ဂျင်​ကလည်​ Twelve [ZG + UN]

By Exo12wolves88

320K 32.1K 1.4K

Why we call them JinGaLel. More

မိတ်​ဆက်​.
ဂျင်​ကလည်​....1[ZG+UN]
Chicken for Kai [ZG + UN]
မွှေပါ​ပေ့ Chen...[ZG+UN]
ဆင့်​​ခေါ်မှု[ZG+UN]
ဂျင်​ကလည်​ဖန်​တဲ့အမှု...
ဆိုင်​ရာ​အောင့်​အီးချက်​ 1
ဆိုင်​ရာ​အောင့်​အီးချက်​ (2)
Final​အောင့်​အီးချက်​....
သူတို့ပဲ....
ကျွနု​ပ်​တို့အတွက်​...စာ​မေးပွဲဟူသည်​...
Modification
ပလွန်​...
သင်​ရိုး
ဆုပွဲ...
ကျေးဂျူးပြု၍...
Vacation For 12
လျှာမည်သည်...???
စက္ကန့်နဲ့အမျှ ချစ်ရသူ...
ဂျင်ကလည့်တာဝန်...
မောင်ညီမလေးတို့ရေ...
ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်...(1)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(2)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(3)
Housekeeping
ယူသာယူပါ​လေ...
သက်​ဆိုင်​သူတို့သိကြ​စေ...
Give Up
ကျွန်​​တော့်​အမှား...
ဘာသာပြန်​သူ
3rd Anniversary Ls
Warmly Welcome
မေးမယ်​...​ဖြေမယ်​...
လာနှုတ်​ဆက်​ပါ၏...
ဆိုပါ​ပေ့ ​မောင်​...
တို့ဂုဏ်အင်...
ရိုးရိုးလေးပါပဲ...

Cry For You

7.3K 795 36
By Exo12wolves88

ကျောင်းအုပ် သူ့ရှေ့က မျက်နှာငယ်လေးတွေ
နှင့် စီတန်းရပ်နေသော 12ယောက်ကို
သေချာစိုက်ကြည့်နေလိုက်သည်။
တစ်စက်ကလေးမှ အလစ်ပေးလို့ကိုမရ...
လစ်ရင်လစ်သလို အခေါ်ခံရ...
ခေါင်းကျိန်းခံရပြီ...။

"မင်းတို့!!!"

ရုတ်တရက်အော်လိုက်သော ကျောင်းအုပ်အသံ
ကြောင့် ရှေ့နားတွင်ရပ်နေသော Luhan
ကိုယ်လေးတုန်သွားသည်။
ဒါကို ကျောင်းအုပ်မျက်စိထောင့်ကနေမြင်လိုက်
၏...။ဘာမှတော့ မပြောချင်...
ဒီလူသားတွေက လျှော့ရင်လျှော့သလို
ပိုတက်လာကြတာမဟုတ်လား။
ပြီးတော့...နည်းနည်းလေးမှကို ယုံနိုင်စရာမရှိတဲ့
သူတွေ...။

"မင်းတို့ ဘာလို့အဲ့လိုထွက်သွားရတာလဲ!!!
အခုဟာက မင်းတို့တစ်တွေပဲ ခရီးထွက်လာတာ
မဟုတ်ဘူး။
ကျောင်းနဲ့လာတာ!!
အဖွဲ့အစည်းနဲ့လာတာဆိုတာ နည်းနည်းသတိ
ထားပေး!!!
လုပ်ချင်တိုင်းလုပ်လို့မရဘူး!!!"

မဆူစဖူးဆူနေတော့ ဂျင်ကလည်တို့မျက်နှာလေး
တွေ ဇီးရွက်လေးတွေအတိုင်းပဲ...။
အဲ...ဇီးရွက်တောင်မှ အခုမှထွက်ခါစ ဇီးရွက်...။
Nal style arnyiah..
Nal style arnyiah..နဲ့
ပါးစပ်ကအမြှုပ်ထွက်မတတ်
ဂါထာရွတ်နေသလို
ရွတ်ရွတ်နေတတ်တဲ့ Krisတောင်
အခု သူ့ဆောင်ပုဒ်ကိုမရွတ်ပဲ
သူ့လက်ဆယ်ချောင်းအပြည့်နီးနီးဝတ်ထားတဲ့
လက်စွပ်တွေကို အသည်းအသန်ချွတ်နေတယ်။
ဘာလို့ချွတ်နေတာမှန်းလဲမသိ...
ထားတော့ ထားတော့...
သူတို့တစ်တွေ အတွေးက သူများတွေနဲ့မှမတူပဲ။

"ပြီးတော့..Sir Lee Teuk..."

