ဂျင်​ကလည်​ Twelve [ZG + UN]

Galing kay Exo12wolves88

320K 32.1K 1.4K

Why we call them JinGaLel. Higit pa

မိတ်​ဆက်​.
ဂျင်​ကလည်​....1[ZG+UN]
Chicken for Kai [ZG + UN]
မွှေပါ​ပေ့ Chen...[ZG+UN]
ဆင့်​​ခေါ်မှု[ZG+UN]
ဂျင်​ကလည်​ဖန်​တဲ့အမှု...
ဆိုင်​ရာ​အောင့်​အီးချက်​ 1
ဆိုင်​ရာ​အောင့်​အီးချက်​ (2)
Final​အောင့်​အီးချက်​....
သူတို့ပဲ....
ကျွနု​ပ်​တို့အတွက်​...စာ​မေးပွဲဟူသည်​...
Modification
ပလွန်​...
သင်​ရိုး
ဆုပွဲ...
Vacation For 12
လျှာမည်သည်...???
စက္ကန့်နဲ့အမျှ ချစ်ရသူ...
ဂျင်ကလည့်တာဝန်...
Cry For You
မောင်ညီမလေးတို့ရေ...
ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်...(1)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(2)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(3)
Housekeeping
ယူသာယူပါ​လေ...
သက်​ဆိုင်​သူတို့သိကြ​စေ...
Give Up
ကျွန်​​တော့်​အမှား...
ဘာသာပြန်​သူ
3rd Anniversary Ls
Warmly Welcome
မေးမယ်​...​ဖြေမယ်​...
လာနှုတ်​ဆက်​ပါ၏...
ဆိုပါ​ပေ့ ​မောင်​...
တို့ဂုဏ်အင်...
ရိုးရိုးလေးပါပဲ...

ကျေးဂျူးပြု၍...

9.2K 864 51
Galing kay Exo12wolves88

"အဟမ်း..အဟမ်း...ဒီမှာ..."

မရ...ရပ်ကွက်လူကြီး ချောင်းဆိုးပြလို့မက...
လည်ပင်းထဲကသွေးတွေထွက်လာတောင်
ဂျင်ကလည်ဆယ့်နှစ်ယောက်က သူတို့အလုပ်
မှာသာ သူတို့ခံစား စံစားနေကြသည်။
အဲ...ရပ်ကွက်လူကြီးရှေ့ တည့်တည့်ရောက်နေ
တယ့်သူတစ်ယောက်တော့ရှိလေရဲ့...။
တစ်ခြားသူတော့မဟုတ်...
Lay....
Layတောင် အကောင်းလာထိုင်နေတာမဟုတ်၊
ရပ်ကွက်ရုံးထဲရောက်တိုင်း သူ ခေါင်းတင်တင်
အိပ်နေကြ စာအုပ်အထပ်လိုက်ကြီးက...
ရပ်ကွက်လူကြီးစားပွဲခုံပေါ်ရှိနေတာမို့...
အခုလိုလာထိုင်ပြီး ခေါင်းခုအိပ်နေခြင်းပင်...။

ရပ်ကွက်လူကြီး အသံကိုနည်းနည်းမြှင့်လိုက်
ပြီး...

" ဒီမှာ ဒီမှာ အမွှေစိန်တို့ရေ!!!"

မရ...
အမယ်...ထောင့်စားပွဲဝိုင်းမှာထိုင်နေကြတဲ့
2ယောက်ဆို ရန်တောင်ဖြစ်နေကြသေးတယ်။
ကြည့်လိုက်တော့...
Luhan နဲ့ Tao...။
Tao က Luhanလက်ထဲက စက္ကူစွန်လေးကို
ကြည့်ကာ အလကားရသောမျက်စောင်းတွေ
လှိမ့်ပိန့်ထိုးနေသည်။

"ပြန်ပေးလို့...အဲ့တာ ကျွန်တော်ရှာလာတဲ့
စက္ကူလေ...။ပြန်ပေးလို့!!!"

အော်...ကြီးကြီးကျယ်ကျယ်ပြဿနာပါလား။
စက္ကူလုမှုနဲ့တော့ တရားမစွဲခိုင်းလောက်တော့
ပါဘူးနော်။
Taoစိတ်ဆိုးနေတာကို ကြည့်ပြီး ဟိုမိန်းမချော
ချောတဲ့ကောင်လေးက...
[[အင်း...ရပ်ကွက်လူကြီးကတော့နော်...
Luhanကြားရင်...
ရပ်ကွက်ရုံး မီးနဲ့လာရှို့ခံချင်နေပြီ...ဟိုကမှ
Sam Namjaဖြစ်ချင်နေပါတယ်ဆို...]]
တဟိဟိနဲ့ သဘောတွေကျနေသည်။
ကြာတော့ အနားမှာသူ့ရင်ဘတ်လေးသူပွတ်ကာ ရပ်နေသော Krisကြီးက နားညည်းလာသည် ထင်...

" ဘာတွေအကျယ်အကျယ်ဖြစ်နေကြပြန်တာ တုန်း ရင်ဘတ်အောင့်တာတောင်
မပျောက်သေးပါဘူးဆို...နားပါအောင့်လာပြီ...။
ဟိုကြက်တောင်စီးကလဲ မီးကိုမွှေးရှာတယ်...
ဒီပန်ဒါကလည်း စက္ကူလေးကို တအားတန်ဖိုး
ကြီးပြနေတယ်...ရော့...ရော့...အဲ့လောက်လု

ဒါနဲ့ဆော့ဆိုပြီး...Krisက သူ့နားကစာအုပ်
တစ်အုပ်စီက စာရွက်ကိုဗြိခနဲဖြဲကာ Taoဆီကို
လှမ်းပေးလိုက်တာမြင်လိုက်ရတော့...
ရပ်ကွက်လူကြီး ဟိုက်ခနဲဖြစ်သွားသည်။
ပန်ဒါက ဝမ်းသာအားရနဲ့ သူ့Gegeပေးတဲ့
စာရွက်ကိုယူကာ လေတံခွန်ထိုင်ခေါက်နေ
သည်။သည်တော့ ဟို Hello Kittyလေးက
တစ်စခန်းထလာပြန်၏။
ဟုတ်တယ်လေ...သူလည်းအသစ်လိုချင်တာ
ပေါ့...သူ့လက်ထဲက လေတံခွန်က ခေါက်ပြီး
သားကြီး...။
သူ့မျက်နှာစူပုပ်သွားတာမြင်တော့...
အနားမှာ တစ်ကိုယ်တည်းဒွန့်နေသော..
Oh Sehunလေးက...
အားကျမခံ သူ့နံဘေးစားပွဲခုံပေါ်က..စာအုပ်စီ
ကစာရွက်တစ်ရွက်ကို ဗြိခနဲ ဖြဲပီးLuhanကိုပေး လိုက်ပြန်သည်။
ဟာ...ဗြိပြန်ပဟ...နောက်တစ်ယောက်ကလဲ။

မဖြစ်..မဖြစ်...သိပ်မကြာခင် သူ့ရပ်ကွက်ရုံးက
စာအုပ်တွေ ပရုပ်လုံးဖြစ်လာနိုင်သည်ကိုတွေး
လိုက်မိသော ရပ်ကွက်လူကြီးက...

