'' ချစ်ခြင်းအား မနောက်ပြောင်ရ...

By YuMoeZun

19K 1.9K 104

More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 12
Episode 13
F I N A L

Episode 11

1K 118 6
By YuMoeZun

''ဒုန်း ဒုန်း ဒုန်း ''

''Jongdaeahh!! ငါရှင်းပြပါရစေ တံခါးဖွင့်ပါဦး ''

Luhan တစ်ယောက် တံခါးကို တဒုန်းဒုန်း ထုရင်းပြောနေပေမယ့် ဘာသံမှ မကြားရ...

''Jongdaeahh!!! KimJongdae ''

တော်တော်လေးကြာတော့မှ

''ငါ တစ်ယောက်တည်းနေချင်တယ် ငါ့ကို ဘယ်သူမှ မယုံဘူးမှတ်လား အေး ငါလည်း ဘယ်သူ့ကိုမှ မယုံဘူး ထွက်သွားးးး ထွက်သွားကြ!!!!"

အသံခပ်ကျယ်ကျယ်ဖြင့် အော်လိုက်တော့ Luhan လန့်သွားသည် . တစ်ခါမှ မအော်ဖူးသူလေ . ရီမောနေတတ်တဲ့သူ မဟုတ်လား ??

"အေးပါ ငါမှားသွားတယ် အစကတည်းက ပြောပြသင့်တာပါ Jongdae ခဏလောက်ဖြစ်ဖြစ်~~ ''

''မင်းလည်း အတူတူပဲ ထွက်သွားဆို ထွက်သွားပေးပါကွာ ''

luhan စိတ်မကောင်းဖြစ်မိသည် . ဘာလို့များ ဒီလိုအရာတွေ ပေါ်လာခဲ့တာလဲ . ဘာကစမှားတာလဲ ??

လှည့်ထွက်လိုက်တော့ စိတ်မကောင်းတဲ့ အရိပ်အယောင်တွေနဲ့ JD ရဲ့ appa

''မင်း သူငယ်ချင်း အဖြစ်ကိုလည်း ကြည့်ပါဦးကွာ ''

''arjushi ရယ် ကျွန်တော်လည်း ကြိုးစားကြည့်ပေးပါ့မယ် သူပြန်ကောင်းလာအောင် ''

''မင်းကိုလည်း အားလည်းနာတယ် မင်းအတွက်လည်း စိတ်မကောင်းပါဘူး သားရယ် ဒါနဲ့ သားappa တို့ ပြန်ခေါ်နေပြီဆို မနက်က arjushi ဆီဖုန်းဝင်လာတယ် ''

''nae!! ''

မျက်နှာငယ်လေး ဖြစ်သွားသော luhan အား တော်တော်လေး သနားမိပေမယ့် သူကိုယ်တိုင်လည်း မတတ်နိုင်ဘူးလေ . Luhan ကတော့

ထားခဲ့ရမဲ့ hunnie အတွက် ရင်ထဲ စို့နင့်နေခဲ့သည် . နောက်ဆုံးတော့ ခွဲခွာခြင်းပဲလား ?? Yixing hyung ပြောကတည်းကသာ လမ်းခွဲခဲ့ရင် အခုထက်ပို သက်သာမှာလား ??

ဆံပင်လေးတွေ ထိုးဆွလိုက်ရင်း သူ့ကိုယ်သူသာ အပြစ်တင်နေမိသည် . လောကမှာ အချစ်ဆိုတာ မိန်းမနဲ့ ယောက်ျားပဲ ချစ်ခွင့်ရှိတာလား ?? တင့်တယ်တာလား ??

"ငါလည်း ရူးတော့မယ် hunnie ရယ် ''

..........................................

ရဲစခန်းတွင် ~~

''ကျောင်းမီးလောင်မှုက CCTV ရှာမတွေ့သေးဘူးလား ''

''ဟုတ်ကဲ့ စုံစမ်းနေပါတယ် CCTV က အကွယ်ဘက်ရောက်နေတော့ ~~ ''

''ခင်ဗျားတို့ ဘယ်လိုစုံစမ်းနေတာလဲ လူ့အသက် နဲ့ ဆိုင်တဲ့ ကိစ္စကို ပေါ့ပေါ့လျော့လျော့ တွေးနေတာတော့ မဟုတ်ပါဘူးနော် ''

''Hyung!!!!"

