My Beloved Lady

By ExoL_SuhoTar

53.1K 4.3K 303

Episode 1 သူမ အ​ဝေး​ပြေးကားဂိတ်​ထဲမှာ သူ့ကို ရှာ​နေတာ နာရီဝက်​​လောက်​ ရှိပြီ ခုချိန်​ထိ မ​တွေ့​သေး ... စိတ်​​... More

Episode 1
Episode 2
Episode 3
Episode 4
Christmas Special Present for my reader
Episode 5
Episode 6
Episode 8
Suho Birthday Special Fanfiction Book
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Final
Bonus
SuLay New Fic

Episode 7

2.2K 224 2
By ExoL_SuhoTar

My Beloved Lady
Episode 7

သူက ကျယ်​ဝန်းတဲ့ ခြံကြီးတစ်​ခြံရဲ့ ​တံခါး​ရှေ့မှာ ကားကို ရပ်​လိုက်​သည်​ .. ပြီး​တော့ ဟွန်းနှစ်​ချက်​ တီးလိုက်​သည်​ ...

'ဒါ ကိုယ့်​တို့အိမ်​ပဲ '

သူမဘက်​ကို လှည့်​ကာ ​ပြောလိုက်​​တော့ သူမ ​ခေါင်းငြိမ့်​လိုက်​သည်​ ...

'လူ​တွေ အမြင်​မှာ မင်းနဲ့ကိုယ်​က လက်​ထပ်​ပြီးသား ဇနီး​မောင်​နှံ​နော် စကား​ပြော သတိထားပါ '

'အင်း '

ခဏအကြာ အသက်​လတ်​ရွယ်​ လူကြီးတစ်​​ယောက်​ ခြံတံခါး လာဖွင့်​​ပေးသည်​ ....သူက တံခါးပွင့်တာနဲ့ ခြံထဲကို တန်း​မောင်းသွားလိုက်​သည်​ ...

'ဟိုမှာ အိမ်​​ရှေ့မှာ ရပ်​​နေတာ ကိုယ့်​ အ​ဒေါ် '

သူက အိမ်​​ရှေ့မှာ ရပ်​​နေတဲ့ အန်​တီကြီး တစ်​​ယောက်​ကို ပြသည်​ ...သူမလဲ ​ခေါင်းငြိမ့်​လိုက်​သည်​ ...

ကားက ​ပေါ်တီကို ​အောက်​မှာ ရပ်​သွားသည်​ .. သူက ကား​ပေါ်က ဆင်းသွားပြီး သူမဘက်​လာကာ သူမကို ဆင်း​စေပြီး သူမလက်​​လေးကို ဆုပ်​ကိုင်​လိုက်​သည်​...

သူမ တွန့်​ခနဲ ဖြစ်​သွား​ပေမယ့်​ သူနဲ့ အလုပ်​လုပ်​​နေတာပဲ​လေ ဆိုပြီး ​တွေးလိုက်​သည်​ ...

သူမအတွက်​ ​ယောကျာ်း​လေးတစ်​​ယောက်​နဲ့ တွဲသွားတွဲလာ ဖြစ်​ရ​အောင်​ ရင်းနှီိးဖူးတာ တစ်​​ယောက်​မှ မရှိ ....

သူက သူမလက်​ကို ဆွဲကာ သူ့အ​ဒေါ်​ရှေ့ ​ခေါ်သွားရင်း

'​တီ​လေး ဒါ ကျွန်​​တော်​ လက်​ထပ်​ထားတဲ့ မိန်းက​လေးပါ Kim Suho တဲ့ Su ဒါ ကိုယ့်​အ​ဒေါ်​လေ Zhang Sooyoung '

'ဟုတ်​ကဲ့ Kim Suho ပါ တီ​လေး ​တွေ့ရတာ ဝမ်းသာပါတယ်​ '

'​အေး ​အေး သမီး လာ အိမ်​ထဲ ဝင်​ရ​အောင်​ '

အိမ်​ထဲ​ရောက်​​တော့ ဧည့်​ခန်းထဲမှာ ထိုင်​ စကား​ပြောကြသည်​ ...တီ​လေးက​တော့ သူမကို သ​ဘော​တွေ ကျ​နေသည်​ ... ​နေတာထိုင်​တာ ယဉ်​​ကျေးတာ​ရော ​ပြောတာဆိုတာ ယဉ်​​ကျေးတာ​ရော ရုပ်​ရည်​​ရော မျိုးရိုး​ရော ​ပြောစရာမရှိတဲ့ ...

သူနဲ့ စကား​ပြောရင်​ ခပ်​စွာစွာ လုပ်​တတ်​တဲ့ သူမဟာ တီ​လေးနဲ့ကျ စကား​ပြောတာ ​ချော​နေလို့...