" ဟို...Kris...Wu Yi-Fan...!!!"

ခပ်အေးအေးအကြည့်တစ်ချက်က စူးခနဲလွှင့်
လာသည်။သူ့ကိုယ်သူ အက်ရှင်မင်းသားများ
မှတ်နေလေရော့သလား...။
ရပ်ကွက်လူကြီး တံတွေးကိုတစ်ချက်မြိုချလိုက်
ပြီး...

" စောနကလေ မင်းဖြဲလိုက်တဲ့စာအုပ်က ဘာ
စာအုပ်လဲ???"

Kris..ပစ်ချထားသော စာအုပ်လေးကိုပြန်
ကောက်ကြည့်ကာ...ခေါင်းစဉ်ကိုပြူးပြဲဖတ်နေ
သည်။
တော်တော်ကြာမှ...
သဘောပေါက်သွားဟန်ဖြင့်...

" အာ...'စာရင်း'တဲ့..."

အမလေး...2လုံးတည်းသောစကားလုံးလေး
ကြားရဖို့အရေး...မြေမြိုခံရမတတ်စောင့်နေရ
တယ်။
စာရင်းတဲ့လား....

" ဟိုက်!!!"

သေစမ်း...မနည်းအားစိုက်လုပ်ထားရတဲ့
စာရင်းအင်းတွေ...။

"ဟဲ့ဟဲ့..Tao...Tao..လက်ထဲက စာရွက်လေး
ကိုပြန်ချလိုက်ပါနော်။
ဒီမှာ..ရော့ရော့ ဆော့ချင်သပဆို ဒါလေးနဲ့
ဆော့နော်။"

မတတ်နိုင်တော့...အနားကစက္ကူအဖြူလေး
တစ်ရွက်ကို မသက်မသာလှမ်းပေးလိုက်ရသည်။
ဒီတော့မှ ဟိုပန်ဒါကလည်း သူ့လက်ထဲက
စာရင်းစာရွက်လေးကို..ကြည်ကြည်ဖြူဖြူပြန်
ချပေးတော့သည်။
နို့မို့ကတော့...သေမင်းလာတောင်းတောင်
သူသာလိုက်သွားမယ်...စာရွက်တော့အပါမခံ
နိုင်ဘူးဆိုတဲ့ မျက်နှာထားနဲ့...။
အဲ...နေပါဦး ဒါဆို ခုဏကအဲ့ကောင်လေးကိုင်
လာတဲ့စာရွက်ကရော...ဒီကပဲဖြဲလိုက်တာတဲ့
လား...။သေချာအောင်မေးကြည့်မှပါပဲလေ..။

" Tao..Tao ah... "

အိုလံပစ်ရွှေဆုရအားကစားသမားတစ်ယောက်
လို စာရွက်ကို အားကြိုးမာန်တက်ခေါက်နေသော
Taoက မော့ကြည့်လာသည်။

"ဟို...ခုဏLuhanလုသွားတဲ့ စာရွက်ကလေ...
အဲ့တာ မင်းဘယ်ကယူလာတာလဲ???
အိမ်ကလား???"

သူ့မေးခွန်းကြောင့် Taoက Luhanနဲ့ မလှမ်း
မကမ်းမှာ ကျနေသော လေတံခွန်လေးကို
ကြည့်ကာ...

"ဘယ်ကအိမ်ကယူခဲ့ရမှာလဲ...
ရပ်ကွက်ရုံးအဝင်က Notice Boardမှာကပ်
ထားတဲ့...ည7နာရီအစည်းအဝေးရှိသည်ဆို
လား...အဲ့စာရွက်လေး...အရောင်လေးလှလို့
ခွာလာတာကို...အဲ့ပိုးဟပ်ဖြူက ဝင်လုတာ"

"ဘာ!!!ငါ့များ ပိုးဟပ်ဖြူ။
အေး..ငါသာ ပိုးဟပ်ဆို မင်းဆီအရင်ပြေးလာပီး
မင်းပါးစပ်ထဲဝင်မှာ..."

အခုချိန်မှာ ရပ်ကွက်လူကြီး သူတို့ရန်ပွဲကို
အာရုံမစိုက်နိုင်...။
အကူကောင်လေးကိုခေါ်ပြီး Notice Boardမှာ
စာရွက်အသစ်ပြန်ကပ်ခိုင်းရပြန်သည်။
ဆော့စရာရှားလို့...Notice Boardက ဆင့်ခေါ်
စာကို ဖြဲလာရသည်တဲ့...။

ကဲ...တစ်ယောက်ပြီးပြီဆိုတော့ နောက်တစ်
ယောက်...

" Sehun shi...,ခုနက စာရွက်ဖြဲလိုက်တဲ့
စာအုပ်က ဘာတဲ့တုန်း "

ရပ်ကွက်လူကြီးချော့မော့မေးတော့...
မေးတဆတ်ဆတ်နဲ့ ဇတ်ကျိုးမတတ် ကနေသော ထိုကောင်လေးက မျက်မှောင်ကို
တွန့်ကုတ်လိုက်ပြီး...စာအုပ်ကိုယူကြည့်သည်။
ဒါတောင်...ခပ်တိုးတိုးလှမ်းပြောလိုက်သေး...
အလုပ်ကိုရှုပ်တယ်တဲ့...။
အော်...အာဏာရှိ စည်းကမ်းရှိတယ်လို့
နာမည်ကြီးလှပါတယ်ဆိုတဲ့ Pie....
ဂျင်ကလည်Twelveနဲ့ကျမှပဲ ဖြစ်ပျက်နေရတဲ့
ဘဝက...။
အဲ့လိုဆိုလို့လည်း သွားပြီးတော့လည်း မငေါက်
ငမ်းရဲ...။တော်ကြာ သူတို့ဘဝက ရပ်ကွက်
လူကြီးဆိုဆုံးမမှုများနှင့်မှသာ တိုးတက်နိုင်တော့
မည်ဆိုပြီး ရပ်ကွက်ရုံးကိုအုပ်စုလိုက်ပြောင်းလာ
မှဖြင့် မခက်ပါပေလား...။
ဟူး...။

မျှော်လင့်ချက်များစွာနဲ့ Sehunနှုတ်ဖျားက
ထွက်လာမယ့် စကားကိုစောင့်စားနေမိတယ်။
လျှာလေးသပ်ကာပြောလိုက်သော Sehun
စကားက...