ရဲအရာရှိအား ဒေါသတကြီးမေးလိုက်သောကြောင့် Sehun က လှမ်းထိန်းလိုက်ရသေးသည် .

''တောက်!! မိရဲမိကြည့်စမ်း အကုန် အရှင်မထားဘူး ''

''စိတ်လျော့ပါ hyung ရယ် ဖမ်းမိမှာပါ ''

Sehun နှစ်သိမ့်ပေးမှ Yixing နည်းနည်းငြိမ်သွားပေမယ့် အလိုမကျတဲ့စိတ်က ကျန်ရစ်နေသေး .
''Jongdaeahh !! ကိုယ်ကိုယ်တိုင် ဖမ်းပြီး လက်စားချေပေးမယ် ''

....................................

''ကလေးမ ဦးကို ဘာကိစ္စနဲ့ ~ ''

ထိုအချိန် မျက်ရည်အား ကျောက်တုံးအရည်ညှစ် သလို ညှစ်ချနေသော မိန်းကလေးက

''arjushi ရယ် Jongdae ကလေ သမီးကို အတွေ့မခံတော့ဘူး ဆေးရုံကလည်း ဆင်းသွားတယ်ဆို သူ သမီးကို ထားခဲ့မှာလားဟင် ''

''ကလေးမ မင်းဘာတွေပြောနေတာလဲ ငါဘာမှနားမလည်တော့ဘူး ''

''သမီးလည်း ဒီပြသနာတွေ မပြောချင်တော့ပါဘူး ဒါပေမယ့် ဒါပေမယ့်လေ ~~ arjushi ရယ် သမီးကို သားသမီးချင်း ကိုယ်ချင်းစာ ပေးပပါလားဟင် Jongdae နဲ့ သမီးကလေ ~~~~''

JD 'appa တစ်ယောက် မြင်မြင်သမျှတွေ ကို အံ့သြသွားသည် .

''ဒီလိုတော့ မဖြစ်စေရဘူး ကလေးမ မင်းလည်း အထက်တန်းလွှာ မိန်းကလေးတစ်ယောက်ပဲလေ အမှန်အတိုင်း ဖြစ်စေရမယ် စိတ်မပူနဲ့ သမီး ''

''ကျေးဇူးတင်ပါတယ် arjushi ရယ် ''

JD 'appa ထွက်သွားပြီးနောက် အနောက်ခုံမှ အနက်ရောင် ဝတ်စုံဖြင့် လူတစ်ယောက်က

''မင်း ဘာဖြစ်ချင်နေတာလဲ ဘာတွေ ထပ်လုပ်နေတာလဲ ဟိုကိစ္စပေါ်သွားခဲ့ရင် ~~ ''

''မဖြစ်လာစေရဘူး တကယ်လို့ ပေါ်သွားခဲ့ရင်တောင် သူ့ချွေးမ ဖြစ်နေရင် ဘာလုပ်နိုင်မှာလဲ :/ ''

''RuRu မင်းလုပ်ရပ်တွေက ~~ ''

''ဘာလဲ ထုတိပြောမလို့လား အခုရှင်နဲ့ ကျွန်မက တစ်လှေတည်းစီးနေတာနော် သွားပြောလိုက်လေ ကျွန်မတစ်ယောက်တည်း ခံရမယ်ထင်နေလား ရှင့်အတွက် ပဲထမင်းပဲ နားလည်လား ''

''~~nae!!"

ခပ်ညစ်ညစ် အပြုံးတစ်ခု ဖန်တီးရင်း ဆက်မှာနေတဲ့ မိန်းကလေး သူ့ အဆုံးသတ်က ဘာဆိုတာ သူမမြင်နိုင်ခဲ့ ~~~

.............................................

''Han မင်း ဒီရက်ပိုင်း အိမ်မပြန်လာသလိုပဲနော် ''

''inn::: ငါ အလုပ်များနေတယ် ''

''wae?? မင်းဘာဖြစ်နေတာလဲ ကိုယ် သိခွင့်မရှိဘူးလား ''

''hunnie !!! ''

''ဟင် !!"

