My Baby Baekhyunne(Completed)

By YeolliesSakura

323K 27K 1.1K

If the sun were to rise in the west,my love would be unchanged forever.you will always have a special place i... More

Intro
Ep~1
Ep~2
Ep~4
Ep~5
Ep~6
Ep~7
Ep~8
Ep~9
Ep~10
Ep~11
Ep~12
Ep~13
Ep~14
Ep~15
Ep~16
Ep~17
Ep~18
Ep~19
Ep~20
Ep~21
Ep~22
Ep~23
Ep~24
Ep~25
Ep~26
ချစ်သော ပင်လယ်ပြာ
Ep~27
Ep~28
Ep~ 29
Final

Ep~3

11.2K 994 21
By YeolliesSakura


"တီ...တီ...တီ..."

"ဟင်​.."

"အာ...Tsk..."

မီးပွိုင့်​ကြီးမီးစိမ်း​နေပီကို​ကြောင်​​တောင်​​ငေါင်​​တောင်​​တောင်​နဲ့ရပ်​မိ​နေ​တော့အ​နောက်​ကကား​တွေ....

ဟွန်းတတီတီနဲ့တီးပြီးChanyeolရဲ့ကားကို
ကျော်​သွားကြတယ်​...

"ကဲကွာ...​ကျော်​ချင်​လဲ​ကျော်​ကြကွာ..."

ဒေါသကအစတည်းကသူပုန်​ထ​နေတာ...
စိတ်​​တွေရှုပ်​လိုက်​တာ...
ခေါင်း​တွေ​တောင်​ကိုက်​လာပြီ...Tsk....

Chanyeol ကားအရှိန်​ကိုမြှင့်​လိုက်​ကာအိမ်​ကို
အမြန်​ဆုံးပြန်​လာခဲ့တယ်​...

...

"အယ်​..Hyung ပြန်​လာပြီပဲ...ဒီ​နေ့အဆင်​​ပြေရဲ့လား.."

Suitအပြာ​ရောင်​နဲ့ ဆံပင်​​တွေကို​သေချာဖီးသပ်​ပြီး
လူကြီးလူ​ကောင်းဆန်​​နေ​သော Jong..

ဘယ်​သွားမလို့ပါလိမ့်​...

အဆင်​​ပြေလား...တ​ကယ်​​တော့မ​ပြေ...

တင်းမာ​နေ​သောမျက်​နှာ​ကြောကိုအသာ​လျော့ကာ

"​အင်း...အဆင်​​ပြေပါတယ်​Jong...ဒါနဲ့ဘယ်​သွားမလို့လဲ.. "

"Hyungလည်း...​သွားပြင်​ဆင်​​တော့​လေ..."

အခုမှအိမ်​ပြန်​လာတာကိုဘာ​တွေပြင်​ဆင်​ခိုင်းပြန်
ပြီးလဲမသိ...

"ဘာကိုပြင်​ဆင်​ရမှာတုန်း..."

"ဒီ​နေ့ညစာစားပွဲရှိတယ်​​လေ..."

အာ...ဟုတ်​သားပဲ Schedule ထဲမှာတယ်​...
စိတ်​ညစ်​ပါတယ်​...လူက​နေလို့မ​ကောင်းပါဘူးဆို...

မသွားရင်​လည်း အ​မေကဆူဆဲအုံးမယ်​...

"Jong...ငါ့ Omma​ရော..သွားမှာလား.."

"​ဒေါ်​လေးက Landon မှာ​လေ Hyung..."

ဟုတ်​တာပဲ...
Landon မှာရှိတဲ့ကျ​တော့်​အဘွားဆိီသွားလည်​တာ...

"ငါမလိုက်​​တော့ဘူး...မင်းပဲသွားလိုက်​..."

"ဟာ...Hyung ကလဲ...အဘိုးကိုကျ​တော့်​ကဘယ်​လို
ပြောရမလဲ..."

