My Beloved Lady

By ExoL_SuhoTar

53.1K 4.3K 303

Episode 1 သူမ အ​ဝေး​ပြေးကားဂိတ်​ထဲမှာ သူ့ကို ရှာ​နေတာ နာရီဝက်​​လောက်​ ရှိပြီ ခုချိန်​ထိ မ​တွေ့​သေး ... စိတ်​​... More

Episode 1
Episode 2
Episode 3
Episode 4
Christmas Special Present for my reader
Episode 5
Episode 6
Episode 7
Episode 8
Suho Birthday Special Fanfiction Book
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Final
Bonus
SuLay New Fic

Episode 9

2.1K 209 13
By ExoL_SuhoTar

My Beloved Lady
Episode 9

သူနဲ့အတူ ​လှေကား​ပေါ်က ဆင်းလာရင်း ဧည့်​ခန်းထဲမှာ ထိုင်​​နေတဲ့ သူ​တွေဆီ ကြည့်​လိုက်​​တော့ သူ ​ပြောတဲ့ အတိုင်း Luna ရယ်​ ​နောက်​ထပ်​ ​ယောကျာ်းကြီး တစ်​​ယောက်​ရယ်​ တီ​လေးရယ်​ ထိုင်​​နေကြသည်​ ..

သူမတို့ ဆင်းလာတာမြင်​​တော့ တီ​လေးက

'လာကြ​လေ သားတို့ ထိုင်​ကြ'

တီ​လေးက ကြိုဆို​နေ​ပေမယ့်​ သူမ မျက်​နှာ ​ပေါက်​ထွက်​မတတ်​ ကြည့်​​နေတဲ့LUna က​တော့

'နင်​ နင်​ Kim Suho '

'သမီးတို့က သိ​နေကြတာလား Su '

'ဟုတ်​ကဲ့ တီ​လေး Su က သူ့Com မှာ အလုပ်​လုပ်​တာပါ '

'​အော်​ အဲ့လိုလား ​အေး ​အေး သိ​တော့လဲ သီးသန့်​ မိတ်​ဆက်​​ပေးစရာ မလို​တော့ဘူး​ပေါ့ '

တီ​လေးက ပြုံးပြစွာ ​ပြောလိုက်​သည်​ .. Luna က​တော့ မယုံကြည်​စွာ သူမကို စိုက်​ကြည့်​​နေသည်​ ...

'တီ​လေး ဘာ​ပြောစရာ ရှိလို့လဲ '

သူက ထိုသူ​တွေ လာတာကို စိတ်​ထဲ သ​ဘောမကျတဲ့ပုံနဲ့ တီ​လေးကို ​မေးလိုက်​သည်​ ..

'​သြော်​ သားတို့ မင်္ဂလာ ကိစ္စကို Mr.Lee တို့ကို ​ပြောရ​အောင်​​​ ​ခေါ်လိုက်​တာ​လေ '

'တီ​လေးကလဲ ဒီလိုကြီး သီးသန့်​​ခေါ်​ပြောစရာလိုလို့လား မနက်​ဖြန်​ဆို သူ့ဟာ့သူ သိသွားမှာပဲကို ​ပြောစရာ မရှိ​တော့ရင်​ ကျွန်​​တော်​တို့ကို ခွင့်​ပြုပါဦး '

သူက ​ပြောလိုက်​တာနဲ့ တစ်​ပြိုင်​နက်​ Su လက်​ကို ဆွဲကာ ထရပ်​လိုက်​သည်​ ...

ပြီး​တော့ ဘယ်​သူ့ကိုမှ ဂရုမစိုက်​ပဲ အိမ်​​ပေါ် ပြန်​တက်​ခဲ့သည်​ ..