အော်...သူ့နာမည်ခေါ်လာပြီဆိုတော့လဲ
Lee Teuk တစ်ယောက်ရှေ့ထွက်လာရတော့
တာပေါ့။
လက်နှစ်ဖက်ကို ရှေ့ယှက်ပြီး Lee Teukလည်း
ခေါင်းကို အသာငုံ့ထားလိုက်ရတယ်။
ဒီမျောက်လောင်းလေးတွေကို
သူ သေချာမှ မကြည့်လိုက်မိပဲ...
ဘယ်အချိန်က လှောင်အိမ်တံခါးဖွင့်ပြီး
ဘယ်အချိန်က စတိုးဆိုင်ရောက်သွားကြသည်
မသိ...။
ကျောင်းအုပ်ကြီးက ရှူးရှူးရှဲရှဲနိုးလာ...
သူ့အော်ခေါ်ပြီး ဟိုဂျင်ကလည်တွေသွားခေါ်
မယ်ဆိုပီး ထွက်လာမှ ဂျင်ကလည်တွေ
တောင်ခြေအောက်ရောက်နေမှန်းသိရတာ။
အခု campထဲ ပြန်ရောက်ပြီး
ကျောင်းအုပ်ဒေါသထွက် သြဝါဒခြွေနေတော့
တာပေါ့...။

"Nae~~~"

အဖျားသတ်တုန်သွားတဲ့ သူ့အသံကြောင့်
ခေါင်းငုံ့နေတဲ့ ဂျင်ကလည်တွေရဲ့
ခေါင်းတွေ ဆတ်ခနဲပြန်မော့လာကြသည်။
အူတူတူအကြည့်လေးတွေက သူ့ဆီမှာ...။
ဘာလဲ သူတို့စိတ်မကောင်းဖြစ်နေကြတာတဲ့
လား...
အမလေးလေး သူတို့စိတ်မကောင်းဖြစ်တာကို
တားတား Lee Teuk တို့က ပိုတောင်ကြောက်
သေးတယ်...
မပူနဲ့...မပူနဲ့...
ကျောင်းအုပ်ဆူတာက နားပဲပူမှာ...
မင်းတို့သနားတာကမှ လူပါထူသွားမှာ...။

"ဘာလို့...ဘာလို့ ဒီ12ယောက်လေးကို
သေချာမထိန်းနိုင်ရတာလဲ!"

အမယ်ငေးး
ကျောင်းအုပ်ရယ်...
ပြောရက်လိုက်တာ 12ယောက်လေးတဲ့
ဒီ12ယောက်လေးက ဆိုးလ်မြို့တစ်မြို့လုံးက
ကျောင်းတွေအားလုံးပေါင်းက ကျောင်းသူ
ကျောင်းသားတွေအားလုံးကို ထိန်းရတာထက်
ခက်တယ်ဆိုတာ ကျောင်းအုပ်မသိလေရော့
သလား...။

ပြောချင်စိတ်တွေ အပြည့်ရှိနေတဲ့ Lee Teuk
အကြည့်တွေကို ကျောင်းအုပ်လဲ နားလည်နိုင်
လောက်ပါတယ်။
ချောင်းတစ်ချက်ဆိုးပြီး...
မျက်နှာလွှဲသွားသည်။
သို့ပေမယ့်ကား...
ပြောလက်စကိုတော့ မလျှော့..။

"အခု ဘယ်လိုလုပ်မှာလဲ...
ငါတို့ကျောင်းနာမည်ကိုပါ ဒီအမွှေတွေက
ကြေညာခဲ့ပြီ...။
ဟမ်...ဘယ်လိုလုပ်ကြမလဲလို့!!!"

အပြစ်ရှိနေတော့လဲ ဘာမှပြန်မပြောရဲ...။
အပြစ်လုပ်ထားရက်နဲ့ ပြန်ပြောရင်လဲ
ကောင်းမှမကောင်းပဲ။
ဒါမယ့်...
ဂျင်ကလည်တွေကတော့ ချွင်းချက်ပေါ့...။
သူတို့12ယောက်ကတော့ သူတို့အမှားလုပ်ထား
လဲ ပြန်ပြောပါရစေထဲက အမျိုးအစားတွေ...။

"ကျွန်တော် တောင်းပန်ပါတယ်ဆရာကြီး.."

