ဂျင်​ကလည်​ Twelve [ZG + UN]

By Exo12wolves88

320K 32.1K 1.4K

Why we call them JinGaLel. More

မိတ်​ဆက်​.
ဂျင်​ကလည်​....1[ZG+UN]
Chicken for Kai [ZG + UN]
မွှေပါ​ပေ့ Chen...[ZG+UN]
ဆင့်​​ခေါ်မှု[ZG+UN]
ဂျင်​ကလည်​ဖန်​တဲ့အမှု...
ဆိုင်​ရာ​အောင့်​အီးချက်​ 1
ဆိုင်​ရာ​အောင့်​အီးချက်​ (2)
Final​အောင့်​အီးချက်​....
သူတို့ပဲ....
ကျွနု​ပ်​တို့အတွက်​...စာ​မေးပွဲဟူသည်​...
Modification
ပလွန်​...
သင်​ရိုး
ကျေးဂျူးပြု၍...
Vacation For 12
လျှာမည်သည်...???
စက္ကန့်နဲ့အမျှ ချစ်ရသူ...
ဂျင်ကလည့်တာဝန်...
Cry For You
မောင်ညီမလေးတို့ရေ...
ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်...(1)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(2)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(3)
Housekeeping
ယူသာယူပါ​လေ...
သက်​ဆိုင်​သူတို့သိကြ​စေ...
Give Up
ကျွန်​​တော့်​အမှား...
ဘာသာပြန်​သူ
3rd Anniversary Ls
Warmly Welcome
မေးမယ်​...​ဖြေမယ်​...
လာနှုတ်​ဆက်​ပါ၏...
ဆိုပါ​ပေ့ ​မောင်​...
တို့ဂုဏ်အင်...
ရိုးရိုးလေးပါပဲ...

ဆုပွဲ...

9.7K 884 47
By Exo12wolves88

" အသက်တွေကလည်း တစ်နေ့ပြီးတစ်နေ့
ကြီးကြီးလာတာပဲကွာ..."

"ပူရအိုက်ရတဲ့ကြားထဲ ပူစရာအဲ့လောက်ရှားရ
သလားကွာ..."

Sofaပေါ်ကနေ ထိုင်ညည်းနေတယ့် Baekhyunစကားကို...
မီးဖိုချောင်ထဲကနေ ရေခဲဗူးသောက်ရင်းထွက်
လာတယ့် Suhoက ချက်ချင်းခွန်းတုန့်ပြန်လာ
သည်...။

"ဟုတ်တယ်...တစ်နေ့ထက်တစ်နေ့ကြီးလာတဲ့
အသက်ကိုတွေးမိရင်း...."

"တွေးမိရင်းဘာဖြစ်လဲ???"

"တွေးမိရင်း ဘောလုံးကန်ချင်လာတယ်..."

O-o

ပြောလိုက်ရင် ဘယ်တော့မှကောင်းကောင်း
ကန်းကန်းရယ်ကိုမရှိ...။
အကုန်ထော့ကျိုးတွေရယ်ကြီးပဲ...။

"အမလေး Baekhyunရယ်...
မကြံကောင်းမစည်ရာတွေ...။
ဒီအချိန်ဘောလုံးကန်လို့ကတော့ ပီးပေါ်ပီးပေါ်
စီးပြီး ဆေးရုံက အအေးခန်းအလည်သွားနေ
ရဦးမယ်..."

"အဲ့လိုလာဘ်ရှိအောင်ပြောနည်းလေးတွေများ
ရှိရင် မ စပေးပါလားဟင်...။
ခဲတောင်းချင်လို့ပါ..."

ထိုသို့ထိုသို့အချေအတင်ပြောနေခိုက်...
ပေါက်စီဝယ်ကာပြန်လာသော ပေါက်စီပါတနာ
Xiuxiuအိမ်ထဲမောကြီးချက်မနှင့်ဝင်လာလေ
သည်။
အင်း...ချက်တော့ မ လို့မရပါဘူးလေ...
ချက်ကနဂိုကတည်းက ဗိုက်မှာကပ်လျက်လေး
ပါပြီးသားဆိုတော့...
ဆိုတော့လည်း မောကြီးပေါ့လေ...။

ရှုံ့မဲ့နေသော မျက်နှာကိုကြည့်ကာ Suhoက
လက်ထဲကရေဗူးလေးကို အလိုက်သင့်ကမ်း
ပေးလိုက်သည်။
ရေဗူးလေးကိုယူကာ Xiumin မော့ချပစ်လိုက်
သည်။
သူ့ကြည့်ရတာ မောဟိုက်နေသည့်ပုံစံပေါ်နေ
တာမို့ Baekhyunလည်း...

" Hyung,ဘာဖြစ်လာတာလည်း???"