အခန်းထဲ ​ရောက်​​တော့မှ Su လက်​ကို လွတ်​​ပေးလိုက်​ပြီး

'ရှင်​ကလဲ တီ​လေးကို အားနာစရာကြီး '

'ကိုယ်​ အားနာ​ပြီး ထိုင်​​နေရင်​ အဲ့နားမှာတင်​ လူသတ်​ပွဲ ဖြစ်​သွားလိမ့်​မယ်​ '

'သူတို့က အဲ့​လောက်​​တောင်​ဆိုးလား '

'​နောက်​ဆို မင်း သိလာမှာပါ '

သူက ​ပြောပြီး ​ရေချိုးခန်းဘက်​ကို ထွက်​သွား​တော့မလို့ လုပ်​ပြီးမှ Su ဘက်​ ပြန်​လှည့်​ကာ

'မနက်​ဖြန်​ ​စော​စော ထရဦးမှာမလား မင်း အိပ်​​တော့​လေ '

'ဟို .. ရှင်​ .. '

'စိတ်​ချလက်​ချ အိပ်​ပါ ကိုယ်​ ဆိုဖာ​ပေါ်မှာပဲ အိပ်​မှာပါ '

အဲ့​တော့မှ သူမ မျက်​နှာ​လေး ကြည်​သွားပြီး

'ရှင့်​ကို ​ကျေးဇူးတင်​ပါတယ်​ '

သူမ ​ပြောပြီး ကုတင်​​ပေါ်တက်​ကာ ​စောင်​ခြုံပြီး အိပ်​လိုက်​​တော့သည်​ ...

~~~~~~~~

Alarm သံ​ကြောင့်​ သူမ နိုးလာ​ခဲ့သည်​ . နာရီကို ကြည့်​လိုက်​​တော့ မနက်​ ၅ နာရီ ...

သူမ ထလိုက်​ပြီး သူ့ကို ကြည့်​လိုက်​​တော့ ဆိုဖာ​ပေါ်မှာ အိပ်​​ပျော်​​နေဆဲ .....

သူမ ​ရေချိုးခန်းထဲ ဝင်​ကာ မျက်​နှာ သစ်​ပြီး​တော့ ​အောက်​ဆင်းခဲ့သည်​ ...

အောက်​မှာ လူ​တွေ အကုန်​ ပြင်​ဆင်​​နေကြပြီ​လေ ...လက်​ထပ်​ဆွမ်း​ကျွေးက သူတို့ ခြံထဲမှာပဲ လုပ်​မှာဆို​တော့ အားလုံး အလုပ်​လုပ်​​နေကြပြီ ...

သူမ ဘာလုပ်​ရမလဲ မသိတာနဲ့ တီ​လေးကို ရှာ​တော့လဲ မရှိ ..

သူမ ဧည့်​ခန်းထဲမှာ ခဏ ထိုင်​​နေတုန်း ​ကောင်​မ​လေးတစ်​​ယောက်​​ရောက်​လာပြီး

'မမ မိတ်​ကပ်​ဆရာမ လာ​နေပြီရှင့်​ '

'​အေး ​အေး လာပြီ '

သူမ အခန်းတစ်​ခန်းထဲမှာ ပြင်​ရသည်​ .. အားလုံး ပြင်​လို့ပြီးသွား​တော့ မိုး​တောင်​ လင်း​နေပြီ​လေ ..

ခဏအကြာ သူ ဝင်​လာပြီး

'မင်းက ဒါမျိုးကျ​တော့လဲ ဘယ်​ဆိုးလို့လဲ '

'ရှင်​ ​ဘာ​ပြောတာလဲ '

'မင်းကို လှတယ်​လို့ ​ပြောတာ '

'သိတယ်​ '

'Aww '

'ရှင်​က မပြင်​​သေးဘူးလား ပွဲက စ​တော့မှာကို '

'အကျီင်္လဲရုံပဲ​လေ ကိုယ်​က ဘာပြင်​စရာ ရှိလို့လဲ '

'မသိဘူး​လေ နည်းနည်းများ ဖို့ရမလားလို့ '

'မင်း​နော်​ '

'Haha '

သူမတို့ စကား​ပြော​နေတုန်း တီ​လေး ဝင်​လာပြီး

'ဟယ်​ သမီး​လေး လှလိုက်​တာ သား ဒီမှာ ဘာလုပ်​​နေတာလဲ အကျီင်္သွားလဲချည်​​လေ '

သူ ​ခေါင်းတစ်​ချက်​ ငြိမ့်​ပြပြီး အခန်းထဲက ထွက်​ခဲ့သည်​ ...

