My Baby Baekhyunne(Completed)

By YeolliesSakura

322K 27K 1.1K

If the sun were to rise in the west,my love would be unchanged forever.you will always have a special place i... More

Intro
Ep~1
Ep~2
Ep~3
Ep~4
Ep~5
Ep~6
Ep~7
Ep~8
Ep~9
Ep~10
Ep~11
Ep~12
Ep~13
Ep~14
Ep~15
Ep~16
Ep~17
Ep~19
Ep~20
Ep~21
Ep~22
Ep~23
Ep~24
Ep~25
Ep~26
ချစ်သော ပင်လယ်ပြာ
Ep~27
Ep~28
Ep~ 29
Final

Ep~18

7.9K 894 44
By YeolliesSakura

"​ကျေးဇူးတင်​ပါတယ်​ဗျာ...
ကျ​တော်​အတက်​နိုင်​ဆုံးကြိုးစားမှာပါ..."

"ဦး​လေးက​တော့​မောင်​ရင်​ကိုအားနာလို့သာ
အလုပ်​​ပေးရတာ..တကယ်​​တော့​မောင်​ရင်​ပုံက..~"

"အာ...
ကျ​တော်​အလုပ်​လုပ်​နိုင်​ပါတယ်​...
အ​ကောင်းဆုံးဖြစ်​​အောင်​ကြိုးစားပြီးလုပ်​မှာပါ..
ကျ​တော့်​ကိုယုံကြည်​​ပေးပါ..."

"​ကောင်းပြီ​လေ...
တစ်​​နေ့လုပ်​အားခက ည​နေ့အလုပ်​ဆင်းချိန်​ကြရင်
ပေးမယ်​​နော်​...ဒီ​နေ့ကစဆင်းလို့ရပြီ​နော်​.."

"Nae..!
ကောင်း​ကောင်းကြိုးစားပါ့မယ်​.."

Chanyeolတက်​ကြွ​သောအသံဖြင့်​သူ့၏အလုပ်​ရှင်​​ရှေ့တွင်​အချိုသာဆုံးအပြုံးဖြင့်​ အရိုအ​သေ​ပေး
လိုက်​​တော့ အ​လုပ်​ရှင်​ကသ​ဘောကျ၍ ​ခေါင်း
တငြိမ့်​ငြိမ့်​ဖြင့်​...

အလုပ်​ရှင်​ထွက်​​သွား​တော့ Chanyeol သူ့အလုပ်​လုပ်​ရမယ့်​​နေရာမှာ တခြားအလုပ်​သမား​တွေကို
လိုက်​နှုတ်​ဆက်​ပြီး ဒီ​နေ့အလုပ်​စဆင်းရမှာ​လေ...

"​ကောင်​​လေး..ဒီလက်​အိတ်​ ဝတ်​ထား...
ရေခဲ​တွေက​အေးတယ်​​လေ...လက်​​တွေကွဲ​ရော
မဟုတ်​ရင်​..."

"Nae..Gamsamitha Arjushi.."

လက်​အိတ်​ကမ်း​ပေးတဲ့ ဦး​လေးကြီးက Chanyeol ကို​သေချာ​ကြည့်​​နေ၏..

"မြင်​ဖူးသလိုပဲ...!.."

"ဗျာ....!?..."

"Tv ထဲမှာ​လေ..."

အရင်​က Park Gp ရဲ့ ဒါရိုက်​တာချုပ်​ဖြစ်​တုန်း
က Tv မှာမြင်​ဖူးတာဖြစ်​မှာ​ပေါ့...

Chanyeol အနည်းငယ်​ပျက်​ယွင်းသွား ​သော
မျက်​နှာကိုပြင်​လိုက်​ပြီး

"Arr..Arjushi..ကလည်း ကျ​တော်​က Tv မှာ
ဘာကိစ္စပါမှာလဲ...ကျ​တော်​အလုပ်​လုပ်​​တော့မယ်
နော်​.."

