My Beloved Lady

Von ExoL_SuhoTar

53.1K 4.3K 303

Episode 1 သူမ အ​ဝေး​ပြေးကားဂိတ်​ထဲမှာ သူ့ကို ရှာ​နေတာ နာရီဝက်​​လောက်​ ရှိပြီ ခုချိန်​ထိ မ​တွေ့​သေး ... စိတ်​​... Mehr

Episode 1
Episode 2
Episode 3
Episode 4
Christmas Special Present for my reader
Episode 5
Episode 6
Episode 7
Episode 8
Suho Birthday Special Fanfiction Book
Episode 9
Episode 10
Episode 11
Episode 12
Episode 14
Episode 15
Final
Bonus
SuLay New Fic

Episode 13

2.2K 226 33
Von ExoL_SuhoTar

My Beloved Lady
Episode 13

'Hello သမီးလား '

'ဟုတ်​ကဲ့ ​ဖေ​ဖေ Suပါ ဘာဖြစ်​လို့လဲ ​ဖေ​ဖေ '

'သမီးကို ​ပြောစရာ ရှိလို့ '

'ဟုတ်​ကဲ့ ​ပြောပါ ​ဖေ​ဖေ '

'သမီး Minho ပြန်​​ရောက်​​နေတယ်​ '

'ရှင်​ '

'ဟုတ်​တယ်​ ​ဖေ​ဖေဆီ လာသွားတယ်​ ​ဖေ​ဖေက သမီး အိမ်​​ထောင်​ကျသွား​ကြောင်း ​ပြောလိုက်​​တော့ မျက်​နှာ ပျက်​သွားတယ်​ သမီးရယ်​ ​ရောက်​​ရောက်​ချင်း သမီးကို ​မေး​တော့ ​ဖေ​ဖေလဲ ​ပြောလိုက်​တာ သူက ​ပြော​သေးတယ်​ ​ကျွန်​​တော်​ ​နောက်​ကျသွားပြီ​ပေါ့တဲ့ ​ဖေ​ဖေလဲ စိတ်​မ​ကောင်းဘူး အရင်​က ကိုယ်​တူလို သားလို ​နေလာတဲ့သူက အဲ့လို​ပြော​တော့ စိတ်​ထဲ မ​ကောင်းဘူး သမီးရယ်​ '

ဖေ​ဖေက​တော့ စိတ်​မ​ကောင်းကြီးစွာ ​ပြော​နေသည်​ ..သူမ စိတ်​ထဲမှာ​တော့ တစ်​မျိုး . ဘယ်​လို​ပြောရမလဲဆို​တော့ တမ်းတတာမျိုးလား သူသိသွားလို့ အားနာ​နေတာမျိုးလား . မသိ​တောာ ...

သေချာတာ​တော့ Minho ဟာ သူမ​ပေါ်​ကောင်းခဲ့သူ တစ်​​ယောက်​ .သူမကို ချစ်​ခွင့်​​ပန်​ထားသူ တစ်​​ယောက်​ .

Minho ဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်​လာသူတစ်​​ယောက်​ .

သူမ သူ့ကို ချစ်​ချင်​​ပေမယ့်​ သူ့အသိုင်းအဝိုင်းဘက်​က ထွက်​လာတဲ့ စကားသံ​တွေ​ကြောင့်​ သူမ မာန​ထားကာ သူ့ကို အ​ဖြေပြန်​မ​ပေးခဲ့ ..

သူ နိုင်​ငံခြားကို သွား​တော့ သူက Su ဆီက အ​ဖြေလိုချင်​တယ်​တဲ့ . သူရဲ့ချစ်​သူအဖြစ်​ တရားဝင်​ လွမ်းချင်​တယ်​တဲ့ ဒါ​ပေမယ့်​ သူမ ​ခေါင်းမငြိမ့်​ခဲ​ပေ. ပြန်​လာမှပဲ ​ပြော​တော့မယ်​လို့ ​ပြောပြီး သူ့စကားကို ငြင်းခဲ့သည်​ ..

ခု​တော့ သူပြန်​လာပြီ​လေ . သူမ သူ့ကို ​တွေ့ရမှာ အားနာ​နေမိသည်​ .သူမ​မျှော်​လင့်​ချက်​​တွေ ​ပေးပြီး​တော့ ဘာမှ မလုပ်​နိုင်​ခဲ့​တော့ ..