သူလဲ စကား​ပြော​နေတဲ့ သူမနဲ့ တီ​လေးကို ကြည့်​ရင်း နှုတ်​ခမ်းက အလိုလို ပြုံးလာရသည်​ ...

'သား ဘယ်​​တော့ မင်္ဂလာပွဲလုပ်​မလဲ '

သူ သူမကို ကြည့်​လိုက်​သည်​ .. သုမ မျက်​နှာရိပ်​ မျက်​နှာပြကာ

'ဟို လက်​ထက်​ဆွမ်း​ကျွေးတာ​လောက်​ပဲ လုပ်​​တော့မလားလို့ပါ Su ကလဲ သူ့အ​ဖေကို အဲ့လိုလုပ်​မယ်​ပဲ ​ပြောထားလို့ '

သူ ​ပြောတာ ကြား​တော့ သူမ သူ့ကို စိတ်​ထဲက​နေ ကြိမ်​ဆဲ​နေမိသည်​ .. ​ပြော​တော့ ဘာပွဲမှ မလုပ်​ဘူး ဆိုပြီး ..

ပြီးမှ ​တွေ့မယ်​ Zhang YiZing .....

'​အော်​ ​အေး ​အေး သားတို့ သ​ဘောပါကွယ်​ ဒါနဲ့ သမီးအ​ဖေနဲ့ ဘယ်​​တော့​လောက်​​တွေ့ကြမလဲ စကား​ပြောရ​အောင်​ '

'ဟို ... ​နောက်​သုံးရက်​​လောက်​ဆို အဆင်​​ပြော​လောက်​လား တီ​လေး '

'ရတာ​ပေါ့ကွယ်​ တီ​လေး ဘယ်​အချိန်​မဆို အဆင်​​ပြေပါတယ်​ '

'ဟုတ်​ကဲ့ အဲ့ဒါဆို ပြန်​​ပြောလိုက်​ပါ့မယ်​ တီ​လေး '

'​အေး ​အေး '

သူက ခဏလိုက်​ခဲ့ပါ တီ​လေးနဲ့ မိတ်​ဆက်​​ပေးချင်​လို့ ဆိုလို့ ခဏ လိုက်​ခဲ့တာ ... သူ​ပြောတဲ့ တစ်​ပတ်​​နေရငိ လိုက်​ရမှာဆိုတာ တစ်​ပတ်​မပြည့်​​သေး ...

သူမလဲ ​ဖေ​ဖေကို မ​ပြောရ​သေးပါ.. ဒီ​နေ့ည​တော့ ​ပြောပြီး ခွင့်​​တောင်းရမည်​ ... ​ဖေ​ဖေကို ​ပြောရင်​​တော့ သူမချစ်​တဲ့သူနဲ့ လက်​ထပ်​မယ်​လို့​ပေါ့ ...

ဟူးးးး ဟန်​​ဆောင်​ထားရတဲ့ဘဝ မလွယ်​ပါလားးး

~~~~~~~~~

သူမ တူ​လေး ​ခေါ်လာ​ပေးတဲ့ ​ကောင်​မ​လေးကို အကဲခတ်​ကြည့်​​တော့ ​တော်​​တော်​​လေး အဆင်​​ပြေတယ်​ ... ရုပ်​ရည်​​လေးလဲ ​ပြောစရာမရှိ ... စကားအ​ပြောအဆို​ရော လူကြီးမိဘအ​ပေါ် ​လေးစားတာ​ရော ဟိုဘက်​အိမ်​က Luna နဲ့ ဘာမှ မဆိုင်​ ...

တကယ်​​တော့ သူမလဲ Xing ကို Luna နဲာ သ​ဘောမတူ​ပေမယ့်​ သူတို့က ခြိမ်း​ခြောက်​​နေလို့ အတင်းလက်​ထပ်​​ပေးဖို့ ကြိုးစာမိတာ

ဒိလို​တွေ သူတို့ ခြိမ်း​ခြောက်​တာ ခံရဖို့ ကိုယ်က​အစပျိုးခဲ့တာကိုးးးး

ကိုယ်​​မွေးတဲ့မီး ​သေ​အောင်​ မသတ်​နိုင်​​တော့လဲ ခံ​ပေဦး​ပေါ့ Zhang Sooyoung ရယ်​ .....

~~~~~~~~~

အလုပ်​က ပြန်​လာ​တော့ ​ဖေ​ဖေက ဧည့်​ခန်းထဲမှာ TV ကြည့်​​နေသည်​ ...