တောင်းပန်တိုးလျှိုးသံလေးတစ်ခုက Lee Teuk
နှုတ်ဖျားမှ ကသောကမျောခုန်ထွက်လာသည်။

"တောင်းပန်ရုံနဲ့ ဒီလိုလွယ်လွယ်ပြေလည်သွား
တာမှမဟုတ်ပဲ...။
အခုက စတိုးဆိုင်မှာတင် ရှင်းလို့ရခဲ့တယ်ဆိုပေ
မယ့်...သူတို့ထဲက တစ်ယောက်ယောက်
တစ်ခုခုဖြစ်သွားရင် ကျောင်းသားမိဘတွေနဲ့
အကုန်စီစဉ်ရတော့မှာ..."

ပြောနေရင်းနဲ့ကျောင်းအုပ် စိတ်ရှုပ်လာဟန်ဖြင့်
ကျွတ်စ်သပ်လိုက်သည်။
ဘယ်သူမှ ဘာမှ အားမကိုးရ...
ဒီရွစကီးလေးတွေကလည်း ဘယ်အချိန်ပြေးရ
မလဲပဲတွေးနေတယ့်ဟာလေးတွေ။
စိတ်တိုနေသော ကျောင်းအုပ်ကို ကြည့်ရင်း
Lee Teuk ရှေ့ခြေတစ်လှမ်းတိုးကာ...

"တောင်းပန်ပါတယ်ဆရာကြီး
နောက်ထပ်မဖြစ်စေရတော့ပါဘူး..."

"နောက်ထပ်ဖြစ်လို့လဲမရတော့ဘူး!!!!
အခုတောင်......"

"Sir Lee Teukကို မအော်ပါနဲ့..."

စိတ်တိုစွာအော်နေသော ကျောင်းအုပ်အသံက
လေထဲတွင် ဆီရပ်သွားသည်။
အသံပိုင်ရှင်က မိုးကြိုးပစ်ခံထားရ၍ လိမ်တွန့်
နေသော ဆံပင်ပုံစံနှင့် Chen...။
ကျောင်းအုပ်ကြီး အံ့အားသင့်သွားသလို
Lee Teuk လည်း မင်သက်သွားမိသည်။
ဂျင်ကလည်လေးတွေ မွှေသာမွှေတာ
ဆရာကိုတော့ သိတတ်ပါလားပေါ့...။

"ဟုတ်တယ်...
Sirကို မဆူပါနဲ့..."

Chenစကားကို ထောက်ခံဟန်နဲ့ Taoတစ်ယောက် ရှေ့တိုးဆိုလာသည်။
အိုး...
ဘာပြောကောင်းမလဲ အမောင် Lee Teukတို့ ရင်ထဲ ပန်းခင်းကြီးပေါ့...။။။
အနီရဲရဲပန်းခင်း အဝါထိန်ထိန်ပန်းခင်း
အိုးးး လှလိုက်တာ
ဒါပဲနေမှာ ပီတိဆိုတဲ့အရာက...။
ရှေ့ကဆရာကြီးတွေပြောပြောနေတဲ့
တပည့်တွေဆီက ရတဲ့ ပီတိဆိုတာ ဒါကိုခေါ်တာ
ကိုး။

သို့ပေမယ့်
ထိုပန်းခင်းသည် တစ်ခဏသာ သာယာသွား
သည်။
အကြောင်းမူ ဗုံးကြဲခံလိုက်ရသောကြောင့်
ပန်းတွေအကုန်ပြောင်ကုန်ရုံသာမက
ရှိနေတယ့် မြေနေရာလေးပါ ချိုင့်ကွက်ကြီးဖြစ်
သွားသောကြောင့်ပင်။။။
ဗုံးကြဲသွားသည့် လေယာဉ်ပိုင်ရှင်ကတော့
ယပ်တောင်လေးကို လက်ဝယ်ပိုက်ရင်း
ရှေ့တိုးဆိုလာသူ Oh Sehun...။။။
Lee Teuk ရင်ထဲက ပန်းခင်းကြီးကို
ဗုံးကြဲသွားသည့် လေယာဉ်ပိုင်ရှင် Oh Sehun
ရှေ့တိုးရင်းပြောလိုက်သော စကားက...

"ကျွန်တော်လည်းပြောချင်နေတာ...
Sir ကို မဆူပါနဲ့
ဆူမယ့်ဆူ ကျွန်တော်တို့ကိုသာ ဆူပါ..."

အင်း...အဲ့ဒီအထိ ပန်းတွေပွင့်ဆဲ...
သို့သော်ကား...

"အပြစ်ပေးရင်သာ
Sir ကို ပေးပါ..."