ရေဗူးအဖုံးလေးကို သေချာပိတ်နေရင်းကနေ
Xiumin..Baekhyunကို လှမ်းကြည့်လာ
သည်။

" ခေး ပေါက်စီသွားဝယ်တာကို လမ်းထိပ်က
ခွေးကလိုက်ဆွဲတယ်..။ပေါက်စီထုပ်လေး
တယမ်းယမ်းနဲ့ပြေးရတဲ့ခံစားချက်ကို..ကွီးတို့
သိရင်သိပ်ကောင်းမှာပဲ..။
ခုတော့မရှိဘူး မရှိဘူး..စောစောစီးစီးထဝယ်ရ
တဲ့ပေါက်စီလေး ပါမလာတော့ဘူး။ကျန်ခဲ့ပီ။
သွားဝယ်ရမလား ပြန်ပြေးကောက်ရမလားဆို
တာလဲ မသဲကွဲဘူး...။
ပေါက်စီကြိုက်တဲ့သူဆီက ပေါက်ဆီကိုလာလုရဲ
တဲ့ခွေး တော်ရုံစကေးတော့မဟုတ်ဘူး...။
ကဲကဲ...ခွေးဆွဲလို့ချွေးထွက်ခဲ့ရတယ်ဆိုတာ...
ပြောလည်းပြောချင်တယ်...
ပြောလည်းပြောပလိုက်ပီ...."

"ဟမ်...0_၀ "

Troller ဘဝကိုနေ့ချင်းညချင်းကိုရောက်သွား
တာပါပဲလား။

" ရိုးရိုးပြောလည်းဒီစကားပဲဆိုတာ
Xiu Hyung သိရင်သိပ်ကောင်းမှာပဲ..."

" ခပ်ဆန်းဆန်းပြောတတ်တာလဲ
ဗဟုသုတတစ်မျိုးဆိုတာ ခညားလေးတို့နား
လည်ရင် သိပ်ဝမ်းသာမိမှာပါပဲ..။
သွားလက်အျူးမျယ် သက်လား..."

ပြောပြောဆိုဆို လှည့်ထွက်သွားသော Xiumin
ကျောပြင်ကိုကြည့်ကာ Baekhyun..
မမေ့မလျော့လှမ်းအော်လိုက်သည်။

" Hyung...ဘောကန်မလား..."

အော်...ဘောလုံးလို့စကားကိုအပြည့်အစုံပြောလိုက်ရင် ကမ္ဘာပေါ်က Linerတွေကုန်သွား တော့မယ့်အတိုင်းပဲ...။

" ဘော...ဘောလုံးလား...တယ် ငနာလေးက
တော့..."

"မကန်ချင်ဘူးလားဟင်...ကျွန်တော်ပျင်းနေ
လို့ပါ..."

"ဘာလို့မကန်ရမှာလဲ...။
သွားစို့ ကန်ကြစို့..."

အော်...ကြားရသမျှ နားဝဝယ် အဆန်းတွေ
ချည်းပဲ...။
ဝင်လာကတည်းက နှစ်ယောက်သားအပြန်
အလှန်စကားများနေတာကို...ကြားထဲက
နားထောင်နေရတဲ့ Suhoတောင်...
ပူသထက်ပူ...ပူသထက်ပူလာသလိုပဲ...။

" မင်းကဘာရပ်ကြည့်နေတာလဲ???
သွားမယ်လေ...ဘောလုံးကန်စို့..."

" ဗျာ...ကျွန်တော်..ကျွန်တော်ရောလား!!!
ဒီလောက်ပူနေတာ ကျွန်တော့်အသားတွေမဲ
ကုန်မှာပေါ့.."

"အမယ်...အဲ့တာဆို Layအတွက်နဲ့ ခေါင်းအုံး
ကိုနေပူထဲထွက်ဝယ်ပေးရတာကရော..."

"ဒါ...ဒါကတော့..."

" ဟိုးတနေ့ကလဲ Layက အိပ်ချင်မူးတူးနဲ့
ကျောင်းဝင်းထဲက ချယ်ရီရွက်တွေလိုချင်တယ်
ဆိုလို့ အတန်းထဲက ပြေးထွက်ခူးတာကျတော့
ရော..."

"အဲ...အဲ့တာကလည်း..."

" ထပ်ပြောလိုက်ဦးမယ်...။
Layမျက်လုံးကမှေးမှေးနေလို့ ကုလားအုတ်နဲ့
တူတယ်ပြောကြတော့...
သူက ကုလားအုတ်ဆို ငါက အိုအေစစ်ဆိုပီး
ကမူးရူးတိုးနဲ့ နေပူထဲထွက်ရပ်နေတာကရော.."

" သွားမယ်...သွားမယ်...
ဘောလုံးကန်မှာမလား သွားကြစို့။နောက်မှ
ဆေးရုံအလည်သွားရလည်း သွားရပါစေတော့။
ကန်ကြစို့...Let's Go!!!"