"ရပ်ကွက်ရုံးအထိမ်းအမှတ်စာအုပ်တဲ့..."

"ဟိုက်!!!"

ဆော်ပြန်ပဟ..နောက်တစ်ယောက်ကလည်း။
တခြားရပ်ကွက်က လူကြီးတွေအလည်လာရင်
မြင်ကောင်းအောင် ဒီအထိမ်းအမှတ်စာအုပ်လေး
ကို ဂုဏ်ယူစွာထားထားပါတယ်ဆိုနေမှ...။
ဖြဲရက်လိုက်လေခြင်း...
လုပ်ရက်...ရက်....

" တဟိုက်ဟိုက်နဲ့ ဂျပန်တွေနဲ့တွေ့နေရလို့
လား...အိပ်ကောင်းခြင်းကိုမအိပ်ရဘူး..."

ငြူငြူစူစူပြောရင်း ရှေ့တည့်တည့်မှာအိပ်နေ
သော ကိုကိုLayက ပြန်ခေါင်းငိုက်စိုက်အိပ်သွား
သည်။
အော်...ငါ့ဘဝနှယ်...
ကိုယ့်ကိုကိုယ် ယူကြုံးမရဖြစ်တာတောင်
လွတ်လွတ်လပ်လပ်ဖြစ်ပိုင်ခွင့်မရှိပါလား။
အော်...ငါ့ဘဝ...ငါ့ဘဝ...။

"ဒီမှာ...ဒီမှာ...ကျေးဇူးပြုပြီး ငါ့ကိုအဖတ်လုပ်
ကြပါဦးလားဟင်..."

သနားစရာညောင်နာနာလေးထွက်ပေါ်လာသော
ရပ်ကွက်လူကြီးအသံကြောင့်...
အားလုံးအာရုံက..သူ့ဆီရောက်လာသည်။
အုပ်ထိန်းသူသဖွယ်ဖြစ်နေသော မျက်မှန်ဝိုင်း
လေးတပ်ထားသော Suhoက Lotionဘူးလေး
ကိုင်ကာ ရပ်ကွက်လူကြီးရှေ့ကိုရောက်လာ
သည်။

" အင်း...ပြောပြော ရပ်ကွက်လူကြီး..."

အာရုံရောက်လာပေးတာပဲ ထိုင်ကန်တော့ပေး
ရတော့မယ့်ပုံပင်...။

" မင်းတို့ကို Mikeက ဘာလို့ဒီလွှတ်လိုက်တာ
တဲ့လဲ???"

"သူ့မှန်ပြတင်းတံခါးကို ခွဲပစ်လိုက်မိလို့တဲ့"

အင်း...Mike..Mike...
မှန်ပြတင်းလေးတစ်ချပ်နဲ့ ဒီဂျင်ကလည်တွေကို
ငါ့ဆီပို့လိုက်တာတဲ့လား...။
နောက်များမှ အဲ့Mikeအိမ်သွားပြီး မှန်တွေ
ချည်းနဲ့ပဲ အကုန်ဆင်ပေးလိုက်ဦးမယ်...
အိမ်သာပါမချန်...။

" အဲ့တော့လည်း လွယ်ပါတယ်ကွာ...
မှန်ပြတင်းဖိုးလျော်ပြီး ပြန်တောင်းပန်လိုက်ကြ
ပေါ့...။အဲ့ဆိုပြေလည်သွားပြီပဲနော..."

"ပြောသလောက်မလွယ်ဘူးဗျ..."

ပြောသလောက်မလွယ်ဘူးဗျဟုဆိုကာ ရှေ့
တက်လာသူက Kai....

" Kaiက ဘာတွေမလွယ်နေတာလဲ???"

"ကျွန်တော်တို့ဆီမှာ လျော်ဖို့ပိုက်ပိုက်မရှိဘူး
လေ..."

အင်း ကဘောက်ကချာတွေပြောနေပြန်ပါပီ။

" မင်းတို့နေတဲ့အိမ်က ရပ်ကွက်ထဲမှာ
အဖိုးတန်ဆုံးအိမ်ကြီးပါကွာ...။မြေနေရာကလဲ
နှစ်လမ်းပေါက်နေရာမို့ တော်ရုံတန်ရုံလူ
မဝယ်နိုင်တာလဲ အားလုံးသိပါတယ်။
အဲ့တာကို ဘယ်ကပိုက်ပိုက်မရှိတာတဲ့တုန်း "

"ဟာဂျာ...မြေနေရာဝယ်နိုင်တိုင်း သူဌေးယား၊
ရပ်ကွက်လူကြီးတို့လို တစ်ကိုယ်တည်းမနေ
နိုင်ရို့ 12ယောက်ပေါင်းနေနေရတာလဲ
ထည့်ပြောယေ..."

မေးတဆတ်ဆတ်လေးလည်းရှေ့တက်ပြော
လာ၏။
မပြောချင်တော့ပါဘူး....သူတို့ဟာသူတို့
လွတ်လွတ်လပ်လပ်မွှေချင်လို့ မိဘတွေနဲ့မနေပဲ
သီးသန့်အိမ်ခွဲနေတာရော...
ဆိုင်ရာဆိုင်ရာရပ်ကွက်ရုံးကလူကြီးတွေကလဲ
ငါ့လက်ကလွတ် ဗျွတ်ဆိုပြီး..ဂျင်ကလည့်မိဘ
တွေကို တိုက်တွန်းလိုက်တာတွေရော...
အကုန်ပြန်ကြားထားရပြီးသား။
ဒါပေမဲ့လည်း အဲ့အကြောင်းတွေမပြောချင်
တော့ဘူး။
လေကြောရှည်နေသမျှ ဒီဆယ့်နှစ်ယောက်
သူ့ရပ်ကွက်ရုံးမှာပဲ သောင်တင်နေဦးမှာ...
မြန်မြန် ကိစ္စဖြတ်ပြီး..မြန်မြန်နှင်လွှတ်မှပါပဲ...။

"မင်းတို့ဆီတကယ် ပိုက်ဆံတစ်ပြားမှမရှိတာ
လားကွာ...။ဆယ့်နှစ်ယောက်တောင်ရှိတာ
ပေါင်းလိုက်ရင်တော့...မှန်တစ်ချပ်စာ အေးဆေး
ထွက်လာမှာပါ..."