>-<

ခွေးလေးတွေ...ယုံစားလို့ကိုမရ...။
Sehun စကားအဆုံးမှာ ကျန်တဲ့သူတွေကပါ
ခေါင်းလေးတွေခပ်ဆဆငြိမ့်ပြလာကြသည်။
အော်...သူတို့လည်း ထောက်ခံတယ်ပေါ့။

ခပ်တည်တည်ပြောလာတဲ့ Sehunစကားကြောင့် ကျောင်းအုပ်ကြီးတောင်
ဆူရတော့မှာလိုလို...
ရယ်ရတော့မှာလိုလို...
ဘာလုပ်လို့ဘာလုပ်ရမှန်းမသိသည့် မျက်နှာနှင့်
Lee Teukကို မော့ကြည့်လိုက်သည်။
အော်...ကြားထဲက သူတောင် အဲ့လိုဖြစ်နေရင်
ပြောခံလိုက်ရတဲ့ ကာယကံရှင် Lee Teukဆို
ဘယ်လိုလုပ်တော့မှာလဲ...။
ရေနစ်လို့အကူအညီလှမ်းတောင်းကာမှ
ကျောက်စူးကြီးလှမ်းပစ်ပေးလိုက်သည့်အတိုင်း
ပင် အွတ်ခနဲ...။

ကျောင်းအုပ် ဂျင်ကလည်တွေရဲ့ မျက်နှာကို
တစ်ဖန်ပြန်မော့ကြည့်လိုက်သည်။
မော့ကြည့်ဆို သူက ထိုင်နေတာကိုး။
အကုန်လုံးရဲ့ မျက်နှာက လုံးဝ innocent...။
သေးသေးလေးတောင် အမှားမလုပ်ထားသည့်
စံပြကျောင်းသားလေးတွေလိုမျိုး...။

"မင်းတို့...အဟမ်း မင်းတို့ဘယ်လိုလုပ်မှာလဲ"

"ဘာကိုလဲဟင်?"

အဖြူစင်ဆုံးမျက်လုံးလေးနဲ့ ပြန်မေးလာသူက
DO...။

"ဘာ ဘာကိုရမှာလဲ...
မင်းတို့လုပ်ထားတဲ့အပြစ်တွေအတွက်ပေါ့...
ဘယ်လိုဖြေရှင်းမှာလဲ..."

"ကျွန်တော်တို့...ကျွန်တော်တို့က ဘာအပြစ်
လုပ်ထားတာလဲဟင်?"

အခွန်မဆောင်ရတိုင်း Liner ခပ်ထူထူဆိုးထား
သော Baekhyunက...
Krisဆီက လက်စွပ်ကို ခြေစုံကန်လုနေရင်းက
နေ ပြန်မေးလာသည်။
အရှည်ကြီးဆီက အသေးလေးက အားနှင့်
ပြိုင်ဆွဲနေသည်မှာ မျက်စိထဲ လုံးဝကိုးလိုးကန့်လန့်ဖြစ်နေသည့်အပြင်
ကြည့်နေရင်း မျက်စိက နောက်လာသည်။

"နေ...နေပါဦး ဘာလို့သူ့ဆီကလက်စွပ်ကို
မင်းက ပြိုင်လုနေတာလဲ..."

"လုတာလား...
ကြည့်ချင်လို့ပေါ့..."

ခပ်ပြတ်ပြတ်ဖြေရင်း လက်စွပ်ကိုပြန်လုနေ
သည်။
ဟိုအရှည်ကလည်း လုံးဝမပေး...။
လက်စွပ်ကို အသေခံဗုံးခွဲသမားတစ်ယောက်လို
လက်ဝယ်ပိုက်ထားသည်။
တကယ့်တကယ် မျက်စိထဲ ဘယ်လိုကြီးမှန်းကို
မသိ။

"Kris...Kris...
မင်းကလဲ ခဏလောက်ပြလိုက်လေ..။
အပိုင်ယူတာလည်းမဟုတ်ပဲနဲ့..."

ကျောင်းအုပ်စကားကို Krisက ဟန်ပါပါမျက်နှာ
ထားနှင့် ခေါင်းခါပြသည်။
ပြီးတော့ တစ်လုံးချင်း လေသံအေးအေးနှင့်...

"မပြချင်ဘူး...
အမြဲတမ်းမပြချင်လို့
အမြဲတမ်းမပြတာကို
အမြဲတမ်းအဲ့လိုအသက်ထွက်မတတ်
လာလာလုနေတာ..."