"~~~~ ဘာမှ မဟုတ်တော့ဘူး ''

''ပြောလေကွာ ''

''ဘာမှမဟုတ်တော့ပါဘူးဆို ''

''Miyan ဒီရက်ပိုင်း မင်းအပေါ်တောင် ဂရုမစိုက်မိဘူး ဖြစ်နေတယ် ''

''ရပါတယ် ~~~''

ကုတင်ပေါ် လဲလျောင်းလိုက်ပြီး ပင်ပန်းပုံပေါ်နေတဲ့ Sehun ကို Luhan ဘာမှ မပြောရက် . ငေးကြည့်နေမိရင်း တရိပ်ရိပ်တတ်လာတဲ့ မျက်ရည်လေးတွေ သုတ်လိုက်ရင်း မျက်နှာလွှဲလိုက်သည် . Sehun ကတော့ မသိလိုက် .

.......................................

''ငါ ဒီကလေးကို သားနား မကပ်စေချင်ဘူး ''

Yixing အိမ်ရှေ့ရောက်ရောက်ချင်း လှမ်းတာလိုက်သောကြောင့် Luhan က

''arjushi !! Yixing hyung က လူကောင်းပါ ''

''လူကောင်း?? ငါသိထားတာ အဲ့လိုမဟုတ်ဘူးပဲ ''

''arjushi!!"

"မခေါ်နဲ့ မင်းကို ငါတစ်ခါ ပြောဖူးသလိုပဲနော် ဒါပေမယ့် ငါ့သားကို ပြန်ရှာလာပေးတာ ကျေးဇူးတင်ပေမယ့် ငါ့သဘောကို မင်းသိပြီးသား ဖြစ်မှာပါ နောက်ပြီး နောက်အပတ်ထဲ Jongdae ကို လက်ထပ်ပွဲ လုပ်ပေးတော့မှာ ''

''nae???''

Yixing အပါအဝင် Sehun ရော Luhan ပါ အံ့သြသွားသည် . နေမကောင်းသေးတဲ့လူကို လက်ထပ်ပွဲ ??

''ရုတ်တရက်ကြီး waeyo?? arjushi !! ''

''သင့်တော်တဲ့ မိန်းကလေး ရှိနေခဲ့တယ်လို့ပဲ မှတ်လိုက်ပါ ''

''ဒါပေမယ့် ~~~ ''

Yixing ဆီမှ ဘာစကားမှ ထွက်မလာခဲ့ . သူ့ရင်ထဲ ထိုးနှက်သွားတဲ့ စကားကတော့ ''သင့်တော်တဲ့ မိန်းကလေး '' ~~ ဆိုတဲ့ စကားလုံး .

''arjushi !! ဒါဆို တစ်ပတ် အချိန်ပေးလေ Yixing hyung လူကောင်းဆိုတာ ကျွန်တော် သက်သေပြပေးမယ် ''

''Luhan မင်း ဘာတွေပြောနေတာလဲ ''

''Yixing hyung လူကောင်းဆိုတာရော Jongdae ဘယ်သူ့ကို ချစ်တယ်ဆိုတာရော ကျွန်တော် သက်သေပြပေးမယ် ...''

''ဟား~~ ဟား ဘာလို့ ခက်ခက်ခဲခဲ တွေးနေတာလဲ အချိန်တန် မိန်းမပဲ ယူကြရမယ့်ဟာကို Luhan မင်းပြာလို့ ငါ လက်ခံပေးမယ် တစ်ပတ်နော် . aww ဒါနဲ့ JD ပီးရင် မင်းနော် မင်းမိဘတွေက မင်းကို သိပ်လွမ်းနေပြီ ငါ ဒါပဲ ပြောပါရစေ ''

JD'appa ပြေပြီးပြီးချင်း အိမ်အပြင်သို့ ထွက်သွားသည် . တွေဝေစွာ ကျန်ရစ်ခဲ့တဲ့ Luhan ကို ကြည့်ရင်း မယုံနိုင်တဲ့ အကြည့်တွေနဲ့ sehun .

''han~ အခု ငါကြားလိုက်တာက ~~ ''

''အမှန်တွေပဲ Hunnie ''

sehun ရီရမလို ငိုရမလို အဖြစ်နဲ့ မျက်နှာက ပြုံးလိုက်ပေမယ့် ကျလာတာက မျက်ရည်တွေ . Yixing လည်း ဘာမှ ဝင်မပြောတတ်တော့......

sehun တစ်ယောက် တုန်ရီနေတဲ့ luhan လက်ကို ဆွဲကာ အပြင်သို့ ပြေးထွက်သွားမိသည် . ထိုအချိန် အပေါ်ထပ်မှ

''ဝုန်း____ ဒုန်း!!!!!"

