"ဟေးးးဟေးးးး
ဂျင်ကလည်တွေ!!!
တဆိတ်လောက်!!!ဟေးးးးးးးးးးးး!!!!!"
မတတ်နိုင်တော့ နောက်ဆုံးတန်းကနေ ကြုံးအော်လိုက်တော့မှ ရှေ့တန်းကနေ ဖြစ်ချင်
တာဖြစ်နေသော အနှီဆယ့်နှစ်ယောက်ငြိမ်ကျ
သွားသည်။
ဒါတောင် Sehunဆမုတ်ကို မမှီ့တမှီလှမ်းဆွဲ
နေသော Luhanက မျက်စောင်းအကြီးစား
ကြီးလှမ်းထိုးလိုက်ရင်း..."လန့်သွားတာပဲဗျာ..
တိုးတိုးအော်လဲဒီစကားပါပဲ..၊"တဲ့ ဆိုလာချေ
သေး...။မပြောချင်ဘူး...တိုးတိုးအော်တော့ရော
သူတို့က အဖတ်လုပ်တာကျလို့...။
ကျောင်းအုပ် လည်ပင်းကိုတစ်ချက်ပွတ်လိုက်
ရင်း...ဟုတ်တယ် ဇွတ်တင်းနင်းကန်အော်
လိုက်ရတာ လည်ပင်းနာသွားတယ်လေ...။
"စကြတော့လေ..မင်းတို့ဟောပြောပွဲလေး..."
နိဒါန်းပျိုးပေးလိုက်တော့....
ကျောက်သင်ပုန်းပေါ် ကမ္ဘာ့အကျော်အမော်
လက်ရာဖြစ်သော တီကောင်လား ခေါက်ဆွဲလား
မသဲကွဲသော အတွန့်အတွန့်ကိုဆွဲနေသည့်
Krisက သူ့လက်ထဲက မြေဖြူကိုပစ်ချလိုက်ပီး
ကလေးတွေဘက်ကို ဦးတည်မျက်နှာချင်းဆိုင်
လိုက်သည်။
"အဟမ်း...ကလေးတို့ Annyeong....
အစ်ကိုတို့အခုပြောမှာက မင်းတို့လဲစိတ်ဝင်စား
ဗဟုသုတလည်းဖြစ်မယ့် အီစွတ်ပုံပြင်လေးတွေ
ပြောပြမယ်..."
ကလေးတွေဆီက လက်ခုပ်လက်ဝါးတီးသံ
ခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
အင်း...ဟိုတစ်ယောက်ကလည်း ဒါကိုပင်
ပန်းစီးပေါက်ပေးလိုက်သည့်အလား ရင်ကော့
ခံယူကာ....
သူ့ရဲ့ အီစွတ်ပုံပြင်လေးအား ပူဖောင်းမလွှတ်
ဖဲကြိုးမဖြတ်ပဲ စတင်လေတော့သည်။
"လောကကြီးမှာ အရေးအကြီးဆုံးဖြစ်တဲ့
အချိန်နဲ့ပတ်သက်တဲ့ ပုံပြင်လေးအကြောင်းပြော
ပြမယ်...။
ပုံပြင်လေးရဲ့နာမည်က အဘွားအိုနှင့်အလုပ်
သမားများ တဲ့...။
အရင်တုန်းက အလုပ်ကိုအရမ်းမြတ်နိုးတဲ့
အဘွားကြီးတစ်ယောက်ရှိတယ်။
သူက သူမြတ်နိုးသလို သူ့အလုပ်သမားတွေကို
လဲ အလုပ်ကိုမြတ်နိုးတန်ဖိုးထားစေချင်တယ်။
ဟိုကောင်တွေကြားလား!!!
အလုပ်ကိုတန်ဖိုးထားရမယ်...."
ပြောနေရင်းနဲ့ သူလှည့်ငေါက်လိုက်သည်က
သူ့ရဲ့ချစ်လှစွာသော မွှေဖော်မွှေဖက်လေးတွေ...
တစ်ချို့ကတော့ ယမ်းယောင်ခေါင်းညိတ်လိုက်
သလို...ကျန်တဲ့သူတွေဆီက အသံမထွက်
ခပ်တိုးတိုးကြိတ်ဆဲသံတွေကို မြင်လိုက်ရသည်။
"အဘွားကြီးက အလုပ်ကိုတန်ဖိုးထားတော့
သူ့အလုပ်သမားတွေကို လင်းကြက်တွန်တာနဲ့
နှိုးလေ့ရှိတယ်၊..။
အစောကြီးထပီး အလုပ်သမားတွေက
အလုပ်လုပ်ကြရတာပေါ့....။
အင်း....