"ရပ်ကွက်လူကြီးရယ် ကျွန်တော်တို့တွက်ကပ်
တာမဟုတ်ပါဘူး။တကယ်မရှိလို့ပါ...
လိမ်ပြောရင်ကြီးလာရင် လူကြီးဖြစ်ရပါစေဗျာ..
အိပ်ရင်လဲ မျက်စိပိတ်မှအိပ်ပျော်တတ်ပြီး...
လမ်းလျှောက်ရင်လဲ ခြေထောက်တစ်ဖက်
မြှောက်ရပါစေဗျာ...
အဲ့လိုကျိန်ဆိုပါတယ်..."

စလာပါပြီ..ပေါက်ကရလေးဆယ်စကားတွေက။
ရပ်ကွက်လူကြီးသက်ပြင်းချတာကိုမြင်တော့
ကမ္ဘာကြီးကိုတိုင်တည်ကာ စူးစူးနစ်နစ်ကျိန်ဆို
ပြနေသော Yeolက..သူပါ သက်ပြင်းတစ်ချက်
ကိုလိုက်ချလိုက်ပြီး...

"ကျွန်တော်တို့ပိုက်ဆံရှိရင်လေ...
ရပ်ကွက်ရုံးအတွက် ဆင်သက်စေ့လှူပါတယ်
ဗျာ...တကယ်ပါ..."

"ဟမ်...ဆင်ကိုတောင် သက်စေ့လှူမယ်...
နေ..နေပါဦး..မင်းတို့အသက်တွေကဘယ်
လောက်လဲ???"

"19..20...တွေလေ..."

"အဲ့..အဲ့ဆို စဉ်းစဉ်းစားစားလဲပြောပါ..
မောင်Yeolရယ်..။
ဆင်အကောင်19...အကောင်20ကို ရပ်ကွက်
ရုံးထဲ ငါကဘယ်နေရာသွားထားရမှာတုန်း!!!
မင်းတို့ဆယ့်နှစ်ယောက်နဲ့တင် ငါ့ရပ်ကွက်ရုံးက
ပြည့်နေပြီ!!!"

စိတ်ညစ်ညူးစွာပြောလိုက်သော ရပ်ကွက်လူ
ကြီးစကားကြောင့်...Yeolက..စဉ်းစားမိဟန်
လေးဖြင့်..."အင်း အဲ့တာလဲဟုတ်ပေသားပဲ
နော်"တဲ့...။

ဘယ်လိုလုပ်ရပါ့...ဒီဂျင်ကလည်တွေ
ပိုက်ဆံမရှိတာတော့မဖြစ်နိုင်ဘူး...။သက်သက်
မဲ့ သူတို့အိမ်မှာမနေချင်တိုင်း ရပ်ကွက်ရုံးလာ
ထိုင်ချင်နေကြတာ..။
Mikeကလည်း အခုအချိန်အထိလိုက်မလာ
သေး...။
Mikeရယ်...မင်းနဲ့ငါလည်းရန်ငြိုးမရှိရပါလား
ကွာ...။
ကဲပါလေ..ဘယ်တတ်နိုင်ပါတော့မလဲ...။
ဗြဟ္မာဦးခေါင်းလေးတွေကို ရင်တထိတ်ထိတ်နဲ့ပဲ
သူ့ရုံးထဲခဏသိမ်းထားရဦးမှာပေါ့...။
အင်း...ကမ္ဘာပေါ်က လူမျိုးစုံကိုးကွယ်ကြတဲ့
တန်ခိုးရှင်တွေကို ရင်ထဲကကြိတ်တလိုက်ပြီး...

"ကဲကဲ..အဲ့ဆိုလဲ Mikeလာတယ့်အချိန်အထိ
ဒီရုံးထဲငြိမ်ငြိမ်လေးထိုင်နေကြနော်...
ငြိမ်ငြိမ်လေးနော်...။ဘာမှမလုပ်ပဲနဲ့...
Ok!!!"

"Cool"
"Ok"
"Kk"
Deal"
"Accept"
"Yehet"
"Yayy"
"I know"
"I see"

Imm..တစ်ယောက်တစ်ပေါက်ပြောချင်တာ
ပြောပြီး..ရပ်ကွက်လူကြီး စားပွဲနဲ့ခပ်လှမ်းလှမ်း
ထောင့် နံရံကိုမှီပြီး ဆယ့်တစ်ယောက်စလုံး
တန်းစီထိုင်ချလိုက်ကြသည်။
ကျန်တဲ့တစ်ယောက်ကတော့ သူ့ရှေ့တည့်တည့်
မှာပေါ့နော...။ခေါ်လဲမခေါ်ကြ...။

ရပ်ကွက်လူကြီး ခေါင်းခါယမ်းလိုက်ပြီး..စာအုပ်
ကြီးကိုငုံ့ကြည့်နေလိုက်၏။
ညနေအစည်းအဝေးလုပ်ရင် တင်ပြရမယ့်
အစီအစဉ်တွေကိုပြန်စိစစ်နေလိုက်သည်။
တော်တော်ကြာတဲ့အထိ ဂျင်ကလည်တွေထံမှ
ဘာသံမှထွက်မလာတော့..နည်းနည်းတော့
စိတ်ထင့်သွားသည်။အဲ့ဂြိုလ်သားလေးတွေက
ဒီလိုငြိမ်တတ်ကြတဲ့သူတွေမှမဟုတ်ပဲကိုး...။
ကျောလည်းမလုံသလိုဖြစ်လာကာ...ရပ်ကွက်
လူကြီးမော့ကြည့်လိုက်တော့...အမလေးလေး
11ယောက်စလုံး သူ့ကိုထိုင်ကြည့်နေလိုက်ကြ
တာ...။သမင်ရဲ့အလစ်ကိုချောင်းပြီး ဝင်ဆွဲမယ့်
ကျားတွေကျနေတာပဲ..။မျက်တောင်တစ်ချက်
ကိုမခတ်...။
နည်းနည်းတော့တုန်လှုပ်သွားတယ်...
ကြက်သီးတွေတောင်ထလာသလိုပဲ...။

"ဘာ..ဘာလို့...ဘာလို့အဲ့လိုကြီးတွေကြည့်နေ
ကြတာလဲ???"

ထိုတော့မှ...Chenဆိုသူက...

"ဘာမှမလုပ်နဲ့ဆိုမှတော့...ကြည့်ဖို့ပဲရှိတော့တာ
ပေါ့။ဒီမျက်လုံးကြီးပါ ပိတ်ထားပေးရမှာတော့
မဟုတ်ပါဘူးနော်..."

မှားပါတယ်...မှားပါတယ်နော်...
နည်းနည်းလေးမှကို စကားမှားလို့မရ။

"မင်းတို့သဘောအတိုင်းသာနေပါကွာ။
အဲ့လိုကြီးတော့ထိုင်ကြည့်မနေကြပါနဲ့...။
ကျောထဲကကိုစိမ့်အေးလာလွန်းလို့ပါ..."