အခုမှ လက်​လက်​ဆက်​ဆက်​ဖမ်းမိထားတဲ့ ငါး
ပုဇွန်​​တွေကို ပုံးထဲထည့်​ထား​လေသည်​...
တစ်​ချို့ဆိုအသက်​ရှင်​​နေဆဲ...

အသက်​ရှင်​​နေတဲ့​ ငါး​တွေ ရဲ့​ခေါင်းကို ဓားပြားနဲ့
ထုလိုက်​ပြီး အသက်​ကိုဇီဝိန်​ချုပ်​​ပေးရ​လေသည်​..

အစက​တော့ ဒီ ငါး​တွေ ပုဇွန်​​တွေကိုဘယ်​လိုစပြီး
ကိုင်​တွယ်​ရမလဲ Chanyeol မသိ​သော်​လည်း..
ဘေးနားကလုပ်​တဲ့သူ​တွေလုပ်​သလိုကြည့်​ပြီး
လိုက်​လုပ်​​တော့တဖြည်းဖြည်းနဲ့​တော့အဆင်​​ပြေ
လာ​လေသည်​..

ဆိပ်​ကမ်း​နေရာဖြစ်​တဲ့အတွက်​ ​Seoul ​ဈေးကွက်
ကိုတင်​ပို့မယ့်​ငါး​တွေ ​ရေခဲရိုက်​ပြီး ကုန်​တင်​ကား
များနှင့်​ ပို့​ပေး​လေသည်​..

နေ့ခင်းထမင်းစားချိန်​ကျ​တော့ အိမ်​ကိုတစ်​ချက်​ပြန်
ပြေးရ​သေးသည်​..
Baekhyunne တစ်​​ယောက်​တည်းကျန်​ခဲ့သည်​​လေ...

အိမ်​ရှင်​ ဦး​လေးကြီးရှိ​ပေမယ့်​ သူစိမ်းပဲမဟုတ်​လား...
တော်​ကြာဂျီကြ​နေတာတို့ ငိုယို​နေတာတို့ဆို
သူများတကာကိုမ​ကောင်းဘူး​လေ..

"Baekhyunne..!"

Chanyeol ​ခေါ်လိုက်​​တော့ တစ်​ခုခုကိုအာရုံစိုက်​လုပ်​ရာမှာမော့ကြည့်​​လေသည်​...

အော်​..​တော်​ပါ​သေးတယ်​...က​လေးကအိမ်​​ရှေ့က
ရေ​မြောင်းနားတွင်​ထိုင်​ကာတုတ်​တစ်​​ချောင်းနဲ့​ဆော့​နေတာကိုး..

ဘေးနားတွင်​ အိမ်​ရှင်​ဦး​လေးကြီးကလည်း
အဝတ်​အစား​တွေ​လျှော်​​နေ​လေ၏..

"က​လေးရယ်​..​အေး​နေတာကိုဘာလို့အပြင်​ထွက်​​နေတာလဲ.."

ဘာမှပြန်​မ​ပြော ဆူပုပ်​ပုပ်​ရုပ်​​လေးဖြင့်​ ​ရေ​မြောင်း
ထဲမှာ​ရေ​တွေကိုတုတ်​တစ်​​ချောင်းဖြင့်​​ဆော့​နေ၏..

"နိုးလာတုန်းက Chanyeol ကို​မေးတယ်​..
အလုပ်​သွားတယ်​​ပြောလိုက်​​တော့ Arjushi
နဲ့တူတူ​နေမယ်​တဲ့...
တစ်​​ယောက်​တည်း​နေရတာပျင်း​နေတယ်​ထင်​ပါတယ်​..."

ကျ​တော့်​ကို​မေးတယ်​တဲ့...
မေးတယ်​ဆိုတာနဲ့တင်​ ​ကျ​တော်​​ပျော်​ပါတယ်​..

