Aww....တော်တော်လေးပျော်ခဲ့တယ်ပေါ့လေ...
အသံကြားလို့ sooနဲ့hunလှည့်ကြည့်လိုက်တော့...
Soo: ကို...
Hun: hyung...
Kai: ဘာလဲ တော်တော် အံ့ဩသွားတာလား..
Sooကတော့ kaiပြန်ရောက်လာတာကို ဝမ်းသာတဲ့လေသံလေးနဲ့..
Soo: ommပေါ့ ကိုရဲ့...
Kaiနား အပြေးလေးသွားပီး kaiရဲ့လက်ကို ကိုင်ကာ..
Soo: sooက ကိုဒီနေ့ပြန်ရောက်မယ်လို့ မထင်ထားဘူး..ဟီး sooရမ်းပျော်တာပဲ..
Sooတစ်ယောက် kaiရဲ့လက်လေးကို ကိုင်ကာ သူလွမ်းနေကြောင်းကို ချစ်စဖွယ်အမူအရာလေးနဲ့ပြောနေပေမယ့်..kaiကတော့ မျက်နှာကြီးတင်းကာ..sooကိုင်ထားတဲ့ သူ့လက်ကိုဖယ်လိုက်ပီး..
Kai: ကို ပင်ပန်းနေတယ်...ဆိုပီး အိမ်ပေါ်တက်သွားသော kaiကို sooကတော့ ကြောင်တောင်တောင်လေးနဲ့ ကြည့်နေလေသည်..sehunကတော့ တစ်ခုခုပြသနာတက်တော့မယ်ဆိုတာကို သိနေတာကြောင့် သူလည်းစိတ်ညစ်နေလေသည်..
Soo: ommပေါ့ ကိုလည်း ပင်ပန်းနေမှာပေါ့..hun သွားနားနေတော့လေ..noona မင်းရဲ့hyungတွက် ဂျင်ဆင်းကြက်ပေါင်းရည်လုပ်ပေးလိုက်ဦးမယ်..ပီးရင်hunလေးကို ခေါ်လိုက်မယ်နော်..
Hun: nae..noona ရပါတယ် hyungကိုပဲတိုက်လိုက်..ကျွန်တော် ရေချိုးပီးရင် အပြင်ခဏသွားလိုက်ဦးမယ်..
Soo: ဟင်..ခုလေးတင် အပြင်က ပြန်လာတာကို အပြင်ထပ်ထွက်ဦးမယ်..
Hunလည်း ပြုံးရုံလေးသာ ပြုံးပြပီး..
Hun: lu noonaကို အလုပ်သွားပို့ချင်လို့ပါ..ပီးရင် နိုင်ငံခြားက ပြန်လာတဲ့ ကျွန်တော့ သူငယ်ချင်းနဲ့လည်း သွားတွေ့မို့ပါ..
Soo: awww..ဒါဆို ကားဖြည်းဖြည်းမောင်းသွားနော်...
Sooလည်း hunထွက်သွားတော့ သူနဲ့kaiရဲ့အခန်းလေးစီသွားကာ..
Soo: ကို..နေမကောင်းလို့လား..
ကုတင်ပေါ်မှာ အိပ်နေတဲ့ kaiကြောင့် နေမကောင်းဘူးထင်ပီး ကုတင်ဘေးနားမှာထိုင်ကာ နဖူးလေးကိုကိုင်ပီး မေးနေပေမယ့် kaiကတော့ မျက်လုံးကြီးစုံမှိတ်ပီး ဘာမှပြန်မပြောပေ...sooလည်း kaiရဲ့နဖူးလေးကို နမ်းကာ အခန်းထဲကထွက်ပီး kaiတွက် ကြက်ပေါင်းရည်သွားလုပ်နေလေသည်..ဒါမယ့် sooမသိခဲ့တာက ကုတင်ပေါ်မှာ အိပ်နေတဲ့ ကောင်လေးရဲ့မျက်လုံးထဲက မျက်ရည်တစ်စက်ကျသွားတာကိုပေါ့...