"ပြီးတာပဲလေ..."

အမယ်...တစ်ပြန်ကြီးပါလား။ခွင့်ပြုချက်ရသွား
တော့မှ...သူ့ကိုဆက်မကြည့်ကြတော့ဘဲ
ကျွတ်စီကျွတ်စီစကားတွေပြန်ထွက်လာကြ
သည်။ရွဲ့တာလား...တကယ်စကားနားထောင်တာလားကိုမသိတော့...။

စာရင်းဇယားတွေပြန်လုပ်နေလိုက်သည်။
ရပ်ကွက်ရန်ပုံငွေ...အထွက်ဇယားတွေရေးဆွဲ
နေတုန်း နားထဲတိုးဝင်လာသည်က...
Kaiအသံ...။

"ဒီအတိုင်းထိုင်နေရတာပျင်းတယ်။
ပဟေဠိဖွက်မယ်...ကေ..."

"အိုကေ..."

"ကဲ...ငါအရင်စမေးမယ်...
ကတော့ကတော့လို့အော်တဲ့ငှက်ကဘာငှက်
လဲ???"

"အမယ် လွယ်လွယ်လေးကို...
ကတော့ကတော့လို့အော်မှတော့..ကတော့
ကတော့ငှက်ပေါ့ကွ..."

"တိန် မှားတယ်..အဖြေမှန်က...ပျံတတ်တဲ့ငှက်
ပါတဲ့ခဗျာ..."

Kaiအဖြေကြားတော့ အကုန်လုံးဟေးခနဲ
ထအော်ကြပြန်၏။
အင်း...ဘယ်လိုဟာလေးတွေပါလိမ့်...။
ဒီလိုအော်ကျယ်အော်ကျယ်အသံတွေကျတော့
ရှေ့ကကိုကိုLayက ကြားပုံမပေါ်...။

" မန်ကျည်းသီး..မင်း အဲ့ယာတော့ညစ်ပတ်
တာပဲ.."

"Yah!!!Oh Sehun...မင်းအဲ့လိုတော့မပြောနဲ့
ငါ့အဖြေကမှန်တာပဲကိုး...။
ပျံတတ်တဲ့ငှက်ဆိုအားလုံးပါတာပဲလေ.."

"အဲ့ရှို ရပ်ကွက်လူကြီးရဲ့ကြက်ရောပါယား??"

0-o

အဲ့ကြက်ကိစ္စကမပီးနိုင်သေးဘူးလား။

"ဟာ...ပါတာပေါ့...ကြက်လဲငှက်ပဲ..."

"ကြက်ကပျံမှမပျံတတ်တာ..."

"မှတ်ထား...အတောင်ပံလဲပါ...ခြေထောက်2
ချောင်းလဲပါ...နှုတ်သီးလဲပါတယ်ဆို...
အဲ့တာငှက်မျိုးငှက်နွယ်ပဲ..."

"မင်း အဲ့ရိုပြောကြေးဆို လေယာဉ်ပျံကလဲ
ငှက်ယား...။ခြေထောက်လိုဘီးနှစ်လုံးလဲပါ...
အတောင်ပံလဲပါ...နှုတ်သီးလဲပါတယ်ယေ.."

"ဟုတ်တယ် ငှက်ပဲ..."

"အဲ့ရှိုနောက်နေ့ ငါလေယာဉ်ကွင်းသွားပြီး
လေယာဉ်ပျံခေါင်းကိုထိပြီး စပါးနှံတွေသွားသွား
ကျွေးရမှာယား!!!!"

"ကျွေးချေ ကျွေးချေ...အဲ့မှ Airport Security
တွေတွေ့ပီး ဖမ်းသွား...သွား...
အဲ..၊အဲ့တာလဲကောင်းတာပဲ...
လေယာဉ်ကွင်းကိုငါတို့ရောက်ပဲရောက်ဖူးတာ။
ရုံးထဲထိမထိုင်ဖူးသေးဘူး...။
တကယ်သွားကျွေးမလား..."

ရင်ထဲဒိန်းခနဲဖြစ်သွားကာ...ရပ်ကွက်လူကြီး
သူတို့ကိုလှမ်းကြည့်လိုက်တော့...
မျက်ဝန်းလေးတွေများတောက်ပနေလိုက်ကြ
တာ။
အပြုံးလေးတွေကိုက ချိုနေလိုက်ကြတာ...။
ထိုအခိုက်..တစ်ခုခုကိုသတိရဟန်ဖြင့်...
DOက ရပ်ကွက်လူကြီးကိုလှမ်းကြည့်လာသည်။
အကြည့်ချင်းဆုံသွားတော့...
့ပြူးလေးက သူ့ကိုပြုံးပြလာကာ...

"ရပ်ကွက်လူကြီး လေယာဉ်ကွင်းကိုသွားတတ်
လားဟင်???"

"ဟင်...သွားတတ်ပါတယ် ဘာလို့လဲ???"

"အော်...ကျွန်တော်တို့ အုပ်ထိန်းသူအနေနဲ့
ခေါ်ရအောင်လို့ပါ။ကြိုမေးထားတာ"

ငင့်...ရပ်ကွက်ထဲတင်မက...ဟို လေယာဉ်ကွင်း
အထိပါ တာဝန်လိုက်ယူပေးရမည်တဲ့...။
ငါ လေယာဉ်ကွင်းနေရာမေ့သွားပြီလို့အမြန်
ပြောမလို့ရှိသေး...DOက ပြန်လှည့်သွားပြီဖြစ်
သည်။

ထိုအချိန်တွင်မပြောမဆို ထဖောက်လာသည်က
Yeol....
Chenဘက်ကို တွန့်တွန့် တွန့်တွန့်နှင့်တိုးလာ
ကာ...သူ့ရဲ့ပါးစပ်လေးကိုဖြဲပြပြီး...

"ဒေါက်တာ...ဒါတောက်...
ကျွန်တော်သွားကိုက်နေလို့နှုတ်ပေးပါ..."

အမယ်...Chenကလဲအလာကြီး...
နံဘေးကSuhoမျက်မှန်ဝိုင်းလေးကို ချွတ်ယူ
လိုက်ပြီး..သူ့မျက်စိတစ်စုံပေါ်တင်လိုက်ကာ...

"အိမ်း ပြစမ်း...ကြည့်စမ်း..ကြည့်စမ်း...
သွားတွေကမကောင်းတော့ဘူးပဲ...။
ဒီရှေ့သွားတစ်ချောင်းကိုနှုတ်ပစ်ရမယ်..."

"ဆရာ...ဆရာရယ်..အဲ့ဆိုကျွန်တော်ကဘယ်လို
ဝါးရမှာလဲ???"

