My Beloved Lady
Episode 14သူ ဧည့်ခံပွဲထဲ ရောက်တော့ Yeol တို့နဲ့ စကားပြောနေရင်း သူမ နာမည် ခေါ်သံကြားတော့ လှည့်ကြည့်လိုက်သည် . ဟုတ်ပါသည် သူမပါ .
လှလိုက်တာ ပြင်ဆင်လာတာ . သူနဲ့ဆို ဘယ်လိုခေါ်ခေါ် မရပါ .ခုတော့ ကြည့်ပါဦး ဘေးမှာလဲ ကောင်တစ်ကောင်နဲ့ ..
'တောက် '
'ဟေ့ရောင် Xing ဟိုမှာ မင်းမိန်းမမလား ဘာလို့တူတူ မလာတာလဲ '
သူ Yeol မေးတဲ့ အဖြေကို မဖြေမိ ...
သူမကိုသာ စိုက်ကြည့်နေသည် ..သူမ သူ့ဘက်ကို တစ်ချက် လှည့်ကြည့်လာသည် .ပြီးတော့ စကားပြောနေတဲ့ကောင်မလေးက သူဆီကို လွတ်နေပုံ ရသည် ..သူမက မလာပဲ ဟိုကောင်နဲ့ တစ်ဝိုင်းသွားထိုင်လိုက်သည် ..
သူ ဒေါသထွက်သွားပြီး ထရပ်ဖို့ လုပ်တော့ Yeol က လက်ကို ဆွဲထားကာ
'မငိးကလဲ ခဏနေမှ သွားပါကွာ ခုမှ သူ ရောက်ခါစ ရှိသေးတယ် '
Yeol က ပြောပြီး သူလက်ကို ဆွဲချလိုက်သည် .သူ ခုံပေါ်မှာ ပြန်ထိုင်ကျသွားသည် ..
ကြည့်နေရင် ကြည့်နေရင်း ထိုကောင်နဲ့ ရယ်မောကာ စကားပြောနေတဲ့ သူမကို ဒေါသတွေ ထွက်လာသည် ..
သူနဲ့ဆို ရယ်မောဖို့ နေနေသာသာ ပြုံတောင် မပြုံး..
ထိုကောင်က ဘာကောင်မို့လဲ ...
သူ ထရပ်လိုက်ကာ သူမတို့ ထိုင်နေတဲ့ ဝိုင်းကို သွားပြီး သူမလက်ကိုဆွဲကာ ဧည့်ခံပွဲထဲက ထွက်ခဲသည် ...
~~~~~~~
အိမ်ရောက်တော့ ညဥ့်နက်နေပြီမို့ တီလေးလဲ အိပ်နေပြီ ..
သူ သူမလက်ကို ဆွဲကာ တောက်လျောက် အခန်းထဲထိ ခေါ်သွားပြီး
'မင်းဘာအချိုးချိုးတာလဲ Su '
'ဘာကိုလဲ '
'ခုလိုဝတ်စား ပြင်ဆင်ပြီး သွားတာ ကို ပြောတာ ငါနဲ့ဆို လိုက်ခဲ့ပါဆို တစ်ပွဲမှ မလိုက်ပဲ အဲ့ကောင်နဲ့ကျ ဒီလိုပြင်ဆင်ပြီး သွားတယ် အဲ့ကောင်က ဘာလဲ '
![](https://img.wattpad.com/cover/53544017-288-k621351.jpg)
YOU ARE READING
My Beloved Lady
RomanceEpisode 1 သူမ အဝေးပြေးကားဂိတ်ထဲမှာ သူ့ကို ရှာနေတာ နာရီဝက်လောက် ရှိပြီ ခုချိန်ထိ မတွေ့သေး ... စိတ်တွေကလဲ တိုလာပြီ လူလဲ ခြေတိုနေပြီ စာထဲမှာ ရေးထားတဲ့အတိုင်းဆို အရပ်ရှည်ရှည်နဲ့ အပေါက Jean အကျီင်္နဲ့ အောက်က Style pan အနက် ဝတ်ထားတယ...