My Beloved Lady
Episode 7သူက ကျယ်ဝန်းတဲ့ ခြံကြီးတစ်ခြံရဲ့ တံခါးရှေ့မှာ ကားကို ရပ်လိုက်သည် .. ပြီးတော့ ဟွန်းနှစ်ချက် တီးလိုက်သည် ...
'ဒါ ကိုယ့်တို့အိမ်ပဲ '
သူမဘက်ကို လှည့်ကာ ပြောလိုက်တော့ သူမ ခေါင်းငြိမ့်လိုက်သည် ...
'လူတွေ အမြင်မှာ မင်းနဲ့ကိုယ်က လက်ထပ်ပြီးသား ဇနီးမောင်နှံနော် စကားပြော သတိထားပါ '
'အင်း '
ခဏအကြာ အသက်လတ်ရွယ် လူကြီးတစ်ယောက် ခြံတံခါး လာဖွင့်ပေးသည် ....သူက တံခါးပွင့်တာနဲ့ ခြံထဲကို တန်းမောင်းသွားလိုက်သည် ...
'ဟိုမှာ အိမ်ရှေ့မှာ ရပ်နေတာ ကိုယ့် အဒေါ် '
သူက အိမ်ရှေ့မှာ ရပ်နေတဲ့ အန်တီကြီး တစ်ယောက်ကို ပြသည် ...သူမလဲ ခေါင်းငြိမ့်လိုက်သည် ...
ကားက ပေါ်တီကို အောက်မှာ ရပ်သွားသည် .. သူက ကားပေါ်က ဆင်းသွားပြီး သူမဘက်လာကာ သူမကို ဆင်းစေပြီး သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်...
သူမ တွန့်ခနဲ ဖြစ်သွားပေမယ့် သူနဲ့ အလုပ်လုပ်နေတာပဲလေ ဆိုပြီး တွေးလိုက်သည် ...
သူမအတွက် ယောကျာ်းလေးတစ်ယောက်နဲ့ တွဲသွားတွဲလာ ဖြစ်ရအောင် ရင်းနှီိးဖူးတာ တစ်ယောက်မှ မရှိ ....
သူက သူမလက်ကို ဆွဲကာ သူ့အဒေါ်ရှေ့ ခေါ်သွားရင်း
'တီလေး ဒါ ကျွန်တော် လက်ထပ်ထားတဲ့ မိန်းကလေးပါ Kim Suho တဲ့ Su ဒါ ကိုယ့်အဒေါ်လေ Zhang Sooyoung '
'ဟုတ်ကဲ့ Kim Suho ပါ တီလေး တွေ့ရတာ ဝမ်းသာပါတယ် '
'အေး အေး သမီး လာ အိမ်ထဲ ဝင်ရအောင် '
အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှာ ထိုင် စကားပြောကြသည် ...တီလေးကတော့ သူမကို သဘောတွေ ကျနေသည် ... နေတာထိုင်တာ ယဉ်ကျေးတာရော ပြောတာဆိုတာ ယဉ်ကျေးတာရော ရုပ်ရည်ရော မျိုးရိုးရော ပြောစရာမရှိတဲ့ ...
![](https://img.wattpad.com/cover/53544017-288-k621351.jpg)
VOUS LISEZ
My Beloved Lady
Roman d'amourEpisode 1 သူမ အဝေးပြေးကားဂိတ်ထဲမှာ သူ့ကို ရှာနေတာ နာရီဝက်လောက် ရှိပြီ ခုချိန်ထိ မတွေ့သေး ... စိတ်တွေကလဲ တိုလာပြီ လူလဲ ခြေတိုနေပြီ စာထဲမှာ ရေးထားတဲ့အတိုင်းဆို အရပ်ရှည်ရှည်နဲ့ အပေါက Jean အကျီင်္နဲ့ အောက်က Style pan အနက် ဝတ်ထားတယ...