"​နေမ​ကောင်းလို့လို့​​သေချာ​ပြောလိုက်​​ပေါ့...
Jong ရာ ကူညီပါ...ငါတကယ်​ပင်​ပန်း​နေတာ.."

Jong လည်းသိပါတယ်​​လေ..
ကျ​တော့်​ဘဝအ​ခြေအ​နေကို...ကျ​တော့်​အ​မေမရှိလို့
သာကျ​တော့်​ဒီစကား​ပြောရဲတာ​လေ...

"ပြီး​ရော...အဲ့တာဆိုလည်း Hyung နား​တော့..
Hyung ကို အဘိုး​မေးရင်​ကြည့်​ပြီး​ပြောလိုက်​မယ်​.."

....

အခန်းထဲ​ရောက်​​တော့​လေးလံ​နေ​သောကိုယ်​ခန္ဓာကိုယ်​ကို ဇိမ်​ခံထိုင်​ခုံ​ပေါ်သို့ပစ်​ပြီးထိုင်​ချလိုက်
သည်​...

ကိုယ်​ခန္ဓာ​လေးလံ​နေတာမ​ပြောနဲ့ စိတ်​​တွေအ​တွေး
တွေလည်းအဲ့လိုပဲ...

ဂုတ်​​ပေါ်က​နေတစ်​စုံတစ်​​ယောက်​ကခွစီးထားသလို
ကို​ဖြစ်​​နေတာ..ရင်​ထဲမှာလည်း​တော်​​တော်​မ​ကောင်း

ဒီ​နေ့တစ်​​နေ့လုံး​ဆေးရုံမှာဆို​တော့​ဆေးရုံအနံ့​တွေ
ကြောင့်​လားမသိ...

"​ဝေါ့...​အော့..."

သန့်​စင်​ခန်းထဲအမြန်​​ပြေးဝင်​ကာ​ဘေစင်​​ထဲသို့သာ
ခေါင်းထိုးပြီးအန်​ချလို​က်​တယ်​...

ကိုယ့်​ရင်​ဖက်​ကိုထုကာပျို့တက်​လာ​သော​​​လေချဉ်
တွေကိုသက်​သာ​အောင်​လုပ်​လိုက်​​သော်​လည်း
ရင်​ထဲမှာ​တော်​​တော်​မ​ကောင်းတာ....

ဘာဖြစ်​သွားတာလဲမသိ...
အစာမ​ကြေဖြစ်​တာလား..

မဖြစ်​နိုင်​ဘူး...ဒီ​နေ့ငါဘာမှမှမစားဘဲ...

အင်္ကျီ​တွေဘာ​တွေချွတ်​မ​နေ​တော့....
ရေပန်းကိုဖွင့်​ချလိုက်​ကာ ​အေးမြတဲ့​ရေကိုခံစား​နေမိတယ်​...

လေးဆယ့်​ငါးမိနစ်​​လောက်​ကို ​အဲ့​ရေပန်း​အောက်
ထဲဝင်​​နေမိတယ်​....

ကျ​တော့်​အကျင့်​တစ်​ခု​လေ...
စိတ်​ညစ်​နေရင်​​ရေပန်း​အောက်​ထဲ​နေပလိုက်​တယ်​.

တစ်​ကိုယ်​လုံး​ရေစို​နေရင်​ ​အေးစက်​လာတဲ့ကိုယ်​ခန္ဓာနဲ့အတူ စိတ်​ပါနည်းနည်းရှင်းလာတယ်​...

...

Chanyeol စို​နေ​သောဆံပင်​​တွေကိုတဘက်​နဲ့သုတ်​​​​နေကာ Tv လိုင်းတစ်​လိုင်းကိုဖွင့်​ထားပီး
Sofa​ပေါ်တွင်​ထိုင်​​နေသည်​...

မျက်​လုံး​တွေကသာ Tv ဖန်​သာပြင်​​ပေါ်​ရောက်​​နေ​သော်​ငြား သူ့စိတ်​​တွေက လွှင့်​​မြော​နေ​သောတိမ်
တိုက်​များလို့...