အခု Baekhyunne က​တော့ Chanyeol ကို
နည်းနည်းမှလှည့်​မကြည့်​​ပေ...
ရှိတယ်​လို့​တောင်​မထင်​တဲ့ပုံ...

စိတ်​ပူလို့အ​ပြေးအလွှားပြန်​လာခဲ့ရ​သော်​လည်း
Baekhyunne ရဲ့ အပြုအမူ​​တွေကရင်​ဝကို
ဆောင့်​ကန်​ပြီးအ​မောဆို့်​စေတယ်​...

အိမ်​ပြန်​​ရောက်​သည်​ထိ​ရေခဲ​တွေကိုအချိန်​ကြာမြင့်​စွာကိုင်​ထားရတဲ့အတွက်​ ​အေးစက်​​နေ​သောလက်​နှစ်​ဖက်​ကို ပွတ်​သပ်​​နေပြီး Chanyeol Baekhyunneရဲ့​ကျောပြင်​​လေးကိုအ​ကြောင်းမဲ့
မျှော်​လင့်​ချက်​တို့ဖြင့်​ ငေးကြည့်​​နေမိသည်​...

တစ်​​နေ့ အဲ့​နောက်​​ကျော​ပေးထားတဲ့ က​လေး​လေး
ကိုယ့်​ဖက်​ကိုပြန်​လှည့်​လာပြီးကိုယ့်​ရဲ့​အေးစက်​​နေတဲ့ လက်​နှစ်​ဖက်​ကို​နွေး​ထွေး​အောင်​လုပ်​​ပေးပါ..

...

အိမ်​ပြန်​လာ​တော့ တစ်​ကိုယ်​လုံးကကိုင်​ရိုက်​ထား
သလိုပင်​...ပြီး​တော့လက်​​တွေကလည်းထုံကျဉ်​လို့
ကျန်​​သေးတယ်​...ခါးကလည်းနာ​နေ​သေးတယ်​..

Chanyeol အိမ်​​ရှေ့ဧည့်​ခန်းကြမ်းပြင်​ထက်​တွင်
ကင်​ ကားယားကြီးလှဲချလိုက်​​လေသည်​..

တစ်​​နေ့လုံး မထိုင်​ရပဲ မတ်​တပ်​တစ်​ချိန်​လုံးရပ်​​နေရတာကတစ်​​ကြောင်း ​ရေခဲ​တွေကိုတစ်​ချိန်​လုံး
ကိုင်​​နေရတာကတစ်​​ကြောင်း ​ရေခဲရိုက်​ထားတဲ့
ငါး​သေတ္တာ​တွေကို ထမ်းပြီးကား​ပေါ်တင်​​ပေးရတာ
ကတစ်​​ကြောင်း...

လူတစ်​ကိုယ်​လုံးရာစရာကိုမရှိ​တော့...

ထိုစဉ်​ ရုတ်​တရတ်​လှဲအိပ်ေ​နရင်း​​သူ့မျက်​နှာ​ပေါ်ကြလာ​သောအရိပ်​​ကြောင့်​ မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ Baekhyunne..

မတ်​တပ်​ရပ်​ပြီးကြည့်​​နေ​လေသည်​...
Chanyeol ကိုအ​ပေါ်စီးက​နေ....

Chanyeol လည်း Baekhyunne ရဲ့မျက်​နှာ
ကိုတည့်​တည့်​ကြည့်​​နေ​လေသည်​..
ငါးမိနစ်​​လောက်​ရှိမယ်​...သူတို့အကြည့်​ချင်းပြိုင်
နေကြတာ..

Baekhyunne က စကား​ပြောလာ၏..

"Hyung.."

က​လေး​လေး ကျ​တော့်​ကို Hyung လို့မ​ခေါ်တာ
ကြာ​ရော​ပေါ့...

"အား...​သေပါပြီ..."