သူ့ကို အားနာတဲ့ စိတ်​​တွေသာ ကြီးစိုး​နေသည်​ ..

'သမီး ဖုန်းနံပါတ်​​တောင်းလို့ ​ဖေ​ဖေ​ပေးလိုက်​တယ်​ သူ ဖုန်းဆက်​လိမ့်​မယ်​ သမီး '

'ဟုတ်​ကဲ့ ​ဖေ​ဖေ'

'​အော်​ ​မေ့​တော့မလို့ မနက်​ဖြန်​ ​ဖေ​ဖေ့မိတ်​​ဆွေတစ်​​ယောက်​ရဲ့ ဧည့်​ခံပွဲ ရှိတယ်​ အဲ့ဒါ အရမ်းရင်းနှီးတဲ့ မိတ်​​ဆွေမို့ သမီးသွားလိုက်​ဦး အဲ့ဒါ​ပြောမလို့ ဆက်​တာ '

'ဟုတ်​ကဲ့ ​ဖေ​ဖေ

သူမ ​ဖေ​ဖေနဲ့ ဖုန်းချလိုက်​ပြီး မကြာခင်​ ဖုန်းလာသည်​ ...သူမ ကိုင်​လိုက်​သည်​ ..

'Hello '

'Su လားဟင်​ ကိုယ်​ပါ '

'အင်း Minho ​ပြော​လေ '

'ကိုယ်​ ပြန်​​ရောက်​​ရောက်​ခြင်း Su တို့အိမ်​သွားလိုက်​တာ ကြားလိုက်​ရတဲ့ သတင်း​ကြောင့်​ ကိုယ်​ တုန်​လှုပ်​သွားတယ်​ Su ရယ်​ . အမှန်​အတိုင်း​ပြောရရင်​ Su တို့ လင်​မယား​ရှေ့မှာ ထွက်​ပြဖို့ ကိုယ်​စိတ်​က မရဲ​သေးဘူး Su ရယ်​ ကိုယ့်​ကို နားလည်​​ပေးပါ '

'ရပါတယ်​ Minho ရယ်​ Su နားလည်​ပါတယ်​ Su လဲ အားနာ​နေတာပါ Minho ကို Su ​မျှော်​လင့်​ချက်​​ပေးခဲ့သလို ဖြစ်​သွားပြီးမှ ခုလို ဖြစ်​သွား​တော့ '

'မဟုတ်​တာပဲ Su ဘက်​က ဘာမှ မ​ပေးခဲ့ပါဘူး ကိုယ်​ကသာ​တောင်းခဲ့​ပေမယ့်​ Su က မ​ပေးခဲ့ပါဘူး '

Su သူ့ကို ​လေးစားရတဲ့ အချက်​​တွေထဲမှာ အဲ့အချက်​လဲ ပါသည်​​လေ .သူတစ်​ဖက်​သား ခံစားချက်​ကို ဦးစား​ပေးတာ ...

'Su ကိုယ်​ကို တစ်​ရက်​​လောက်​ လာ​တွေ့နိုင်​မလားဟင်​ '

သူမ သွား​တွေ့ဖို့ သင့်​ပါမလားး

သူမ ဘာ​ပြောရမလဲ မသိ ဖြစ်​​နေစဉ်​ ..

'ကိုယ်​ Su ကို နှုတ်​က​နေ မပြစ်​မှားပဲ ​နေပါ့မယ်​ ​တွေ့တဲ့အခါ '

ဒါဆို စိတ်​နဲ့​တော့ ပြစ်​မှားမယ်​ဆိုတဲ့ သ​ဘော​လားးးး

'ဘာလို့လဲ ကိုယ့်​ကို မ​တွေ့ချင်​လို့လားဟင်​ ဒါမှမဟုတ်​ Su အမျိုးသားက မ​တွေ့​စေချင်​လို့လား '

သူမ စကားသံ ထွက်​မလာ​တော့ သူက တစ်​မျိုးထင်​သွားတယ်​ ထင်​တယ်​ . တကယ်​​တော့ သူမ ဘယ်​​နေ့​တွေ့ရမလဲ စဉ်းစား​နေတာ . ​ဖေ​ဖေ​ပြောတဲ့ ဧည့်​ခံပွဲက မနက်​ဖြန်​ဆို​တော့ ​စော​စောထွက်​ပြီး ​တွေ့လိုက်​မယ်​ ..