"မပူနဲ့...မပူနဲ့...
ဆရာတွေးစီစဉ်ပြီးသားပါ...။လွတ်သွားတဲ့
သွားနေရာမှာ ခြေမကခြေသည်းကြီးကို
အစားထိုးစိုက်ပေးလိုက်ပါ့မယ်..."

ဝေါ့...ရပ်ကွက်လူကြီးရင်ဘတ်ထဲထိတောင်
ဆန်တက်လာသည်။
အိပ်ရာထတာနောက်ကျလို့...မနက်စာကိုရုံး
ရောက်မှသာစားနေရသော လက်ထောက်လေး
ဆို...စားနေတာလေးရပ်...ပါးစပ်လေးအုပ်ကာ
အပြင်ဘက်ပြေးထွက်သွားတာလှစ်ခနဲပဲ...။
ရပ်ကွက်လူကြီး ဂျင်ကလည်တွေကို လှမ်းတားမလို့ရှိသေး...
သွားဆရာဝန်နဲ့ လူနာကသွားနှုတ်နေကြပြီ...။
အဲ့တော့လဲ ပါးစပ်လေးပိတ်ကာကြည့်နေရပြန်
၏...။

"ကဲကဲ...ပြီးပြီ...
သွားနှုတ်ခ ဒေါ်လာ100ပါ..."

"ဟင်...ဈေးကြီးလိုက်တာသွားနှုတ်သူရယ်...
3မိနစ်တောင်မကြာတဲ့သွားလေးတစ်ချောင်းကို
100ဒေါ်လာတဲ့လား..."

"3မိနစ်အတွက်100ဒေါ်လာပေးရမှာနှမြောနေရင်ရပါတယ်၊.၊
ကျွန်တော်နောက်ခါကျ သွားတစ်ချောင်းကို
1နာရီကြာအောင်နှုတ်ပေးပါ့မယ်..."

အင့်...Chenစကားကို သွားဆရာဝန်တွေကြား
သွားလို့မဖြစ်...။
သူပြောတော့လဲဟုတ်နေသားဆိုတော့...
Yeolဟိုဘက်ပြန်လှည့်သွားသည်...။
ဟူး...ဘာလေးတွေမှန်းကို တကယ်မသိတော့
တာပါ...။
စာရင်းအားလုံးစစ်တာ သေချာသွားပြီမို့
ရပ်ကွက်လူကြီး လက်မှတ်လေးထိုးမလို့ရှိသေး..
တစ်သံထွက်လာပြန်သည်။
နားထောင်လိုက်တာနဲ့ သိသာနေသောအသံ
ပိုင်ရှင်က Tao...။

"Gege..ကျွန်တော်သိချင်တာလေးတစ်ခုရှိလို့။
စစ်ကြီးပြီးတော့လေ...ကမ္ဘာ့လူဦးရေကဘာလို့
တိုးလာတာလဲဟင်???"

ဟာ...ဒီလိုမေးခွန်းဆိုတာ...ပညာရှိမေးခွန်းပဲ။
အမှန်တိုင်းဝန်ခံရရင် ရပ်ကွက်လူကြီးတောင်
အဲ့အဖြေကိုမဖြေတတ်။
ဒါကြောင့်သိချင်စိတ်ပြင်းပြစွာနဲ့ လက်မှတ်ဆက်
မထိုးသေးဘဲ ဖောင်တိန်လေးကိုကိုင်ကာ
မသိမသာနားစွင့်နေလိုက်သည်။
Tao..gegeလို့ နာမ တပ်ကာမေးခံလိုက်ရသော
Krisက...

"အော်..Oလေးရယ်...ဒါလေးများ
စစ်သားတွေပြန်ရောက်လာလို့ပေါ့..."

O-o
O-o

အင်း...ဒီဂျင်ကလည်တွေ တစ်ခုခု လွတ်နေတာ
တော့အမှန်နေမှာ..။သူတို့နဲ့သာ တစ်ရက်
လောက်အတူနေလိုက်ရရင်တော့...
ဖျားဖျား...ရူးရင်ရူး...မရူးရင်ဂေါက်မှာပဲ...။
ထိုသို့...ထိုသို့...ဂျင်ကလည်Twelveရဲ့
အံ့ဩနဘမ်းဥာဏ်စွမ်းတွေကို ရပ်ကွက်လူကြီး
ပါ စံဝင်ခံစားနေခိုက်...

"ဟို...ဦးလေး...Appက စာရင်းအတည်ယူဖို့
လွှတ်လိုက်လို့ပါ...
Faxစက်ကပျက်နေလို့..."

အသံရှင်က...ဟိုဘက်ရပ်ကွက်က ရပ်ကွက်
ရေးမှူးရဲ့သမီးချော...။
ရပ်ကွက်လူကြီးပြာသွားသည်။ပြာရမှာပေါ့..
ဟိုဘက်ရပ်ကွက်မှူးဆိုတာက...ရပ်ကွက်8စု
မှာအကြီးဆုံးမလား...။

"အော်...အင်းအင်း ခဏခဏနော် သမီး
ဦးခုတင်စစ်ပြီးတာ...လက်မှတ်လေးထိုးပြီး
မိတ္တူလေးဆွဲပေးလိုက်မယ်..."

ကောင်မလေးမှာ ထိုင်လို့လဲမရ...ဘယ်ရမှာလဲ၊
ရှေ့မှာမိန့်မိန့်ကြီးစံမြန်းအိပ်တော်မူနေသည်က
ကိုကိုLay...။
သွားလဲမနှိုးရဲ...ဝူးဝါးဝူးဝါးလျှောက်အော်နေမှ
ဖြင့်...ဟိုဘက်ရပ်ကွက်ရေးမှူးသမီးပျိုရှေ့
ငါပဲအရှက်ကွဲမှာ...။
ဒီတော့လဲ ရပ်ကွက်လူကြီး မသိချင်ယောင်ပဲ
ဆောင်နေလိုက်ရသည်။
ဟိုကောင်မလေးကတော့...ဂျင်ကလည်12ကို
ကွက်ကြည့်ကွက်ကြည့်လုပ်နေ၏။
ကြည့်လည်းကြည့်မှာပါပဲ...
အဲ့ဆယ့်နှစ်ယောက်က အရူးတွေဆိုတောင်
ခုခေတ်ကောင်မလေးတွေအတွက်ကတော့
အိမ်မှာထိန်းထားပါရစေဆိုလောက်ရတဲ့အထိ
ချောနေကြတာကိုး...။
ခုလည်းနံရံကိုမှီပြီး ကောင်မလေးကို ဖုတ်လေတဲ့
ငပိရှိတယ်လို့ပင်မထင်...သူတို့ဟာသူတို့
စကားတွေပေါနေကြသည်။
တစ်ခါတစ်လေတော့လည်း ရပ်ကွက်လူကြီး
သိချင်မိသား...
တစ်အိမ်ထဲလည်းနေ..ကျောင်းလည်းတူ..
အတန်းလဲတူနေတာကို...ဘာတွေများပြော
စရာတွေကျန်နေသေးတာပါလိမ့်လို့လေ။
အမြဲတမ်းဘယ်အချိန်ကြည့်ကြည့်...12ယောက်
စကားပြောပြတ်တာကို မတွေ့ရ...။