~~~~~~~~~~

သူမ ပင်​ပန်းလှပြီ​လေ .. ဒီအကျီင်္​တွေ ဝတ်​ထားရလဲ ပင်​ပန်းတယ်​ . သူနဲ့ အတူ သူ့မိတ်​​ဆွေ​တွေကို သူ့လက်​ကို ချိတ်​ပြီး သွား​နေရတာလဲ ပင်​ပန်းတယ်​ ..

သူ့ကိုလဲ စိတ်​တိုတယ်​ ..

အ​ယောက်​နှစ်​ဆယ်​​လောက်​ပဲ ဖိတ်​ပါတယ်​ဆိုတဲ့ သူ့ရဲ့ မိတ်​​ဆွေ​တွေက တကယ်​တမ်းကျ​တော့ ​အ​ယောက်​တစ်​ရာ မက လာကြသည်​ ..

သူတို့က Su ကို ​ချောတယ်​ ချစ်​စရာ ​ကောင်းတယ်​​တွေ ​ပြော​နေ​ပေမယ့်​ Su မ​ပျော်​နိုင်​ ..

ခု​တော့ သူမဟာ သူရဲ့ ဇနီးတစ်​​ယောက်​ တရားဝင်​ ဖြစ်​သွားခဲ့ပြီ . လူ​တွေ အများကြီးရဲ့ ​ရှေ့မှာ လက်​မှတ်​ထိုးခဲ့ကြသည်​ . လက်​ထပ်​ခဲ့ကြသည်​ .လက်​စွပ်​လဲခဲ့ကြသည်​ ..

သူ​ပြောခဲ့တဲ့ အကျဉ်းချုံးတယ်​ဆိုတာ ဒီလိုမျိုးလား

သူ မတရားဘူး .