သူ့စိတ်​​တွေက​စေညွန်​ရာကား..

Flash back..

"စိတ်​​ရောဂါကုဌာနကို..."

Chanyeol မျက်​​မှောင်​​တွေကြုတ်​မိသွားတယ်​..
ဆေးရုံအုပ်​ Kim Dongwoo ရဲ့စကား​ကြောင့်​..

"ဗျာ...!!
.....သူကစိတ်​​ရောဂါမှမဟုတ်​ပဲ..."

"စိတ်​​ရောဂါနဲ့ဆက်​နွယ်​​နေ​တဲ့​ရောဂါတစ်​ခုပါပဲ.."

"သူ့​ရောဂါ ကစိတ်​​ရောဂါဆို​ပေမယ့်​..
အဲ့လိုလုပ်​လို့​ပျောက်​မယ်​...ခင်​ဗျားအာမခံလိုလား
ပိုဆိုးသွားနိုင်​တာမဟုတ်​ဘူးလား...!!"

ကျ​​တော်​စိတ်​ခဏလွတ်​သွားတယ်​...
ထင်​ရတယ်​..

ဆေးရုံအုပ်​ Kim DongWoo ကိုမျက်​​မှောင်​ကြုတ်​ကာ​ အံ့ကြိတ်​ပြီး​ဒေါသထွက်​​နေတဲ့
အက်​ကွဲသံနဲ့​အော်​လိုက်​မိတယ်​..

ဆေးရုံအုပ်​က ကျ​တော့်​ကိုထူးဆန်း​သောမျက်​လုံး
တွေနဲ့ပြန်​ကြည့်​​နေ၏...

ဘေးနားမှဖြတ်​သွားဖြတ်​လာလူများကလည်း
လှမ်းကြည့်​​နေ၏...သူနှင့်​ ​ဆေးရုံအုပ်​စကား​ပြော​နေရာသို့ ....

Ashi...Park Chanyeol စိတ်​ထိန်းစမ်း..!!
တစ်ခါမှစကားကို ​အော်​ကြီးဟစ်​ကျယ်​မ​ပြောဖူး..

လူကြီးလူ​ကောင်းဆိုတာ တည်​ငြိမ်​ရင့်​ကျက်​ရတယ်​ဆို​သော အ​မေစကား​ကြောင့်​...

အခုစိတ်​က​တော်​​တော်​လွတ်​ထွက်​သွားတာ..
ရူး​နေပြီလားမသိ...

"ဒီမှာဆိုလည်းသူ့​ရောဂါအတွက်​ထိ​ရောက်​​အောင်
ကုသ​ပေးနိုင်​မှာမဟုတ်​ဘူး..."

အဲ့ဒါ​ကြောင့်​...
စိတ်​​ရောဂါကု​​ဌာနကို​ပို့လိုက်​မယ်​တဲ့လား?
သူ့​ရောဂါကစိတ်​​ရောဂါနဲ့ဆက်နွယ်​​​မှန်​​ပေမယ့်​ရူး​နေတာမှမဟုတ်​တာ....

"သူ့​ရောဂါအတွက်​လိုအပ်​​နေတဲ့ကုသနည်းက
ဒီလိုနည်း​တွေမဟုတ်​ဘူး..."

အွန်​...ကျ​တော်​ Park Chanyeol ရူးသွားပြီ..
ဆရာဝန်​ကိုဆရာပြန်​လုပ်​​နေ​သောPark Group
ကဒါရိုက်​တာဆိုပြီးနာမည်​ကြီး​တော့မယ်​...

နေစမ်း....
ဒါ​ပေမယ့်​ကျ​တော့်​​ပြောတာ အမှန်​​တွေပဲ...
ဒီနာတာရှည်​အတွင်း​ဆောင်​မှာထားရင်
ကုသစရိတ်​​တွေပိုများတယ်​...

Baekhyunee ဆိုတဲ့​ကောင်​​လေးကမိဘ​တွေ
လည်းမရှိ​တော့ ကုသစရိတ်​​တွေဘာ​တွေ​ပေးနိုင်​မယ်​​မထင်​...​ဆေးရုံက​တာဝန်​ယူရမှာပဲ...