'မဟုတ်​ပါဘူး ဒါဆို မနက်​ဖြန်​ ​တွေ့မယ်​​လေ .​တွေ့ရမယ့်​အချိန်​ Su Msg ပို့လိုက်​မယ်​​လေ '

'အင်း ဒါဆို မနက်​ဖြန်​​တွေ့မယ်​​နော်​ Su '

'အင်း '

သူမ ​ပြောပြီး ဖုန်းချလိုက်​သည်​ ..

စိတ်​ထဲတွင်​​တော့ မနက်​ဖြန်​​တွေ့ဖို့ ​လေး​နေဆဲ ....

~~~~~~~~~~

'ခင်​ဗျားတို့ ဒီ​နေ့ ဇာတ်​သိမ်းပြီ Lee Soo Man '

သူ စာရွက်​စာတမ်း​တွေနဲ့ ​ရှေ့​နေ​ခေါ်ကာ အိမ်​ပြန်​လာခဲ့သည်​ ...

အိမ်​​ရောက်​​တော့ ဟိုဘက်​အိမ်​က လူ​တွေ ​ခေါ်လိုက်​သည်

'ဘာများလဲ YiXing '

'ခင်​ဗျားတို့ အိမ်​က ဆင်း​ပေးရ​တော့မယ်​ '

'ဘာ !!!'

'ဟုတ်​တယ်​ ဒီမှာ ခင်​ဗျားတို့ လိမ်​ထားတဲ့ Com က စာရင်း​တွေ'

သူ File တစ်​ထပ်​ ခုံ​ပေါ် ပစ်​ချလိုက်​သည်​ ..

Lee Soo Man မျက်​နှာ ပျက်​သွားသည်​ ..

'ခင်​ဗျားတို့ လိမ်​ထားတာ သိန်း၁၀၀၀​ကျော်​ရှိ​နေပြီ အဲတာအတွက်​လဲ တရာစွဲထားတယ်​ '

'မင်း ငါတို့ကို အဲ့လိုလုပ်​လို့မရပါဘူး '

'ဘာလဲ ဟို​နေ့က ပြပြီး ခြိမ်း​ခြောက်​တဲ့ စာချုပ်​​ကြောင့်​လား '

'ဟုတ်​တယ်​ '

'အဲ့ကိစ္စက ​ရှေ့​နေနဲ့ ရှင်းပါ အန်​ကယ်​ ​ပြောပြလိုက်​ပါ '

'ဒီက လူကြီးမင်း ပြတဲ့ စာချုပ်​ဟာ နှစ်​​ပေါင်း နှစ်​ဆယ်​​ကျော်​ ရှိ​နေပြီ ဖြစ်​တဲ့အတွက်​ ဥပ​ဒေအရ အကျုံး မဝင်​​တော့ပါဘူး '

'ဘာ !!'

'ဟုတ်​ပါတယ်​ ဆယ့်​ငါးနှစ်​အတွင်းမှာပဲ ဥပ​ဒေအရ အကျုံးဝင်​တာပါ ဆယ့်​ငါးနှစ်​​ကျော်​သွားရင်​​တော့ အကျုံးမဝင်​​တော့ပါဘူး .'

'ဘာ !!'

'အဲ့​တော့ ခင်​ဗျားကြီးရဲ့ ​ငွေ လိမ်​လည်​မှုအတွက်​ အဖမ်းခံဖို့ အဆင်​သင့်​ပဲလား '

သူ ထရပ်​လိုက်​ပြီး ​ပြောလိုက်​သည်​ ..

ထိုစဉ်​ ရဲ​တွေ ဝင်​လာကြသည်​ ..

'မင်း မင်း အဲ့​လောက်​ထိ '

'ဟုတ်​တယ်​ လုပ်​ရမှာပဲ ဒါမှ ကျွန်​​တော်​တို့ မိသားစုအတွက်​ ​ကောင်းမှာ​လေ '

သူ ရဲ​တွေကို ​ခေါင်းငြိမ့်​ပြလိုက်​​တော့ သူတို့က Lee Soo Man ကို ဆွဲ​ခေါ်သွားကြသည်​ ..

အဲ့​တော့မှ သူလဲ ခုံ​ပေါ်မှာ ပြန်​ထိုင်လိုက်​သည်​ ...

တီ​လေးက ​ရောက်​လာပြီး

'ခု​တော့ အားလုံးပြီးသွားပါပြီ သားရယ်​ ​ကျေးဇူးပါ '

'ရပါတယ်​ တီ​လေး ဒါဟာ သင်​ခန်းစာ တစ်​ခုပဲ​ပေါ့ '

'​အေးပါကွယ်​ '

တီ​လေးက ​ပြောပြီး ထွက်​သွားသည်​ ..

ခဏအကြာ သူ​ရှေ့မှာ အ​အေးခွက်​ တစ်​ခွက်​ ...

သူ ​မော့ကြည့်​လိုက်​​တော့ သူမ ..

'ရှင့်​အတွက်​ '

'အင်း ​ကျေးဇူး '

သူတို့ ဘာစကားမှ မဆိုမိ ..

'ရှင်​ ပြန်​သွားဦးမှာလား '

'အင်း သွားစရာ ရှိ​သေးတယ်​ ​ရေမိုးချိုးပြီး ပြန်​ထွက်​မယ်​ '

'အင်း '

သူမက ​မေးပြီး အခန်းထဲ ပြန်​ဝင်​သွားသည်​ ..

သူလဲ ​ရေမိုးချိုး အကျီင်္လဲကာ အပြင်​ ထွက်​ခဲ့သည်​ ..

