My Baby Baekhyunne(Completed)

By YeolliesSakura

322K 27K 1.1K

If the sun were to rise in the west,my love would be unchanged forever.you will always have a special place i... More

Intro
Ep~1
Ep~3
Ep~4
Ep~5
Ep~6
Ep~7
Ep~8
Ep~9
Ep~10
Ep~11
Ep~12
Ep~13
Ep~14
Ep~15
Ep~16
Ep~17
Ep~18
Ep~19
Ep~20
Ep~21
Ep~22
Ep~23
Ep~24
Ep~25
Ep~26
ချစ်သော ပင်လယ်ပြာ
Ep~27
Ep~28
Ep~ 29
Final

Ep~2

12.7K 1K 34
By YeolliesSakura


"ပွဲကစ​တော့မယ်​​နော်​...ဒါရိုက်​တာ Park Chanyeol မ​ရောက်​​သေးဘူးလား...?"

"ကျ​တော်​​ရောက်​ပြီ...."

အရာရာကိုဦး​ဆောင်​ရမယ့်​​ခေါင်း​ဆောင်​တစ်​ဦးက
အချိန်​တိကျရမယ်​တဲ့...
တစ်​စက္ကန့်​​တောင်​​နောက်​မကျရဘူး...
ကျ​တော့်​အ​မေရဲ့သြဝါဒ​တွေပါ...

ကျ​တော့်​ကို​တွေ့​တော့​ဆေးရုံအုပ်​​တွေ​ရော ဆရာဝန်​အချို့ကပါအရိုအ​သေ​ပေးကြ​တော့
ကျ​တော်​လည်းအပြုံးတစ်​ပွင့်​ကိုဖန်​ဆင်းပြီး
အရိုအ​သေပြန်​​ပေးလိုက်​တယ်​...

စီးပွား​ရေး​လောက လူမှု​ရေး​လောက လူ့​လောက
မှာ​လေးစားမှုဆိုတာတစ်​​ယောက်​နဲ့တစ်​​ယောက်
ထားရှိသင့်​တဲ့အဓိကအချက်​​တွေပဲ....

ကျ​တော့်​ အ​မေရဲ့စကား​တွေဟာ​လေ ကျ​တော့်​နား
ထဲကို တူနဲ့ထုပြီးရိုက်​သွင်းထားသလိုပဲ ဆူးနစ်​​နေတယ်​...
အမြဲတမ်းပြန်​​ကြား​ယောင်​​နေမိတာ ကျ​တော့်
အ​မေရဲ့စကားသံ​တွေ...

"မင်္ဂလာပါ...ကျ​တော့်​က ​မြောင်​ဝူ​ဆေးရုံအုပ်
Kim Dongwoo ပါ..."

လက်​ကမ်း​ပေးလာ​သော​ဆေးရုံအုပ်​ဆိုတဲ့သူက
အသက်​က ငါးဆယ်​စွန်းစွန်း​လောက်​​တော့ရှိပီ
ထင်​တယ်​...

ကမ်း​ပေး​သောလက်​ကိုပြန်​ကိုင်​လိုက်​ကာလက်​ဆွဲနှုတ်​ဆက်​လိုက်​တယ်​...

"Nae..မင်္ဂလာပါ...ကျ​တော့်​က Park Gp ရဲ့ဒါရိုက်​တာ Park chanyeol ပါ..."

"ကျ​တော့်​တို့​ဆေးရုံကိုအခုလို​ထောက်​ပံ့​ပေးတာနဲ့
တင်​အထူး​ကျေးဇူးတင်​ပါတယ်​...ဒါရိုက်​တာ Park..."

"အာ...ကျ​တော်​တို့ Park Gp ကလည်းအခုလို
လူမှု​ရေးလုပ်​ငန်း​တွေကိုတက်​နိုင်​သ​လောက်​ကူညီ
ပေးခွင့်​ရတာနဲ့တင်​​ကျေးဇူးတင်​ပါတယ်​..."

တစ်ဦးအ​ပေါ်တစ်ဦး​​ဂါဝရတရား...
အ​ကောင်းဆုံးဖြစ်​မယ့်​စကား​တွေကို​ရွေးချယ်​ကာအပြုံးဖြည့်​ဆွတ်​ပြီး​ပြောလိုက်​​တော့​ဆေးရုံ
အုပ်​ Kim Dongwoo က​ခေါင်းတငြိမ့်​ငြိမ့်​နဲ့ပြန်​ပြုံးပြတယ်​...