ခု​တော့ သူမဟာ သူရဲ့ တရားဝင်​ ဇနီးမယား တစ်​​ယောက်​ ဖြစ်​ခဲ့ရပြီ​လေ ...

~~~~~~~~~

ပွဲပြီးသွား​တော့ သူမတို့ အခန်းထဲဝင်​ခဲ့ကြပြီး

'ရှင်​က အ​တော်​ချစ်​သူခင်​သူ ​ပေါတာပဲ​နော်​ '

သူမ ခပ်​ရွဲ့ရွဲ့ ​ပြောလိုက်​သည်​ . ဟုတ်​တယ်​​လေ သူ့ကို ​ကျေမှ မ​ကျေနပ်​တာ .

'ဘာ​ပြောတာလဲ '

'ရှင်​​ပြော​တော့ လူအ​ယောက်​နှစ်​ဆယ်​​လောက်​ပဲ ဖိတ်​ထားတာပါဆို ခု​တော့ လာတာ အများကြီး . တကယ်​လို့များ ရှင်​နဲ့ ကျွန်​မ အလုပ်​ပြီးရင်​ ကျွန်​မက တစ်​ခုလပ်​အဖြစ်​ လူ​တွေ သိသွားကြမှာ '

'အဲ့ဒါ ဒီအလုပ်​ကို လက်​ခံကတည်းက မင်း စဉ်းစားသင့်​တာ '

'ဘာ !!!!'

သူမ သူ့မျက်​နှာကို ကြည့်​ပြီး စိတ်​ထဲ ဝမ်းနည်းလာမိသည်​ .

*ငါက သူ့လက်ခုပ်​ထဲက ​ရေပါလား . ဟုတ်​တာ​ပေါ့ သူဘက်​ကဆို ငါကပိုက်​ဆံ​ပေးပြီး ငှားထားတာပဲ *

'ဟုတ်​ပါပြီ '

သူမ ​ပြောပြီး ဗီရိုထဲက အကျီင်္ထုတ်ယူလိုက်​ပြီး ​ရေချိုးခန်းထဲဝင်​လိုက်​သည်​ ..မှန်​ထဲမှာ ​ပေါ်လာတဲ့ သူမမျက်​နှာ​ပေါ်မှာ မျက်​ရည်​​တွေ ကျလာသည်​ ..

အင်း​ပေါ့​လေ ​သူမကိုက ဒီလို လူ အ​ပြောခံရမယ့်​ အလုပ်​ကို လုပ်​ထားပြီး​တော့မှ အ​ပြောခံရတာကို ဝမ်းမနည်းနဲ့​တော့ Kim Suho ..

သူမ ပါးပြင်​​ပေါ်က မျက်​ရည်​​တွေကို သုတ်​လိုက်​ပြီး မျက်​နှာ သစ်​ကာ အကျီင်္လဲလိုက်​သည်​ ..

သူ သူမရဲ့ မျက်​ဝန်းထဲက မျက်​ရည်​​တွေ ​ဝေ့သွားတာ မြင်​ပြီး ရင်​ထဲ ​နေလို့မ​ကောင်း ..

သူက ဒီအတိုင်း ဖြစ်​သင့်​တာကို ​ပြောလိုက်​တာ .သူမအတွက်​ ဒီ​လောက်​ခံစားသွားရတာလားး..သူ မသိခဲ့ရိုး အမှန်​ပါ .

နောက်​ဆို စကား​ပြောတာ ဆင်​ခြင်​ရ​တော့မယ်​ဆိုပြီး ကိုယ့်​ကိုကိုယ်​ သတိ​ပေးလျက်​ ....

~~~~~~~~~

သူမ ဝရန်​တာမှာ ရပ်​​နေပြီး ခြံထဲက ပန်းပင်​​တွေရဲ့ အလှ​တွေကို ခံစား​နေသည်​ ..

သူက​တော့ သူ့ရဲ့ အ​ပေါင်းအသင်း​တွေ ​ခေါ်သွားလို့ ဘချာလာနှိုက်​ဆိုပြီး သွားပြီ​လေ ..

အဲ့လိုညဆို ​ယောကျာ်း​လေး​တွေက အရက်​​တွေ ​သောက်​လာကြသည်​ . အဲ့လို​သောက်​လာပြီး Suကို လာထိလို့က​တော့ Su တဲ့ တစ်​Su ပဲရှိတယ်​ . ဘာမှတ်​​နေလဲ .

ကိုယ့်​အ​တွေးနဲ့ ကိုယ်​ပြုံးလိုက်​မိသည်​ ..

ဖြစ်​မလာ​သေးတဲ့ အရာတစ်​ခုကို ​တွေးပြီး ​ပြုံး​နေတာ .. ခ်​ခ်​ Su ​​ကြောင်​​နေပြီလား မသိ ...

'အဲ့​လောက်​ ​ပျော်​​နေတာလား တစ်​​ယောက်​ထဲ ရယ်​​နေပုံ​ထောက်​ရင်​ '

ဘေးက အသံ​ကြောင့်​ သူမ လှည့်​ကြည့်​လိုက်​​တော့ Luna ...

'​အေး​ပေါ့​လေ တဲစုတ်​​ပေါ်က​နေ တိုက်​ကြီး​ပေါ် ​ရောက်​တာဆို​တော့ ​ပျော်​​လောက်​ပါ​ပေတယ်​ '

သူမက ခနဲ့တဲ့စကား​တွေ စ​ပြောလာသည်​ ..

