ်ပါဘူးဆို ဒီလောက်ကတော့ သိပါတယ်..
Kai: aigoo ကိုက စိတ်ပူလို့ပါsooရယ်..ဆိုပီး sooရဲ့ဖောင်းနေတဲ့ ပါးလေးကို လက်လေးနဲ့အသားလေးဆွဲပီး ထော်နေတဲ့နှုတ်ခမ်းလေးကို မွပေးလိုက်သည်..sooကတော့ ပြုံးစိစိလေးနဲ့ပေါ့..
Sooလည်း အလုပ်လုပ်ထားလို့ ရေဆိုနေတဲ့အင်္ကျီကို လဲဖို့ အခန်းထဲသွားရင်း ခေါင်းက မိုက်ကနဲဖစ်ကာ...လမ်းလျှောက်နေတာကို ခဏလေးရပ်ပီး ခေါင်းလေးငုံ့နေလိုက်တော့ sooခြေထောက်အောက်မှာ ခုနက အဝတ်လျှော်ထားလို့ အင်္ကျီရေဆိုပီး တတောက်တောက်ကျနေတဲ့ ရေစက်လေးတွေ..နောက်ထပ် မျက်လုံးထဲမြင်လာတာက kaiရဲ့ခြေထောက်အောက်မှာ ဆပ်ပြာရေတွေ တတောက်တောက်ကျကာ sooလှေကားပေါ်ကနေ ပြုတ်ကျတဲ့ ပုံရိပ်လေးတွေကို ရေးရေးလေးမြင်လာရသည်..sooတစ်ယောက် မတ်တပ်မရပ်နိုင်တဲ့အဆုံး ငုပ်တုပ်လေးထိုင်ကာ မူးဝေနေတဲ့ ခေါင်းကို လက်နဲ့အသာဖိပီး မျက်စိမှိတ်ထားလိုက်တော့ အတိတ်က သူနဲ့kaiရဲ့ရယ်သံလေးတွေ..sehunဒီအိမ်ကို ရောက်လာတဲ့ ပုံရိပ်လေးတွေ..kaiကsooကို အထင်လွဲတဲ့ ပုံရိပ်တွေက တစ်ခုခြင်း ခေါင်းထဲဝင်လာသလို ဖြစ်ကာ..နောက်ဆုံး သူသိလိုက်ရတာက သူkaiစီကနေ ထွက်သွားမယ်လုပ်တာကို kaiက စိုးရိမ်တဲ့မျက်လုံးတွေနဲ့ကြည့်ပီး ထွက်မသွားဖို့ မျက်ဝန်းထဲကနေ တောင်းပန်နေတဲ့ kaiရဲ့ မျက်နှာ..
Sooတစ်ယောက် အဲ့တုန်းက kaiရဲ့မျက်နှာလေးကို ပြန်မြင်ယောင်ပီး ကျချင်နေတဲ့မျက်ရည်လေးတွေကို လွတ်လပ်ခွင့်ပေးလိုက်သည်..သူတော်တော်မိုက်မဲခဲ့တာမလား အနည်းဆုံးတော့ သူkaiကို နားလည်ပေးခဲ့ရမှာ..သူ့အပေါ်ချစ်လွန်းလို့ နားလည်မှုလွဲနေတဲ့kaiကို သူကထားခဲ့ဖို့ ကြိုးစားခဲ့တာလေ..နောက်တော့ kaiက သူ့စိတ်ကြောင့် အရူးတစ်ပိုင်းဖြစ်ခဲ့ရတယ်..
Soo: ဒါတောင် နင်ကို့ကို ချစ်တယ်ဆိုပီး ပြောထွက်တာ ငါ့အံ့ဩတယ်..ဆိုပီး sooတစ်ယောက် ဒူးလေးပိုက်ကာ ငိုနေမိသည်..
