Ep-25

2.2K 141 12
                                    

မနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည်က မျက်စိရှေ့တည့်တည့်ကို ရောက်နေသလိုမျိုး ခံစားရတာကြောင့် မပွင့်ချင်တဲ့ မျက်လုံးလေးတွေကို kaiတစ်ယောက် အားယူပီးဖွင့်လိုက်ရသည်...မျက်စိ စပွင့်ပွင်းခြင်းမြင်ရတာက သူသိပ်ချစ်ရတဲ့..သူ့ဘဝမှာ နောက်ထပ်အချစ်ဆိုတာ မရှိတော့အောင် သူ့တစ်ယောက်ထည်းကိုပဲ အကုန်ပုံအပ်ပီးချစ်ရတဲ့ sooဆိုတဲ့ သူ့ဇနီးလေးကို ဦးဆုံးမြင်လိုက်ရတာကြောင့် နှုတ်ခမ်းသားလေးက အလိုလိုပြုံးလာရင်း ပုံမှန်ထမ်းဆောင်နေကြ တာဝန်တစ်ခုဖြစ်တဲ့ နဖူးပေါ် အနမ်းလေးခြွေလိုက်လေသည်...

Kaiကနမ်းရင် sooကပြုံးရမယ်လို့ဆိုပီး တိုင်ပင်ထားခြင်းမရှိပါပဲနဲ့ kaiက sooနဖူးလေးကို နမ်းလိုက်တာနဲ့ sooရဲ့နှုတ်ခမ်းလေးကလည်း အလိုလိုပြုံးလာလေသည်...တကယ်တော့ sooတစ်ယောက် အိမ်မက်ကမ္ဘာထဲမှာပဲ ရှိနေတာပါ..

Kai: morneee soo...ဆိုပီး sooဘေးနားကနေ အသာလေးထကာ sooနိုးရင် စားဖို့အတွက် မနက်စာ ထပြင်မယ်လုပ်တော့ sooက မျက်လုံးမပွင့်သေးပါရက်နဲ့ kaiရဲ့ လက်လေးကို ကိုင်ထားပီး...

Soo: sooပြောတာကို ယုံပေးပါနော်..sooမှာ ကို့တစ်ယောက်ပဲရှိတာပါ..sooကို မထားခဲ့ပါနဲ့နော် ကို..ဆိုပီး ဂယောင်ခြောက်ခြားနဲ့ သွေးရူးသွေးတန်းစကားတွေပြောပီး ခြွေးစီးတွေ ထွက်နေတဲ့ sooရဲ့ ကိုယ်လေးကို ရင်ခွင်ထဲ အသာထည့်ထားရင်း...

Kai: soo!!ကို ရှိတယ်လေ..ကိုက sooကိုယုံတယ်နော်..ဆိုပီး sooကိုယ်လေးကို တင်းတင်းကြပ်ကြပ်လေးဖတ်ကာ ပြောလိုက်မှပဲ sooတစ်ယောက် ငြိမ်ကျသွားတော့သည်..

ဒါဟာ အတိတ်က ကိစ္စတွေကို ပြန်မှတ်မိတော့မယ်ဆိုတဲ့ လက္ခဏာလား..

Kaiတစ်ယောက် နောက်ဖစ်လာမယ့် ကိစ္စတွေကို ကြိုပီးမတွေးချင်တော့ပါ..တကယ်လို့ sooက အတိတ်ကို ပြန်သတိရသွားပီး သူ့ကိုမုန်းမယ်ဆိုရင်တောင် သူ့ဘက်ကနေ sooအမုန်းပြေတဲ့ထိ စောင့်မယ်ဆိုပီး ဆုံးဖြတ်ထားပီးသားလေ..တကယ်ပဲ သူsooအပေါ် မလုပ်သင့်တဲ့ အမှားတွေ လုပ်မိခဲ့တာကိုး..ဘယ်လောက်ပဲ sooက အတိတ်ကကိစ္စတွေကို စိတ်မဝင်စားဘူး ပြောနေပါစေ..တစ်နေ့ sooအတိတ်က အကြောင်းတွေ ပြန်သတိရလာရင် အဲ့ဒီစကားမျိုး ပြန်ပြောနိုင်ပါဦးမလား...ဘာပဲဖြစ်ဖြစ်ပါ.. sooသူ့ကိုမုန်းမယ်ဆိုရင်တောင် သူသည်းခံနိုင်ပါတယ်..တစ်ခုပဲ..သူ့အနားကနေ ထွက်သွားမယ်လို့ မပြောပါနဲ့..အဲ့ဒီစကားက သူ့ဘဝရဲ့ အားနည်းချက်မို့လို့ပါ...

I' d Go Back To YouHikayelerin yaşadığı yer. Şimdi keşfedin