Zhang Yi Xingနဲ့တော့ အကိုက်ပါပဲ...."
နဂိုတည်းကမှ အိပ်ချင်တာကိုမအိပ်ရလို့
မကြည်နေတဲ့Layက အခု ဘာမှမဆိုင်ပါပဲ
သူ့ကိုခလုတ်တိုက်ပြောလိုက်တာလဲကြားရော...
ဘာမပြောညာမပြော အနီးက dusterနဲ့
Krisကို လှမ်းပေါက်ပါလေရော...။
လက်ကလည်း ရှယ်တည့်တာကော...
4ယောက်ကျော်က Krisကို လှမ်းပေါက်တာ...
အခန်းအလယ်မှာ ထိုင်နေတဲ့ မြို့အုပ်ရဲ့
အင်္ကျီကို တည့်တည့်မှန်ပါလေရော...။
သပ်သပ်ရပ်ရပ်ဖြစ်ချင်လို့ အမည်း ဝမ်းဆက်
ဝတ်ခဲ့ပါတယ်ဆိုမှ...မြေဖြူရာ လေးထောင့်
အကွက်ကြီးက ရင်ဘတ်တည့်တည့်မှာ
ခန့်ခန့်ထည်ထည်နေရာယူလို့...။
စပြီ....
ပေါက်တတ်ကရ အဖြစ်တွေ...
ခေါင်းကြိမ်းရမယ့်အဖြစ်တွေက ပုံပြင်အလယ်
တောင်မရောက်သေးဘူး...
စလာပါပီ...။
သူပစ်လိုက်တဲ့ သင်ပုန်းဖျက်က ဘယ်ရောက်လို့
ရောက်သွားမှန်းမသိ....
Krisကို လက်ညှိုးထိုးပီး သဘောတကျရယ်နေ
သည်က ကိုကို Lay...။
Krisလည်း ခေါင်းကိုစိတ်ပျက်စွာ ခါယမ်းလိုက်
ရင်း...
"အင်း...
ပလာယာနဲ့ ဆွဲဖြဲ အပေါက်ကျယ်ပေးလို့ရရင်
ငါ အဲ့ပွေးနဲ့ ဟိုပေါက်စ...
အဲ့2ယောက်ရဲ့မျက်ပေါက်တွေကို
အရင်ချဲ့ပေးလိုက်ချင်တယ်..."
0-o
အမ်...ကွကိုယ်အေးဆေးသက်သာနေနေတော့
လဲ...
ငြိမ်ငြိမ်မနေ၊..လာခလုတ်တိုက်နေသေးတယ်။
အတွေးနဲ့ အမောင် Baekhyunတို့
Krisကြီးကို မမြင့်တမြင်မျက်စောင်းလှမ်းထိုး
တာပေါ့...။
Krisကတော့ ပိစိရဲ့မျက်စောင်းကို သတိမထား
မိပါဘူး...သူ အာရုံရောက်နေတာက သူ့ကို
လက်ညှိုးထိုးပီး အားပါးတရရယ်နေတဲ့
Layကိုရယ်ပါ...။
"ဟဲ့...Layရဲ့...
ငါပြောနေတာလေးလဲ ခေါင်းထဲရောက်ပါဦး...
မင်းအဖေ dusterကလေ ငါ့မှန်တာမဟုတ်ဘူး
ဟိုမှာ မြို့မှူးမှူးကို သွားမှန်တာ....
ခေါင်းလေးငဲ့စောင်းကြည့်လိုက်ပါဦး..."
ထိုအခါမှ Layက မျက်နှာတည်လေးနဲ့
မြို့အုပ်ကိုလှမ်းရှာလိုက်ပီး...
ရင်ဘတ်တည့်တည့်က ပန်းပွင့်သဖွယ် ဝင့်ထည်
နေသော dusterအဖြူလေးထောင့်အကွက်
ကြီးကို မြင်လိုက်ပီးသကာလ...