Kai: soo..ဘာဖစ်တာလည်း..ဆိုပီး သူ့ဘေးနားအပြေးလေးလာကာ သူ့ကိုယ်လေးကို ရင်ခွင်ထဲထည့်ပီး နှစ်သိမ့်ပေးနေတဲ့ kaiကြောင့် soo kaiရဲ့ရင်ခွင်ထဲဝင်ကာ ခါးလေးဖတ်ပီး အားရပါးရငိုလိုက်သည်..
Kai: sooရယ် ကို့ကို စိတ်ပူအောင်မလုပ်ပါနဲ့..ဘယ်နားက နာနေလို့လည်း soo..
Sooကတော့ ရင်ခွင်ထဲကနေ ခေါင်းကို အသည်းအသန်ခါနေလေသည်..
ခဏလောက်ကြာတော့ sooရဲ့ငိုသံလေးတွေ မကြားလို့ kaiခေါင်းလေးငုံ့ကာ sooကို ကြည့်လိုက်တော့..သူ့ရဲ့ရင်ဘတ်က အင်္ကျီစလေးကို ဆုပ်ကိုင်ကာ ရှိုက်နေတဲ့sooကို မြင်တော့ သူပိုနာကျင်ရသည်..
Kai: ဘာဖစ်လို့လည်း sooရယ်..
Soo: ကို..
Kai: omm..ပြောလေ soo..
Soo: sooလေ...
Kaiကတော့ sooဆက်ပြောမယ့် စကားလေးတွေကို sooရဲ့မျက်နှာလေးကို ကြည့်ပီး နားထောင်နေလေသည်..sooက ဆက်မပြောပဲ မျက်ရည်လေးတွေ ဝဲလာတာကြောင့် kaiတစ်ယောက် sooရဲ့မျက်နှာလေးနား ခေါင်းလေးတိုးလိုက်ပီး..sooက မျက်ဝန်းလေးကို မှိတ်လိုက်တာကြောင့် မျက်ဝန်းလေးထဲက မျက်ရည်လေးတွေ ဆင်းလာပီး kaiရဲ့ နှုတ်ခမ်းလေးက sooရဲ့မျက်ခွံလေးပေါ် အနမ်းတစ်ပွင့် ခြွေလိုက်သည်..
Kai: soo..ကိုလေ sooရဲ့ အရာရာတိုင်းကို ချစ်တယ်..sooရဲ့ မျက်ရည်လေးတွေကိုလည်း ကိုတန်ဖိုးထားတယ်..အာ့ကြောင့် ခဏခဏ မျက်ရည်မကျပါနဲ့ sooရယ်..ခု sooဘာဖစ်နေလည်းဆိုတာ ကို့ကိုပြောပြလေ ကိုက sooအတွက် အဆင်သင့်ပဲကို..
Sooတစ်ယောက် kaiစကားကြောင့် နှုတ်ခမ်းလေးက ပြုံးလာကာ ဝဲနေတဲ့ မျက်ရည်လေးတွေကို သုတ်ဖို့ လက်ပြင်လိုက်တော့ kaiရဲ့ နှုတ်ခမ်းလေးက sooမျက်ဝန်းပေါ် အရင်ရောက်သွားလေသည်..
Kai: နောက်တစ်ခါ sooရဲ့ အရာရာတိုင်းကို ကိုပဲလုပ်ပေးပရစေ..
Sooတစ်ယောက် မျက်လုံးမှိတ်သည်အထိ ပြုံးလိုက်ပီး..
Soo: ရမ်းချစ်တယ် ကို..
Kai: ကိုလည်း ရမ်းချစ်တယ်..
Kaiတစ်ယောက် sooရဲ့ကိုယ်လေးကို ပွေ့ချီလိုက်ပီး..
Kai: ရေဆိုနေတာကို အင်္ကျီမလဲဘူး..နေမကောင်းပါဘူးဆို..
Sooလည်း kaiရဲ့လည်ပင်းပေါ် လက်လေးယှက်တင်လိုက်ပီး..