~~~~~~~~~~

သူမ ဆိုင်​ထဲ​ရောက်​​တော့ မျက်​လုံး​ဝေ့ကြည့်​လိုက်​​တော့ သူက ​ရောက်​နှင့်​​နေပြီ​လေ ..

သူမ သူရှိ​နေတဲ့ခုံဆီကို သွားလိုက်​ပြီး

'​ရောက်​​နေတာ ကြာပြီလား '

'မကြာ​သေးပါဘူး Su ဘာ​သောက်​မလဲ '

'Orange Juice တစ်​ခွက်​ပဲ​ပေးပါ '

သူတို့ကြား ငြိမ်​သက်​သွားပြန်​သည်​ ..

'ဘယ်​တုန်းက လက်​ထပ်​လိုက်​တာလဲ '

'သုံးလ​လောက်​ရှိပြီ '

'အင်း '

ထပ်​ပြီး ငြိမ်​သက်​သွားပြန်​သည်​ ..

'ကိုယ်​ Su အတွက်​ လက်​​ဆောင်​ ပါတယ်​ '

'အဲ့တာ​တွေ မလိုပါဘူး Minho ရယ်​ '

'မဟုတ်​တာ Su ကလဲ ကိုယ်​ Su အတွက်​ ​သေချာဝယ်​လာတာပါ '

သူက ​ပြောပြီး အိတ်​​လေး တစ်​ခု လှမ်း​ပေးသည်​ .ဘာလဲ ဆိုတာ​တောင်​ သူမ မကြည့်​ချင်​ .သူ့ကို အားနာ​နေသည်​ ..

'​ကျေးဇူးပါ Minho '

မ​တွေ့ရတာ ကြာ​ပေမယ့်​ စကားလုံး​တွေ ​ပျောက်​ရှ​နေသည်​ ...

မယ်​မယ်​ရရ ဘာမှလဲ မ​ပြောဖြစ်​ခဲ့ပဲ ပြန်​ခဲ့ကြသည်​ ...

'Su အိမ်​ပဲ တန်းပြန်​မှာလား '

'မဟုတ်​ဘူး ​ဖေ​ဖေမိတ်​​ဆွေ တစ်​​ယောက်​ ဧည့်​ခံပွဲ ဝင်​ရဦးမှာ '

'ဟုတ်​လား ကိုယ်​လဲ ​မေ​မေသွားခိုင်းထားတဲ့ ဧည့်​ခံပွဲ သွားရမှာ Su က ဘယ်​နားမှာလဲ '

'Wolf လမ်းမှာ '

'ကိုယ်​လဲ Wolf လမ်းမှာပဲ Mr.Byun တို့အိမ်​​လေ '

'ဟုတ်​တယ်​ Su လဲ အဲ့မှာပဲ '

'အာ့ဆို တူတူသွားလို့ရပြီ Su ​ကားပါလား '

'မပါဘူး '

'ဒါဆို ကိုယ်​ကားနဲ့ သွားမလား '

'ဟုတ်​ ရပါတယ်​ '

'အာ့ဆို တက်​​နော်​ '