ဘယ်လိုလေးတွေလဲ...
သူတို့အချင်းချင်း အဲ့လိုတော့ မစည်းလုံးမှာ
မဟုတ်...
သေချာတယ် ဒါသက်သက် သူ့ကိုခေါင်းမူးစေ
ချင်လို့ တမင်လုပ်ပြနေကြတာ။
ဒါကြောင့်လည်း ကျောင်းအုပ် မမြင်ချင်ယောင်
ဆောင်လိုက်ပြီး...

"မင်းတို့ အဲ့စတိုးဆိုင်က မိန်းမကြီးကို ဘာလို့
အလကား သွားမွှေရတာလဲ..."

"ကျွန်တော်...ကျွန်တော်တို့ကလား..."

လာပြန်ပြီ နောက်တစ်ယောက် အရိုးခံမျက်ဝန်း
လေးနဲ့ Park Chanyeol...သူ့ရင်ဘတ်သူ
လက်ညှိုလေးနဲ့ထိုး ဆိုလာသည်။

"ဟုတ်တယ် မင်းတို့မွှေလို့ ငါ့ခေါ်ခံရတာပေါ့"

"ကျွန်တော်တို့မမွှေပါဘူးဗျာ
ဒီတိုင်းပြောနေကျအတိုင်းပြောတာပါ။
ကျွန်တော်တို့စားနေကျပုံစံလေးရယ်
လက်သုံးချောင်းအဓိပ္ပါယ်ရယ်...
နို့မှုန့်ဗူးအပေါ်က ကန့်သတ်ချက်ရယ်...
နို့စို့တယ်ဆိုတဲ့ စကားရယ်...
အာ...ပီးတော့....
သတင်းစာအသံထွက်အစစ်ရယ်
နဘေထပ်တွေရယ်...ဒါပါပဲ။
တကယ်ဆို အဲ့အန်တီကြီး ကျွန်တော်တို့ကိုတောင်ကျေးဇူးတင်ရဦးမယ်။
အဓိပ္ပါယ်ပြည့်ဝတာတွေပဲပြောသွားလို့။"

အော်ဟော် ဟုတ်ပ မမွှေဘူးတဲ့...
မွှေများမွှေလို့ကတော့ ဟိုမိန်းမကြီး
ယပ်တောင်ခေါင်းထိုး ကရမလားပဲ။
ဟုတ်တော့လည်းဟုတ်တယ်
သေချာစဉ်းစားကြည့်လိုက်တော့လည်း
သူတို့အမှားလားဆိုတော့လည်းမဟုတ်။
သူတို့ကစကားနဲ့ မွှေတာကိုး
ဆိုတော့...အပြစ်မဲ့ အပြစ်ကျူးလွန်ခြင်းတစ်မျိုး
ပေါ့။

သို့ပေမယ့် ဒီလိုတော့ လွှတ်မပေးနိုင်ပါ။
လွှတ်ပေးလိုက်ရပေါင်းလည်းများလှပြီ။
ထို့ကြောင့် မာန်မဲလိုက်ဦးမည်ဟုဆိုကာ
အတွေးဖြင့် မျက်ခုံးနှစ်ဖက်ကို အလယ်ရောက်
အောင် ပိုစုပစ်လိုက်ပြီး...

"မင်းတို့!!!!"

အော်သံတောင် မဆုံးလိုက်။
အစောပိုင်းအော်ထားကတည်းက ကိုယ်လေး
တုန်တက်သွားသော Luhanလေးက
ဘာမပြောညာမပြော ထိုင်ချပစ်လိုက်ပြီး
ခြေဆင်းငိုတော့သည်။

ကျောင်းအုပ် အူကြောင်ကြောင်တောင်ဖြစ်
သွားသည်။ဘာဖြစ်သွားတာလဲပေါ့။
သူ...ဆူတောင်မဆူရသေးပါဘူး။
အမယ်လေး ကြည့်ပါဦး...
မျက်ရည်တွေကို ပိုးပိုးပေါက်ပေါက်နဲ့
ဆင်သေးပေါက်တာကျနေတာပဲ။
အတွေးထဲမှာ တွေးလိုက်မိတာပါ
အပြင်မှာတော့ ဘယ်ပြောရဲမှာလဲ။
ဟုတ်တယ်...Luhanဘေးနားက ယပ်တောင်
လေးက သူ့Hyungကို ချော့နေရင်းနဲ့
ကျောင်းအုပ်ကို မျက်စောင်းထိုးနေတာကိုး။

"အုပ်အုပ် ဘာရို့ငိုအောင်လုပ်ရတာလဲ!
ကျောင်းအုပ်ဆိုတာ တပည့်တွေကို ပဲ့တောင်
ပဲ့ပြင်ပေးရမှာကို!"