Soo: sooနေမကောင်းရင် ကိုပြုစုမှာလား..
Kai: ပြုစုမှာပေါ့ ကိုရဲ့အဖိုးတန်လေးကို..
Soo: sooကို ဘာလို့အဲ့လောက်တောင် ချစ်တာလည်းဟင်..
Kai: sooဖစ်နေလို့ပေါ့..
Soo: ဟင်..ဘယ်လိုကြီးလည်း..
Kai: ကို့အချစ်တွေရဲ့ ပိုင်ရှင်က sooဖြစ်နေလို့ပေါ့လို့..ဒီလောကကြီးမှာ ကိုယ့်ကိုယ်ကိုလူလို့ စသိထည်းက sooဆိုတာ ကို့အချစ်ရဲ့ အရှင်သခင်ဆိုတာလည်း သိလိုက်ရတယ်..
Soo: sooအချစ်တွေရဲ့ ပိုင်ရှင်ကလည်း ကိုတစ်ယောက်ထည်းပါ..ဟုတ်တယ်နော် ကို..sooတို့က လူရယ်လို့ စသိတတ်တဲ့ အရွယ်ရောက်ထည်းက sooဘေးနားမှာ ကိုရှိနေခဲ့တာနော်..နောက်တာ့ sooအချစ်တွေကိုလည်း sooမသိခင်ထည်းက ယူသွားတယ်...
Kaiတစ်ယောက် sooစကားကြောင့် ခြေလှမ်းတွေ ရပ်သွားပီး sooမျက်နှာလေးကို ကြည့်လိုက်တော့ အတိတ်က အကြောင်းအရာလေးတွေကို ပြန်တွေးရင်း ကြည်နူးနေတဲ့မျက်နှာလေး..
Kai: ဒါဆို sooက အတိတ်ကို သတိရသွားပီလား..
Sooလည်း အဲ့ကျမှ ကိုဘာပြောလိုက်တယ်ဆိုတာကို သတိရသွားပီး..kaiကို ကြည့်လိုက်တော့ တစ်ခုခုကို စိုးရိမ်နေတဲ့ မျက်နှာလေးနဲ့..
Kaiပြောလိုက်တော့ ချက်ချင်းမျက်နှာပျက်သွားတဲ့ sooကိုကြည့်ပီး kaiတစ်ယောက် နှလုံးခုန်သံတွေက မမှန်ချင်တော့..
Kai: ကိုတောင်းပန်ပါတယ် sooရယ်..အားလုံးကို့အပြစ်တွေပါ..
Soo: မဟုတ်တာ..sooကြောင့်ပါ..
ယောကျာ်းတန်မဲ့ မျက်ရည်တွေကျနေတဲ့ kaiရဲ့မျက်နှာလေးကို sooရင်ခွင်ထဲကနေ လက်လေးနဲ့ သုတ်ပေးနေလေသည်..
Soo: sooက ကို့ရဲ့ မျက်ရည်လေးတွေက အစ ချစ်တာ..အာ့ကြောင့် မငိုရဘူးနော်..
Kai: sooကို့ကို မမုန်းဘူးလား..
Soo: sooသိပ်ချစ်ရတဲ့ ကို့ကို ဘယ်လို မုန်းရမှာလည်း ကိုရယ်..sooကသာ ကိုsooကို ခုချိန်ထိ အချစ်မလျော့ပဲ ချစ်နေပေးလို့ ကျေးဇူးတင်ရမှာ...
Kai: normuu saranghae soo..ကို့ကို နားလည်ပီး ခွင့်လွှတ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ် sooရယ်..
Soo: sooလည်း ကျေးဇူးတင်တယ်..ရမ်းလည်းချစ်တယ်..
Kai: မဖြစ်တော့ဘူး အင်္ကျီမြန်မြန်လဲရမယ်..sooအေးနေပီမလား..
Soo: arnyi..ကို့ရင်ခွင်ထဲမှာ နေရတာမို့ နွေးနေတာပဲ..