...

Jong က​တော့အ​သေးအမွှားကိစ္စ​လေး​တွေနဲ့
အလုပ်​ရှုပ်​​နေတယ်​ ထင်​တယ်​...

ပွဲလာတုန်းက​တော့တူတူပဲ...
အခု​တော့ အရိပ်​​တောင်​မ​တွေ့​တော့...

Chanyeol အခမ်းအနားစဖို့ ဆယ်​မိနစ်​​လောက်
အလို သန့်​စင်​ခန်းကိုခဏ​ပြေးရ​သေးတယ်​...

ဒါရိုက်​တာဆို​တော့မိန့်​ခွန်းက​တော့​ပြောရမှာပဲ

မိန့်​ခွန်း​​ပြောခင်​အနည်းဆုံး​တော့ စိတ်​လှုပ်​ရှား​နေတာကိုအနည်းငယ်​​ဖြေ​ဖျောက်​လို
ဖြေဖျောက်​လိုညား....

ဘေစင်​တွင်​​​ရေပိုက်​​ခေါင်းကိုဖွင့်​လိုက်​ကာ​ပန်းစင်​ထွက်​လာတဲ့​ရေ​တွေ​အောက်​လက်​ကိုထည့်​ထားမိ
လိုက်​သည်​...

အေးမြ​နေတဲ့​ရေ​တွေ​ကြောင့်​ လှုပ်​ရှား​နေ​သောစိတ်
တွေအနည်းငယ်​သက်​သာသွားသ​ယောင်​...

အခမ်းအနားရှိ​တော့ သန့်​စင်​ခန်းထဲမှာဘယ်​သူမှမရှိ
လူရှင်း​နေသည်​...

"စိတ်​​တွေလည်းညစ်​ပါတယ်​...ဘယ်​ဘဝကဝဋ်​​ကြွေး​ကြောင့်​မှာ ငါဒီလိုဟာ​တွေကိုလုပ်​​နေရသလဲ​နော်​..."

ကြားလိုက်​ရတဲ့အမျိုးသမီးတစ်​​ယောက်​ရဲ့အသံ​ကြောင့်​ Chanyeol လန့်​သွားတယ်​...

ဒါက Man tiolet မဟုတ်​ဘူးလား..
ဘယ်​လိုလုပ်​မိန်းမအသံကြီး...

"ဟမ်​!!...Baekhyunee နင်​ဟာ​လေ...နင့်​ကိုနင်​သာ
က​လေးလို့ထင်​​နေတာ...နင့်​အရွယ်​က​လေးမဟုတ်
တော့ဘူးသိလား...ဘာကိစ္စ​တွေနဲ့ ​အ​ပေါ့​အ​လေးကို
မထိန်းနိုင်​တာလား...ဒါမှမဟုတ်​ နင်​တမင်​ယုတ်​မာ​နေတာလား..."

သေချာပါတယ်​...သုံးခန်း​မြောက်​အခန်းထဲကအသံ

"ဟင့်​...ဟင့်​...အီး..."

"အမ​လေး...နင်​ကပဲငိုရ​သေးတယ်​..နင့်​ကို​လေ​ဆေးရုံအုပ်​ကြီးမျက်​နှာနဲ့မို့ဒီလိုမျိုး​တွေလုပ်​​ပေး​နေတာ...အရည်​​တွေထွက်​မ​နေနဲ့....သူများကြားရင်
သနားဦးမယ်​....​ဘောင်းဘီမြန်​မြန်​ဝတ်​စမ်း..."

ငိုသံကလည်းကြားရ​သေးတယ်​...

အ​မေကသားကိုဆူ​နေတာ​နေမယ်​...အယ်​ထားပါ..
ငါနဲ့လည်းဘာမှမဆိုင်​ပါဘူး...

Chanyeol သူများကိစ္စမို့လို့ အ​နှောင့်​အယှက်​လည်းမ​ပေးချင်​လို..အဲ့တာနဲ့ထွက်​သွားဖို့ပြင်
နေတုန်း...

ထိုအခန်းထဲမှအမျိုးသမီးကြီးတစ်​​ယောက်​ထွက်​လာတယ်​...