ထိုတော့မှ စက်သေနတ်သဖွယ်ပစ်နေသော
Xiuminပါးစပ်လေးရပ်သွားကာ ပြုံးဖြီးလာ
တော့သည်။
ထိုအခိုက် အပြင်ဘက်ကနေ သတင်းစာလေး
ကိုင်ကာ ဝင်လာသော DOက ပြူးတူးတူးလေး
နှင့် သူတို့သုံးယောက်ကိုလှမ်းကြည့်လာကာ...

"စုရုံးစုရုံးနဲ့ ကျွန်တော့်ကို မီးဖိုချောင်ပစ္စည်းတွေ
ဝယ်ပေးဖို့တိုင်ပင်နေကြတာလား..."

"အဲ့ကိစ္စကတော့ တစ်ရေးနိုးလက်တို့ထမေး
တောင် "တော်ပါပီ ဟင့်အင်း"ပဲဖြေမှာ စိတ်ချ..."

" မင်းလာတာနဲ့ အတော်ပဲ...။
ဘောလုံးကန်ရအောင်...။
ဘောလုံးကန်ရင်းစဉ်းစားကြည့်ပေါ့...ဟင်းတွေ
ဘယ်လိုကောင်းအောင်ပိုချက်ရမယ်ဆိုတာ.."

ချက်ကနဲ အကွက်ကောင်းမိလိုက်သလိုပဲ...
နှစ်ခါမဆိုရ...DO ခေါင်းလေးငြိမ့်ငြိမ့်နှင့်ပါလာ
သည်။
4ယောက်သား အပြင်ထွက်တော့မည်ပြင်ခိုက်
တဒုန်းဒုန်းအသံပေးကာ အပေါ်ထပ်မှဆင်းပြေး
လာသူက...
Sam Namjaကြီး Luhan...။
ပန်းရောင် Hello Kittyအရုပ်ပါအင်္ကျီလေးကို
ဝတ်ထားပီး ခေါင်းထိပ်တည့်တည့်တွင်
ကြက်တောင်စီးလေးက စီးထားသေး...။
လက်ထဲတွင် ကိုင်လာသည်က...
ခရာလေး...။

လှေကားခြေရင်းမှာ ဟန်ပါပါခြေတစ်ဖက်
ထောက်ရပ်နေရင်းကနေ သူတို့ကိုလှမ်းကြည့်
လာပြီး...

" Hayy!!!Buddies...
ဘယ်တွေသွားကြမလို့လဲ???"

ပြောလိုက်ရင်လည်း ရင့်ကျက်နေတယ့်
ယောက်ျားပီသနေသူကြီးလိုလို..ဘာလိုလို...။
အသံကဖြင့် တစ်အိမ်ကျော်က ကလေးဒေါသ
ထွက်ပြီး ခြစ်အော်တာကမှ သူ့ထက်လူကြီးသံ
ပေါက်ဦးမယ်...။
Suhoစိတ်ထဲမှ တွေးလိုက်မိတာပါ...
အပြင်မှာထုတ်ပြောကြည့်ပါလား...
အမလေးလေး...မတွေးရဲစရာ...။
တစ်ခါက မနေနိုင်မထိုင်နိုင် ပြောလိုက်မိတာ
သားရေပင်းနဲ့လိုက်ပစ်နေလို့ ပတ်ပြေးခဲ့ရပြီးပြီ။
အော်...Sam Namja လက်နက်ကြီးကျယ်တာ ပြောပါတယ်။

" ဘာမှbuddyတွေလာလုပ်မနေနဲ့...
မင်းလက်ထဲကခရာကဘာလုပ်ဖို့လဲ???"

Xiuminမေးခွန်းကြောင့် Luhanက လက်ထဲ
က ခရာကို အူတူတူလေးပြန်ငုံ့ကြည့်ကာ...

"အင်...ခရာလေ..."

"ငါဆဲလိုက်တော့မယ်...။
ခရာကတော့မင်းပြောမှလား...။ဘာလို့
အားအားယားယားယူချလာတာလဲ...။
လက်အဲ့လောက်အားနေတာလား...။
တခုခုယူပီးမှဆင်းလာရမယ်လို့ ဒီလှေကားကြီး
က မင်းကိုမှာထားလို့လား!!!"

Xiuminရဲ့ ရန်လိုစကားကြောင့် Luhanက
ခေါင်းထိပ်ကကြက်တောင်စည်းလေးကို
ကိုင်လိုက်ပြီး...

" ငါ့နှယ်နော်...ခရာယူဆင်းလာတာအဲ့လောက်
အပြစ်ကြီးမှန်းခုမှသိတော့တယ်...။
ငါ့ကို Hunnieလေးက ခရာမှုတ်ရင် လည်စိ
ကြီးပြီး ယောက်ျားပိုပီသနိုင်တယ်ပြောလိုက်
လို့ မှုတ်မလို့ဟ..."

" နောက်မှမှုတ်...။ခြံထဲဘောလုံးသွားကန်ရ
အောင်...။ကန်မလား..."