တစ်ခုခု ကျကွဲသံ ~~ Yixing အပေါ်ပြေးတက်သွားလိုက်သည် . ပိတ်ထားသော တံခါးကို ထုလိုက်ပြီး

''Jongdaeahh !! wae??? ဘာဖြစ်လို့လဲဟင်!! hyungလေ တံခါးဖွင့်ပေးပါ ya!! kimJongdae ''

ဟုတ်ပါတယ် Jongdae လည်း အတွေးများစွာကို တွန်းလှန်ရင်း ဇဝေဇဝါ ဖြစ်နေသော စိတ်တွေကြောင့် စာရေးစားပွဲကို သိမ်းကျုံးကာ ပစ်ပေါက်လိုက်မိသည် . အပြက်မှ တစ်ယောင်ယောက်အသံ ကြားနေပေမယ့် ခေါင်းထဲဝင်မလာ. Jiyeon သေသွားပြီ ဆိုတဲ့အသိ . ဘယ်သူမ မယုံဘူးဆိုတဲ့ စိတ်တွေကြောင့် မွန်းကြပ်လာသည် .

''ငါမရှိတော့ရင် ~~ ပြီးပြီလေ~~''

ထိုအချိန် ဝုန်းဒိုင်းကြဲပြီး ပွင့်လာသော တံခါးနဲ့အတူ

''သခင်လေး~~ ဘာတွေ လုပ်နေတာလဲ အခုဆင်းလာခဲ့ပါ ''

အိမ်တော်ထိန်း ဦးလေးကြီးရဲ့ အသံဟာ နားထဲ ဝင်တစ်ချက်မဝင်တစ်ချက် ~

''သခင်လေး ~~ မလုပ်ပါနဲ့ ''

Jongdae ကျောခိုင်းလိုက်သည် . ပြတင်းပေါက်ဘောင်ပေါ်မှ ခြေထောက်လေးသာ အရှေ့တစ်လှမ်းတိုးလိုက်ရင် KimJongDae ဆိုတဲ့သူဟာ ဒီလောကကြီး အပြင်ဘက်ကို ရောက်နိုင်ပြီ~ စိတ်ထိခိုက်လွန်းလို့ မျက်ရည်တောင်မကျနိုင်ခဲ့ . အရင်ကတည်းက သိပ်ကို ဟန်ဆောင်ကောင်းလွန်းတဲ့သူ မဟုတ်လား ?? တစ်ချက်ပြုံးလိုက်ရင်း ခြေထောက်လေး လှုပ်လိုက်တော့

''Jongdaeahh!! ''

အသံတစ်ခုကြောင့် ရပ်တန့်သွားသည် . ရင်နှီးလွန်းတဲ့ အသံ ဒါပေမယ့် လှည့်မကြည့်ဖြစ် ~~

''မင်း သေသွားရင် အကုန်ပြီးသွားပြီ လို့ထင်နေလား မင်းကြောင့် ခံစားရမဲ့ Hyung ရဲ့ နှလုံးသားကို ထည့်မတွက်တော့ဘူးလား မင်းက တစ်ကိုယ်ကောင်းဆနတဲ့သူလား ''

''ခင်ဗျား ဘာတွေလာပြောနေတာလဲ ကျွန်တော့ကြောင့် ခံစားရမဲ့သူ တစ်ယောက်မှမရှိဘူး ''

''မင်းမှားသွားပြီ hyung ကို ကြည့်ပါဦး မင်းကိုပဲ ကြည့်မယ့် hyungက အရေးမပါဘူးလားဟင် ဒါမှမဟုတ် ငါပါ လိုက်သေရမလား ''

Jongdae လှည့်ကြည့်လိုက်ပြီး

''အလိမ်အညာတွေ အကုန် လိမ်နေတာမှတ်လား omma တုန်းကလဲ ထားခဲ့တယ် မုန်းတယ် အကုန်လုံးကိုမုန်းတယ် ''

JD ပြန်လှည့်ပြီး ခုန်ချလိုက်မယ့် အချိန်. အနောက်မှ လှမ်းဆွဲလိုက်သော လက်တစ်စုံ . ခါးလောက်ကနေ ချီမပြီး ရင်ခွင်ထဲ ဆွဲလှည့်လိုက်တော့ လည်ခနဲ ပါလာသော Jongdae. Yixing တင်းကြပ်စွာ ဖက်ထားလိုက်ရင်း

''ဘာလို့ ဒီလိုလုပ်ဖို့ စဉ်းစားရက်ရတာလဲ ကလေးရယ် ~~ မင်းမရှိရင် ငါဘယ်လိုအသက်ရှင်ရမလဲ အဲ့ဒါ မင်းသိလား "

Jongdae ခံစားလိုက်ရတဲ့ နွေးထွေးမှု ဒီလို ခံစားချက်မျိုး လက်ခံခဲ့ဖူးတယ် ~ သိပ်သေချာတယ် ~ ပါးစပ်ဖျားလေးမှ ထွက်ကျလာသော အသံလေးက

''Hyung!!!"