အားရပါးရနဲ့ ​ငေါက်​ကနဲထထိုင်​လိုက်​တာ..အစတည်းကနာ​နေတဲ့ခါးက​အဆစ်ပို​လွဲသွားတာလားမသိ...

"Wae..wae..Hyung..Gwinchanna..."

Baekhyunne လည်း ကြမ်းပြင်​ထပ်​တွင်​ထိုင်​ချလိုက်​ပြီးChanyeol ရဲ့ လက်​​မောင်းကို
စိုးရိမ်​တကြီးကိုင်​လိုက်​​ကာ​မေး​လေသည်​..

က​လေးရဲ့ မျက်​ဝန်းတို့ကထူးဆန်း​နေ​လေသည်​..
အရင်​ကနဲ့မတူသလိုပဲ...

Chanyeol သူ့ကိုစိုးရိမ်​​တကြီး​ဖြစ်​​နေတဲ့ Baekhyunne ကို ​ပွေ့ဖက်​လိုက်​ကာ..

"ကိုယ့်​ကိုစိတ်​ပူ​နေတာလား..?
ကျေးဇူးတင်​ပါတယ်​...က​လေးရယ်​..."

Baekhyunne ရဲ့မျက်​လုံးများမျက်​ရည်​များစီး
ကျလာကာ Chanyeol ရဲ့​ကျောပြင်​ကိုပြန်​ဖက်
တွယ်​ထား​လေသည်​..

သို့​သော်​ တစ်​ခုက Baekhyunne ရဲ့မျက်​ရည်​​တွေ
ကို Chanyeol မမြင်​နိုင်​​ပေ...
နောက်​​ကျော​ပေးထားသည်​ကိုး...

ပွေ့ဖက်​​နေရာမှ မခွာခင်​ Baekhyunne သူ့မျက်​နှာ
ထက်​မှစီးကျ​နေ​သော မျက်​ရည်​တို့ကိုလျင်​မြန်​စွာ
သုတ်​လိုက်​ပြီး Chanyeol ကိုဆူပုပ်​ပုပ်​ဖြင့်​ကြည့်​ကာ

"ဗိုက်​ဆာ​နေလို့...တစ်​ခုခုစားချင်​တယ်​​လုပ်​​ပေး လို့လာပြောတာကို..
ဘာလို့ Baekhyunne ကိုလာဖက်​ရတာလဲ..
မုန်းတယ်​...ဟွန့်​..."

ပြောပြီး Baekhyunneအခန်းထဲ​ပြေးဝင်​သွား​လေသည်​..
ချက်​ချင်းကြီး​ပြောင်းလဲသွားတဲ့Baekhyunne ကို
Chanyeol အံ့သြတကြီးကြည့်​​နေမိသည်​..

"မုန်းတယ်​တဲ့.."

မုန်း​နေတုန်းပဲလား..?
အင်း​လေ..ကိုယ်​မှားသွားတာပါ..
ကိုယ့်​လုပ်​ခဲ့တဲ့အပြစ်​က​သေး​သေး​လေးမှမဟုတ်
တာ...ကိုယ်​ပြန်​​ပေးဆပ်​ပြီးကလေးစိတ်​ချမ်းသာ​အောင်​လုပ်​​ပေးရမှာ​ပေါ့...
လုပ်​ခဲ့တဲ့ အပြစ်​အလိုက်​ ခွင့်​လွတ်​မှုဆိုတာလွယ်​လွယ်​နဲ့ရမှာမဟုတ်​ဘူး..ဆိုတာ ကိုယ်​သိပါတယ်
က​လေးရယ်​...

Chanyeol တဆစ်​ဆစ်​နာကျင်​ကိုက်​ခဲ​နေတဲ့ခါး
ကိုလက်​ဖြင့်​​ထောက်​ထားရင်းထလိုက်​ကာ
မီးဖို​ချောင်​ထဲဝင်ပြီး Baekhyunne စား​သောက်​ဖို့အတွက်လုပ်​​ပေးရမယ်​​လေ...