စကားလည်းဆုံးရော...Luhanက လက်ထဲက
ခရာလေးကိုလည်ပင်းကောက်စွပ်လိုက်ပြီး...

"မေးနေရသေးတယ်လို့...Khaja!!!"

ဒီလိုနဲ့ပဲ...
5ယောက်သား နေပူကျဲကျဲထဲ ဘောလုံးကန်ရန်
ထွက်လာခဲ့လိုက်ကြသည်...။

'•´°'•´°'•´   JGL 12.  '•´°'•´°'•´

အင်း...အားလုံးမျှော်လင့်ထားတယ့်အတိုင်းပါပဲ
ဘောလုံးကတော့ Luhan နဲ့ Xiuminခြေ
ထောက်ထဲမှာပဲရောက်နေတာပါ...။
ဘေးကလိုက်နေတယ့် Suho,DO နဲ့ Baekဆို
အရိပ်ရအောင်လိုက်မိုးပေးနေသလိုမျိုးကိုဖြစ်
နေတာ...။

" လူပုလေးတွေ...
နေမင်းများသူတို့ Papaမှတ်နေသလားမသိပါ
ဘူး။အေးလေ...စိတ်ကသိပ်မှမပြည့်ကြပဲ...
သူတို့စိတ်ထဲ လသာနေတယ်ပဲမှတ်နေမှာ.."

ဝရံတာမှာ စာထိုင်ဖတ်နေတဲ့
Krisတစ်ယောက် ခြံထဲဟိုပြေးဒီပြေးပြေးနေ
ကြတဲ့...ပုတုတုလေး5ယောက်ကိုကြည့်ပီး
စိတ်ပျက်စွာခေါင်းခါယမ်းလိုက်မိသည်။
ပြီး အကြည့်လွှဲလိုက်ပြီး...
ဖတ်နေတဲ့စာအုပ်အပေါ်မှာပဲအာရုံစိုက်လိုက်
တော့၏...။

ခြံထဲက5ယောက်ကတော့ နေမင်းလည်း
အာရုံမစိုက်အား...မြေပြင်ပေါ်ပြေးနေတဲ့
တစ်လုံးတည်းသော ဘောလုံးကိုသာအာရုံ
စိုက်နေကြသည်...။

ကြာတော့  Baekhyunစိတ်မရှည်တော့သည်
ထင်...။ပြေးနေရင်းကနေ ရပ်လိုက်ပြီး...
သူ့ခြေထောက်ဝယ်မရှိဘဲ...
Luhan နဲ့ Xiuminခြေထောက်တွင်ပဲ
လိုလိုချင်ချင်လိုက်နေသော ဘောလုံးလေးကို
မျက်စောင်းထိုးကြည့်လိုက်ပြီး...

"ဘောလုံးကန်တာမှာ အရေးကြီးဆုံးကဘာလဲ?
ဂိုးပေါက်ထဲဝင်ဖို့ပဲမလား...။
ဒီတော့လည်း ဂိုးပေါက်ထဲသွားရအောင်
ဘောလုံးလေးရေ..."

သူ့ဘာသာသူ တစ်ယောက်တည်းရေရွတ်ပြီး
Baekhyunဘောလုံးရှိရာတစ်ရှိန်ထိုးပြေးသွား
ပြီး...ဘောလုံးလေးကိုကုန်းကောက်သည်။
ဟုတ်ပါတယ်...လက်နဲ့ပါ...။
စည်းကမ်းဖောက်တာမို့ ကျန်တဲ့သူတွေပါ
ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ကုန်ကြသည်။

"Baek...ဘာလုပ်တာလဲ???"

"ဂိုးသွင်းမလို့လေ!!!"

အားကျမခံပြန်အော်သော Baekလက်ထဲကနေ
Luhanက ပြေးဝင်လု၏။
မရ...Baekက လက်ကိုအမြင့်ကြီးမြှောက်ထား
သည်။
သည်တော့လည်း Luhanက လက်ကိုမြှောက်
လုပြန်၏။
အရပ်ကလေးတွေက မတိမ်းမယိမ်းလေးတွေ
ဆိုတော့ နှစ်ဖက်စလုံး သူမသာ ကိုယ်မသာ
ဖြစ်နေသည်။ကျန်3ယောက်ကလည်း အစက
ရပ်ကြည့်နေရာမှ နောက်တော့ဘာစိတ်ပေါက်
သည်မသိ...။ဝင်လုကြပြန်သည်။
လက်တွေနဲ့ပါပဲ...။
ဘောလုံးပွဲကနေ နေ့ခြင်းညခြင်းကို လက်နဲ့လုပွဲ
အဖြစ်ပြောင်းလဲသွားတာကတော့...။

"အင်း...ငါလည်းစိတ်ညစ်တာနော်..။
ဒါကြောင့်လည်း ရပ်ကွက်ကငါတို့အိမ်မှာ
လွတ်နေတဲ့သူတွေနေတယ်ပြောတာ...
တကယ်တော့လွတ်နေတာမဟုတ်ဘူး...
ကျပ်မပြည့်တာ...။သူတို့ကြည့်ရတာ ပင်ဂွင်း
လေးတွေ ငါးလုနေတာကြနေတာပဲ...
ခြေတံတိုလေးတွေနဲ့..."