အဲ့တာ​ကြောင့်​ပဲ
စိတ်​​ရောဂါကုဌာနကိုမျက်​နှာလွဲခဲပစ်​ပို့ပစ်​ချင်​​နေတာ....

"သူကမိဘမဲ့မို့လို့...ကုသစရိတ်​မ​ပေးနိုင်​လို့လား.."

"သူတကယ်​လိုအပ်​​နေတာ..​နွေး​ထွေးကြင်​နာပြီး
ပွေ့ဖက်​​ပေးမယ့်​လက်​တစ်​စုံ..."

"တခြားကုသနည်း​တွေကဘာမှထိ​ရောက်​မှာမဟုတ်​ဘူး..."

"​စိတ်​​ရောဂါကုဌာန...အဲ့ဌာနကကုသနည်း​တွေကပို
ဆိုးလိမ့်​မယ်​..."

"အပြစ်​ကင်းစင်​တဲ့ Baekhyunne ပဲ..ဒုက္ခ​ရောက်​လိမ့်​မယ်​..."

...

ဆေးရုံအုပ်​ Kim DongWoo ကျ​တော့်​ကိုပါးစပ်
အ​ဟောင်းသားနဲ့ကြည့်​​နေပြီးတစ်​ခွန်းမှပြန်​မ​ပြော..

ပြန်​မ​ပြောတာအ​ကြောင်းမဟုတ်​...
ကျ​တော်​ကသူ့အ​ပြောကိုမ​စောင့်​..
ကျ​တော်​ချည်းပါးစပ်​စစ်​​သေနတ်​ပစ်​သလို
တရစပ်​ ​ပြော​နေတာကိုး...

"ကျ​တော်​ပြန်​​တော့မယ်​..​ဆေးရုံအုပ်​ kim...
သွားလိုက်​ပါအုံးမယ်​..."

Chanyeol ​ဆေးရုံအုပ်​ကိုအရိုအ​သေ​ပေးလိုက်​ကာ ချာကနဲလှည့်​ထွက်​လာခဲ့သည်​...

ဆေးရုံအုပ်​ Kim ၏ စကားကို​စောင့်​မ​နေပဲ...

Flash back end...

ကျ​တော်​စိတ်​အရမ်းဆတ်​သွားတယ်​ထင်​တယ်​...
တစ်​ခါမှအဲ့​လောက်​စိတ်​မတိုဖူးဘူး...

ဒီတစ်​ခါတကယ်​စိတ်​လွတ်​လက်​လွတ်​ကိုစိတ်​တိုမိသွားတာ...

အခုမျက်​နှာ​တော့အနည်းငယ်​ပူမိတယ်​...

ဆေးရုံဖက်​ကတွက်​ကြည့်​ရင်​​တော့လည်း
အခမဲ့​ဆေးကုသစရိတ်​...
စား​သောက်​စရိတ်​...​ဆေးရုံအခန်းစရိတ်​​တွေ...
တွက်​ကြည့်​လိုက်​ရင်​ ​တော်​​တော်​များမယ်​...

တစ်​ပတ်​​လောက်​က​တော့အဆင်​​ပြေ​ပေမယ့်
ရေရှည်​ကြ​တော့ဘယ်​သူကမှအလကား​ဆေးရုံ
ပေါ်​ခေါ်တင်​ထားမှာမဟုတ်​ဘူး...

ဒါ​ပေမယ့်​ Tiolet ထဲမှာသူ့ကိုမျက်​ရည်​​လေး​တွေ
ဝိုင်းကာကြည့်​​နေ​သော​ကောင်​​လေး...

က​လေးများနှင့်​အပြိုင်​ ​ဆော့ကစား​နေ​သော
ကောင်​​လေး...

ထို​ကောင်​​လေးမျက်​နှာကိုမြင်​​ယောင်​မိတာနဲ့
ကရုဏာနာသက်​လာမိတယ်​...သနားလာမိတယ်​..