.................................

တစ်ဖက်တွင်လဲ

''Han မင်းငါ့ကို ဘာလို့ မပြောခဲ့တာလဲ ငါ့ကို သေစေချင်တာလား ''

''မဟုတ်ဘူး hunnie . ငါ လက်ထပ်မှ ဖြစ်မှာ ''

''ဘာလို့လဲ မိန်းမတွေကို ချစ်တတ်သွားပြီလား ငါနဲ့ နေရတာ မပျော်တော့ဘူးလား ဟမ်!"

"ဟုတ်တယ် ငါ~ မပျော်တော့ဘူး ''

''ဘာ!!! တောက်!! ''

''မင်းလဲ အဲ့လိုပဲ ဖြစ်လာမှာပါ hunnie ''

''ငါ့လက်တွဲပီး အကုန်လုံးရင်ဆိုင်မယ်ဆို မင်းပါးစပ်ကပဲပြောတာလေ ငါရှိရင် ရပြီဆို ငါကလွဲရင် အချစ်ဆိုတာ ဟာသပါဆို မင်းလိမ်ခဲ့တာလား ''

''miyanhae !!"

"အခု တောင်းပန်ရမှာ မဟုတ်ဘူး ဖြေရှင်းရမှာ ~ မင်း ငါ့ကို ချစ်ခဲ့ရဲ့လား ''

''ငါ တကယ်ချစ်ခဲ့တယ်လို့ ထင်နေတာလား . မင်းကမှ ဟာသပဲ ဒီမှာ Sehun အိမ်မက်ထဲက နိုးထလိုက်ပါ လက်တွေ့ဘဝမှာ အချစ်က အသုံးဝင်မယ်ထင်နေလား ''

''မင်း~~ မင်းကွာ!! မင်း ငါသိတဲ့ luhan မဟုတ်ဘူး မင်း~~''

'' ပြောစရာကုန်ပြီ ငါသွားတော့မယ် ''

luhan လှည့်ထွက်လိုက်တော့ luhan လက်ကို လှမ်းဆွဲရင်း

''ကိုယ်တောင်းပန်ပါတယ်ကွာ မင်းအပေါ် မှားခဲ့တာတွေ ဂရုမစိုက်ခဲ့မိတာတွေ အတွက်တောင်းပန်ပါတယ် ကိုယ့်ကို မထားခဲ့ပါနဲ့နော် ''

sehun လက်လေးအား ဖယ်ချရင်း

''ငါလည်း တောင်းပန်ပါတယ် ငါ့ကို လွှတ်ပေးပါတော့ ''

luhan ကျလုမတတ်မျက်ရည်ကို ထိန်းရင်း လှည့်ထွက်လာလိုက်သည် .
hunnie~~~ အားလုံး ငါ့အပြစ်တွေပါကွာ ~~ ငါမှ ဒီလိုမလုပ်ရင် မင်းဘဝရှေ့ရေးက ငါ့ကြောင့်နဲ့ ~ မင်းမိဘတွေက လူကောင်းတွေပါ ~ မင်းနားလည်နိုင်ပါစေ ~

ကျန်နေခဲ့သော sehun ကတော့ ဘာကိုမှ မသိ . သေချာတာတစ်ခုက တန်ဖိုးရှိတဲ့အရာတစ်ခုဆုံးရှုံးခဲ့ပြီ ~ အော်ဟစ်လိုက်ချင်ပေမယ့် အင်အားကမရှိ~ တစ်ကယ်ပဲ ထားခဲ့ခံရတာလား ~ လက်ထဲမှာကျန်နေခဲ့တာက နှလုံးသား အကွဲအကြေလေးတွေ ~~~

.......................................

#author ကိုယ်စား type ပေးသည် #EiEiNwe

Continue Reading

You'll Also Like

70.9K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
50.5K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
58K 15.3K 54
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