My Beloved Lady
Episode 4သူမ စာပို့သမားလေးဆီက စာကို လက်ခံထားပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်
အိမ်ထဲရောက်တော့ ဧည့်ခန်းထိုင်ခုံမှာ ထိုင်လိုက်ပြီး စာကို ဖွင့်လိုက်သည်
စာကို ဖတ်လိုက်တော့ သူမ မျက်လုံးတွေ ပြူးကျယ်သွားသည်
ထိုအချိန် သူ အခန်းထဲက ထွက်လာတော့ သူ့ကို မော့ကြည့်ရင်း
'ရှင် ဘယ်သူလဲ '
သူ သိလိုက်ပြီ
သူက သူ့မအစ်ကို မဟုတ်ဘူးဆိုတာကို
'ကိုယ်ရှင်းပြမယ် '
'မရှင်းနဲ့ ရှင်လူလိမ် ဘာလို့ လိမ်ပြီး ကျွန်မတို့အိမ်ကို လိုက်နေတာလဲ '
'ကိုယ် ရှင်းပြမယ် တကယ်တော့ ကိုယ် အိမ်က မိန်းမပေးစားတာ မလိုချင်လို့ ထွက်လာတာ အဲ့ဒါကွာ '
'အို ရှင်မလိုချင်ရင် ပြောပေါ့ ပြီးတော့ အဲ့ဒါနဲ့ ကျွန်မတို့အိမ်ပေါ ရှင်ရောက်လာတာနဲ့ ဘာဆိုင်လဲ '
'မဆိုင်ပေမဲ့ ငါ အိမ်မှာ မနေချင်တာနဲ့ မင်းလာခေါတာနဲ့ အတော်ဖြစ်သွားတယ်လေ '
'ဘာ ကျွန်မက ရှင့်ကို လာခေါတယ် '
'ဟုတ်တယ်လေ မင်းပဲ ကိုယ့်ကို ရှင်က Siwon မလားဆိုပြီး ဘာခေါလို့ လိုက်လာတာလေ '
'ဘာ ရှင် မိုက်ရိုင်းလှချည်လား မဖြစ်ဘူး ဒီကိစ္စ ဖေဖေကို ပြောမှ ဖြစ်မယ် '
သူမ ဖေဖေကို ပြောမလို့ လှည်ထွက်ကာ ရှိသေး သူက သူမလက်ကို ဆွဲလိုက်ပြီး
'ခဏလေး ကိုယ်ပြောပါရစေ ကိုယ်လဲ ရက်ပိုင်း အတွင်း ပြန်တော့မလို့ပဲ ဦးလေးကို မပြောပါနဲ့တော့ ဦးလေး ရောဂါ တက်နေဦးမယ် '
'သြော် ရှင်က ချော်လဲရောထိုင်တာပေါ့လေ ခုမှ ပြန်တော့မယ်လေး ဘာလေးနဲ့ မရဘူး ဖေဖေကို ပြောမယ် '
သူမ သွားပြောမလို့ လုပ်နေတုန်း ဖေဖေ အခန်းထဲက အော်ပြောသည်
YOU ARE READING
My Beloved Lady
RomanceEpisode 1 သူမ အဝေးပြေးကားဂိတ်ထဲမှာ သူ့ကို ရှာနေတာ နာရီဝက်လောက် ရှိပြီ ခုချိန်ထိ မတွေ့သေး ... စိတ်တွေကလဲ တိုလာပြီ လူလဲ ခြေတိုနေပြီ စာထဲမှာ ရေးထားတဲ့အတိုင်းဆို အရပ်ရှည်ရှည်နဲ့ အပေါက Jean အကျီင်္နဲ့ အောက်က Style pan အနက် ဝတ်ထားတယ...