ကောင်​​လေးကချစ်​စရာ​လေးရယ်​...
သူ့မျက်​နှာ​လေးနဲ့ သူ့ခံစား​နေတဲ့​ရောဂါကမလိုက်​မဖက်​....

အဲ့ဒါ​ကြောင့်​...ထို​ကောင်​​လေးကိုပစ်​ပစ်​ခါခါ
ပစ်​ပယ်​ချင်​​နေတဲ့ ​မြောင်​ဝူ​ဆေးရုံအုပ်​ ကိုလည်း
ဒေါသကထွက်​လာ၏...

"အာ...Mola...mola....ရင်​​တွေပူလိုက်​တာ...
Baby ​လေးရယ်​.."

Baekhyunne ဆိုတဲ့​ကောင်​​လေးကို Baby ​လေးလို့​တောင်​ နာမည်​​လေး​ပေးမိပြီ..

တကယ်​လည်းအပြစ်​ကင်းပြီး Baby ​လေးပဲဟာ.

ကျ​တော်​အရမ်းအဖြစ်​သည်း​နေမိပြီထင်​တယ်​...
တစ်​ခါပဲဆုံရ​သေးတယ်....စကားေ​တာင်​တစ်ခါမှမေ​​ပြာဖူးတဲ့ဒီ​ကောင်​​လေးအ​ပေါ်
...အသည်းအသန်​...အလွန်​အကြူး...အလွန်​အကျွံ........

ကျ​တော့်​စိတ်​​တွေ....

အဲ့တာဘာဖြစ်​တာလဲ?

မသိဘူး...

မသိဘူး...

.
.
.
.

ထို့​နောက်​....ထို Sofa ထပ်​တွင်​ပင်​ထိုင်​လျက်​ကြီး
အိပ်​​မောကြသွား​လေသည်​...

>>>>>>>>>>>>My Baby Baekhyunne<<<<<<<<<<<<

....

"အဟမ်း...အဟမ်း..."

"အဟွန်း...."

"အဟွတ်​...အဟွတ်​..."

ကျ​တော့်​ Park chanyeol ပါးစပ်​ကအသံ​ပေါင်း
မျိုးစုံကိုတမင်​လုပ်​​နေပြီးအာရုံစိုက်​ခံရ​အောင်​လုပ်​​နေ​သော်​လည်း....

အာရုံစိုက်​မခံရတဲ့အပြင်​....သူ့ကိုလှည့်​​တောင်​မကြည့်​...

ကျ​တော်​အခု​ဘယ်​​ရောက်​​နေတယ်​ထင်​လဲ...
..
..
..

မြောင်​ဝူ​ဆေးရုံ....နာတာရှည်​​အ​ဆောင်​ ၃....
က​လေးအ​ဆောင်​....

Baekhyunee လို့​ခေါ်တဲ့​ကောင်​​လေး၏ခုတင်
ပေါ်တွင်​​ဘေးတစ်​​စောင်းထိုင်​​နေ၏...

Baekhyunee ​လေးက​တော့Chanyeol ကို​​ကျောခိုင်းကာ ​သူ့အ​ပေါင်းအ​ဖော်​​တွေနဲ့ အရုပ်​က​လေးများနှင့်​​ဆော့နေ​လေသည်​......

"Baekhyunee..."

...

"Baekhyunee...ဟိုလူကြီးကမင်းကို​ခေါ်​နေဒယ်​..
မင်းရှိလာတာပထမဆုံးဧည့်​သည်​မလား...မင်း အသိလား.."

ဘေးနားက ​က​လေး​လေးတစ်​​ယောက်​က Baekhyunne ၏ အနားသို့ကပ်​ကာ​ပြော၏...

Baekhynnne ​ခေါင်း​လေးကိုတစ်​ချက်​လှည့်​ကာ
Chanyeol ကိုဖျက်​ကနဲကြည့်​ပြီးပြန်​လှည့်​သွား၏....