"အယ်​...လူ​ရောက်​​နေတယ်​..​တောင်းပန်​ပါတယ်​..
ဒီ​ကောင်​​လေးကို​ဘောင်းဘီလဲ​​ပေးနေတာမို့....
ကဲ....မြန်​မြန်​လာစမ်း...တုံ့​နှေးတုံ့​နှေးနဲ့...."

အွန်​...

Chanyeol နည်းနည်း​တော့အံ့​သြော်​သွားတယ်​...

ထွက်​လာတဲ့​ကောင်​​လေးကအသားဖြူဖြူပိန်​ပိန်
သေး​သေး​လေး....အသက်​ကဆယ်​​ကျော်​သက်​​လောက်​ထင်​တယ်​...

မျက်​လုံး​​လေးက​မှေး​မှေး​လေး...
ပါးပြင်​မှာလည်းမျက်​ရည်​စီး​ကြောင်းနဲ့...
နှာ​ခေါင်းထိပ်​​လေး​တွေကအနည်းငယ်​နီ​နေပြီး..
နှုတ်​ခမ်း​လေး​တွေကရှိုက်​​နေတဲ့အတွက်​ဟစိဟစိ
လေးဖြစ်​​နေတယ်​...

Chanyeol ထို​ကောင်​​လေးကိုအံ့သြပြီးကြည့်​​နေမိသည်​....ထို​ကောင်​​လေးကလည်းသူ့ကို
မျက်​ရည်​​တွေပြည့်​​နေ​သောမျက်​ဝန်း​လေး​တွေနဲ့
ပြန်​ကြည့်​​နေ၏...

"ကဲ....ငိုမ​နေနဲ့...Baekhyunee...မြန်​မြန်​လာစမ်း..."

လက်​​ကိုကိုင်​ကာအတင်းဆွဲ​ခေါ်သွား​တော့ baekhyunee ဆိုတဲ့​ကောင်​​လေးအမျိုးသမီးကြီး
နောက်​ကန့်​လန့်​တိုက်​​လေးပါသွား​လေသည်​...

Chanyeol မျက်​လုံး​တွေကထို​ကောင်​​လေး၏ ​ကျောကုန်း​သေး​သေးေ​လးတွင်​ကပ်​ပါသွားသ​ယောင်​...

ကျောကုန်းက​သေး​သေး​လေး...

အ​ကောင်​​သေး​သေး​လေးရယ်​...

ဒါမဲ့အသက်​အရွယ်​က​တော့ အခုလိုရှိုက်​ကြီးတငင်
ငိုရမယ့်​အရွယ်​မှမဟုတ်​တာ...

"အာ...အချိန်​..."

ဘာ​တွေ​တွေးမိ​နေမှန်းမသိ...အ​ရေးကြီးတာအခမ်း
အနားစ​တော့မယ်​...

_________________________

"ဒါရိုက်​တာ တစ်​​ယောက်​အ​နေနဲ့​ပြောရရင်​ကျ​တော်
တို့ Park Gp Foundation က​နေအခုလို​မြောင်ဝူ
နာတာရှည်​​ဆေးရုံ မှလူနာ​တွေအတွက်အဓိကက​တော့​ဆေးကုသစရိတ်​​တွေကို ဓနအားနဲ့ကျ​တော်​တို့တက်​နိုင်​တဲ့​နေရာက​နေ​ထောက်​ပံ့​ပေးခွင့်​ရတဲ့အတွက်​ အတိုင်းမသိ ဂုဏ်​ယူမိပြီး​ကျေးဇူးတင်​မိတယ်​...​နောက်​ထပ်​လည်းကျ​တော်
တို့ Foundation က​နေတက်​နိုင်​သမျှလူမှု​ရေးလုပ်​ငန်း​တွေကိုအခွင့်​ရှိရင်​ရှိသလို​ဆောင်​ရွက်
သွားမှာပါ....​အခမ်းအနားတက်​လာတဲ့သူမှန်​သမျှ ​ကျေးဇူးတင်​ပါတယ်​..."

"​ဖျောင်း...​ဖျောင်း...​ဖျောင်း..."

ဒါရိုက်​တာ Park chanyeol ရဲ့မိန့်​ခန်းအပြီး
လက်​ခုပ်​သံ​တွေ...

လက်​ခုပ်​သံ​တွေကြားမှပဲ နဂိုတဲ့သုံးဆမြန်​​နေတဲ့
ရင်​ခုန်​သံ​တွေက ပုံမှန်​ပြန်​ဖြစ်​တယ်​...