Kris တဗျစ်တောက်တောက်ဆိုရင်း စာအုပ်ကို
ပြန်အာရုံစိုက်လိုက်သည်။မရပါ...။
ဟိုပင်ဂွင်းအုပ်စုက လက်နဲ့တင်မဟုတ်...
အသံနဲ့ပါ ဘောလုံးကိုလုနေကြသည်ကိုး...။
မလုနဲ့...အဲ့တာငါ့ဟာ...
ငါပစ်မှာပဲ...
အဲ့ဘောလုံးငါ့ခြေထောက်နဲ့သွားဝယ်ထားရတာ
တွေရော...စုံလို့ စုံလို့ ဘာတွေအော်လို့အော်နေ
ကြမှန်းမသိ...။

ရပ်ကွက်ထဲတစ်ချို့ဖြတ်သွားတဲ့သူတွေဆို
ခြံရှေ့ကနေ သူတို့အုပ်စုကို
ကွက်ကြည့် ကွက်ကြည့်နဲ့...။
ဒါကို...
ဟိုငနာလေးတွေကမသိ...ရေးကြီးခွင်ကျယ်လုပ်
ပီး ဘောလုံးကိုလုနေကြတာ...။

Kirsလည်း ထိုသို့စိတ်ပျက်နေခိုက်...
Baekhyunကလည်း ဘောလုံးကိုအားရပါးရ
ပစ်ထည့်လိုက်တယ့်အချိန်...
ကျန် 4ယောက်ကလည်း မျက်စိစုံမှိတ် ဇွတ်တရွတ်လုနေတဲ့ အချိန်ဆိုတော့........

Baekhyunပစ်လိုက်တဲ့ ဘောလုံးလေးရဲ့
ဦးတည်ရာက တစ်ဖက်ကဂိုးသွင်းပေါက်ဆီ
မဟုတ်ပဲ...
ဝရံတာအပေါ်ထောင့်မှာ အေးအေးလူလူစာထိုင်
ဖတ်နေတယ့်...
Krisခေါင်းတည့်တည့်ရှိရာဆီ...။

"ဖုန်း..."

"အ...."

ထူပူသွားသော ခေါင်းကိုပွတ်ကာ ဘောလုံးကို ပိုက်ရင်း..Kris မတ်တပ်ထရပ်လိုက်သည်။
ကြည့်လိုက်တော့ အောက်ထပ်ခြံထဲကနေ
5ယောက်သား စပ်ဖြီးဖြီးလေးတွေနှင့် လှမ်း
ကြည့်နေကြသည်။

" Come On..Guy...Give us Football.."

အမယ်...ပန်းရောင်အင်္ကျီနဲ့ မူကြိုကလေးက
ဘောလုံးကိုလက်ယပ်တောင်းနေသေးတာ...။
အေး ပေးမယ်...အားကျိကျိ...။

" ခုနကတည်းက ငါကြည့်မရနေတာ!!!
နေပူကျဲကျဲထဲ ဘောလုံးကန်နေရအောင်နိုင်ငံ့
လက်ရွေးစင်တွေလား မင်းတို့က...။
ဆော့တတ်တာလဲမဟုတ်...ဒီကြားထဲ
ဘောလုံးကိုလက်နဲ့ဝိုင်းကောက်လုနေကြသေး
တယ်!!!!
အေးအေးဆေးဆေးစာထိုင်ဖတ်နေတဲ့
ငါ့ခေါင်းလည်းလာမှန်တယ်...။
ရော့ရော့ အဲ့လောက် ကမြင်းနေပြီးဆော့နေတဲ့
ဘောလုံးရအောင်ဖမ်းကြ!!!!!"

ပြောပြောဆိုဆို Kris ဘောလုံးကို ခြံထဲက
5ယောက်ဆီ အားနဲ့ လှမ်းပစ်ပေးလိုက်သည်။
Krisမျှော်လင့်ထားသည်က...တစ်ယောက်
ယောက်ဆီမှန်သွားပြီး အဲ့ဒီအခါကျမှ ငြိမ်သွား
ကြမည်ပေါ့..။
သို့ပေမယ့်လည်းလေ....

" အင့်..."

"နားညည်းလိုက်တာနော်..."

"Omma!"

"ဘုန်း!!"

"အင့်"

"ခွမ်း!!!"

ဆက်တိုက်ဆိုသလိုထွက်ပေါ်လာရသော
အသံလေးတွေကို ရှင်းပြရသည်ရှိသော်....