Baekhyunne ကလည်းထို​က​လေးနားကိုကပ်​ကာ
တိုးတိုး​လေးပြန်​​ပြောတယ်​...

"တိဘူး...ငါနဲ့သိဘူး..."

"ဒါဆို...မင်းနာမည်​ဘိုသိလဲ....​ချောတယ်​​နော်​အဲ့လူကြီးက..."

"​ချောတယ်​..."
Baekhyunne ​တစ်​​ယောက်​ ​ချောတယ်​ဆို​တော့

Chanyeol ကို​သေချာတစ်​ချက်​လှည့်​ကြည့်​ပြီး
ပြန်​လှည့်​သွားပြန်​၏...

"ဟုတယ်​...​ချောတယ်​...အဲ့လူကြီးက..."

Chanyeol သူ့​ရှေ့က​နေ တိုးတိုးတိုးတိုးနဲ့
ပြော​နေ​သော က​လေး​​လေးနှစ်​​ယောက်​ကိုပြုံးပြီး
ကြည့်​​နေမိတယ်​...

သူ့အ​ကြောင်း​ပြော​နေတာကြားသားပဲ...
ချောတယ်​...ဆိုလား...

မဖြစ်​​သေးပါဘူး...မိတ်​ဆက်​မှပါ...

"Baekhyunne...."

Chanyeol Baekhyunne ရဲ့ပခုံး​သေး​သေး​လေးကိုကိုင်​လိုက်​​ပြီး​ခေါ်လိုက်​တော့ ကိုယ်​လုံး​သေး​သေး​လေးကတစ်​ချက်​တုန်​သွားသည်​...

"ဟင်​...Arr...Arrjushi ကဘယ်​သူလဲ..."

နှုတ်​ခမ်း​လေး​ထော်​ကာ မဝံ့မရဲ ​မေး​နေတဲ့
ကောင်​​လေးကအသည်းယားစရာ...

"Hyung နာမည်​က Park chanyeol..."

Arjushi ထက်​Hyung ဆိုတဲ့အ​ခေါ်​လေးကပို
ကောင်းတယ်​​လေ...အဲ့တာ​ကြောင့်​တမင်​ Hyung
လို့သူ့ကိုယ်​သူ နာမ်​စားသုံးလိုက်​တာ...

"သိဘူး..."
မဝံ့မရဲနဲုပြန်​​ဖြေပြန်​၏...

ဒီက​လေး လူကလည်း​ကြောက်​တတ်​သား...

"Hyung က Baekhyunne နဲ့မသိတာဟုတ်​တယ်​..အခုစသိကြမယ်​​လေ..."

သူ့ကို​မော့ကြည့်​ပြီ...
စူးစမ်းတဲ့မျက်​ဝန်း​လေး​တွေနဲ့ကြည့်​​နေပြန်​၏...

က​လေး​တွေ...သူစိမ်းတစ်​​ယောက်​နဲ့​တွေ့ရင်
စူးစမ်းကြည့်သလိုမျက်​လုံး​တွေနဲ့​လေ...

"Uhn...Hyung နဲ့ကစားမလား...?"

က​လေးဆို​တော့...
ကစားတာကိုကြိုက်​မှာပဲ...
ကစားရင်း တဖြည်းဖြည်းရင်းနှီးသွားမယ်​ထင်မိ​တယ်​...

"ဘာတိုင်း​ကစားမလဲ..."

"အင်းး...Baekhyunne ကဘယ်​လိုကစားချင်​လို့လဲ.."

"အင့်​..."

Chanyeol ရဲ့လက်​ထဲသို့ သူ့လက်​ထဲမှကိုင်​ထားတဲ့ ကားရုပ်​​လေးကိုလာ​ပေးတယ်​...

"ကား​မောင်းမလား..."

"အွန်း...ဟီး..."

ကျ​တော့်​ကိုရယ်​ပြ​နေတဲ့က​လေး​လေး...
ချစ်​ဖို့​ကောင်းလိုက်​တာ...
ဖြူစင်​လိုက်​တာ...

