F I N A L

1.5K 136 14
                                    

အခန်းထဲတွင် laptop တစ်လုံးဖြင့် အလုပ်များနေသော Jongdae … အနောက်မှ Luhan ဝင်လာသည်ကိုပင် မတွေ့လိုက် … Note စာအုပ်ဖြင့် ရေးမှတ်နေသည်ကို Luhan နောက်ချင်ဇောဖြင့် ကြည့်လိုက်ရာ …

''ဟင်!"

Luhan အံ့သြသွားသည် … Jongdae ရေးနေသည်မှာ Yixing နဲ့ ပတ်သတ်သော အရာများနဲ့ ကျောင်းမီးလောင်မှုဖြစ်စဉ် တစ်ချို့…

''lu-luhan !"

"jongdae မင်း ပြန်မှတ်မိနေပြီပဲ … ဘယ်တုန်းကတည်းက မှတ်မိနေတာလဲ ? ဘာလို့ ငါ့ကိုတောက် ပြောမပြရတာလဲ ? ဘာလို့ ဟန်ဆောင်_ ''

Luhan စကားမဆုံးသေးခင် jongdae က ''shuu!" ဟူသော ပုံစံပြကာ အခန်းတံခါးသွားပိတ်လိုက်ပြီး lock ချလိုက်သည်…

ပီးနောက် အံ့သြနေသော luhan မျက်နှာကို ပြန်ကြည့်ကာ

''မင်း ဘယ်လိုရောက်လာတာလဲ !"

"ငါ မနက်ဖြန် နေ့လည်လေယာဉ်နဲ့ အိမ်ပြန်ရတော့မှာမို့လို့ မင်းကို လာနှုတ်ဆက်တာ … ဒါပေမယ့် မင်းက … ''

''miyanhae . luhan . ငါကြိုမပြောမိခဲ့တာ . ''

''အနည်းဆုံး ငါ့က်ုတော့ ပြောပြသက့်တယ် မဟုတ်ဘူးလား … ''

luhan စိတ်ဆိုးကာ ပြောလိုက်ပြီးနောက် အခန်းက ခဏတာ တိတ်ဆိတ်သွားသည် …  luhan သက်ပြင်းတစ်ချက်ချကာ …

''ဘယ်တုန်းကတည်းက မှတ်မိနေတာလဲ ''

''မိုးတွေ အရမ်းရွာတဲ့နေ့က ငါ Yixing Hyung နဲ့ တွေ့ခဲ့တယ် … ငါတို့ အဆောင်နားမှာ … အဲ့တုန်းကတည်းက … ''

''ဒါဆို ဘာလို့ မပြောပြခဲ့တာလဲ … Yixing hyung မင်းအတွက် ဘယ်လောက် စိတ်ပူနေလဲသိလား … ''

''ငါ_ ငါမပြောခဲ့တာက ဒီကိစ္စတွေက သူ့ဇနီးလောင်း ChoiRuru နဲ့ ပတ်သတ်နေလို့ … သေချာအောင် စုံစမ်းချင်လို့ ငါ ဟန်ဆောင်နေခဲ့တာ … ''

''ဘာာ!! ChoiRuru noona နဲ့ ပတ်သတ်နေတယ် ? "

''inn:: ငါ Yixing-hyung အထင်လွဲနေတာကို ရှင်းပြဖို့သွားခဲ့တဲ့နေ့ကလေ … jiyeon ငါ့ဆီ ဖုန်းဆက်လာတယ် …  သူကျောင်းမှာတဲ့ … ငါလည်း ဘာလုပ်ရမလဲ မသိတော့ ကျောင်းကိုလိုက်သွားလိုက်တယ် … ဟိုရောက်တော့ jiyeon ကို အခန်းထဲမှာ တစ်ယောက်ယောက်က ကြိုးချည်ပီး အခန်းကို ပိတ်ထားတယ် … jiyeon ပြောတာတော့ ငါက လာခဲ့ခိုင်းလို့ သူလာတယ်ပြောတယ် … တကယ်ဆို ငါ ဘာမှကို မသိလိုက်တာ … ''

'' ချစ်ခြင်းအား မနောက်ပြောင်ရ ''Where stories live. Discover now