သူ့ကိုဂရုမစိုက်တော့ ကောင်မလေးနှာကစ်ပြီ
ပေါ့...။သူ့ဆို ဒီရပ်ကွက်တစ်ဝိုက်က ကောင်လေး
တွေက အသေရရ အရှင်ရရလိုချင်နေကြတာ
ချည်းပဲလေ...။
ဒီဂျင်ကလည်တွေကတော့ အခု သူ့ကိုနံရံပေါ်က
အက်ကြောင်းရာလောက်တောင် စိတ်ဝင်စားပုံ
မပေါ်ပါဘူး။တစ်ယောက်ဆိုအက်ကြောင်းကိုပဲ စူးစူးစိုက်စိုက်နဲ့ ဖုန်းနဲ့တောင်ဓာတ်ပုံရိုက်နေ
သေးတယ်...။

မျက်မှောင်လေးတွန့်ချိုးကာ..နှုတ်ခမ်းလေးစူ
လာသော ကောင်မလေးကို အရင်ဆုံးသတိထား
လိုက်မိတာက...Chen...

" ဟေ့ ဟေ့...ဟေ့ကောင်တွေ..
ဟိုတစ်ယောက်က ဂေါင်ကြီးအုပ်ရဲ့သမီး
မလား???"

အကြီးဆုံးရပ်ကွက်ရေးမှူးကိုများခေါ်ချပစ်လိုက်
တာ...ဂေါင်ကြီးအုပ်တဲ့...။
အဖေဖြစ်သူကိုထူးထူးဆန်းဆန်းခေါ်လိုက်တာ
မို့ ကောင်မလေး မရိုးမရွဖြစ်သွားပေမဲ့...
ဘာပဲဖြစ်ဖြစ် ဂျင်ကလည်တွေ သူ့ကိုသတိထား
မိသွားပီမလား။
မိန်းကလေးတွေသဘာဝအတိုင်း မျက်စောင်း
လေးချီကာ မထီသလိုလေးလုပ်ပြနေလိုက်
သည်။

"ဟာ..ဟုတ်တယ်ဟ...အဲ့ကောင်မလေးပဲ
ငါမနက်တိုင်းပေါက်စီထထဝယ်တိုင်း
သူလမ်းလျှောက်ပြေးပြေးနေတာတွေ့တယ်..."

ထပ်ဆင့်ထောက်ခံလိုက်သော Xiuxiuစကား
ကို Yeolကပါ...

"အဲ့ကောင်မလေးက ကြားရတယ့်သတင်းတွေ
အတိုင်းပဲနော်..."

အလဲ့လဲ့...ကောင်မလေးမနောခွေ့သွားတာပေါ့။
ကောင်ချောလေးတွေက သူ့အကြောင်းကို
တခုတ်တရပြောနေသည်ကိုး...။
သို့ပေမယ့် ရပ်ကွက်လူကြီး ရင်ထဲသိပ်မကောင်း
ဒီဂျင်ကလည်တွေက 10ခွန်းပြောရင် 9ခွန်း4ပုံ3ပုံက ပေါက်တတ်ကရတွေပဲမလား။
သမီးရေ...အပြည့်အဝကြီးယုံမနေနဲ့ဦး...။
တွေးလို့မှမဆုံးသေး...

"ဟုတ်တယ်ငါလည်းကြားဖူးတယ်...။
သူအရင်ကအရမ်းရုပ်ဆိုးပီးအရမ်းလဲဝတာတဲ့။
ရည်းစားကတောင်အဲ့တာကြောင့်ပစ်သွားတာ
ဆိုလားပဲ..."

"ဟုတ်လောက်မယ်...ဟုတ်လောက်မယ်။
အဖေကပိုက်ဆံရှိတော့ မျက်နှာခွဲ...
အဆီတွေဇွတ်ချ...မနက်တိုင်းအစောကြီးထပီး
လမ်းတွေလျှောက်...အဲ့တာကြောင့်Xiumin
နဲ့တွေ့ဖူးတာနေမှာ..."

သွားပြီ...သွားပြီ...
ကောင်မလေးမျက်နှာကွက်ခနဲပျက်သွားသည်။
မှန်ကန်နေသော သတင်းတွေကိုး...။
နေပါဦး...ကောင်မလေးအဲ့လိုဖြစ်နေတုန်းက
ဒီဆယ့်နှစ်ယောက် ဒီရပ်ကွက်မှာတောင်မရှိ
သေးပါဘူး။ဘယ်ကဘယ်လိုတွေကြားထားတာ
ပါလိမ့်...
ဟမ်..သေ...သေစမ်း...
သူပြောပြထားတာလို့ထင်တော့မှာပဲ...။
ထင်တယ့်အတိုင်းပါပဲ...ကောင်မလေးသူ့ကို
မျက်စိကျွတ်ထွက်မတတ်ကြည့်နေတာ...
သူ့အရှက်ကိုခွဲရပါ့မလားဆိုပြီး သူ့အဖေပြန်
တိုင်နေမှဖြင့်...
ရပ်ကွက်လူကြီးသွားဖြီးလေးနဲ့ ဟီးခနဲရယ်ပြ
လိုက်တော့...ကောင်မလေးမျက်နှာက ပိုတင်းမာသွားကာ...