သူမ ပြန်​လာတာ မြင်​​တော့

'သမီး ပြန်​လာပြီလား '

'ဟုတ်​ကဲ့ ​ဖေ​ဖေ '

သူမ ​ဖေ​ဖေ​ဘေးဝင်​ထိုင်​လိုက်​ကာ

'​ဖေ့သမီး ​ပြောစရာ ရှိလို့လား '

'ဟုတ်​ '

'​ပြော​လေ '

'ဟို .. '

သူမ ​ဖေ​ဖေကို ဘယ်​လို​ပြောရမလဲ မသိ... တကယ်​​တော့ ဒီလိုကိစ္စဆိုတာ အ​မေကို အရင်​​ပြောပြီးမှ အ​​မေက​နေမှ အ​ဖေကို တစ်​ဆင့်​​ပြောရတာ​လေ ...

ခု​တော့ ​မေ​မေမရှိ​တော့ သူမဘာသာ တိုက်​ရိုက်​​ပြောရ​တော့မှ​လေ ....

'​ပြော​လေ သမီး '

'ဟို ... ​ဖေ​ဖေ ... သမီးမှာ​လေ ချစ်​သူ ရှိ​နေပြီလို့ အဲ့ဒါ '

'​အော်​ အင်းး အရွယ်​​ရောက်​လာ​တော့လဲ ရှိပြီ​ပေါ့ ဘယ်​ကလဲ သမီး '

'​ဖေ​ဖေသိပါတယ်​ '

'ဘယ်​သူလဲ သမီး '

'ဟို Choi Siwon ​လေ '

'​အော်​ အဲ့သူငယ်​​လေးလားးး အင်း '

'အဲ့တာ​လေ ​ဖေ​ဖေ Su တို့ လက်​ထပ်​​တော့မလို့ '

'​ဟေ !!! မြန်​လှချည်​လားး '

'ဟုတ်​ ​ဖေ​ဖေ သူ့ဘက်​က အ​မွေကိစ္စ​တွေနဲ့ ရှုပ်​​နေတာမို့ '

သူမ သူ့ကိစ္စ​တွေ အကုန်​ ​ပြောပြလိုက်​သည်​ ...
ဖေ​ဖေက​တော့ ​ခေါင်းတငြိမ့်​ငြိမ့်​နဲ့ ...

'အငိး အဲ့ဒါဆိုလဲ သမီးတို့သ​ဘော​ပေါ့ '

'ဟုတ်​ ​ဖေ​ဖေ '

'​အေး ​အေး သမီး သွားနား​တော့​လေ '

'ဟုတ်​ကဲ့ ​ဖေ​ဖေ '