"ငါ...ငါ ဘာမှတောင် မလုပ်ရသေးပါလားကွာ
အစပျိုးချောင်းတောင်မဆိုးရသေးဘူးလေ
မင်းတို့လဲအမြင်ပဲကိုးးး"

"အစ...အီးဟင့် အစပျိုးချောင်းမဆိုးရသေးလဲ
အင့်အီး~~~ငိုချင်တာပဲကွာ...အီးဟီးဟီး~~~"

သည်းသည်းနင့်နင့်လေးငိုနေသော Luhanကို
ကြည့်ပီး Krisလည်း မနေနိုင်တော့။အစောက
Baekhyunအသေအကြေ လုနေသော သူ့လက်စွပ်ကို Luhanလက်မှာ စွပ်ပေးနေသည်။
သူတို့လည်းသူတို့တတ်နိုင်တာလေးတွေနဲ့
သူတို့ချော့နေကြပေမယ့် ဟိုသမင်က
အငိုမတိတ်။
တအင့်အင့်နဲ့တောင် ရှိုက်ငိုနေသေးသည်။

ထိုသို့ ထိုပုံ ငိုအားသန်နေသော Luhanကို
ကြည့်ကာ ကျောင်းအုပ်ဘာလုပ်လို့ဘာလုပ်ရ
မည်မသိဖြစ်နေခိုက်...
ကားပေါ်က ပစ္စည်းတွေကို စာရင်းလာပေးသော
ကျောင်းသား2ယောက်က campထဲ ဝင်လာ
ကြသည်။
ခြေဆင်းထိုင်ငိုနေသော Luhanကို ကြည့်လိုက်
ရှေ့တည့်တည့်ထိုင်ခုံပေါ်တွင် အကျအနထိုင်
နေသော ကျောင်းအုပ်ကို ကြည့်လိုက်နဲ့
အခြေအနေတစ်ခုကို သုံးသပ်နေကြသည်။

ဟော...တတ်လည်းတတ်နိုင်တယ့်ဂျင်ကလည်
တွေ။
ခုဏတုန်းကကျ Luhanကို ချော့နေကြပြီးမှ
အခု ကျောင်းသားတွေဝင်လာတာလည်းမြင်
ရော...မျက်နှာကို ငယ်ချပစ်လိုက်ကြတာ။
အမြဲတမ်းငိုက်နေတဲ့ Layတောင် မငိုက်တော့ပဲ
မျက်ခွန်းလေးက တွန့်ကျပြီး ခေါင်းလေးက
ငုံ့လို့။
ပြောလို့ရတာမဟုတ်...
ခေါင်းငုံ့ထားပြီး အိပ်ချင်အိပ်နေမှာရယ်။
အမယ်မယ်...
တစ်ချိန်လုံးငြိမ်နေတဲ့ Xiumin တောင်
မျက်စိထောင့်က မရှိတဲ့ မျက်ရည်ကို
လက်ညှိုးလေးနဲ့ထိသုတ်...
မျက်လုံးကိုအပေါ်လှန်ပီး လက်နဲ့ယပ်ခတ်သလို
ခတ်နေတာ။
မသိရင် အော်စကာဆုရလို့ ဝမ်းသာပီး
ငိုတဲ့ပုံစံလိုလို...ဘာလိုလို...။

ဝင်လာတဲ့ ကျောင်းသား2ယောက်လည်း
အဲ့မြင်ကွင်းတွေကို ကြည့်ပြီး တီးတိုးတီးတိုး
ပြောထွက်သွားကြသည်။
မထွက်ခင် ကြားလိုက်ရသော စကားတွေက
"ဂျင်ကလည်လေးတွေသနားပါတယ်ကွာ
တခါမှ အဲ့ပုံစံလေးတွေမမြင်ဖူးဘူး။
ကျောင်းအုပ်ဘယ်လောက်တောင် ဆူနေလဲ
မသိဘူး"

"အေးလေ ကျောင်းအုပ်လွန်ပါတယ်ကွာ ဒါကတော့...။
ကျောင်းသားပဲ ထွက်ချင်မှာပေါ့။
တစ်ခါလေးအမှားလုပ်မိတာကို"

အမ်...သေ...သေစမ်း ကျောင်းအုပ်ရေ
ဒီနေရာမှာပဲ ငုတ်တုတ်ထိုင်သေလိုက်တော့။
ဘာမှတောင် မဆူရသေးဘူး။
မကောင်းတဲ့ကျောင်းအုပ်ကို ဖြစ်ရောပဲ။
အဲ့တာတွေ အသာထားပါဦးလေ...
အခုပိုက်ဆံမပေးရတိုင်းငိုနေတဲ့ ကောင်လေးကို
အရင်ချော့မော့မေးရဦးတော့မှာပဲ။

"မင်း!!!"