ခေါင်းလေးညွတ်ကာ တောင်းပန်ရှာပါသည်။
"သွေ့ပုချိ...သွေ့ပုချိ...."တဲ့...။
အခန်းထဲမှာ ငြိမ်နေတာ မိနစ်ဝက်လောက်ကြာ
ပီးမှ Krisက သူ့ပုံပြင်ကိုဆက်ပြန်သည်။
"အဲ...စောစောထရတဲ့ သွေ့ပုချိတွေက..."
O_0
"အာ မှားလို့...စောစောထရတဲ့ အလုပ်သမား
တွေက...သူတို့ဘာလို့စောစောထရသလဲဆိုတဲ့
အကြောင်းကို စဉ်းစားကြတာပေါ့..."
"ဒါများ အဆန်းလုပ်ပီးစဉ်းစားနေတယ်
စောစောထရတာ မျက်ချိပွင့်လို့ပေါ့...."
ခုဏက သူ့ကိုအလကားနေ စော်ကားထားသည်
ကို မကျေနပ်နေသော Baekhyunက
Krisစကားကို ဝင်ထေ့သည်။
Kris နည်းနည်းတော့ နင်သွား၏...။
သို့ပေမယ့် ဟန်မပျက် စကားကိုဆက်သည်။
"သူတို့စဉ်းစားကြတော့ အဖြေကိုတွေ့သွားတာ
ပေါ့...။
ဒါ ကြက်တွန်လို့ပေါ့...။
ကြက်သာမရှိရင် အဘွားကြီးမိုးလင်းတာမသိပဲ
သူတို့ကို မနှိုးနိုင်တော့ဘူးပေါ့...။
အဲ့လိုအတွေးတွေနဲ့ အလုပ်သမားတွေက
ကြက်ကိုသတ်စားလိုက်ကြတယ်...။
ဟေးးး Kim Kai အဲ့ထဲမှာ မင်းလဲပါတယ်
မလား??? ကြက်မွှေးနှုတ်တာ မင်းမလား...
မနေ့က မင်းအိပ်မက်ယောင်နေတာ ငါမြင်လိုက်
ပါတယ်...။လေထဲမှာ ကြက်မွှေးနှုတ်နေတဲ့
ပုံစံနဲ့ တဗြုတ်ဗြုတ်နှုတ်ပြနေတာ...."
Kris ၏ ဗရုတ်သုတ်ခစကားကြောင့်...
လက်ကို ဟိုယိမ်းဒီယိမ်းနှင့် ကသလိုလုပ်နေ
သော Kaiမှာ ဘာပြန်ပြောလို့ပြောရမှန်းမသိ
သည့် မျက်နှာထားနှင့် Krisကို လှမ်းကြည့်လာ
လေသည်။
ကျောင်းအုပ်အခုအချိန်မှာ တွေးနေမိတာတစ်ခု
ရှိသည်။
Kris ပြောနေရင်း မဟုတ်တရုတ်စကားတွေ
ဖြတ်မပြောပဲ ပုံပြင်ကိုဖြောင့်ဖြောင့်တန်းတန်း
ပြောရင် ဘယ်လောက်ကောင်းမလဲလို့ပါ...။
အခုတော့ ကလေးတွေမပြောနဲ့ နားထောင်နေ
တဲ့ ကျောင်းအုပ်တောင် ဘယ်အချက်ကို
လိုက်မှတ်ထားလို့မှတ်ထားရမည်ပင်မသိတော့။
Kaiကို ထေ့ပီးသကာလ...ပုံပြင်ကိုဆက်ပြန်
လေသည်။
"ကြက်ဖကြီးကို အလုပ်သမားတွေက သတ်စား
လိုက်တော့...အခြေအနေက ဘယ်လိုဖြစ်
သွားမလဲ...။
သူတို့မျှော်လင့်ထားသလိုလား...။
Arnyi...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....
ပိုလို့တောင်ဆိုးသွားသေးတယ်။
ကြက်တွန်သံကိုမကြားရတော့တဲ့ အဘွားကြီးက
မနက်အိပ်ရာထတာ နောက်ကျမှာစိုးတော့
ညဆိုလဲတော်ရုံနဲ့မအိပ်တော့ပဲ...
ရောင်နီတောင်မလာသေးဘူး...အလုပ်သမား
တွေကို နှိုးတော့တယ်တဲ့....။
အဲ့တော့ အရင်တုန်းက ကြက်တွန်သံကြောင့်
ထရတဲ့ အချိန်ထက်....အလုပ်သမားတွေက
စောထရတော့တာပေါ့...။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်...."
