Episode 7

1.2K 137 10
                                    

''Yi--Yixing!!"

Yixing မျက်နှာက ခက်ထန်နေခဲ့သည် . မျက်နှာနီရဲကာ ဒေါသတကြီးဖြင့်

''မင်း အခု ဘာ ပြော လိုက် တယ် ''

''ငါ-- ငါက ''

Jongdae စကားများ ဆွံ့အနေသည် . Yixing လည်း ယုံကြည်ချက်တွေ ပျောက်ဆုံးသွားသလို . သူ့ကို အယုံသွင်းနေတာတဲ့လား .

Yixing ဝင်လာလိုက်ပြီး ထိုင်နေသော Jongdae လက်ကို စောင့်ဆွဲလိုက်သည် .

''အ့--- Yixing!! လက်!!!"

Jongdae စကားအား နားထဲမဝင်တော့ဘဲ တင်းကြပ်စွာ ဆုပ်ကိုင်ကာ အိမ်အပြင်ထိ ဆွဲခေါ်လာခဲ့လိုက်သည် . အိမ်အပြင်ရောက်တော့မှ

''Yixing ငါ့လက်ကို လွှတ်ပေးပါ ''

ထိုအခါမှ သတိဝင်လာကာ ကြည့်လိုက်မိတော့ ပတ်တီးလေး စည်းထားတဲ့ ညာလက် . ဟုတ်သားပဲ နေ့လည်က ငါ့ကြောင့်နဲ့ ...

Yixing လက်ကလေးအား လွှတ်လိုက်သည် . Jongdae တော်တော်လေး နာနေပုံရသည် . ဒါပေမယ့်လည်း ဒေါသက ထွက်နေဆဲဆိုတော့

''KimJongdae မင်း ငါ့ကို အရူးလို့ ထင်နေတာလား မင်း အပျင်းပြေ ကစားတဲ့ အရုပ်လား ငါက . မင်း ဖြစ်စေချင်သလို အကုန်လိုက်လုပ်မယ့် သူလို့ မင်းထင်နေတာလား ဟမ်!!"

Yixing လည်း ရှက်တာက တစ်ကြောင်း ပြောရင်း အသံကျယ်လာတော့
Jongdae လန့်သွားသည် . ဒေါသကြီးမှန်း သိထားပေမယ့်လည်း အခုလိုပုံစံ မြင်လိုက်ရတော့ ဘာပြောရမှန်းမသိတော့ .

'' ငါ-- ငါက မင်းကို -- ငါမှားသွားရင် တောင်းပန်ပါတယ် မင်းကို နစ်နာစေချင်လို့ မဟုတ်ပါဘူး တကယ်တော့--"

"တော်တော့ KimJongdae မင်းက ဘာနားလည်လို့လဲ ငါ့ရင်ထဲမှာ ဘာရှိလဲ ဘာတွေ ဖြစ်နေလဲဆိုတာ မင်းသိလို့လား မင်း မြင်လို့လား !!"

Yixing Jongdae ရဲ့ ပခုံးနှစ်ဖက်ကို တစ်ဖက်ဆီ ကိုင်လှုပ်ရင်း ပြောလိုက်တော့ Jongdae မျက်ရည်စလေးတွေ ဝဲလာသည် .

''ကျွန်တော် တကယ်တောင်းပန်ပါတယ် ကျွန်တော်လေ-- တကယ် မထင်ထားမိလို့ပါ ခင်ဗျား ကျေနပ်တဲ့ အထိ တောင်းပန်ပါ့မယ် ဒူးထောက်ရမယ်ဆိုရင်တောင်---"

"ငါမေးနေတယ်လေ ငါ့ရင်ထဲမှာ ဘာတွေဖြစ်နေလဲ မင်းသိရဲ့လားလို့ ငါ မင်းကို --"

'' ချစ်ခြင်းအား မနောက်ပြောင်ရ ''Where stories live. Discover now