Kai: ဟား ဟား..စကားသိတ်တတ်နေတယ်..
Kaiလည်း sooကို အခန်းထဲခေါ်သွားပီး ကုတင်ဘေးနားမှာ တင်လိုက်ကာ..
Kai: ကို အင်္ကျီထုတ်ပေးမယ်နော်..
Soo: sooဘာသာ လုပ်ပါ့မယ်ကိုရယ်..
Kaiတစ်ယောက် ဘီရိုရှေ့မှာ ရပ်ပီး sooဘက်ကို လှည့်ကာ..
Kai: ကိုပြောထားတယ်လေ sooရဲ့ အရာတိုင်းကို ကိုပဲလုပ်ပေးပါ့မယ်လို့..
Soo: heee..ဟုတ်ပါပီ..sooအလှည့်ကျရင်လည်း ကိုဘာမှပြောရဘူးနော်..
Kai: ပျော်ပျော်ကြီးနဲ့ကို sooလုပ်တာ ခံမှာ..
Soo: borrr..ကို ဘာတွေပြောနေတာလည်း..
Kaiတစ်ယောက် ဘီရိုထဲက sooအတွက် အဝတ်ထုတ်ပီးတော့ sooအနားပြန်လာကာ..
Kai: ကို ဘာပြောလို့လည်း sooရဲ့..ဆိုပီး sooအင်္ကျီကြယ်သီးပေါ် လက်ရောက်သွားတော့..
Sooတစ်ယောက် သူ့ရင်ဘတ်ပေါ် လက်လေးနဲ့အသာယှက်ပီး..
Soo: အာ့ဘာလုပ်မို့လည်းကို..
Kaiတစ်ယောက် ပြုံးစိစိနဲ့..
Kai: အင်္ကျီဝတ်ပေးမို့လေsooရဲ့..
Soo: ကိုနော်..အဲ့ရုပ်က ဘာဖစ်နေတာလည်း..
Kai: ဘာဖစ်နေလို့လည်း..ကိုက sooရဲ့အရာရာတိုင်းကို လုပ်ပေးမှာလေ..
Soo: အင်္ကျီတော့ sooဘာသာဝတ်မယ်..
Kai: ရဘူး ကိုပဲလုပ်ပေးမှာ..
Soo: ကိုနော်..ဘာဖစ်နေတာလည်း..
Kai: sooရယ် လင်မယားချင်းပဲကို ဘာဖစ်နေတာလည်း..
Soo: sooရှက်တယ်..
Kai: ရှက်ရင် မျက်စိမှိတ်ထားလေ..ဆိုပီး kaiကပြောတော့ sooလည်း ပြောလို့မရမှန်းသိနေတာနဲ့ မျက်လုံးလေးမှိတ်ကာ kaiလုပ်သမျှကို ငြိမ်ခံနေလိုက်သည်..
Kaiကတော့ ပြသနာတက်နေလေပီ..လျှာရှည်ပီး sooကို အင်္ကျီဝတ်ပေးမယ်လုပ်နေတာ ခုမှ ကြယ်သီးလေးနှစ်လုံးပဲ ဖြုတ်ရသေးတယ် လက်ကတုန်ပီး ရင်ကလည်း ခုန်နေတာကြောင့် ဘာမှဆက်လုပ်လို့မရတော့...
နောက်ဆုံးတော့ သည်းမခံနိုင်တဲ့အဆုံးမှာ kaiတစ်ယောက် သူ့စိတ်ကို လွတ်လပ်ခွင့်ပေးလိုက်သည်...
TBC
ဘာရေးထားမှန်းမသိဘူးနော်..saengအစက ပြသနာတွေ ထည့်မို့ပဲ..ဒါမယ့် မထည့်ထားဘူးနော်..အမှားတွေ ပါသွားရင်လည်း တောင်းပန်ပါတယ်ရှင့်..ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်..
Dika iz my life
I Believe in Dika Forever
#Baek Stan