" အင့်"ဆိုသည်မှာ Kris၏ဘောလုံးကို
ဆောင့်အောင့်ပစ်ပေးသံ...။
ထိုအချိန်တွင် Krisအနားမှာထိုင်ကာ...
သူ့နံချပ်ကူကြီးကို ဖုန်ထိုင်သုတ်နေသော
Taoက ဘာစိတ်ပေါက်သည်မသိ...
နားညည်းသည်ဟုဆိုကာ ဘာမပြောညာမပြော
Krisစီးထားသော အိမ်စီးဖိနပ်နောက်မြီးလေးကို
အားနှင့်ဆွဲထည့်လိုက်သည်...။
ဟုတ်တယ်လေ...
အစောက Kris...ဟို5ယောက်ကို တဖျစ်
တောက်တောက်ပြောနေကတည်းက အနားက
Taoက သိပ်အစာကြေတာမဟုတ်...။
နားအေးချင်လို့ဝရံတာလာပါတယ်ဆို..
အိမ်အောက်ထပ်ကြည့် ပွားများနေတာ...။
ဒီတော့လည်း အိမ်စီးဖိနပ်ကိုပြေးဆွဲလိုက်တော့
တာပေါ့။

အဲ...အဲ့ဂလိုဆွဲလိုက်တော့ Krisတစ်ယောက်
ရင်ဘတ်နဲ့ ဝရံတာကြမ်းပြင်နဲ့ မိတ်ဆက်သွား
တာ ဘုန်းခနဲပဲ...။
ပါးစပ်ကတောင် အင့်ခနဲထွက်လာတာ။
အသက်ရှူတာတွေတောင် ရပ်သွားသလိုပဲ။

အကျိုးဆက်ကတော့ Krisလက်ထဲက
ဘောလုံးလေးက ဟို5ယောက်ဆီတည့်တည့်
မသွားတော့ဘဲ...
ဘေးအိမ်က မှန်ပြတင်းပေါက်ကို ဦးတည်
မိတ်ဆက်သွားသည့်သကာလ...

" ဟိုဘက်အိမ်ကကျောင်းသားတွေ!!!!!!!!"

အမလေး...အောင်လိုက်သည့်အသံကြီး...။
သူ့မိန်းမ သူမနိုင်ရတိုင်း ငါတို့လာဖိအော်နေ
တယ်။

အောက်ထပ်က ဂျင်ကလည်5ယောက်ကလဲ
ဒါမျိုးဆို ချက်ကနဲ နားခွက်ကမီးတောက်ပီးသား။
ဝုန်းခနဲထိုင်ချပစ်လိုက်တာ...။
အုတ်တံတိုင်းနဲ့ သူတို့အရပ်ကလေးတွေက
ကွယ်ပြီးသားဖြစ်သွားတော့...ဟိုဘက်အိမ်က
လှမ်းကြည့်ရင် ဘာဆိုဘယ်တစ်ယောက်မှ
မမြင်ရ...။

မမြင်ရတော့လည်း မြင်ရအောင်လာတာပေါ့။
Mr.Mikeတစ်ယောက် သူ့မှန်တံခါးတည့်တည့်
လာမှန်သော ဘောလုံးကိုကောက်ကိုင်ကာ...
အုတ်တံတိုင်းအလယ်နားဆီလျှောက်လာခဲ့
သည်။

"ဟေး...ခုမှဘယ်ရောက်သွားကြတာလဲ!!
စောနကတော့ ကမ္ဘာ့ဖလားပွဲပြိုင်နေတဲ့အတိုင်း
ပဲ...တဟေးဟေးနဲ့...ထွက်ခဲ့စမ်း!!!"

"အား..ကျွတ်စ် ကျွတ်စ်...
Oလေးရယ် လုပ်ရက်လိုက်တာ...။
ကြယ်တွေလတွေမြင်လို့ နေ့ခြင်းပြန်Galaxy
ရောက်သွားတယ်မှတ်နေတာ..."

Mr.Mikeရဲ့ စကားကြောင့် ထရပ်လိုက်တာ
မဟုတ်ဘဲ...
သူ့ဟာသူ ညည်းညည်းညူညူလေးပြောကာ
Krisမတ်တပ်ထရပ်လိုက်သည်...။
သည်လို ထရပ်လိုက်တော့လည်း....
သည်လိုရှင်းရှင်းလင်းလင်းကြီးမြင်သွားရသော
Mikeတစ်ယောက်..Krisကို လက်ညှိုးထိုးကာ..

"တွေ့ပြီ...တွေ့ပြီ...
လာခဲ့....ဆင်းခဲ့စမ်း အခုချက်ချင်း လာလာ"

လက်ညှိုးထိုးကာ အားရပါးရခေါ်နေသော
Mikeကို Krisမျက်မှောင်တွန့်ကြည့်လိုက်ပြီး...