ဒါပါပဲကွယ်ဆိုပီး ခါးလေးညွတ်ကာပြောလိုက်
သော Krisကြောင့်...ကလေးတွေကလည်း
ဘာရယ်ညာရယ်မသိ လက်ခုပ်ထတီးပေးကြ
သည်။လက်ခုပ်သံတွေထဲမှာ ကျောင်းအုပ်
လက်ခုပ်သံအကျယ်ဆုံးဖြစ်မည်ထင်သည်။
ဟုတ်တယ်....တစ်ယောက်မြန်မြန်ပီး...
အသက်မြန်မြန်ပိုရှူရနိုင်သည်လေ...။
Kris က ကမ္ဘာကျော်တစ်ယောက်လို
ဟန်ပါပါပြုံးလိုက်ပီး...
"ကဲ...ပုံပြင်လေးပီးသွားတာတော့ဟုတ်ပါပီ။
ပုံပြင်က အဓိကပေးချင်တဲ့ messageကိုလဲ
နားလည်ရဦးမယ်လေ...။
အဲ့တော့ ပုံပြင်က ဘာကိုအဓိကဆိုလိုချင်တာ
လဲ....."
ကလေးလေးတွေ ခေါင်းဟိုကုတ်ဒီကုတ်နဲ့
စဉ်းစားကြသည်။ဘယ်လိုစဉ်းစားစဉ်းစား...
အဖြေကိုမသိကြ...ဘယ်သိမှာလဲ...
သူပြောပြနေတာက ကလေးလေးတွေရှိသေး
တာကိုး...စကားကြီးတွေသွားမေးနေတော့...။
သို့ပေမယ့်...လက်မလျှော့...
ဘယ်သူမှမဖြေလျှင် သူဖြေမည်ဟု တစ်ဖက်သတ် ခံယူထားသော Krisက...
"ပုံပြင်ရဲ့အဓိကပြောချင်တဲ့ အကြောင်းအရာက
ဘယ်အရာကိုမှ သေချာမစဉ်းစားပဲ မဆုံးဖြတ်
ပါနဲ့...ပီးတော့ အချိန်ကိုအကျိုးရှိရှိအသုံးချပါ...
အဲ့တော့ကာ...
အစ်ကိုတို့ အချိန်ကို အကျိုးရှိရှိအသုံးချဖို့
ဘာလုပ်ရမလဲ..."
"နာရီဝယ်ပတ်မယ်..."
ပြန်ဖြေလာသူက 2ယောက်ကျော်က Suho...။
ကျောင်းအုပ်ရင်ထဲ ဟိုက်ခနဲဖြစ်သွားပေမယ့်
Krisကတော့ လက်ဖျောက်တစ်ချက်တီးလာ
ကာ ဝမ်းသာအားရထောက်ခံလာသည်။
"ဟုတ်တယ်...ဒါပဲပေါ့...
အချိန်ကို ဘယ်လိုကုန်တယ်...ဘယ်လိုအသုံးချ
ရမယ်ဆိုတာ သိဖို့...ကလေးတို့လက်ပတ်နာရီ
ဝယ်ပတ်ရမယ်...
ဘာလုပ်ရမလဲ..."
"လက်ပတ်နာရီဝယ်ပတ်ရပါမယ်!!!!"
သံပြိုင်ပြန်ဖြေလိုက်ကြသော ကလေးတွေရဲ့
အသံနှင့်အတူ...ကျောင်းအုပ်ကြီး ငိုချင်သွား
သည်။ဘယ်နှယ့်...
အဘွားအိုနှင့် အလုပ်သမားများဆိုတဲ့ အီစွတ်
ပုံပြင်ရဲ့ဆိုလိုချက်က...လက်ပတ်နာရီဝယ်ပတ်ရ
မယ်ဆိုပါလား....။
ဒါတောင် Chanyeolက...
သူ့လက်ကို ကလေးတွေကိုထောင်ပြရင်း...
သွားအဖြီးသားနဲ့.. Rolex...Rolexဟု
ခပ်တိုးတိုးဆိုနေသေးသည်။
တစ်ယောက်ပြောပြီးသွားတော့ အလှည့်ကျ
လာသည့်တစ်ယောက်က ရှေ့ကိုတိုးထွက်လာ
သည်။
ကြည့်လိုက်တော့...စုတ်ဖွားကေနှင့် Chen...။
•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'