လက်ညှိုးထိုးကာ အားရပါးရခေါ်ပီးမှ
ကျောင်းအုပ်လက်ညှိုးကိုပြန်ရုတ်
အသံကို နိမ့်ချပစ်လိုက်ရသည်။
နိမ့်ဆို ဟိုကောင်လေးက မျက်ရည်ရွှန်းလဲ့နေတဲ့
မျက်ဝန်းတွေနဲ့ ပြန်မော့ကြည့်လာတာကိုး။
နောက်တစ်ကြိမ် ငိုဖို့အားယူလိုက်တဲ့ မျက်ဝန်း
မျိုးတွေ။

"အယ်...ငါ...ငါပြောတာက Luhan...
ဘာလို့အဲ့လောက်တောင် ဝမ်းနည်းပက်လက်ငို
နေရတာတဲ့လဲ....
ဆရာကြီးဘာမှတောင်မဆူရသေးဘူးလေ..."

ချော့ချော့မော့မော့ပြန်မေးလာသော ကျောင်းအုပ်စကားကြောင့် Luhanက
မျက်ရည်စတွေကို လက်ခုံနဲ့ပွတ်သုတ်ပစ်လိုက်
ပြီး....

"အုပ်အုပ်က ဆူသာမဆူတာ..ဟင့်~~~
မျက်ခုံးကြီးက တွန့်~~~တွန့်ချိုးနေတာပဲကို...
အီးဟင့်~~~မျှော့ကြီး2ကောင် ကျနေတာပဲ~~"

မျှော့...မျှော့တဲ့...
အဲ့လိုငိုယိုပြောနေတော့ ကျန်တဲ့11ယောက်က
ဘေးကနေမြှောက်ထိုးပင့်ကော်နဲ့
မျှော့ဆို ဆားနဲ့ပက်ချေတဲ့...
လေသံတိုးတိုးနဲ့ တမင်ကြားအောင်ပြောနေကြ
တာ။

"ဒါမယ့် အဲ့တာက ငိုစရာမှမဟုတ်တာ
Luhanကျောင်းသားကလဲ..."

"ကြောက်တယ်ဗျ...
အီးဟီးဟီး~~~
အုပ်အုပ်ကြည့်ရတာ Angry Birdကြီးကျနေ
တာပဲ~~~"

O_0

ဘာ...ဘာကြီး...
Angry Bird...
Angry Birdတဲ့လား...။
အတွေးနဲ့ ကျောင်းအုပ်မျက်လုံးအစုံပြူးကျယ်
သွားခိုက်...
မြေကြီးပေါ် ခြေဆင်းငိုနေသော Luhanက
ပိုမိုကျယ်လောင်သောအသံနဲ့
ကျောင်းအုပ်ကို လက်ညှိုးထိုး စူးစူးရှရှအော်ငို
တော့သည်။

"ကြည့်...ကြည့်ပါလား....အီးဟင့်~~~
အခု မျက်ခုံးကြီးက အပေါ်ပင့်သွားပြန်ပြီ~~~
ဟီးအီး~~~
ဘာကြီးနဲ့တူမှန်းကို မသိဘူး~~~~အီး~~~
Ommayah~~~"

အမလေးလေး မဖြစ်...မဖြစ်တော့...
ဘာမှတောင်မလုပ်ရသေးဘူး
မျက်ခုံးနှစ်ဖက်နဲ့တင် ကျောင်းပြန်ရောက်တာနဲ့
မိဘတွေဆီက အစည်းအဝေးခေါ်ခံရတော့မယ်။
ကျောင်းသားတွေကို နှိပ်စက်ပါတယ်ဆိုပီး။
ဒီကောင်လေး ဗရုတ်သုတ်ခပြောပီး
ငိုယိုနေတာတော့ သိကြမှာမဟုတ်။
သူ့အော်ငိုသံကပဲ ကျယ်ကျယ်လောင်လောင်
ထွက်နေတာ။

နဖူးက အလိုလိုသည်းထွက်လာသော
ချွေးတွေကို ကျောင်းအုပ်လက်ခုံနဲ့ပင့်သုတ်ပစ်
လိုက်ပြီး...
ထိုင်ရာမှ ထကာ...
မျက်ခုံးမွှေး2ဖက်ကို လက်နဲ့အုပ်ကာလိုက်
ရသည်။တစ်ဆက်တည်းလည်း မြေပြင်မှာ
ရွှေထွက်မတတ်ငိုနေသော Luhanကို...