သမီး ထွက်​သွား​တော့ သူ သမီးကို လိုက်​ကြည့်​ရင်း

'​အော်​ အရွယ်​​ရောက်​လာ​တော့လဲ သဘာဝတရားကြီးကို လွန်​ဆန်​လို့ မရပါလား​'

~~~~~~~~~~

ဖေ​ဖေနဲ့ တီ​လေးနဲ့ ​တွေ့ပြီး က​လေး​တွေ အ​ကြောင်း ​ပြောကြ ....လက်​ထပ်​မည့်​အ​ကြောင်း ​ဆွေး​နွေးကြသည်​ ...

လက်​ထပ်​ဆွမ်း​ကျွေး သတ်​မှတ်​လိုက်​တာက ​နောက်​တစ်​ပတ်​ တနလာင်္​နေ့ ....

တကယ်​က သူမ ဒီ​နေ့ သူ့အိမ်​ကို လိုက်​​နေရမည့်​​နေ့ ... ​ပြောရ င်​ တပတ်​ပြည့်​သည့်​​နေ​ပေါ့ ...

သူနဲ့​ရုံးမှာ​တွေ့​​တော့ သူကလဲ မသိချင်​​ယောင်​ ​ဆောင်​သလို သူမလဲ မသိချင်​​ဆောင်​​သည်​ ...

ခဏအကြာ သူမဖုန်းထဲ Msg ဝင်​လာလို့ ကြည့်​လိုက်​​တော့ သူ ....

#အ​ပေါ်ဆုံးထပ်​ခဏတက်​ခဲ့ #

အံမယ်​ ပိုင်​စိုးပိုင်းနင်းနဲ့ ဟွန်းးး

ဒါ​ပေမဲ့လဲ သွားရမှာမို့ ဖုန်းကို လက်​ထဲက ကိုင်​ပြီး အ​ပေါ်ထပ်​ကို တက်​ခဲ့သည်​ ....

အ​ပေါ်ထပ်​​ရောက်​​တော့ သူက ဖုန်း​ပြော​နေသည်​ .. သူ​ပြောပြီးတာကို ​စောင့်​​နေသည်​ ...

သူ ​ပြောပြီး​တော့ သူုမဘက်​ လှည့်​လာကာ

'ဒီ​နေ့ လိုက်​ရမယ့်​​နေ့​​နော်​ '

'လက်​ထပ်​ဆွမ်း​ကျွေးကျမှ တစ်​ခါတည်းလိုက်​လို့ မရဘူးလား '

'မရဘူး '

'ကျွန်​မလဲ မလိုက်​နိုင်​ဘူး ရှင်​ပဲ​ပြော​တော့ လူ​သိထင်​ရှားပွဲ​တွေ မလုပ်​ဘူးဆိုပြီး ခုကျ​တော့ ဆွမ်း​ကျွေးဦးမယ်​ .. ဆွမ်း​ကျွေးလာတဲ့သူ​တွေက ကျွန်​မကို ရှင့်​မိန်းမလို့ သိသွားကြမယိ .. အဲ့​တော့ ရှင်​နဲ့ ကျွန်​မနဲ့ ကွာရှင်းပြီးရင်​ ကျွန်​မ တစ်​ခုလပ်​ဖြစ်​ဦးမယ်​ အာ့ကျ ကျွန်​မ မနစ်​နာဘူးလား '

'မနစ်​နာ​အောင်​ မငိးကို ​ငွေ​တွေ ​ပေးထားတယ်​​လေ '

'ဘာ !!!!! ရှင်​ အဲ့လို ငါ့စကား နွားရ မ​ပြောနဲ့ ကျွန်​မလဲ လုပ်​ချင်​လို့ လုပ်​တယ်​များ ထင်​​နေလားးး မလွဲသာလို့ လုပ်​ရတာရှင့်​ '

သူမ ​ပြောရငိး မျက်​ရည်​​တွေကျလာတာ​ကြောင့်​ လက်​နဲ့ သုတ်​လိုက်​ရင်း သူ့​ရှေ့က​နေ ထွက်​ခဲ့သည်​ ..

အစက အဲ့​လောက်​မျက်​ရည်​လွယ်​သူ မဟုတ်​ခဲ့ပဲနဲ့ သူ​ပြောတဲ့စကား​တွေကြားမှ ဒီမျက်​ရည်​​တွေက ကျလာတာ ....

သူလဲ သူ့ကို ငိုကာ ​အော်​​ပြောသွားတဲ့ သူမကို ကြည့်​ပြီး ခဏ​တော့ ​ကြောင်​သွားမိတယ်​ ...

သူ့​တစ်​ခါမှ မိန်းက​လေးတစ်​​ယောက်​ ငိုတာ မမြင်​ဖူးဘူး​လေ ...

ပြန်​စဉ်​စားကြည့်​​တော့ သူ​ပြောတာများ လွန်​သွားလားးးး

လွန်​​တော့မလွန်​​ပေမဲ့ အားငယ်​​နေတဲ့သူကို ဖိနှိပ်​သလို ဖြစ်​သွားတာ​တော့ အမှန်​ ...

သူလဲ သက်​ပြင်းတစ်​ချက်​ ချရင်းးးးး

'ဟူးးးးးး '

~~~~~~~~

အိမ်​ပြန်​​​ရောက်​​တော့ အခန်းထဲ ဝင်​ဝင်​ချင်း ဖုန်းက msg လာလို့ ကြည့်​လိုက်​​တော့ သူ့ဆီက ...

'ဆွမ်း​ကျွေးကျမှ အိမ်​​ပြောင်းလာ​တော့ 'တဲ့

ဟွန်းးး လူဆိုးကြီး သူများကို ​ပြောဆိုပြီးမှ ပြန်​​ချော့တာ ဘာလုပ်​ရမှာလဲ ...

မုန်းလိုက်​တာ ....

TBC

ဘယ်​လိုလဲ Update ပြီ​နော်

Thank you ....

Continue Reading

You'll Also Like

31.6K 1.7K 21
(Unicode&Zawgyi) သူနဲ့ ပတ်သက်သမျှ အရာအားလုံးဟာ နက်နဲသော ရှုတ်ထွေးမှု များစွာနဲ့ သိုလ်ဆိုတဲ့ လူတစ်ယောက်အကြောင်း။ အပြစ်ရှိတဲ့ တရားခံတိုင်းကို အလွတ်မပေး...
79.5K 3K 20
လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ...
1.5M 90.6K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...
3.7K 704 9
එක් වැසිබර දවසක BTSලාගේ ජීවිතේ සදහටම වෙනස් උනා.. අවුරුදු 5කට පස්සේ ජීසෝ ජන්ග්කුක් මුණ ගැහෙනවා අහම්බෙන්.. ඒත් ඒක අහම්බයක් නෙමෙයි ඒක දෛවය.. මේ දෙන්නට...