ဘာ​ရောဂါလဲမသိ...
လူ​ကြောက်​တဲ့​ရောဂါဖြစ်​မယ်​ထင်​တယ်​...
လူအများရဲ့အာရုံစိုက်​ကြည့်​ခြင်းကိုခံရရင်​အသက်​ရှူကြပ်​လာသလိုကိုဖြစ်​လာတတ်​တာ...

"Hyung.."

"​​သြော်​..Jong..."

"ကျ​တော်​သွားစရာ​လေး​ပေါ်လာလို့သိလား...
ကျ​တော်​အရင်​ပြန်​​တော့မယ်​..."

"​အေးပါ..."

"အိမ်​ကျမှ​တွေ့မယ်​​နော်​...သွားပြီ.."

ဒီ​ကောင်​​လေးကလည်းဘာ​တွေအ​ရေးကြီး​နေလဲမသိ ပြာရိပြာရာနဲ့ထွက်​သွားတယ်​...

"ဒါရိုက်​တာ Park ကျ​တော့်​တို့​ဆေးရုံကလူနာ​တွေကိုလိုက်​ကြည့်​အုံးမယ်​မလား.."

ဆေးရုံအုပ်​ Kim Dongwoo ကရုတ်​တရတ်​ကြီး
လာ​မေး​တော့

ယောင်​​ယောင်​မှားမှား နဲ့​ခေါင်းငြိမ့်​လိုက်​မိ၏..
"​အော်​..ဟုတ်​ကဲ့..."

ထွေ​ထွေထူးထူး ​တော့မဟုတ်​...
ငြင်းလိုက်​လည်းရတဲ့ဟာကို...

...

"ဒါကနာတာရှည်​​ရောဂါအ​ဆောင်​၂ ပါ...လူလတ်​​တွေအများဆုံးပဲ.."

ပါးစပ်​နားတပ်​ချိတ်​ပြီး​ဘေးနားက​နေပြီး​ခေါင်း တငြိမ့်​ငြိမ့်​သာလုပ်​​နေမိတယ်​...
လိုက်​သာကြည့်​​နေတယ်​...

ဘာ​တွေမှန်းမှ ကျ​တော်​မသိတာ...

"ဒါကအ​ဆောင်​ ၃ က​လေး​အ​ဆောင်​​ပေါ့..."

Chanyeol ​ခေါင်းငြိမ့်​ပြပြီးမျက်​လုံးတစ်​ချက်​​ဝေ့ကြည့်​လိုက်​ရာ...

"ဟို​ကောင်​​လေး..."

"ဗျာ..ဒါရိုက်​တာ Park ဘာကို​ပြောတာလဲ..."

Baekhyunee ဆိုတဲ့​ကောင်​​လေး​လေ...

ဆယ်​နှစ်​အရွယ်​က​လေး​လေး​တွေကြားမှာကစား​နေတယ်​....
လက်​ထဲမှာစက်​ရုပ်​အရုပ်​​လေးကလည်းကိုင်​ထားတယ်​...

နှုတ်​ခမ်း​လေးကလည်း​ထော်​​နေ​သေးတယ်​...
ချစ်​စရာ​လေး...

Chanyeol Baekhyuneeကိုကြည့်​ပြီးပြုံးမိ​နေတယ်​ဆိုတာ သူ့ကိုယ်​သူ သတိထားမိမယ်​မထင်

ဘေးနားက ​ဆေးရုံအုပ်​ Kim Dongwoo က​တော့
Chanyeol ကို​ဘေးနားမှ​ကြောင်​ကြည့်​​နေ၏...

......

"က​လေး​တွေကြားမှာ​ဆော့​နေတဲ့​ကောင်​​လေး
လား....သူ့နာမည်​က Baekhyunee လို့ကျ​တော့်
တို့ေ​ဆးရုံကလူ​တွေကနာမည်​​ပေးထားတာ.."

ကျ​တော့်​ကို​ထူးဆန်​တယ်​လို့မြင်​ချင်​လည်းမြင်​​တော့...

Baekhyunee ဆိုတဲ့​ကောင်​​လေးရဲ့အ​ကြောင်း
ကိုကျ​တော်​​ဆေးရုံအုပ်​ ဆီမှာ​မေး​နေမိတယ်​...