"အဲ့လိုသာ ခုန်ပျံနေတတ်ရင် ကျွန်တော်
Galaxyသွားပြီးတာကြာလှပီ...။
အခုချက်ချင်း ဒီဝရံတာကနေ ဆင်းလာရအောင်
ကျွန်တော်က စွမ်းအားရှင်လား။
တစ်ခါတည်း မသာပေါ်စေချင်နေတယ်
ဒီလူကြီးကတော့!!!!"

"အမယ် မင်းကများစွာနေသေးတယ်။
ဒီမယ် တွေ့လားမင်းတို့ဘောလုံး...ငါ့မှန်ကို
လာမှန်တာ....အဲ့တာဘယ်လိုလုပ်ပေးမှာလဲ"

ဝရံတာကနေ ခြံထဲက ငုတ်တုပ်လေးတွေကို
မြင်နေရသော Krisက...

" ဟဲ့...ဟိုငလူးလေးတွေ...
မင်းတို့ပြဿနာမင်းတို့လည်းရှင်းဦး..."

ထိုအခါမှ အုတ်တံတိုင်းနားငုတ်တုတ်လေး
တွေကွယ်ထိုင်နေသော 5ယောက်သား
ဝုန်းခနဲထရပ်လိုက်ကြသည်။
ရုတ်တရက်ဆိုတော့ Mikeလန့်ဖြန့်သွား၏။
မျက်စိရှေ့ဘွားခနဲပေါ်ချလာသည်ကိုး...။

"အမလေး!!!ငါ့သေစေချင်လို့ခြောက်နေတာ
လား!!!"

အော်လိုက်တော့လည်း အားလုံးသွားလေးတွေ
ဖြီးပြကာ...

"နေပူနေတော့ Mike Arjusshi စိတ်တွေပျင်းနေမှာစိုးလို့
ပျော်သွားမလားလို့ ခြောက်ကြည့်တာပါလို့.."

"တော်တော်...ဒီဘောလုံးဘယ်လိုရှင်းမှာတုန်း"

အဲ့ကျတော့လည်း မျက်နှာငယ်လေးတွေနှင့်
ဖြစ်သွားပြန်ကာ...

"တားတားတို့ကိုခွင့်ရွတ်ပေးပါ"တဲ့။

Arnyi....ခွင့်လွှတ်မပေးနိုင်ပါဘူး။
သူတို့တစ်တွေဆော့တာ ဒီတစ်ခါပထမဆုံးမှ
မဟုတ်တာ။ခွင့်လွှတ်ပေါင်းရလည်းများလှပြီ။
တစ်ခါတစ်ခါ Mike ခြံထဲရေဆင်းလောင်းနေချိန်
ဆို...အုတ်တံတိုင်းနားကနေ...
"အဲ့တာပဲ..သက်သက်သူများအလုပ်သမားဖြစ်
နေရတာ။ကိုယ်တိုင်လည်း မြေစိုက်ပေးရတယ်။
သောက်ဖို့ရေလည်းလောင်းပေးရတယ်...။
ကျွတ်စ် ကျွတ်စ် ကျွတ်စ်.."

အဲ့လိုပြောလို့ ဒေါသတကြီးနဲ့သွားကြည့်ကြည့်...
သူတို့ဟာသူတို့ဖုန်းနဲ့ MTVကြည့်နေသလို
ဖုန်းကို...ဝိုင်းအုံကြည့်ပီးပြောနေကြတာ။
ပြစမ်းလို့သွားစစ်ပြန်ရင်လည်းမကောင်း...
ဒီကြားထဲ ခေါင်းအုံးကြီးပိုက်ပိုက်ထားတဲ့
တစ်ယောက်ကပိုဆိုးသေး...။
ညညဆိုခေါင်းအုံဖြူကြီးပိုက်ပြီး ခြံထဲဆင်း
လမ်းလျှောက်နေတာ။
တစ်ခါတစ်လေလူကိုတုန်တုန်သွားတာပဲ...။
ရန်ထောင်ပြန်ရင်လည်း "ဘာယုံး ဘာယုံး"နဲ့
ဗလုံးဗထွေး လှမ်းရန်လုပ်သေးတာ။

ခုတော့...ဒီအမွှေတွေကို နိုင်ကွက်ကောင်းတွေ့
တာပေါ့။မှန်ပြတင်းပေါက်ဖိုးကတော့ မတောင်း
တော့ပါ။မှတ်လောက်သားရအောင် ဆုံးမပစ်
လိုက်မည်ဟုတွေးလိုက်ပြီး...

"ဒီပြဿနာကို ငါ ရပ်ကွက်လူကြီးကနေ
တစ်ဆင့်ရှင်းမယ်။
ခဏနေကျ မင်းတို့ ရပ်ကွက်ရုံးလိုက်ခဲ့လိုက်
ကြတော့...ဒါဗြဲ..."