သူက ​ပြောပြီး ကားတံခါး ဖွင့်​​ပေးသည်​ ..သူမ တက်​လိုက်​ပြီး ဧည့်​ခံပွဲ အိမ်​သို့ ...

~~~~~~~~~~

သူမတို့ အဲ့အိမ်​ကို​ရောက်​​တော့ ပွဲက စ​တောင်​​နေပြီ​လေ

ပိုက်​ဆံရှိ သားသမီး​တွေရဲ့ ပွဲမို့ အိမ်​က ခြံထဲမှာ လုပ်​ကြတာ​လေ ..

သူနဲ့ တူတူ တွဲဝင်​လာရင်း

'မမ ​ရောက်​ပြီလား အန်​ကယ်​​ရောပါလား '

'မပါဘူး ညီမရဲ့ ​ဖေ​ဖေက သိပ်​​နေမ​ကောင်းလို့ '

'ဟုတ်​ကဲ့ ​ဘေးက မမအမျိုးသားလား '

သူမ ငြင်​မလို့ ရှိ​သေးတယ်​ ..

'မဟုတ်​ပါဘူးခင်​ဗျာ သူငယ်​ချင်းပါ '

'ဟုတ်​တယ်​ ဟုတ်​တယ်​ ဒီမမရဲ့ အမျိုးသားကို မီး မြင်​ဖူးတယ်​ '

ဘေးက ညီမ​လေး​တစ်​​ယောက်​က ဝင်​​ပြောသည်​ ..

'ဟယ်​ ခုနက အဲ့အစ်​ကိုကြီးကို ​တွေ့လိုက်​ပါတယ်​ ခဏ​လေး​နော်​ '

ထိုသူက ​ပြောပြီး ဧည့်​ခံပွဲထဲကို မျက်​လုံး​ဝေ့ကာ ရှာလိုက်​ပြီး

'​ဟော ဟိုမှာ မမအမျိုးသား ဟုတ်​တယ်​မလားဟင်​ '

သူမ ကြည့်​လိုက်​​တော့ ဟုတ်​ပါသည်​ သူပါ ..

သူမကို ကြည့်​​နေတာ မီး​တောက်​​နေတဲ့ မျက်​လုံး​တွေနဲ့ ..

သူမ ဂရုမစိုက်​ပဲ မျက်​လုံးလွဲလိုက်​သည်​ ..

ပြီး​တော့ Minho ကို ​ခေါ်ကာ စားပွဲဝိုင်းတစ်​ခုတွင်​ ထိုင်​လိုက်​သည်​ ...

ဘာဖြစ်​လဲ သူ​တောင်​ သူ​နေချင်​သလို ​နေတာပဲ SU လဲ ​နေချင်​သလို​နေမယ်​ ...

သူမ သူ့ကို အရွဲ့တိုက်​ပြီး Minho နဲ့ စကား​တွေ ​ပြော​နေလိုက်​သည်​ ...

ခဏကြာ​တော့ သူမတို့​ဘေးမှာယကျလာတဲ့ အရိပ်​တစ်​ခု ..

သူမ ​မော့ကြည့်​လိုက်​​တော့ သူ ဖြစ်​​နေသည်​ ..

'ပြန်​မယ်​ ထ '

'ကျွန်​မ ကိုယ့်​ဟာကိုယ်​ ပြန်​မယ်​ '

'လာ ထပါဆို ​ပြော​နေတာ '

သူက ​ပြောပြီး သူမလက်​ကို ဆွဲကာ ထူလိုက်​သည်​ ..သူမလဲ သူ့လက်​ထဲ ပါသွားသည်​ ..

Minho ကို ကမန်းကတန်း နှုတ်​ဆက်​ပြီး သူဆွဲ​ခေါ်တဲ့​နောက်​သို့ ...

TBC

Update ​နောက်​ကျသွားတယ်​ Personal Case ​လေး​တွေ ရှိ​နေလို့ပါ

May be next part will final ....

#ExoL_SuhoTar
Thank You......

Weiterlesen

Das wird dir gefallen

341K 28K 76
ခပ်တည်"နေတတ်တဲ့ ဂိုဏ်းခေါင်းဆောင် Luó Yù(လောယွီ)နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အယောင်ဆောင် ကောလိပ်ကျောင်းသား Ruǎn Zhēng(ရွမ်ကျန်း)... Author(s)...
453K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
241K 36.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...