အ​ကြောင်းပြချက်​က​တော့ အဲ့​ကောင်​​လေးအ​ကြောင်း​လေး​တွေသိချင်​မိရုံပါ...

"သူက Mental retardation ဆိုတဲ့​ရောဂါကိုခံ
စား​နေရတာ..."

"Mental retardation?...စိတ်​နဲ့ဆိုင်​တဲ့​ရောဂါလား.."

"Physicalက​တော့ Normal ​ပေမယ့်​ ဦး​နှောက်
က​တော့ဖွံဖြိုးမှုနှုန်း​နှေး​နေတာပါ..."

"သူ့အသက်​နဲ့စိတ်​နဲ့မလိုက်​တာ...အဲ့လိုလား..?"

"ဟုတ်​ပါတယ်​...အသက်​ကနှစ်​ဆယ်​ရှိပါပြီ..
ဒါ​ပေမယ့်​သူ့စိတ်​က ရှစ်​နှစ်​​လောက်​ပဲ.."

"နာတာရှည်​ပဲလား...သူ့စိတ်​​တွေကပုံမှန်​မဖြစ်​နိုင်
တော့ဘူးလား..."

"အင်း..​ပြောရရင်​ကျ​တော်​တို့ကသူ့​ရောဂါကိုခန့်​မှန်း
ပြီး​တော့ အ​ခြေအ​နေနှစ်​မျိုးခွဲထားတာ...သူ့​ရောဂါ
က ​မွေးရာပါချို့တဲ့ဦး​နှောက်​ချို့တဲ့မှု​ရောဂါဆိုရင်
တော့မ​ပျောက်​နိုင်​ပါဘူး...ဒါ​ပေမယ့်
စိတ်​ပိုင်းဆိုင်​ရာနဲ့ဦး​နှောက်​ထိခိုက်​မှု​ကြောင့်​ဖြစ်​တဲ့
ရောဂါဆိုရင်​​တော့နာတာရှည်​​ဖြစ်​သွားနိုင်​ပြီးအချိန်
ကြာသွားနိုင်​​ပေမယ့်​ ​​ပုံမှန်​အတိုင်းပြန်​ဖြစ်​ဖို့က
လေးဆယ့်​ငါးရာခိုင်​နှုန်း​လောက်​ရှိတယ်​.."

"သူ့​ရောဂါကဘာလို့အ​ခြေအ​နေနှစ်​မျိုးဖြစ်​​နေတာလဲ.."

"သူကဒီ​ဆေးရုံကို​ရောက်​တာမကြာ​သေးဘူး...
ပြီး​တော့သူ​ရောက်​လာခဲ့တုန်းကလူနာရှင်​​တွေမပါခဲ့ဘူး...သူ့အိမ်​နီးချင်းဆိုတဲ့သူ​တွေ့လာပို့​ပေးခဲ့တာ...သူ့မိဘ​တွေကလည်းဆုံးသွားပြီဆိုလား"

ကြားလိုက်​ရတာ​တွေကလည်း...
စိတ်​​တွေမ​ကောင်းလိုက်​တာ...
ရင်​ထဲ​တောင်​နစ်​လာတယ်​...
သနားဖို့​ကောင်းလိုက်​တဲ့​ကောင်​​လေး...

"ကျ​တော်​တို့ကသူ့ကို​နောက်​နှစ်​ရက်​​နေရင်​ဌာန​ပြောင်းဖို့စဉ်းစားထားပါတယ်​.."

"ဘယ်​ကို..."

"စိတ်​​ရောဂါကုဌာနကို..."

Chanyeol မျက်​​မှောင်​​တွေကြုတ်​မိသွားတယ်​..
ဆေးရုံအုပ်​ Kim Dongwoo ရဲ့စကား​ကြောင့်​..

"ဗျာ...!!"

________________________

T.B.C

ဘီလိုလဲ??
ကြိုက်​ကြလားဟင်​...
ကျမက​တော့သိပ်​အားမရဘူး​ရေးရတာ..-.-

Sayangal yo my readers..<3
90° bow




Continue Reading

You'll Also Like

109K 18.5K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
190K 16K 33
Dika Yaoi 🐧🐻 Cover by @Byunbaek_6104
63.7K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
43.5K 3.1K 72
ဖတ်ကြည့်နော်😉😉