"Appaကို လွှတ်လိုက်မယ်...စာရွက်ယူဖို့ကို"

ပြောပြီးချာကနဲလှည့်ထွက်သွားတာ...ရပ်ကွက်
လူကြီးလှမ်းအော်နေတာလဲ ဂရုမစိုက်တော့။
သွားပြီ...သွားပြီ...ငါ့ဘဝတော့..။
ဒီဂျင်ကလည်တွေ ငါ့ရုံးတစ်ခါရောက်
ငါပြဿနာတစ်ခါတက်ရတာပဲ...။
ခုလည်းဘယ်လိုလုပ်ရပါ့...ရပ်ကွက်လူကြီး
ရင်ထဲကအမောနဲ့ ကုလားထိုင်ပေါ်ခြေပစ်
လက်ပစ်ထိုင်ချပစ်လိုက်သည်။
ဟိုဆယ့်တစ်ယောက်ကိုလှမ်းကြည့်လိုက်တော့
ရောက်တတ်ရာရာတွေလျှောက်ပြောနေကြပြန်
သည်။
Canteenက အန်တီကြီးက အခွန်ဆောင်တာ
နောက်ကျလို့ နောက်နှစ်ကျပြောင်းပေးရမှာတွေ
ရော...
အခန်3းကကောင်လေးက...သူ့ခွေးနောက်လိုက်
ရင်းချော်လဲပြီး ဘောင်းဘီပြဲတာတွေရော...
Hee Chulရှူနေကြနှာဆေးဘူးထဲ ငရုပ်ကောင်း
မှုန့်တွေထည့်ထားတာရော...
အိုး...အစုံအစုံ...သူတို့မွှေသမျှတွေရော...
မွှေပြီးသမျှတွေရော..စားမြုံ့ပြန်နေကြပြန်သည်။
စောနက ရပ်ကွက်လူကြီးသမီးအကြောင်းကို
သူတို့ပြောခဲ့တယ်ဆိုတာ ကျိန်ပြောရမယ့်
မျက်နှာမျိုးလေးတွေနဲ့...။

နောက်ကျဘာဖစ်သည်မသိ...ကြက်တောင်စီး
လေးက လှစ်ခနဲထပြေးသည်။
ဆံပင်ထိပ်ပေါ်က ထိပ်စီးလေးက လှုပ်လှုပ်
လှုပ်လှုပ်နဲ့...။

" ဘာ...ဘာဖြစ်သွားတာတဲ့လဲ???"

သူ့အမေးကို အငယ်ဆုံးလေးက...
မျက်မှောင်လေးတွန့်ကုတ်ကာဖြင့်...

" သူယား...အလေးမပစ်ချီးတွေ..Liner...
Layအတွက်ခေါင်းအုံးနဲ့...ကြက်ကင်delivery
ဖုန်းနံပါတ်...မီးဖိုချောင်ပစ်ချည်းတွေသွားယူတာ
ယေ..."

ဟမ်...နေ...နေကြပါဦး...သူတို့..သူတို့...
ဒီရပ်ကွက်ရုံးထဲ ဘယ်လောက်ကြာကြာနေဖို့
များစိတ်ကူးထားတာတဲ့လဲ???
ခေါင်းအုံးတွေရော...ဖုန်းနံပတ်တွေရောပြေးယူ
ရသည်တဲ့...။

"ဟဲ့ဟဲ့...နေနေ...သွားသွား...မင်းတို့ပါအကုန်
လိုက်သွားကြတော့...။
သူပြန်မလာခင်..မင်းတို့ပါလိုက်သွားကြတော့"

"ဒါဆို...မှန်ပြတင်းပေါက်ကိစ္စကရော???"

"ရတယ်ရတယ်...ငါပဲစိုက်လျော်လိုက်ပါ့မယ်။
Mikeကိုလည်း ငါပဲတောင်းပန်လိုက်ပါ့မယ်။
အဲ့တော့ကာ...ပြန်ကြတော့နော်...။
လိမ္မာပါတယ် သွား...သွားကြတော့နော်။
နေပူနေတာ...ဟိုပန်းရောင်လေးပြန်ပြေးလာရ
တာမောနေလိမ့်မယ်..သွားသွား မြန်မြန်လေး
ပြန်လိုက်သွားကြတော့..."

ရွှေထွက်မတတ် တောင်းပန်ကာ ခခယယ
ပြန်လွှတ်နေသော ရပ်ကွက်လူင်္ကြီးကိုကြည့်ကာ
ဂျင်ကလည်လေးတွေ မတ်တပ်ထရပ်လိုက်ကြ
သည်။
ဘယ်တတ်နိုင်တော့ပါ့မလဲ???
အိမ်ရှင်ကပြန်ဆိုမှတော့ပြန်ရုံပေါ့...
အဲ့လောက်ကြီး မျက်နှာပြောင်မတိုက်တတ်ပါ
ဘူး...ကိုယ်တွေကလဲ..ဟွမ်း...။
ဖင်ကဖုန်တွေခါကာ...10ယောက်စလုံးထွက်
သွားကြသည်။
ရှေ့က တခူးခူးနဲ့အိပ်ပျော်နေသောLayကို
တော့...ရပ်ကွက်ရုံးထိပ်ရောက်မှ Suhoက
ရေးကြီးသုတ်ပြာပြန်ပြေးနှိုးခေါ်သည်။
အမယ်...မသိရင်..သူကပဲ Layကို ပြန်ပေးဆွဲ
ထားမှာကျနေတာပဲ...။
အော်အော်..သူတို့ဟာသူတို့ရောက်လာပြီး
အတင်းပြန်လွှတ်နေရတာပါပဲ...။
ဟုတ်တယ်လေ...ကြာကြာလည်းမထားရဲ။
ထားတဲ့အချိန်ကြာလေ...သူ ပြဿနာတွေ
ရှင်းရလေဖြစ်လေနေနေမှာ...။အခုကို
ဟိုဘက်ရပ်ကွက်မှူးကို ဘယ်လိုတောင်းပန်ရ
ပါ့။ရှင်းပြလည်း ယုံပါ့မလား...။

အော်...Pieရေ...
ကိုယ့်ကိုနေနေလည်း အဲ့ဂျင်ကလည်တွေက
ရအောင်လာရှာတာပဲ...။
ဟူး...
သက်ပြင်းမောက ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ
ချမိတုန်းပါပဲ...။

*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*

Ok...
ကျွန်တော့်ရဲ့အသက်ဆက်ဆေးလေးများကို
မျှော်လင့်နေရင်း...။

Plz Support me
We R 1
We always stand for EXO
♥ EXO & EXOL ♥
Saranghae my Readers
Yours ★ & Cmts make me to be
Strong
Ok...We Are One Forever
Never Leave EXO

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

61.8K 16.1K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
145K 15.1K 85
អ្នកណាទៅគិតទៅថា គ្រាន់តែគេចម៉ោងរៀនមកដេកផ្ទះអានប្រលោមលោកសោះ ស្អែកឡើងបែរជាក្លាយជា ជីមីន​ អាន់ណាសៀ តួចិត្តអាក្រក់ក្នុងរឿងដែលគេបានអានពីម្សិលមិញទៅ?​ GO AW...
16.4K 3.1K 33
එන්නෙ කවදද බලමින් පෙර මග දෑඟිළි ගැන්නත් බොහෝ කලක් හිත මිය යනකං නෑවිත් ඉඳියේ ආදරෙ නැතුවද බිඳුවක්වත් සුදු අප්පො දරාගන්න බැරි හැඟීම...
59.7K 3.4K 54
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။