"Luhan shi...
ဆရာကြီးမျက်ခုံးမွှေးတွေကိုပဲ အပြစ်ပေးတော့
မှာမို့...
သားတို့က ကိုယ့်အဆောင်ကိုယ်ပြန်ချေတော့
နော်...ဟုတ်ပီလား
ဒီတော်တော်ဆိုးတဲ့ မျက်ခုံးမွှေးကြီးနှစ်ဖက်ကို
ဆရာကြီးရိုက်လိုက်မယ်နော်..."

ထိုကျတော့...တအီးအီး ရင်ထုမနာ ရှိုက်ရှိုက်ငို
နေသော Luhanငိုသံက တိခနဲရပ်သွားသည်။
ပြီးတော့ မယုံသင်္ကာမျက်နှာပေးနဲ့
"တကယ်နော်"တဲ့ ပြန်ဆိုလာသေးသည်။
ကျောင်းအုပ်လည်း
"တစ်ကယ်...2ကယ်...3ကယ်"လို့
အရူးကွက်နင်းကာ
လက်ချောင်းလေးတွေကို ရေရွတ်ထောင်ပြ
လိုက်တော့မှ...
အကုန်လုံး ဖုတ်ဖက်ခါထွက်သွားကြတော့သည်။

ဒါတောင်
ထွက်ခါနီး Kaiတစ်ယောက် ကျောင်းအုပ်နား
တိုးလာကာ ခပ်တိုးတိုးပြောလာသည်က

"ဟို ကျောင်းအုပ်ရဲ့ အဲ့မျက်ခုံးမွှေးကြီးတွေ
ကျွန်တော့်ပေးပါလားဟင်!
Luhan Hyungကို ငိုအောင် စချင်လို့..."တဲ့။

အင်း...
ဒီနေ့ညကစပီး အိပ်တာသတိနဲ့အိပ်မှပဲ။
ပြောလို့ရတာမဟုတ်...
တော်ကြာ ညအိပ်ပျော်နေတုန်း
မျက်ခုံးမွှေးတွေလာရိတ်နေမှ Angry Bird
ထက်ဆိုးနေဦးမယ်။

သက်ပြင်းမောက
ရင်ဝဝယ် ဆန်တက်လာသည်။
တစ်ခါသက်ပြင်းချတိုင်း တစ်ရက်အသက်တို
ကြေးဆို
ကျောင်းအုပ် အမေ့ဗိုက်ထဲက ထွက်လာ
ကတည်းက တာတာ့လုပ်ပြီး တစ်ခါထဲတန်းသေ
နေလောက်ပြီ။
နောက်နောင်...
ဂျင်ကလည်တွေကို ခေါ်ဆူမယ့်အစား
ဟန်မြစ်ထဲသာ ခုန်ဆင်းလိုက်တော့မည်။
ဟန်မြစ်ထဲခုန်ဆင်းတာကမှ ကံကောင်းရင်
အသက်ရှင်နိုင်ချေရှိဦးမည်။
ဂျင်ကလည်တွေနဲ့ကတော့ လွတ်လမ်းဆိုတာ
ရေးရေးလေးတောင် မတွေ့ရ။
အင်းလေ...
ဂျင်ကလည်လို့ နာမည်ကြီးနေတာ
အလကားမှမဟုတ်ပဲကိုး။

*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*

ခဗျားလေးတို့ ပြုံးရအောင် Upလိုက်ပီ
ဒါမဲ့ ကျွန်တော်ကတော့ စိတ်ရှုပ်နေတယ်...။
တစ်ခါတစ်ခါ မိသားစုဆိုတာကလဲ
အပြုံးအငိုစုနေတဲ့ ပုံးကြီးကိုး...။
စိတ်ညစ်စရာ စိတ်ပျော်စရာတွေကို
အလှည့်ကျထုတ်ပေးနေတဲ့အရာ....။

အင်း...စိတ်က ကဘောက်ကချာဖြစ်နေတော့
ဘာတွေလျှောက်ရေးနေမှန်းမသိတော့ဘူး
ဘာပဲဖြစ်ဖြစ်ပျော်ပါစေဗျာ...။

Wechat ID»»» exo12wolves88

Continue Reading

You'll Also Like

559K 34.1K 68
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
574K 110K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
389K 46.6K 24
Jungkook X Taehyung
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...