'Su တို့အိမ်​က တဲစုတ်​ဆိုလဲ အိမ်​မရှိယာမရှိ​တွေနဲ့ စာရင်​ သာ​သေးတယ်​​လေ '

'ဘာ !!!!'

'Su ​ပြောတာ မှား​နေလို့လား '

'Kim Suho မင်း စကားကို ကြည့်​​ပြော '

'Luna sshi ​ပြောလို့ Su လဲ ​ပြောတာပဲ​လေ ဘာမှား​နေလို့လဲ '

'ဟင့်​ .. မင်းက ကိုယ့်​ကိုကိုယ်​ သူ​ဌေးက​တော်​ ဖြစ်​ပြီဆိုပြီး ဂုဏ်​တက်​​နေတဲ့ပုံပဲ ကဲ ​ပြော Xing က မင်းကို ဘယ်​​လောက်​ ​ပေးပြီး ငှားထားတာလဲ သူ ​ပေးတာထက်​ နှစ်​ဆ​ပေးမယ်​ သူ့​ဘေးပ ထွက်​သွား '

သူမ ​ပြောမလို့ ရှိ​သေးတယ်​ ​​နောက်​က ဝင်​​ပြောလိုက်​တဲာ သူ့​ကြောင့်

'Luna မင်း ​ပြောတဲ့ စကား​တွေ လွန်​​နေပြီ ​နောက်​တစ်​ခါ ငါ့မိန်းမကို ဒီလို​စကား​တွေ လာ​ပြောရင်​ ငါ့အဆိုးမဆိုနဲ့ သွားမယ်​ Su '

သူက ​ပြောပြီး သူမလက်​​လေးကို ဆွဲကာ အိမ်​ထဲဝင်​ခဲ့သည်​ ...အခန်းထဲ ​ရောက်​​တော့

'မင်း ဘာလို့ မငြင်းတာလဲ သူ​ပြော​နေတာကို '

'ငြင်းမလို့ပဲ ရှင်​ ​ရောက်​လာတာကိုး '

'​နောက်​တစ်​ခါ သူတို့နဲ့ စကားမ​ပြောမိ​စေနဲ့ '

'သူက အရင်​လာ​ပြော​နေတာကို ကျွန်​မ အရင်​ ​ပြောတာမှ မဟုတ်​တာ '

'အင်းပါ မင်းသတိထားဖို့ ​ပြောတာ ပြီး​တော့ ​နေ့လည်​က ကိစ္စ ကိုယ်​ စကား​ပြောတာ လွန်​သွားတယ်​ အဲ့တာ ​တောင်းပန်​ပါတယ်​လို့ '

'ရပါတယ်​ ကျွန်​မ ဆင်​ခြင်​ရမှာပါ ရှင်​ ​တောင်းပန်​စရာ မလိုပါဘူး '

'အင်းပါ ကိုယ်​လဲ စကား​ပြောဆင်​ခြင်​ပါ့မယ်​ '

သူမ မျက်​နှာသစ်​မလို့ လှည့်​လိုက်​ကာ ရှိ​သေးတယ်​ သူက သူမလက်​ကို ဆွဲလိုက်​ပြီး သူမပါးပြင်​ကို ဖျက်​ခနဲ နမ်းလိုက်​သည်​ ..

'ရှင်​ ဘာလုပ်​တာလဲ Xing ဟင့်​အင်း .. မလုပ်​နဲ့ ...'

TBC

ဆေးထိုးခဲ့ပြီ

Update အရမ်းကြာသွားပါတယ်​ Suho BD Ficbook လုပ်​​နေလို့ပါ . ခုက စပြီး​တော့ Update မှန်​ပါ​တော့မယ်​ .Daily Update မယ်​​နော်​ ..

#ExoL_SuhoTar
Thank you ....


Continue Reading

You'll Also Like

255K 40.9K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
315K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
343K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...