ပြောပြီး ဘောလုံးကြီးပိုက် လှည့်ထွက်သွားသော
Mr.Mike၏ကျောပြင်ကို ကြည့်ကာ...
ဂျင်ကလည်လေးတွေ Devilအပြုံးပြုံးလိုက်မိ
ကြသည်။
ဟုတ်တယ်...သူတို့ပျင်းနေပြီလေ။

•'°´•'°´•'°´ JGL 12 °´•'°´•'°'•

စုံညီအစည်းအဝေးကနေ ပြန်လာတယ့်လမ်းမှာ
ရပ်ကွက်လူကြီး ခလုတ်3ခါတောင် တိုက်၏။
အင်း....ငါ့မျှော်နေတယ့်သူတွေများရှိနေသလား။
ရင်ထဲလည်း မတင်မကျကြီး...။

ရပ်ကွက်ရုံးအပေါက်ဝမှာရပ်လိုက်ရုံရှိသေး...

"Hyung....ကျွန်တော်တို့ ရပ်ကွက်လူကြီး
ဘယ်ထွက်သွားလဲမသိဘူးနော်.."

"သေချာပေါက် အရပ်ရှစ်မျက်နှာပေါ့ကွာ..."

0_ဝ

"အရပ်ရှစ်မျက်နှာဆို အရှေ့ကဘယ်နေရာလဲ
ဟင်!!!"

"နေထွက်တာ အရှေ့ပေါ့..."

"အဲ့တာဆို စကြာဝဋ္ဌာကြီးကအရှေ့အရပ်ပေါ့
နော်...။နေမင်းကြီးက အဲ့ကထွက်လာတာဆို
တော့..."

အင်း..ဖျားဖျား...။ကြားနေရတဲ့ ကဘောက်တိ
ကဘောက်ချာစကားတွေကို နားထောင်ပြီး
ရပ်ကွက်လူကြီး ရင်ထဲက ကြိတ်ဆုတောင်း
လိုက်တယ်။
ရပ်ကွက်ထဲက ဟိုအမွှေတွေမဟုတ်ပါစေနဲ့လို့။
သို့ပေမယ့်...ဆုတောင်းကားမပြည့်။

" ဟော...ပြန်ယာဘာပီ။အခုမှ...
ဘယ်တွေလျှောက်တွားနေတာတုန်း..."

"ဘယ်မှမတွား...အဲ...မသွားပါဘူးကွာ...
နေ..နေပါဦးကွာ.....
မင်းတို့ဘယ်လိုလုပ်ဒီရောက်နေပြန်တာလဲ??"

"ကျွန်တော်တို့ကို ဘေးအိမ်ကဘိုးတော်ကြီးက
ဒီကို ကြွမြန်းချေလို့ပြောတော်မူလိုက်လို့.."

"Mikeကလား...။
ဘာလို့တဲ့လဲ..."

Mikeရာ...မင်းကွာ...ငါ့ကိုလုပ်ရက်တယ်။
အမွှေတွေကို ငါ့ဆီပို့လိုက်ပြန်ပြီ။
ရပ်ကွက်လူကြီး ထိုင်ခုံမှာဝင်ထိုင်ရင်း...
ရပ်ကွက်ရုံးထဲဟိုဟိုဒီဒီနေရာယူထိုင်နေကြတဲ့
ဂျင်ကလည်ဆယ့်နှစ်ယောက်ကို...
ငေးငေးငိုင်ငိုင်ကြည့်လိုက်မိသည်။
သူကသာ ငေးငိုင်နေတာ...
ဟိုဆယ့်နှစ်ယောက်ကတော့ အေးအေးသက်
သာပါပဲ။
အဲကွန်းspeedမြင့်တဲ့သူက မြင့်နဲ့...
အေးအေးလူလူပါပဲ...။

ထိုသို့...ထိုသို့...
စိတ်အေးသက်သာနေကြသော...
ဂျင်ကလည်ဆယ့်နှစ်ယောက်ကိုကြည့်ကာ
ရပ်ကွက်လူကြီးရင်ထဲ အပြင်က နေထက်
အဆတစ်ရာပိုပူပြင်းသော နေမင်းကြီးဖြစ်တည်
သွားသည်....။

*°*•*°*•*°*•*°*•*°*•*°*•*°*•*°*•*°*

ဂုတို့ရဲ့ Cmts​လေး​တွေက..
နောက်​တစ်​ပိုင်းအတွက်​ အသက်​ဆက်​​ဆေး​လေးများဖြစ်​​ကြောင်း​ပြော
ရင်း...

Plz Support me
We R 1
We always stand for EXO
♥ EXO & EXOL ♥
Saranghae my Readers
Yours ★ & Cmts make me to be
Strong
Ok...We Are One Forever
Never Leave EXO

Continue Reading

You'll Also Like

446K 62.7K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
63.1K 16.4K 57
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
4.7K 762 18
Jungkook Atlas Francis - Taehyung Rowan Elliot
159K 25.1K 19
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."