"ဘူး....ဘူး....ဝှီး....ကားလာ​နေတယ်​...​ဘေးဖယ်​..
ဘေးဖယ်​.."

"ဟီးဟီး..."

Chanyeol ပါးစပ်​ကား​မောင်း​နေတာကို
Baekhyunne တစ်​​ယောက်​သ​ဘော​တွေကျပြီးရယ်​​နေ၏....

"ဗူး...ဖယ်​​နော်​..မဖယ်​ရင်​...တိုက်​မိကုန်​မယ်​.."

Baekhyunne တစ်​​ယောက်​ရယ်​​နေရာမှရပ်​သွား
ကာ မျက်​နှာ​လေးညှိုးကျသွားသည်​...

"ဟင့်​....Appa...."

ရယ်​​နေရာမှရုတ်​တရတ်​ရပ်​သွားကာမျက်​လုံးများ
မျက်​ရည်​များ​ပိုးပိုး​ပေါက်​​ပေါက်​ကျလာတာ​ကြောင့်​ Chanyeol တစ်​​ယောက်​ပျာသွား၏..

"Baekhyunne...Wae..ဘာဖြစ်​လို့လဲ..."

"Omma..​ကြောက်​တယ်​...ဟင့်​..."
အော်​ငိုရင်းChanyeol ရဲ့ရင်​ခွင်​ထဲသို့ အတင်း တိုးဝင်​လာ​သည်​...

က​လေး​လေး...
ဘာ​ကြောင့်​ငို​နေမှန်းမသိ​ပေမယ့်​...

သူ့ရင်​ခွင်​ထဲတိုးလာတဲ့ ​ကောင်​​လေးကိုတင်းတင်း
ကျပ်​ကျပ်​ပြန်​လည်​ဖက်​ထား​ပေးထားပြီး
ကျောကုန်း​သေး​သေး​လေးကိုပွတ်​​ပေး​နေမိပြီး
ချော့​ပေး​နေမိသည်​....

သူ့နှာတံ​လေးကိုလည်း Baekhyunneရဲ့ဆံနွယ်​​လေး​တွေထဲနစ်​ထားပြီးနမ်းရှုံ​နေမိသည်​...

Chanyeol....
သူ့ကိုယ်​သူမသိလိုက်​တာက
Baekhyunne ဆိုတဲ့​ကောင်​​လေးနဲ့ထပ်​တူ...
သူ့မျက်​ဝန်းစပ်​ နား​လေးမှမျက်​ရည်​​လေးတစ်​​ပေါက်​ကျသွား​တယ်​ဆိုတာကို.....

××××××My Baby Baekhyunne ×××××××

T.B.C

တစ်​​နေ့တစ်​ပုဒ်​အလှည့်​ကျဒိတ်​သွားမည်​...
ကျေနပ်​ကျလား?

Tmr
I am not I နဲ့ Side effect ဒိတ်​​ပေးမယ်​​နော်​...

Continue Reading

You'll Also Like

6.8K 702 66
ඒ කළු ඇස් කියන්නෙම මායාවක්... රණ්ඩු කරාට අයියලගෙන් තාත්තගෙන් ලැබෙන ආරක්ෂාව එයා ගාවත් තියෙනවා... ඒක අදටත් මට දැනෙන දෙයක්... මනුස්සයෙක්ට පුලුවන්ද, පපුව...
1.1M 125K 138
අවසරද නිල් කටරොලු මලකට.... බොරලු පොලොවක සෙනෙහෙ පතන්නට........... ධතාශ් X තීනු
6K 687 6
I've never been crush on you.
4.8M 262K 78
ජනෙල් විදුරුවෙන් එපිට බලාගෙන උන්නු මගේ අතක සුලැගිල්ලක් වටේ එයාගේ ඇගිල්ලක් දැවටෙද්දි මන් එයා දිහා ගෙල හරවල බැලුවා.... " හරිම කෙනා ජිවිතේට ආවම සත්තයි ප...
Wattpad App - Unlock exclusive features