က​လေးကြိုက်​မယ်​လို့​တော့ထင်​တာပဲ..

ရေခဲ​သေတ္တာထဲမှာရှိတဲ့ ကြက်​ဥ​လေး​တွေကို​ကြော်​ကာ ​ရေညှိဟင်းချိုပူပူ​လေးကို ထမင်းစားပွဲ​ပေါ်
တင်​ပြီး အခန်းထဲဝင်​သွား​တော့ Baekhyunne
ကအခန်းထဲက စားပွဲခုံ​ပေါ်မှာ​မှောက်​ရက်​​လေးအိပ်​​ပျော်​​နေ​သော Baekhyunne ​လေး..

ပါးစပ်​​လေးကဟ​နေကာ မျက်​လူံးမို့မို့​ဖောင်း​ဖောင်း
လေကအသည်းယားစရာ..မျက်​​တောင်​တိုတိုစိပ်​စိပ်
လေး​တွေက မျက်​လုံး​သေး​သေး​လေးတစ်​ခု
လူံးကို ချစ်​ဖို့​ကောင်း​အောင်​အလှဆင်​ထား​​လေသည်​...

Chanyeol Baekhyunne ရဲ့မျက်​နှာ​လေးကို​သေချာကြည့်​ရင်း...

အေးချမ်းမှု...
ဖြူစင်​မှု...
အပြစ်​ကင်းမှု...ဆိုတဲ့အဓိပ္ပါယ်​​တွေကို​လေးနာစွာသိ
လာသလို...
အခု သူနဲ့ Baekhyunne ရဲ့ ဆက်​ဆံ​ရေးကိုအ​ဖြေ
ရှာမိတယ်...

အခုဆက်​​ဆံရေးမှာ ကျ​တော်​က Baekhyunne ရဲ့ခင်​ပွန်း​ပေါ့...အဲ့လိုဖြစ်​သွားပြီ​ပေါ့​နော်​...
ဒါ​ပေမယ်​...ကိုယ့်​ဘာသာကိုယ်​မသိ​သေးတာတစ်​ခုရှိတယ်​...
မသိတာထပ်​ဝန်​မခံရ​သေးတာဖြစ်​မယ်​ထင်​တယ်​..

ကျ​တော်​ Baekhyunne ကိုချစ်​တယ်​လို့တစ်​ခါမှ
ဖွင့်​မ​ပြောဖူး​သေးဘူး...!...

ကျ​တော်​ Baekhyunne ကိုချစ်​​ရောချစ်​​ရဲ့လား.?

တစ်​ခါမှ ကိုယ့်​ကိုယ်​ကို မ​မေးဖူးတဲ့​မေးခွန်းမို့..
ကိုယ့်​​မေးခွန်းကိုပင်​ နဖူး​ကြော​တွေတွန့်​​အောင်
တွေး​နေမိတယ်​...baekhyunne ရဲ့ ဆံနွယ်​နုနု​လေး​တွေကိုပွတ်​​ပေး​နေရင်း...

အရင်​ကတော့​တွေးခဲ့ဖူးတယ်​...
Baekhyunne ကိုညီအရင်းတစ်​​ယောက်​လိုချစ်
တာလို့...

အခု​က​ရော...??...

__________________________

T.B.C

ချစ်​ရင်​ချစ်​တယ်​..​ပြော...
မချစ်​ရင်​မချစ်​ဘူး​ပေါ့...ဒါပဲ😂
နှစ်​လူံးထဲနဲ့ ​ဘောင်းဘီကြပ်​​နေတယ်​..PCY ရယ်​..😂

Sweet ပြီလို့ထင်​လား..?¿..Make a wish😬😎

YeolliesSakura 🌸
1511 words

Continue Reading

You'll Also Like

71.8K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode
83.9K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
80.7K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
91.1K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]